𝐅𝐥𝐞𝐱𝐱 [ 𝐌𝗼𝐯𝐢𝐞 ] 3
335K subscribers
6.57K photos
2.46K links
ကြေငြာအပ်ချင်ရင် အောက်က
Admin accကို Hiပေးကြပါ 👇👇

👉 @YoteShinVip 👈
👉 @YoteShinVip 👈
Download Telegram
T_h-e S_w-o_r-d_s-m_a-n (2020)

အညွှန်း* 🔽🔽🔽

IMDb…7.0ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံကို စစ်ရှုံးပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အတော်ဆိုးပါတယ်…စားနပ်ရိက္ခာတွေအပြင် မိန်းကလေးကျွန်တွေပေးနေရပါတယ်….
တဖြည်းဖြည်း မြောင်နိုင်ငံဟာ နောက်ထပ်စစ်ပွဲတစ်ခုကိုဉီးတည်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲလားမသိ…ကျွန်အရေတွက်တွေ တိုးလို့တောင်းခံသလို အထူးလေ့ကျင့်ထားတဲ့ စစ်သည်တွေကိုလည်း ဂျိုဆွန်းကိုစေလွှတ်ထားပါတယ်…ဂျိုဆွန်းရဲ့ မှူးမတ်တွေရဲ့အကြံကလည်းတော်တော်ယုတ်မာပါတယ်..သူတို့သမီးတွေ ကျွန်အဖြစ်မပေးရရေးကိုစားဖို့တောင်အနိုင်နိုင်ြဖစ်နေတဲ့ ရွာလေးတွေက သမီးတွေကို မွေးစားသမီးလုပ်မယ်ဆိုတဲ့မက်လုံးနဲ့ခေါ်ယူမွေးပြီးကျွန်အဖြစ်ပေးဖို့ကြံကြပါတယ်…ဒီလိုနဲ့မွေးစားခံဖို့ခေါ်တဲ့အထဲမှာ သမီးလေးတစ်ယောက်ရဲ့အဖေဟာဇာတ်မြှုတ်နေတဲ့ အထူးဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့…ဒီဇာတ်ကားက မင်းသားကြီး Hyuk Jang အဓိကသရုပ်ဆောင်ထားပြီး ဇာတ်လမ်းအစမှအဆုံးထိရှယ်ဗျင်းကြတဲ့အက်ရှင်ဇာတ်ကားပါ..ရိုက်ချက်တွေလည်း တော်တော်ကြီးမိုက်သလိုနောက်ခံတီးလုံးတွေလည်းလန်းပါတယ်..ခံစားကြည့်ကြပါဉီး…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hana ပဲြဖစ်ပါတယ်…

https://t.me/sartanhtoemovie/51
https://t.me/sartanhtoemovie/51

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍5
T_h-e L_o-s_t C-i_t-y of Z  (2017)

အညွှန်း* 🔽🔽🔽

၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။

နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။

အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။

အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။

သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။

တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။

လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/sonehtout/41
https://t.me/sonehtout/41

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍7❤2
T_h-e F_l-u ( 2013 )

အညွှန်း* 🔽🔽🔽

ဇာတ်လမ်းကတော့ တရုတ်
ဖိလစ်ပိုင်စတဲ့မတူတဲ့နိုင်ငံတွေကနေ
ကိုရီးယားကိုတရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ
H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်....တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ
ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်း အလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့
အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့်Avian Virus ဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ်.....နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး
လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီးကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့.....ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူကင်မီရီဆိုတဲ့ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ်

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/sonehtout/39
https://t.me/sonehtout/39

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍3❤1
S-k-i-p-t-r-a-c-e(2016)

အညွှန်း* 🔽🔽🔽

ဂျက်ကီဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး မည်သူမှန်းမသိတဲ့ မြေအောက်လျို့ဝှက် ဒုစရိုက်ခေါင်းဆောင်တစ်ဦးကို ဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ အမည်ဝှက်ကိုတော့ တုံညိုရှီ ( ကျွဲရိုင်းသတ်သမား ) လို့ပဲ သိထားကြပါတယ်။ အဲဒီလို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း အသတ်ခံခဲ့ရပြီး သူငယ်ချင်းရဲ့ သမီးလေး ဆမန်သာ ကို ဆက်စောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် ဆမန်သာဟာ တုန်ညိုရှိလို့ သံသယရှိသူပိုင်တဲ့ ကာစီနိုရုံမှာ သူလျိုဝင်လုပ်ရင်း အန္တရာယ်နဲ့ကြုံလာသလို၊ အမေရိကန်လူမျိုး ဖဲသမားလူလိမ် ကော်နာဝက်စ်ကလည်း အဲဒီကာစီနိုဝိုင်းမှာ လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်ပြီး အရေးကြီးတဲ့ တယ်လီဖုန်းနဲ့ အတူ ထွက်ပြေးလာခဲ့ပါတယ်။
အဓိက ဇာတ်လမ်းကတော့ ဘန်နီ(ဂျက်ကီချန်း) ဟာ ဖဲသမားလူလိမ် ကော်နာဝက်စ် ကို မကာအိုကနေ ဟောင်ကောင်ကို အခက်အခဲတွေ ကြားထဲက ခေါ်လာဖို့ ကြိုးစားရင်း လမ်းတစ်လျှောက်ကြုံရတာတွေကို ဟာသတွေ ရယ်စရာတွေ နဲ့ တရုတ်ရိုးရာပွဲတော်အလှတွေ ရောပြီး လှလှပပပြသထားတာပါပဲ။ ဂျက်ကီချန်းရဲ့ လှုပ်ရှားမှုတွေ ကြည့်ရင်းအားပေးကြပါဦး။

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/moviekabar10/63
https://t.me/moviekabar10/63

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍2
K-i-n-g-d-o-m: A-s-h-i-n o-f t-h-e N-o-r-t-h (2021)

အညွှန်း*
🔽🔽🔽

ဇာတ်လမ်းအကျဉ်းကတော့ ဂျိုဆွန်းနိုင်ငံတော်ရဲ့ တရားဝင်အသိအမှတ်မပြုထားတဲ့ ရွာဆက်မှာ ဆောင်းဂျောယာအင်လူမျိုးတွေ နေထိုင်ကြတယ်။ အဲ့ဒီလူမျိုးတွေဟာ နိမ့်ကျတဲ့မျိုးရိုးဆိုပြီးတော့ တခြား ဂျိုဆွန်းပြည်သူတွေရဲ့ အနှိမ်ခံလည်း ဖြစ်ခဲ့ရပါတယ်။ တစ်နေ့မှာ ယောဂျင်လူမျိုး ၁၅ ယောက်ဟာ ဖယ်ဆာဂွန်နယ်မြေမှာ ကျားကိုက်ပြီး
အသ!တ်ခံလိုက်ရပါတယ်။ ဂျိုဆွန်းရဲ့ တပ်မှူးကြီးဟာ သေဆုံးမှုကို စုံစမ်းပြီး  ကျားဖမ်းဖို့လုပ်ရင်း တပ်မှူးကြီးက ယောဂျင်လူမျိုးတွေ သေရတဲ့အကြောင်းရင်းက ကျားကြောင့်မဟုတ်ဘဲ ဂျိုဆွန်းအကြီးအကဲတစ်ယောက်ရဲ့ လက်ချက်ဆိုတာ သိလိုက်ရပါတယ်။ ရွာဆက်က သူလျှို အာရှင်းရဲ့ အဖေကို ယောဂျင်လူမျိုးတွေဆီ လွှတ်ပြီး ကျားကြောင့် သေရတယ်လို့ သတင်းလွှင့်ခိုင်းပါတယ်။ ယောဂျင်လူမျိုးတွေဟာ ကျားကြောင့်မဟုတ်တာကို သိသွားပြီးတဲ့နောက်    ရွာဆက်တစ်ရွာလုံးကို ရက်ရက်စက်စက်သ!တ်ဖြတ်ခဲ့ကြပါတယ်။


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/moviekabar10/61
https://t.me/moviekabar10/61

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍14❤1
T_h-e B_a-n_k J_o-b -2008

အညွှန်း*
🔽🔽🔽

ဒီဇာတ်ကားကတော့ ၂၀၀၈ ခုနှစ်က ထွက်ခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း သည်းထိပ်ရင်ဖိုဘဏ်ဖောက်ကားတစ်ကားဖြစ်ပြီး ၊ မင်းသားကြီး Jason Statham က အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းကတော့

ဟာကင်မ်ဆိုတဲ့ မူးယစ်ဆေးမှောင်ခို ဒုစရိုက်သမားတစ်ယောက်ဟာ ဗြိတိသျှတော်ဝင်မင်းသမီးတစ်ယောက်ရဲ့ ညစ်ညမ်းတဲ့ဓာတ်ပုံတချို ကို မှတ်တမ်းတင်ရိုက်ကူးထားပြီး ခြိမ်းခြောက်အကျပ်ကိုင်ခံနေရပါတယ်။

သူ့ရဲ့ဓာတ်ပုံတွေကို ဘဏ်တစ်ဘဏ်ရဲ့ အလုံပိတ်ခန်းတစ်ခန်းထဲက မီးခံသေတ္တာထဲမှာ သိမ်းထားတယ်လို ဗြိတိသျှထောက်လှမ်းရေးက သတင်းရတဲ့အခါမှာ ဒီဘဏ်ကိုဖောက်ထွင်းဖိုအတွက် အကြောင်းဖန်လာတော့တယ်။

ဒါကြောင့် ဘဏ်ကိုဖောက်ဖိုအတွက် တယ်ရီ( Jason Statham)ဦးဆောင်တဲ့ လူဆိုးတစ်ဖွဲကို ငှားပြီး အကောင်အထည်ဖော်ပါတော့တယ်။

ဇာတ်ကားဟာ တခြားစိတ်ကူးယဉ်ဘဏ်ဖောက်ကားတွေလိုမဟုတ်ဘဲ ဖြစ်ရပ်မှန်ဖြစ်တာကြောင့် လက်တွေ့ဆန်တယ်၊ စိတ်လှုပ်ရှားစရာကောင်းတယ်။

#Cdedit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/yoteshinstore1/50
https://t.me/yoteshinstore1/50

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍3❤1
C_o-d_e 8 ( P_a-r_t II )

IMDb - 6.8/10

အညွှန်း*
🔽🔽🔽

2019 တုန်းက အဲရိုးမင်းသား Stephen Amell နဲ့ သူ့ညီ Robbie Amell တို့ အတူ သရုပ်ဆောင်ပြီး နာမည်ကြီးခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကား Code 8 ရဲ့ နောက်ဆက်တွဲ ဇာတ်ကားလာပါပြီ။
ဒီကားမှာလည်း အရင်မင်းသားနှစ်လက်ပဲအဓိက ပါဝင်ထားပြီး အရင်ဒါရိုက်တာကပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း....

လင်ကွန်းမြို့မှာ စွမ်းအားမျိုးစုံ ကိုယ်စီရှိကြတဲ့ စွမ်းအားရှင်လူသားတွေ ရှိပါတယ်။အဲဒီလူသားတွေဟာ အစတုန်းက လုပ်ငန်းမျိုးစုံမှာ အသုံးဝင်လို့ နေရာရခဲ့ကြပေမဲ့ သူတို့နေရာကို စက်တွေနဲ့အစားထိုးလာတဲ့အခါစွမ်းအားရှင်အလုပ်လက်မဲ့တွေ ပိုများပြားလာပြီး ရာဇဝတ်မှုတွေလည်း များလာပါတယ်။
ဒါတွေကို ရဲတွေက အဆင့်မြင့် စက်ရုပ်တွေနဲ့ အကြမ်းဖက်နှိမ်နင်းနေပြီး တစ်မြို့လုံး ဗြောင်းဆန်နေချိန်လည်းဖြစ်ပါတယ်။အဲဒီမြို့မှာပဲ ဆိုက်ခ်ဆိုတဲ့ မူးယစ်ဆေးတစ်မျိုး ထိန်းမရအောင် ပြန့်နှံ့နေပြီး အဲဒီဆေးဟာ စွမ်းအားရှင်တွေရဲ့ ကျောရိုးအရည်ကနေထုတ်လုပ်တာဖြစ်လို့ အလုပ်လက်မဲ့ စွမ်းအားရှင်တွေအတွက် ငွေရပေါက်တစ်ခုလည်းဖြစ်နေပါတယ်။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/yoteshinstore1/48
https://t.me/yoteshinstore1/48

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍10❤2
နင်ဂျာနဲ့ ငါးမန်းရဲ့တိုက်ပွဲ ...

N_i-n_j-a vs S_h-a_r-k (2023)


အညွှန်း*
🔽🔽🔽

Serious ဖြစ်တဲ့ကားကြီးတွေပဲကြည့်ရတာပျင်းလာပြီး
ပေါ့ပေါ့ပါးပါးကားလေးတွေပဲကြည့်ချင်သူတွေအတွက် ဂျပန်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

အိုကစ်ဆူဆိုတဲ့တံငါရွာလေးမှာထူးဆန်းလှတဲ့ကံဆိုးမိုးမှောင်ကျမှုတစ်ခုကိုကြုံတွေ့နေရပါတယ်။
အဲ့ဒါကတော့ဘယ်သူမှငါးထွက်မျှားလို့မရသလို သူတို့ဆီမှာထွက်တဲ့အဖိုးတန်ရတနာဖြစ်တဲ့ပုလဲတွေကိုလည်းဆင်းရှာလို့မရတာပဲဖြစ်ပါတယ်။
ဒီတော့တံငါရွာဆိုပေမဲ့ငါးဖမ်းစားလို့မရတဲ့တံငါရွာဖြစ်နေခဲ့တာပေါ့။အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ သူတို့ဆီကိုကြက်သွေးရောင်မိစ္ဆာဂိုဏ်းရောက်ရှိလာပြီး သူတို့ရဲ့ပုလဲတွေကိုလိုချင်တဲ့အတွက်ကျိန်စာတိုက်ခဲ့လို့ပဲဖြစ်ပါတယ်။
အဲ့ဒါကြောင့်မလို့ရွာသူကြီးကရွာကိုကာကွယ်ဖို့အတွက် ကိုယ်ရံတော်တစ်ယောက်ငှားခဲ့ပါတော့တယ်။
ဒါပေမယ့်အဲ့ဒီကိုယ်ရံတော်ကသာမန်လူမဟုတ်ဘဲနင်ဂျာတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းနဲ့အိုကစ်ဆူရွာကြားမှာဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။


#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/actionkabar/61
https://t.me/actionkabar/61

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍6❤3
T_e-a_r-s Of T_h-e S_u-n (2003)

War/Action

အညွှန်း*
🔽🔽🔽

Tears of the Sun ဆိုတဲ့ စစ်ကားဟာ ကျွန်တော်တို့
ကလေး ဘ၀ကထဲက ထွက်ရှိပြီး ဘာသာစကားနားမလည်
စာတန်းမထိုးဘဲနဲ့ ကြည့်ခဲ့ရတာပါ…..
သို့ပေမယ့် Bruce Willis ခေါင်းဆောင်တဲ့ Navy SEAL အဖွဲ့ဟာအန္တရယ်များလွန်းလှတဲ့ ပြည်တွင်းစစ်ကြားမှာ ကယ်ဆယ်ရေးသွားလုပ်ရတဲ့ အထူးစစ်ဆင်ရေးတစ်ခုဆိုတာကို
ကျွန်တော်တို့ သိခဲ့ကြတယ်….

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/actionkabar/59
https://t.me/actionkabar/59

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍5❤1🥰1👌1
T_h-e R_o-u_n-d_u-p: T_h-e O_u-t_l-a_w 2 (2022)

အညွှန်း*
🔽🔽🔽

အထွေအထူး မိတ်ဆက်နေစရာမလိုတော့တဲ့ သရုပ်ဆောင် Ma Dong-Seok နဲ့ My Libration Note ထဲက မင်းသား Son Seok-Koo တို့ရဲ့ The Roundup: The Outlaws 2

လွန်ခဲ့တဲ့ 4 နှစ်...Garibong က အမှုကို စုံထောက်မာဆော့ဒိုတို့အဖွဲ့ ဖြေရှင်းနိုင်ခဲ့ပြီးတဲ့နောက်
သူတို့အဖွဲ့အတွက် နောက်ထပ်ဖြေရှင်းစရာတွေပေါ်ပေါက်လာခဲ့တဲ့ The Roundup!

တရားခံတစ်ဦးကို စုံစမ်းစစ်ဆေးဖို့အတွက် ဗီယက်နမ်ကို သွားရောက်ခဲ့ကြတဲ့ စုံထောက်မာဆော့ဒိုနဲ့အဖွဲ့ခေါင်းဆောင်ဂျောင်အီမန်တို့ နှစ်ယောက်ဟာ ဗီယက်နမ်ကိုရောက်ပြီး မကြာခင်မှာပဲ
ထူးဆန်းတဲ့ကွင်းဆက်လူသ!တ်မှုတစ်ခုကို အဖြေရှာဖို့ ဖြစ်လာပါတယ်...

ကိုရီးယားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ သားဖြစ်သူကိုတောင် ပြန်ပေး-ဆွဲပြီးသ!တ်ဖြတ်ခဲ့တဲ့ လူသ!တ်သမား ဂန်ဟယ်ဆန်းနောက်ကို လိုက်ကြရင်း စုံထောက်မာတို့ ဘာတွေကြုံကြိုက်ရမလဲ“လက်ထဲကချော်ထွက်သွားတဲ့ ငါးရှဉ့်”လို ဖမ်းမမိနိုင်ဖြစ်နေတဲ့ ဂန်ဟယ်ဆန်းကိုစုံထောက်မာတို့အဖွဲ့အနေနဲ့ ဖမ်းဆီးနိုင်ပြီး တရားဥပဒေဘောင်ပေါ် တင်ပေးနိုင်ပါ့မလားဆိုတာ..
ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် Crime/Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်...

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sartanhtoemovie/57
https://t.me/sartanhtoemovie/57

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍10❤1
T_r-o_l-l ( 2022 )

အညွှန်း*
🔽🔽🔽

နော်ဝေးပြည်ရဲ့ ဒဏ္ဍာရီတွေထဲမှာ ထရိုးလို့ခေါ်တဲ့ ကျောက်ဘီလူးတွေရှိတယ်။ အရွယ်ရောက်ပြီးသား ကျောက်ဘီလူးတွေဟာ ခန္ဓာကိုယ်က တောင်လောက်ကြီးမားတယ်၊ ခရစ်ယာန်တွေရဲ့ သွေးကို အနံ့ခံနိုင်တယ်၊ အမှောင်ထဲကနေလာပြီး အလင်းရောင်အောက်မှာ သေကြတယ်၊ နေရောင်ခြည်နဲ့ထိရင် ကျောက်ဖြစ်သွားတတ်တယ်တဲ့။
နိုရာရဲ့ အဖေဖြစ်သူ တိုဘီယပ်စ်ဟာ ရိုးရာပုံပြင်ပညာရှင်ဖြစ်ပြီး ကျောက်ဘီလူးတွေရဲ့ ဒဏ္ဍာရီကို အရူးအမူးစိတ်ဝင်စားကာ ကျောက်ဘီလူးတွေကိုလည်း တကယ်ရှိတယ်လို့ ယုံကြည်တဲ့သူဖြစ်ပါတယ်။
အဲ့ဒီ ယုံကြည်မှုက အစွန်းရောက်လွန်းသွားတဲ့အတွက် သူဟာ လောကကြီးထဲကနေ ကွယ်ပျောက်နေရတဲ့သူဖြစ်ပါတယ်။ နိုရာကတော့ ရုပ်ကြွင်းဗေဒပညာရှင်တစ်ယောက်ဖြစ်ပါတယ်ဗျ။
တစ်နေ့မှာတော့ ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ဟာ ရထားလမ်းဖောက်ဖို့အတွက် တောင်တစ်တောင်ကို ဖြိုရင်း ငလျင်တစ်ခုလှုပ်ခတ်ကာ မြေပြင်မှာ ထူးဆန်းတဲ့ ခြေရာပုံစံ ဧရာမချိုင့်ခွက်တွေ ပေါ်လာခဲ့ပါတယ်။


#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sartanhtoemovie/55
https://t.me/sartanhtoemovie/55

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍7❤4🔥1
51. လူသားတွေကို ဝါးမျိုဖို့အတွက် နှစ်ပေါင်း ၁၀၀၀ ကြာမှ ပင်လယ်နတ်ဘုရားကြီး နိုးထလာသောအခါ...

T_h-e C_h-r_o-n_i-c_l-e_s Of N_a-r_n_i_a:_P_r-i_n_c-e C_a-s_p-i_a-n (2008)

အညွှန်း*
🔽🔽🔽

ဇာတ်လမ်းအကျဉ်းမှာတော့ နာနီယာကို ဘုရင်နဲ့ဘုရင်မတွေဖြစ်တဲ့ ပီတာ၊အက်မွန်၊ဆူဆန်နဲ့လူစီတို့ စွန့်ခွာသွားပြီးချိန်က စပါတယ်။ မောင်နှမလေးယောက်ဟာ အင်္ဂလန်ကို ပြန်ရောက်တာ တစ်နှစ်ပဲ ရှိသေးပေမယ့် အချိန်စက်ဝန်းကွာခြားမှုအရ နာနီယာမှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပါပြီ။ နာနီယာရဲ့ လက်ရှိဘုရင်မျိုးဆက်ဖြစ်တဲ့ ကတ်စ်ပီယန် ဘုရင်ကြီးသေဆုံးသွားချိန် မင်းသားလေးရဲ့ ဦးလေးက ထီးနန်းကို သိမ်းယူပြီး မင်းသားကို လုပ်ကြံဖို့ ကြိုးစားလာပါတယ်။ မင်းသားကတ်စပီယန်ဟာ နန်းတော်က ထွက်ပြေးရင်း မှော်သတ္တဝါတွေနဲ့ တွေ့ဆုံပြီး သူနဲ့အတူပါလာတဲ့ ဘုရင်မဆူဆန်ရဲ့ ဦးချိုခရာ( အပိုင်း ၁ တွင် လက်ဆောင်ရခဲ့သော မှော်ပစ္စည်း) ကို မှုတ်လိုက်မိချိန်မှာ ဘုရင်လေးပါး နာနီယာကို ပြန်ရောက်လာပါတော့တယ်။ ဘုရင်ဟောင်းလေးပါးနဲ့ မင်းသားကတ်စ်ပီယန်တို့ ပူးေါပင်းပြီး လူသားတွေကို ဘယ်လို ပြန်ဖြုတ်ချမလဲဆိုတာ…..


Credit...


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/yoteshinstore1/54
https://t.me/yoteshinstore1/54

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍8❤2
P_e-r_f-u_m-e T_h-e S_t-o_r-y o_f a M_u-r_d-e_r-e_r [2006]


အညွှန်း*
🔽🔽🔽

စမွေးဖွားလာကတည်းက ငါးစိမ်းတန်း ညစ်ပတ်စုတ်ပြတ် အနံ့ဆိုးရွားတဲ့ငါးစျေးတန်းမှာ အမှိုက်ပုံထဲ မွေးဖွားလာတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်
ဒါပေမယ့် သူ့မှာ ပါလာတဲ့ ပါရမီကတော့ အင်မတန် အနံ့ခံစွမ်းအားကောင်းတာရယ်အနံ့တွေကို ခွဲခြားနိုင်ခြင်း ရှိမှုပါပဲ…သူ့မှာ စဉ်းစားဆင်ခြင်နိုင်စွမ်းသိပ်မရှိပါဘူး လိုချင်တာကိုပဲ သိတဲ စိတ်ပဲရှိပါတယ်သူ့ကို သနားလို့ အလုပ်ခေါ်ခိုင်းတဲ့ မွှေးနံ့သာများ ဖော်စပ်တဲ့ ဆရာတစ်ယောက်ဆီ
ရောက်ရှိပြီး နောက် ကိုယ်ပိုင်ရေမွှေးတစ်ခု ထွင်ချင်လာပါတယ်…ဒါပေမယ့် သူထွင်ချင်တာကတော့ အပျိုစစ်စစ်များ ရဲ့ ကိုယ်သင်းမွှေးရနံဖြစ်ပြီး
ထိုမွှေးရနံတွေ ရဖို့ မိန်းကလေးတွေကို ပေါင်းတင်အဆီထုတ်ပြီး ဖော်စပ်ရတာပါဒီလိုနဲ့ မြို့တော်မှာ အပျိုလေးတွေ ကိုယ်တုံးလုံးနဲ့ အသ!တ်ခံရတာ များများလာလို့လိုက်လံ ဖမ်းစီးပြီး ရေမွှေးဖော်စပ်တဲ့ ကောင်လေးကို ဖမ်းမိသွားတဲ့ အခါမှာတော့….

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/yoteshinstore1/52
https://t.me/yoteshinstore1/52

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍8❤1🥰1
A Quiet Place Part II (2020)

အညွှန်း*
🔽🔽🔽


IMDb Rating – 7.8/


အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင် လူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ….Quiet Place 1
အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင် သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ ရက်တွေကြာလာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင် စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။)

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/actionmoviemyar/59
https://t.me/actionmoviemyar/59

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍7❤2🥰1