𝐅𝐥𝐞𝐱𝐱 [ 𝐌𝗼𝐯𝐢𝐞 ] 3
335K subscribers
6.57K photos
2.46K links
ကြေငြာအပ်ချင်ရင် အောက်က
Admin accကို Hiပေးကြပါ 👇👇

👉 @YoteShinVip 👈
👉 @YoteShinVip 👈
Download Telegram
A Tale of Legendary Libido (2008)

IMDB (5.4/10)

အညွှန်း*
🔽🔽🔽

ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ကတည်းက မိဘဖြစ်သူတွေ မရှိတော့လို့ အစ်ကိုဖြစ်သူနဲ့သာ ကြီးပြင်းနေထိုင်ခဲ့ရတဲ့ ဗြောင် ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူနဲ့မတူဘဲ အင်္ဂါသေးပြီး ဗုဒ္ဓဟူးကြီးနေရှာတာပါ

ဒီလိုနဲ့ တနေ့မှာ ကံကြမ္မာအလှည့်ပြောင်းပြီး ရှေးနှစ်ပေါင်းများစွာကတည်းက ဖော်စပ်ထားတဲ့ ဆေးတော်ကြီးနဲ့ တွေ့လိုက်တဲ့အခါမှာတော့ အဲ့ကောင်လေးရဲ့ မြုံနေတဲ့ပန်းကြီးပွင့်လန်းလာခဲ့ပါတော့တယ်

တိုက်ဆိုင်ချင်တော့ ရွာထဲမှာ ယောကျာ်းတွေအကုန်နီးပါး စစ်မှုထမ်းဖို့ တစ်အိမ်တစ်ယောက်နဲ့ စစ်ထဲပါသွားကြပြီး တစ်ရွာလုံး မိန်းမတွေချည်းသာ ကျန်ခဲ့ပါတော့တယ်

နတ်ဆေးတွေ့ထားတဲ့ ဗြောင်ဆိုတဲ့ကောင်လေးနဲ့ တရွာလုံးက မိန်းမတွေ တွေ့ကြတဲ့အခါမှာတော့...

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/actionmoviemyar/61
https://t.me/actionmoviemyar/61

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍6❤2
C_r-o_c-o_d-i_l-e I_s-l_a-n_d (2020)

အညွှန်း*
🔽🔽🔽

ဒီကားကတော့၂၀၂၀ထွက်သည်းထိတ်ရင်ဖို တရုတ်ဇာတ်ကားကောင်းလေးပါ Budget 8millionသာရှိပေမယ့် box office ဝင်ငွေ16.7millionထိရခဲ့ပါတယ် Devil`s Sea နယ်မြေတစ်ဝိုက်ကို Bermuda Triangleလို့ခေါလေ့ရှိကြတယ်… အဲ့နယ်မြေရောက်ရင် လျှပ်စစ်သံလိုက်စွမ်းအားနှောက်ယှက်မှုကြောင့် လေယာဉ်တွေမကြာခဏပျက်ကျလေ့ရှိပါတယ်…

ဒီလိုနဲ့ လင်ဟောက်နဲ့ရီးရီးတို့သားအဖနှစ်ယောက်စီးလာတဲ့ GZ261လေယာဉ်ဟာ အဲ့နယ်မြေတစ်ဝိုက်မှာပျက်ကျသွားတဲ့အခါ အမည်မသိကျွန်းတစ်ခုပေါရောက်သွားပါတယ်.. အဲ့ကျွန်းပေါမှာ ဧရာမမိချောင်းကြီးအပြင် ပင့်ကူကြီးတွေ တွရှိနေတဲ့အခါ…. သူတို့တွေအသက်ရှင်နိုင်ဖို့ ဘယ်လိုတွေတိုက်ပွဲဝင်ကြရမလဲ… နောက်ဆုံးမှာလွတ်မြောက်နိုင်ပါ့မလား.. ဇာတ်လမ်းတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ…..


#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/channelmmoviesone/86
https://t.me/channelmmoviesone/86

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍2❤1
K_o-n_g: S_k-u_l-l I_s-l_a-n_d 2017

အညွှန်း*
🔽🔽🔽

၁၉၇၃ ကာလ မြင်ကွင်းတွေ နဲ့အတူ ဗီယက်နမ်စစ်ပွဲအပြီးကာလမှာ Monarch လို့ခေါ်တဲ့ လျှို့ ဝှက် အဖွဲ့အစည်းအတစ်ခုဟာ မြူခိုးတွေနဲ့ အုံ့ဆိုင်းနေတဲ့ အရိုးစု ကျွန်းဆိုတဲ့
ကျွန်းသစ်တစ်ကျွန်းကိုရှာတွေ့ခဲ့ပါတယ်

အဲဒီကျွန်း ပေါ်မှာ ထူးဆန်းတဲ့ တိရစ္ဆာန်မျိုး စိတ်တွေရှိနေတဲ့အတွက် သုတေ သနပြုဖို့ရဟတ်ယာဉ်တွေနဲ့ ထွက်ခွာခဲ့ကြပါတယ်

တကယ်တော့ အဲဒီကျွန်း ပေါ်မှာ ကောင်ဆိုတဲ့ ဧရာမ မျောက်ဝံကြီးရှိသလို အခြားထူး ဆန်းတဲ့ သတ္တဝါပေါင်းများစွာ လည်း ရှိနေတာပါ

ရဟတ်ယာဉ် တွေ ကျွန်းပေါ်က ဖြတ်ပျံတုန်း မျောက်ဝံကြီး ရန်ပြုတိုက်ခိုက်ခဲ့ တဲ့အတွက် ရဟတ်ယာဉ်တွေ ပျက်ကျကုန်ပါတော့တယ်

ကျွန်းပေါ် ရောက်သွားတဲ့ သုတေသီအဖွဲ့ဟာ ကင်းကောင် အပြင် အခြားထူးဆန်းတဲ့ သတ္တဝါ ကြီးတွေနဲ့ပါရင် ဆိုင်ခဲ့ရပါတယ်

သူနေတဲ့ ကျွန်းပေါ်ကို ကျူးကျော်
ဝင်ရောက်လာသူတွေကို ကင်း ကောင်ဟာ ဒေါသတကြီး တိုက် ခိုက်ခဲ့တာမို့ သုတေသီတွေနဲ့ပါလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ကြပါတော့တယ်....

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/channelmmoviesone/84
https://t.me/channelmmoviesone/84

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍3❤1
တူတစ်လက်နဲ့နှစ် 20 ကျင်းဖောက်ပြီး
ထောင်ဖောက်‌ပြေးသွားတဲ့အခါ...

T_h-e S_h-a_w-s_h-a_n-k R_e-d_e-m_p-t_i-o_n ( 1994 )

IMDB (9.3/10)

အညွှန်း*
🔽🔽🔽

ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးရှင်းပါတယ်၊ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ်ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ရဲ့ ထောင်ထဲကအခက်အခဲတွေနဲ့ မိတ်ဆွေဘ၀၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့အကြောင်းလေးပါပဲ....
အော်စကာ လျာထားမှု (၇) နေရာ တခြား ဆုပေါင်းများစွာနဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုပေါင်းများစွာနဲ့ အောင်မြင်ခဲ့ပါတယ်
ခင်ဗျားတို့ဆီက မျက်ရည်တွေချူနိုင်ပါလိမ့်မယ် ခင်ဗျားတို့ ဘ၀တွေကို ဘယ်လိုရှင်သန်ခဲ့မိပြီလဲလို့ ပြန်တွေးမိစေပါလိမ့်မယ်။ ဘ၀ရဲ့ အချိန်ကောင်းတွေကို ဖြုန်းတီးမိသွားပြီလားလို့ သံသယဖြစ်လာပါလိမ့်မယ်

တခါမှ မတွေးမိသေးတာ ဖြစ်နိုင်မယ့် လက်ရှိဘ၀ရဲ့ လွတ်လပ်မှုတန်ဖိုးကို တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sonehtout/47
https://t.me/sonehtout/47

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
❤8👍5
မှာယွင်းထော!င်ချခံရတဲ့သားအတွက်
လျှို့ဝှက်သူလျှိုလုပ်ပြီးကယ်တင်တဲ့အခါ....

S_n-i_t-c_h(2013)


အညွှန်း*
🔽🔽🔽

IMDB (6.5/10)

အဖေတယောက်ရဲ့မေတ္တာကိုဖော်ကြူထားတဲ့ဇာတ်ကားလေးတစ်ကားကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ် ဗျပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသားကြီးကလည်း Dwayne Johnson ဆိုတော့ ကောင်းလားမကောင်းလားပြောမနေတော့ပါဘူး ဇာတ်ကြမ်းကြိုက်တဲ့သူတွေဆိုရင်တော့လက်လွတ်မခံသင့်တဲ့ဇာတ် ကားလေးဖြစ်ပါတယ်ဗျ

ဇာတ်လမ်းအကျဉ်းလေးကတော့ သားဖြစ်သူဟာဆေးမှောင်ခိုသယ်မှုမှာ မထင်မှတ်ပဲ ၀င်ပါမိပြီးအဖမ်းခံရရာမှ အဖေဖြစ်သူက ရတက်ပွေရပြီးသားဖြစ်သူကို ပြန်လည်ကယ်တင်ပြီးသားဖြစ်သူရဲ့ ဇာတ်လမ်း အရှူပ်တော်ပုံတွေကိုဖြေရှင်းပေးနိုင်မလားဆိုတာကိုတော့...


#Credit


ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sonehtout/49
https://t.me/sonehtout/49

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍10❤3
P_a-p_i-l_l-o_n ( 2017 )

အညွှန်း*
🔽🔽🔽

ရုပ်ရှင်ချစ်သူတွေကတော့ ဒီဖြစ်ရပ်မှန်ထောင်ဖောက်ကားကိုစွဲစွဲမြဲမြဲသိကြမှာပါ၊ ဒီကားဟာ ၁၉၇၃ခုနှစ်ကPapillonကို အသစ်တဖန် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။Henri Charrièreရဲ့ Papillon and Bancoကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။Papillonဟာ လူသတ်မှုတစ်ခုနဲ့အမှုဆင်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။သူနဲ့အတူအခြားသောအကျဉ်းသားတွေဟာ တောင်အမေရိကမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချခံခဲ့ရပါတယ်။Papillonဟာ ထောင်ထဲစရောက်ကတည်းက ထွက်ပြေးဖို့စိတ်အားထက်သန်နေသူပါ။
အကြိမ်ကြိမ်အခါခါထွက်ပြေးဖို့ကြိုစားလိုက် ပြန်လည်အဖမ်းခံရပြီးအပြစ်ဒဏ်တွေတိုးလိုက်ဖြစ်နေခဲ့ပါတယ်။ဘယ်လောက်ပဲဆိုးဝါးတဲ့အခြေအနေကိုရောက်ပါစေ ဇွဲမလျှော့ပဲအကြိမ်ကြိမ်ခါခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ဇာတ်ဝင်ခန်းတိုင်းက ကိုယ်တိုင်ပါဝင်နေရသလို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်....

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sartanhtoemovie/65
https://t.me/sartanhtoemovie/65

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍11❤2👏1
M_i-s_s-i_o-n: I_m-p_o-s_s-i_b-l_e (2023)

အညွှန်း*
🔽🔽🔽

ဒီတစ်ခါ ရန်သူကတော့ လူပုဂ္ဂိလ်အဖွဲ့အစည်းမဟုတ်တော့ပါဘူး။လူတွေနဲ့ချရတာ ဦးခရုအတွက် အရမ်းလွယ်နေပါပြီ။ တစ်ကမ္ဘာလုံးက စနစ်တွေ နက်ဝက်တွေကို ဖောက်ဝင်ပြီး ထိန်းချုပ်နိုင်စွမ်းရှိတဲ့ စက်ဦးနှောက် AI တစ်ခုဟာ ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့လူတွေကို ပြန်ပြီး တိုက်ခိုက်လာတာဖြစ်ပါတယ်။ အဲဒီ AI ကို Entity (သတ္တဝါ/အရာဝတ္ထု သက်ရှိ) လို့ နာမည်ပေးထားလိုက်ကြပါတယ်။
ဒီအန်တတီကိုနိုင်မယ့် နည်းပညာမရှိတော့ပေမဲ့ ထိန်းချုပ်နိုင်တဲ့ သို့မဟုတ် သတ်ပစ်နိုင်တဲ့ လျှို့ဝှက်ချက်ဟာ သော့တစ်ချောင်းအပေါ်မှာ မူတည်နေပါတယ်။
အဲဒီသော့ဟာလည်း အပိုင်းနှစ်ပိုင်းရှိပြီး တစ်ကမ္ဘာလုံးက အစိုးရတွေက ကိုယ်ပိုင်အသုံးချနိုင်ဖို့ အပြိုင်အဆိုင်လိုက်နေကြပါတယ်။
အဲဒီသော့ကို ရဖို့အတွက် IMF ကို တာဝန်ပေးခံရတဲ့အခါ အီသန်ဟန့်နဲ့အဖွဲ့လည်း နောက်ထပ် မဖြစ်နိုင်စရာစစ်ဆင်ရေးတစ်ခုကို ဆင်နွှဲရပါတော့တယ်။....

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sartanhtoemovie/63
https://t.me/sartanhtoemovie/63

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍15❤2
P_a-r_a-s_i-t_e(2019)

အညွှန်း*
🔽🔽🔽

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Bong Joon-Ho ရဲ့ နောက်ထပ် ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ဒီဒါရိုက်တာကို မသိရင်တောင် သူရိုက်ခဲ့တဲ့ Mother တို့ Memories of murder တို့ကို သိကြမှာပါ။အခုလည်း ဒီရုပ်ရှင်ဟာ 2019 Cannes ရုပ်ရှင်ပွဲတော်ရဲ့ The Palme d’Or ဆုကို ဆွတ်ခူးသွားပြီး ကမ္ဘာကျော်သွားခဲ့ပြန်ပါတယ်။ဒီကားကို ရုံမှာကြည့်ခဲ့တဲ့ သူတိုင်းလည်း ရင်သပ်ရှုမောနဲ့ အကြိုက်တွေ့ခဲ့ရတာချည်းပါပဲ။
အခုတင်ပေးထားတဲ့အထဲမှာတော့ ရုံမှာမပါလိုက်တဲ့ အခန်းတစ်ခု အပိုပါပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လိုညွှန်းရမှန်းကိုမသိပါဘူး။ဇာတ်လမ်းကတော့ ဆင်းရဲသားမိသားစု တစ်စုဟာ လူချမ်းသာမိသားစုတစ်ခုဆီက လှည့်စားအမြတ်ထုတ်နေရင်း မထင်မှတ်တာတွေ အများကြီးဖြစ်လာတာဆိုပါတော့။ဒီရုပ်ရှင်မှာ ချဲ့တွေးရင်တွေးနိုင်သလောက် သဘောတရားတွေ အများကြီးပြထားပါတယ်။ရိုက်ချက်တွေ ဒါရိုက်တာပြထားတာတွေကလည်း ခံစားရင်ခံစားနိုင်သလောက် သဘောကျစရာတွေ ပြည့်နေတာပါ။ဒီတော့ အရမ်းကောင်းတယ် ကြည့်ကိုကြည့်သင့်တယ်လို့ပဲ ညွှန်းချင်ပါတော့တယ်။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/thainekarmyar/88
https://t.me/thainekarmyar/88

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍6❤1
B_i-g G_a-m_e (2014)

အညွှန်း*
🔽🔽🔽

IMDb – 5.4/10
2015 ခု နှစ်ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကား အမိုက်စား ဖြစ်ပါတယ်…ဒါရိုက်တာ Jalmari Helander က
ရိုက်ကူးတင်ဆက်ထားပြီး IMDb Rating 5.4 ရရှိထားပါတယ်…Rotten Tomatoes က တော့ 78% ရရှိထားတာကို တွေ့မြင်ရမှာပါအမေရိကန်တွေအနေနဲ့လည်း သမ္မတ ကို ပဲဇာတ်လမ်းတည်ပြီးရိုက်ရတာသိပ်အားရနေကြလားတော့မသိဘူး..White House Down တို့ olympus has fallen တုန်းကလည်း အိမ်ဖြူတော်ကို စိစိညက်
ညက်ကြေနေအောင်ရိုက်ပြထားခဲ့ပြီးပြီ..အခုလည်း ဒီဇာတ်လမ်းမှာ သမ္မတ ကို လိုက်လံလု!ပ်ကြံသ!တ်ဖြတ်တဲ့ ဇာတ်ကြောင်းနဲ့ ရိုက်ပြထားပါတယ်..အကောင်းမွန်ဆုံးရိုက်ပြထားခြင်းဖြစ်ပါတယ်. ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ Campsite နားလေးမှာ သမ္မတ လေယာဉ်ဟာပစ်ချ
ခံလိုက်ရပါတယ်..အဲ့မှာကောင်လေးက သမ္မတကြီးကိုကယ်ဆယ်ပြီးတဲ့နောက်မှာတော့..ထပ်ပြီးလိုက်လာတဲ့ လိုက်လံသ!တ်ဖြတ်တဲ့သူတွေလက်က 2ယောက်လုံးလွတ်အောင်ပြေးရပါတော့တယ်စိတ်ဝင်စားမှုအရှိန်အဟုန်ကောင်းကောင်းနဲ့ အက်ရှင်ကောင်းကောင်းကြိုက်သူတွေအတွက်တော့.ကြည့်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ကြောင်းအသိပေးလိုက်ပါတယ်.....


#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/thainekarmyar/86
https://t.me/thainekarmyar/86

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍10❤4
M_y-t_h-i_c-a: T_h-e G_o-d_s-l_a-y_e-r (2016)

အညွှန်း*
🔽🔽🔽

ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့  လက်ရှိကမ္ဘာမြေဟာ နတ်ဘုရားတွေကို အပြီးတိုင်ချေမှုန်းချင်နေတဲ့ Lich King နဲ့ သူ့ရဲ့ zombie စစ်တပ်ကြီးနဲ့၊ တစ်ဖက်မှာ လူသား၊ နတ်နဲ့
အခြားသောမျိုးနွယ်တွေ စစ်ခင်းနေရတဲ့ကာလ ဖြစ်ပါတယ်။ Lich King နဲ့ သူ့စစ်တပ်ကြီးဟာဘယ်မျိုးနွယ်နဲ့မှ အင်အားချင်းမယှဉ်သာအောင် တရိပ်ရိပ်တက်လာလို့နေပါပြီ။ ဒါပေမယ့်Lich King ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်ဖို့ရာ ကျိန်စာသင့်နေတဲ့Marek ဆိုတဲ့ စုန်းမလေးက အဓိကကျတဲ့နေရာမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ကမ္ဘာပျက်ကိန်းဆိုက်မယ့်အရေးကို ကာကွယ်ဖို့ရာ စုန်းမလေး Marek နဲ့ နတ်သူငယ်သွေးတစ်ဝက်ပါတဲ့ သူခိုးဂျပိုးDagen တို့ရဲ့ လက်ထဲကို ရောက်လာပါတော့တယ်။ဒီတော့ သူတို့နှစ်ဦးဟာ Lich King နဲ့ သူ့ရဲ့အကြံအစည်ကို တားဆီးမယ့်ကိစ္စကို အကောင်အထည်ဖော်ဖို့ ခရီးရှည်ကြီးကို ထွက်ခွါရပါတော့တယ်။ တစ်ဖက်မှာလည်း လူသားနဲ့ နတ်ဘုရားတွေဟာ
တရိပ်ရိပ်တက်လာနေတဲ့ zombie စစ်တပ်ကြီးကို တောင့်ခံရင်း Marek နဲ့ Dagen တို့သာ သူတို့တွေအားလုံးရဲ့ တစ်ခုတည်း‌သော မျှော်လင့်ချက် ဖြစ်လာတဲ့အခါမှာတော့….


#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sartanhtoemovie/73
https://t.me/sartanhtoemovie/73

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍5❤3
L_e-g_e-n_d o_f t_h-e N_a-g_a P_e-a_r-l_s ( 2017 )

အညွှန်း*
🔽🔽🔽

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူသားမျိုးနွယ်နဲ့ တောင်ပံလူသားမျိုးနွယ်တို စစ်ပွဲတွေဆင်နွှခဲ့ကြပါတယ်။ဒီလိုအငြိုးအတေးတွေနဲ့တိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက်ကြောင့်တောင်ပံလူသားတွေဟာ သူတိုရဲ့ အသက်ဖြစ်တဲ့ ကြယ်ကြွေပန်းကို ဆုံးရှူးခဲ့ရပြီး မပျံသန်းနိုင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်။အဲ့ဒါကြောင့် တောင်ပံလူသားတစ်ဦးဖြစ်တဲ့ရွှယ်လျဲ့ဟာနာကြည်းမုန်တီးမှုရန်ငြိုးတွေကြောင့်ငါးမန်းပုလဲကို ရယူပြီး လူသားတွေရဲ့ ကမ္ဘာကို ပျက်စီးအောင် ကြိုးစားပါတော့တယ်။

အဲ့ဒါတွေကို ဓားပြကြီးနီခုံးခုံး၊ မိန်းမလှလေးတောင်ပံမည်းနဲ့ ဘုရင့်သားတော်ဟော့လိတိုစုပေါင်းပြီးတားဆီးရွယ်လျဲ့ကိုတားဆီးဖိုကြိုးစားကြမှာပါ။ ဘယ်လိုတားဆီးကြမလဲဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုတော့ပရိသတ်တွေရင်သတ်ရှုမောစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။


#Credit


ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sartanhtoemovie/71
https://t.me/sartanhtoemovie/71

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍16❤2
လူသားတွေကိုမီးလောင်တိုက်သွင်းဖို့
အိပ်ပျော်နေတဲ့နဂါးတွေနိုးထလာတဲ့အခါ....


R_e-i_g-n o_f f_i-r_e ( 2002 )

အညွှန်း*
🔽🔽🔽

ဒီကားလေးကတော့ နဂါးတွေကို ကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် 2002 ခုနှစ်ကထွက်ရှိထားတဲ့ Action, Adventure, Fantasy အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပါတယ်....

ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် ကွင်းဆိုတဲ့ကောင်လေးရဲ့အမေဟာ မြေအောက်ရထားလှိုဏ်ခေါင်းအတွက် အစီအစဥ်ဆွဲရတဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီးတော့ မြေအောက်မှာလှိုဏ်ခေါင်းတူးရင်း အလုပ်လုပ်နေတာပါ....
တစ်နေ့မှာ ကွင်းက သူ့အမေဆီသွားလည်ခဲ့ပြီး မြေအောက်ထဲမှာ လှိုဏ်ဂူလိုနေရာတစ်ခုတွေ့ရှိခဲ့ရပါတယ်....

အဲဒီထဲမှာ နှစ်ပေါင်းများစွာ အိပ်ပျော်နေတဲ့နဂါးတွေရှိပြီး နိုးထလာချိန်မှာတော့ အစာကွင်းဆက်ထိပ်ဆုံးမှာရပ်တည်ပြီး မြင်မြင်သမျှသက်ရှိတွေကို စားသုံးပါတော့တယ်....နဂါးတွေကြောင့် လူသားတွေမျိုးတုံးသွားလောက်အောင် ခြိမ်းခြောက်ခံနေရချိန်မှာ လူသားတွေဘယ်လိုမျိုး ရှေ့ဆက်ကြမလဲ...

မြင်မြင်သမျှ သက်ရှိသက်မဲ့တွေကို မီးလောင်တိုက်သွင်းပစ်နိုင်တဲ့ ဧရာမသတ္တဝါကြီးတွေနဲ့ လူသားတွေကြားက မျိုးနွယ်တစ်ခုဆက်ရှင်သန်ဖို့ ကြိုးစားတဲ့ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့....

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/moviestudio10/194
https://t.me/moviestudio10/194

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍9❤6💯2
ဗိုက်ကင်းလူမျိုးတွေရဲ့လောဘကြောင့်
ငရဲခွေးကြီးလွတ်မြောက်သွားတဲ့အခါ....

V_i-k_i-n_g W_o-l_f (2022)


အညွှန်း*
🔽🔽🔽

လွန်ခဲ့သော နှစ်တစ်ထောင်က ဗိုက်ကင်းမျိုးနွယ်စု အကြီးအကဲ ဂတ်ဘရန်ဟာ သင်္ဘောအစင်း ၂၀ နဲ့ အတူ နော်မန်ဒီကို ဓားပြတိုက်ဖို့ ခရီးဆက်ခဲ့တယ်...

ဘုရားကျောင်းတစ်ကျောင်းမှာ လျှို့ဝှက်ခန်းတစ်ခုကို တွေ့ခဲ့တယ်။ ဘုန်းတော်ကြီးတွေက အထဲကို မဝင်ဖို့ တောင်းပန်ကြပေမယ့် လောဘသား ဗိုက်ကင်းတို့ဟာ စကားကို နားမဝင်ခဲ့ကြပါဘူး။

ဒီလိုနဲ့ ငရဲခွေးကြီးဟာ လွတ်သွားတယ်။ အပြန်လမ်းထိ ဗိုက်ကင်းတွေနဲ့အတူ လိုက်ပါလာခဲ့ပြီး သူတို့သင်္ဘော နော်ဝေကို မဆိုက်ခင်မှာ ဗိုက်ကင်းတွေအကုန် သေသွားခဲ့တယ်။ ဒီသတ္တဝါကြီးတစ်ကောင်တည်းသာ ကုန်းပေါ်ကို ရောက်ပြီး နော်ဒစ်အမည်ရတဲ့ တောနက်ကြီးထဲကို ဝင်သွားခဲ့သတဲ့...

ယခုလက်ရှိအချိန်...
လစ်ဗ်နဲ့ သာလာတို့ သားအမိဟာ နီဘိုဆိုတဲ့ မြို့ကို မကြာသေးခင်ကမှ ပြောင်းရွှေ့လာတဲ့သူတွေပေါ့။ ဖခင်ဖြစ်သူ သေဆုံးပြီးနောက် ပထွေးနဲ့ နေရတဲ့ သာလာဟာ မြို့သစ်လေးမှာ စိတ်ပြေလက်ပျောက် ဂျိုးနက်စ်ဆိုတဲ့ ကောင်လေးနဲ့ အပေါင်းအသင်းဖွဲ့မိပါတယ်။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/moviestudio10/195
https://t.me/moviestudio10/195

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍11❤1
G_a-n_g-u_b-a_i K_a-t_h-i_a-w_a-d_i (2022)

အညွှန်း*
🔽🔽🔽

သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်​ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး
ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို့ ပြည်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ…အနာဂတ်ကိုဆက်လျှောက်ရမယ့် ကလေးတွေနဲ့ ပြည့်တန်ဆာတစ်ယောက်မှာလည်း ရသင့်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပညာသင်ခွင့်နဲ့ အခွင့်အရေးအတွက် သူမဘယ်လိုရင်ဆိုင်သွားမလဲ။
“ယောကျာ်းတွေက လူသေကောင်နဲ့ဆိုရင်တောင် ယုံရတာမဟုတ်ဘူး”ဆိုတဲ့ နာကျင်နေတဲ့သူမစကားရဲ့နောက်မှာ ရှုံ့ချမှုတွေ၊ ဒဏ်ရာတွေကို သူမဘယ်လိုကြံ့ကြံ့ခံမလဲ။တစ်ခုခုဆိုတာနဲ့ အပြစ်တင်ရှုံ့ချတတ်တဲ့ လူထုဆိုတဲ့အရာကရော သူမတို့ကို နောက်ဆုံးထိ တိုက်ခိုက်သွားနိုင်မှာလားဆိုတာ ဒီ Gangubai Kathiawadi ဆိုတဲ့ကားလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်....

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sartanhtoemovie/85
https://t.me/sartanhtoemovie/85

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍4
J_a-b T_a-k H_a-i J_a-a_n [2012]

အညွှန်း*
🔽🔽🔽

Imdb 7/10


အိန္ဒိယကြည်းတပ်ရဲ့ မိုင်းရှာဖွေရေး တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှူး ဆာမာ အာနန်ဟာ အတိတ်မှာ အရမ်းကို တက်ကြွတဲ့ လူငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ တစ်နေ့ သူဟာလန်ဒန်မြို့ရဲ့ လူကုံထံသူဌေးသမီးလေး မီရာကို ချစ်မိသွားခဲ့ပါတယ်။ မီရာက ဘာသာရေးအရမ်းစိတ်ဝင်စားပြီး ဘုရားသခင်ထံ အမြဲဆုတောင်းတတ်တဲ့ ကောင်မလေးဖြစ်ပါတယ်။ တစ်နေ့မှာ ဆာမာနဲ့မီရာတို့ ချစ်မိသွား ပေမယ့် သူငယ်ချင်းလိုပဲဆက်နေသွားကြဖို့ သစ္စာဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ကတိကိုမတည် နိုင်ခဲ့ကြပါဘူး။ တစ်နေ့မှာ ဆာမာ အက်စီးဒင့်ဖြစ်ပြီး မီရာက ဘုရားကဒဏ်ခတ်တာဆိုပြီး ဆာမာ့ကို ကယ်ဖို့၊ နောက်ထပ် ဆာမာနဲ့ဘယ်မတွေ့တော့ဘူးဆိုတဲ့အကြောင်း သစ္စာထပ်ဆိုပြီးတဲ့နောက် သူတို့ နှစ်ယောက် ဘယ်လိုဆက်ဖြစ်ကြတယ်… ဆာမာ ကရော လူငယ်လေးကနေ ဗိုလ်မှူးဖြစ်သွား ရတယ်…နောက်ဆုံးမှာ ဆာမာနဲ့မီရာ Happy Ending ဖြစ်ကြရဲ့လားဆိုတာကို

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sartanhtoemovie/83
https://t.me/sartanhtoemovie/83

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍4❤2
P_l-a_n-e ( 2023 )

အညွှန်း*
🔽🔽🔽

မင်းသားကြီး Gerard Butler ရဲ့ နောက်ဆုံးထွက် အက်ရှင်ရုပ်ရှင်သစ် လာပါပြီ။ ဒီကားကတော့ rating လည်းကောင်းသလို ပရိသတ်တွေလည်းအတော်ကြိုက်ကြပါတယ်။
တောရန့်ဆိုတဲ့ လေယာဉ်မှူးဟာ တော်ဝင်လေတပ်ထွက် စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး ပုဂ္ဂလိကခရီးသည်တင်လေကြောင်းလိုင်းမှာ ပိုင်းလော့လုပ်နေခဲ့တာပါ။ နှစ်သစ်ကူးအညမှာတော့ သူ့သမီးဆီကို မပြန်ခင် လေယာဉ်တစ်ခေါက် တိုကျိုကို ဆွဲပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တိုကျိုအသွားလမ်းမှာ မုန်တိုင်းကြောင့် ကျွန်းတစ်ခုပေါ် ထိုးဆင်းလိုက်ရပြီး လက်နက်ကိုင်ပြန်ပေးသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ....


#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/collection1movie/539
https://t.me/collection1movie/539

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍5❤3
B_e-h_i-n_d t_h-e L_i-n_e (2020)

အညွှန်း*
🔽🔽🔽

ကမ္ဘာကြီးရဲ့ အတ္ထုပ္ပတိကိုလှန်ကြည့်တဲ့အခါကျွန်တော်တို့သက်တမ်းနဲ့တောင် ဖတ်မှတ်လို့မပြီးမယ့်စိတ်၀င်စားစရာ အကြောင်းအရာတွေ အများကြီးပါပဲ။
ဒီဇာတ်လမ်းဟာ ကမ္ဘာ့သမိုင်းထဲက အရက်စက်ဆုံးကုန်ကျစရိတ်အများဆုံး 6သကြေမှု အများဆုံးဒုတိယကမ္ဘာစ!စ်မှာဖြစ်ခဲ့တဲ့ စိတ်၀င်စားစရာဇာတ်လမ်း
တစ်ပုဒ်ပါပဲ။ ‌ကြီးကျယ်တဲ့ဖြစ်ရပ်တွေတိုင်းရဲ့ အောင်မြင်မှုကျရှုံးမှုတွေဟာ ကောက်ရိုးမီးလို ဝုန်းခနဲထတောက်တာ
မဟုတ်ပါဘူး။ သေးငယ်တ‌ဲ့ ဓာတ်မှုန်ကလေးများစွာရဲ့တစ်ခုချင်းဆီပေါက်ကွဲမှုတွေဟာပေါင်းဆုံပြီးမှ
မဟာပေါက်ကွဲမှုကြီးဖြစ်လာတာပါ။
ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ပြထားတဲ့ရုပ်ရှင်တွေထဲမှာ The Immitation GameလိုDunkrikလို Saving LeningradလိုDarkest Hoursတို့လို ဖြစ်ရပ်မှန်‌အခြေပြုကားကောင်းတွေရှိပါတယ်။အဲ့ဒီရုပ်ရှင်တွေထဲကဖြစ်ရပ်ကလေးတွေ အကုန်စုပေါင်းပြီးမှ ဂျာမနီနဲ့ မဟာမိတ်တွေကို နိုင်ခဲ့တာပါပဲ။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/collection1movie/540
https://t.me/collection1movie/540

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍6❤2🤯1
P_r-e_d-a_t-o_r 3 (2010)

အညွှန်း*
🔽🔽🔽

မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့တောကြီးမျက်မဲပေါ့ ။
တကယ်တော့ အဲဒိတောနက်ကြီးက
တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။အရင်တုန်းက အဲဒိလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator / အာနိုး)ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ။ ဂြိုလ်သားတွေနဲ့ လူသားတွေကြားက မုဆိုးနဲ့သားကောင် ၊ ဘယ်သူက မုဆိုးဖြစ်ပြီး ဘယ်သူတွေက သားကောင်တွေဖြစ်မလဲ ဆိုတာတော့ ကြမ်းကြမ်းတမ်းတမ်း ထောင်ချောက်တွေကြားမှာ ကြည့်သာကြည့်လိုက်တော့ ဗျာ….

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/channelmyanmarmv/836
https://t.me/channelmyanmarmv/836

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍6❤5😁1
V_e-n_o-m (2018)

အညွှန်း*
🔽🔽🔽

Symbiotic lifeforms လို့ခေါ်တဲ့ သက်ရှိနှစ်မျိုးကို ကူးပြောင်းပေါင်းစပ်နိုင်တဲ့ သက်ရှိမျိုးစိပ်၄ ကောင်က်ို သယ်ဆောင်လာတဲ့Life Foundation ရဲ့ ယာဉ်ဟာ Malaysia မှာပျက်ကျသွားခဲ့ပြီးနောက် တစ်ကောင်ဟာလွတ်မြောက်သွားခဲ့တယ် ကျန် ၃ ကောင်ကိုတော့
San Francisco ကကိုအမှားအယွင်းမရှိသယ်ဆောင်လာခဲ့တယ်....
Life Foundation ရဲ့ CEO ဖြစ်သူ Carlton Drake ဟာ ဒီ Symbiosis တွေအကြောင်းအတော်ကို စိတ်ဝင်စားနေခဲ့တယ်....Eddie Brock ဟာ ဂျာနယ်လစ်
တစ်ယောက်ဖြစ်ပြီး သူနဲ့စေ့စပ်ထားပြီးသာချစ်သူ Anne Weying နဲ့အတူ နေထိုင်နေတာပါတစ်ရက်မှာ Brook ဟာ Life Foundation ရဲ့ လူသားတွေကို စမ်းသပ်မှုပြုလုပ်နေတဲ့အကြောင်း သွားရောက် မမမေးမြန်းရင်း Brook နဲ့ Darke တို့ထိပ်တိုက်ရင်ဆိုင်တွေ့ရပါတော့တယ်...အဲဒီနောက် Brook နဲ့ Anne တို့လည်း အလုပ်ပြုတ်ခဲ့ရပြီး နှစ်ဦးသား
လမ်းခွဲခဲ့ရပါတော့တယ် ...

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/channelmyanmarmv/837
https://t.me/channelmyanmarmv/837

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍7❤3😁1