𝐅𝐥𝐞𝐱𝐱 [ 𝐌𝗼𝐯𝐢𝐞 ] 3
335K subscribers
6.57K photos
2.46K links
ကြေငြာအပ်ချင်ရင် အောက်က
Admin accကို Hiပေးကြပါ 👇👇

👉 @YoteShinVip 👈
👉 @YoteShinVip 👈
Download Telegram
Kabir Singh (2019)

IMDb....7.5


အညွှန်း*
🔽🔽🔽

၂၀၁၉ ခုနှစ် ဘောလီဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့
Kabir Singh ကားလေးပြန်တင်ပေးလိုက်ပါတယ်....

ဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ
၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့
Remake ဖြစ်ပါတယ်...

အဲ့ဒိတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက်
ဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ်..ဒေါက်တာ ကဗီး(ရ်) ရာဂ်ျဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့ဘက်စုံထူးချွန်တဲ့ အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့နေရာတကာလည်း ဒေါသကြီးသလို ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်း
ဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့ပရီသီးဆိုတဲ့ကောင်မလေးပါပဲ "သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ်အဲ့ဒိထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ်
ငါ့အတွက်ကတော့ ဒီကောင်မလေးပဲ
သူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲအဲ့ဒိတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့"

အဲ့ဒိလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲ
ကွဲကွာသွားတဲ့အခါမှာတော့....



ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/channelmmoviesone/59
https://t.me/channelmmoviesone/59


ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍3❤1🥰1
Sea-son of the Wi-tch (2011)

IMDB - 5.5/10
Genre - Action, Adventure


အညွှန်း 🔽🔽🔽

ဘာသာရေးစစ်သူရဲကောင်း ၂ယောက်ဟာ ရှေ့တန်းကနေ စစ်မတိုက်တော့ပဲ ပြန်လာခဲ့ကြတယ်။ သူတို့ အပြန်လမ်းမှာ မြို့တစ်မြို့ကို ရောက်တော့ လူတွေက ကပ်ရောဂါဘေးကြောင့် သေကြပျက်စီးစပြုနေကြပြီ ဒီလိုဖြစ်တာ ၃ နှစ် ကြာပြီဆိုတာလည်း စုံစမ်းသိရပြီးနောက် Bhemen နဲ့ Felson တို့ နှစ်ယောက် မြို့ကနေ ထွက်ဖို့ ပြင်ဆင်နေချိန်မှာပဲ မြို့စောင့်တပ်တွေရဲ့ ဖမ်းတာကို ခံလိုက်ရတယ်။ အဲဒီမြိုBhemen နဲ့ Felson တို့ကို စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးတစ်ယောက်ကို Severac ဆိုတဲ့ ဘုန်းတော်ကြီးတွေရှိနေတဲ့ နေရာ ပို့ပေးဖို့ အပေးအယူလုပ်တယ်။ ဒါပေမယ့် Bhemen နဲ့ Felson တို့က ချက်ချင်း လက်မခံခဲ့ပါဘူး။နောက်ဆုံးကြမှ စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးကို မျှမျှတတ တရားရင်ဆိုင်ခွင့်ပေးမယ်ဆိုတဲ့ Bhemen ရဲ့ တောင်းဆိုချက်ကို လက်ခံတော့မှ ခရီးထွက်ဖို့ ပြင်ကြတော့တယ်။ Severac ဆီ ပို့ဆောင်ခံရမယ့် မိန်းကလေးက တကယ်ပဲ စုန်းမလား အပြစ်မရှိပဲ စွပ်စွဲခံရတာလား လိုက်ပါပို့ဆောင်မယ့် ခရီးစဉ်မှာ Bhemen နဲ့ Felson တို့ အပြင် အခြား ဘယ်သူတွေရော လိုက်ကြမလဲ ဒီခရီးစဉ်တစ်လျှောက် အဆင်ပြေပြေ အဆုံးသတ်မလား..

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/theyekarmyar/110
https://t.me/theyekarmyar/110


ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍8❤3
The Young Master (1980)


အညွှန်း 🔽🔽🔽


ဒီတစ်ခါတော့ ဟောင်ကောင် ခုန်ဆွ ခုန်ဆွ တရုတ်သရဲကားတွေ ထုတ်ခဲ့တဲ့ ကုမ္ပဏီကပဲ ၁၉၈၀ မှာ ရိုက်ထားတဲ့ Jackie Chan ရဲ့ ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ပရိသတ်ကြီးတို့ရေ… ရှေးဟောင်းကားဆိုပေမဲ့ IMDb rating က 7.1/10 ‌ထိတောင် ရရှိထားပါသေးတယ်။ Martial သိုင်းကားတစ်ခုအတွက်ဆိုရင် အတော်ကို မြင့်တဲ့ အမှတ်မျိုးပါဗျာ။ နောက်ပိုင်းမှာ နာမည်ကြီးလာကြတဲ့ လူတွေအတော်များများလည်း ဇာတ်ပို့ အနေနဲ့ ပါဝင်ထားကြပါသေးတယ်ဗျ။ ဇာတ်အိမ်‌အကြမ်းဖျင်းပြောရရင်တော့ တရုတ်ခြင်္သေ့ အက ပြိုင်ရင်း ရှုံးသွားတဲ့အခါ ဆရာတစ်ယောက်ဟာ နောက်ကွယ်မှာ ဘယ်လို လုပ်လို့ ရှုံးသွားရတယ်ဆိုတာကို သိသွားပြီး သူငယ်ငယ်တည်းက မွေးစားထားခဲ့တဲ့ ချစ်တပည့်ကြီးတစ်ယောက်ကို နှင်ထုတ်လိုက်ပါတယ်။ ဒါကြောင့်မို့ အစ်ကိုကြီးနဲ့ အတူတူကြီးပြင်းလာရတဲ့ ကောင်လေးက သူ့မွေးစားအစ်ကိုကြီးကို ရှာဖို့ ဆရာ့ကို ကတိပေးပြီး ရှာပုံတော်ထွက်ဖြစ်ရင်း အခွီး အပြောင် ဇာတ်လမ်း ဇာတ်အိမ်တွေ နဲ့အတူ တကယ်ကို အခုခေတ် သိုင်းတွေလို လေထဲက ချနေတာမျိုးမဟုတ်တဲ့ ကွန်ဖူးသိုင်း ချတာတွေကို ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/thainekarmyar/50
https://t.me/thainekarmyar/50

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍5❤1🥰1
Hell Dogs [2022]


အညွှန်း 🔽🔽🔽


ဂျပန်ယာကူဇာဂိုဏ်းနဲ့ အသွင်ယူ ရဲ တစ်ယောက်ရဲ့ ဇာတ်လမ်း လေးဖြစ်ပြီး ဂျပန်အက်ရှင်ကားအများစုလို အိုဗာအက်တင်တွေ မပါဘဲနဲ့ ကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ …

ရဲတပ်သားသစ်တစ်ယောက်ဖြစ်တဲ့ တက်ခ် ဟာ အင်အားကြီးတဲ့ ယာကူဇာဂိုဏ်းကို ဖြိုချဖို့အတွက် အသွင်ယူ ရဲ တစ်ယောက်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။

သူ အသွင်ယူတစ်ယောက်မဖြစ်ခင်မှာ တာဝန်ကျတဲ့နားက ကုန်တိုက်တစ်တိုက်ကို ယာကူဇာတွေ ဓါးပြဝင်တိုက်ခဲ့ပြီး အဲ့မှာ မိန်းကလေးသုံးယောက်နဲ့ ဝန်ထမ်းအမျိုးသမီး အသတ်ခံလိုက်ရတယ်။

အဲ့နောက်မှာသူဟာ အဲ့ဒီဓါးပြတိုက်သွားတဲ့ ယာကူဇာတွေနောက်ကို လိုက်လက်စားချေရင်းနဲ့ ယာကူဇာဂိုဏ်းထဲကို အသွင်ယူ ရဲ တစ်ယောက်အဖြစ် ရောက်သွားတဲ့အခါမှာတော့...


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/thainekarmyar/52
https://t.me/thainekarmyar/52

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍7❤2
Medusa’s Venom (2023)


အညွှန်း
🔽🔽🔽

ဒီတစ်ခါအပြောင်းအလဲလေးအနေနဲ့ ကြည့်ရမယ့် ကားကောင်းလေးကတော့ Medusas Venom ပဲ ဖြစ်ပါတယ် ရိုလာတစ်ယောက် အိမ်ကနေ ထွက်ပြေးလာပြီးတဲ့နောက်မှာ camp တစ်ခုကို ရောက်လာပါတော့တယ် သူအဲ့ကို ရောက်တဲ့အချိန်မှာပဲ စည်းမျဉ်းတွေဟာအရမ်းတင်းကြပ်ပြီး လျှိဝှက်ဆန်တာတွေ အများကြီး ရှိနေတယ်ဆိုတာကို သိလိုက်ရပါတယ် နောက်မှာတော့ ရိုလာဟာ Medusas ဖြစ်တဲ မြွေမျိုးနွယ်ထဲကို ၀င်ရောက်လာမယ့် လူသစ်ဆိုတာကို သိလိုက်ရတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲ ဘာတွေရော ကြုံလာရမလဲဆိုတာ စိတ်၀င်တစားကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/sartanhtoemovie/41
https://t.me/sartanhtoemovie/41


ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍3
Damsel (2024)

အညွှန်း 🔽🔽🔽


Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေး
Millie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ်မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Damel ဆိုတာမိန်းမပျိုလေးတစ်ယောက်ကို ပြောတာပါ။ ပုံပြင်မျိုးစုံမှာပါတဲ့
မင်းသားလေးတွေက ကယ်တာခံရဖို့ ဒုက္ခရောက်နေတဲ့မိန်းကလေးတွေကို damsel in distress လို့ခေါ်ပါတယ်။ဒီပုံပြင်မှာကတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကိုဘယ်သူမှမကယ်ဘဲ ကိုယ်တိုင်လွတ်မြောက်အောင်ကြိုးစားရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း**မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီးအငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေအလျှံပယ်ရနိုင်မှာဖြစ်တာကြောင့် မင်းသမီးအယ်လိုဒီကလည်းသဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အော်ရီရာ တိုင်းပြည်ကဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ထင်သလောက်မရိုးရှင်းဘဲအန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ…


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/sartanhtoemovie/43
https://t.me/sartanhtoemovie/43

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍4❤3
Dune 2021

အညွှန်း*
🔽🔽🔽


အနာဂတ်နှစ်ပေါင်း ထောင်ချီလောက်ကိုကျော်ပြီး စိတ်ကူးယဉ်ဖန်တီးထားတဲ့ သိပ္ပံကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဒီ Dune ဇာတ်ကားကိုစောင့်မျှော်နေတဲ့ပရိသတ်တွေလည်းအများကြီးရှိနေပြီး ရုံမတင်ရသေးခင်ကတောင်တစ်ကမ္ဘာလုံးရဲ့
Box Office မှာသန်း ၇၆.၅ သန်းအထိရရှိနေတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့Known Universe ထဲမှာဆိုရင်အင်ပါယာကအကြီးဆုံးအုပ်ချုပ်ပြီး အင်ပါယာလက်အောက်မှာမှ
ဟောက်စ်တွေအသီးသီးခွဲပြီးပြန်အုပ်ချုပ်ပါတယ် ဒီထဲမှာဆိုရင်ဟောက်စ်ဟာခွန်နင်စ်တွေနှစ် ၈၀ လောက်အုပ်ချုပ်လာတဲ့
အာရာခီစ်ဂြိုဟ်ကို အင်ပါယာအမိန့်အရဟောက်စ်အေးထရီးဒီးစ်ရဲ့လက်ထဲကိုပေးလိုက်ပါတယ်ဟာခွန်နင်စ်တွေကလည်းအာရာခီစ်ဂြိုဟ်ပေါ်က spice ဆိုတဲ့သဲမှုန်လေးတွေသာမရှိရင် အာကာသထဲပျံသန်းတာရော
ဘာမှလုပ်လို့မရတော့တဲ့အတွက် ဟာခွန်နင်စ်တွေကလည်း ဒါကိုလက်လွှတ်မခံနိုင်ပါဘူး
ဒီ spice ကိုပိုင်ဆိုင်ထားတဲ့သူကကြွယ်ဝချမ်းသာပြီး အကျိုးအမြတ်များစွာပိုင်ဆိုင်နိုင်ပါတယ်ဒါကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့ အေးထရီးဒီးစ်အနေနဲ့ ဟာခွန်နင်စ်ရဲ့တိုက်ခိုက်မှုနဲ့တခြားဟောက်စ်တွေရန်ကို
ဘယ်လိုတွန်းလှန်သွားမလဲ အေးထရီးဒီးစ်ရဲ့ဆက်ခံသူပေါလ်ကရော အခက်အခဲတွေကြားကနေ
အေးထရီးဒီးစ်ကိုဘယ်လိုကာကွယ်ပေးပြီး ဦးဆောင်သွားမလဲဆိုတာကို
ကြည့်ရှုရမယ့် Sci-fic ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
....


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/moviestudio10/72
https://t.me/moviestudio10/72

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍2
PeterPeter Pan & Wendy (2023)


အညွှန်း* 🔽🔽🔽

J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။
တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။
အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။
တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။
နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။
ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။
ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။
ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။
လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။
ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။
ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ချီးကျူးသံတွေလဲစုံနေပါတယ်

Credit.

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/moviestudio10/70?single
https://t.me/moviestudio10/70?single

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍12
I Am Legend (2007)


အညွှန်း 🔽🔽🔽

IMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။
ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/movienew010/55
https://t.me/movienew010/55

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
👍3❤2🖕1
Manhole (2014)


အညွှန်း 🔽🔽🔽


မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကို
အစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီး
နှစ်ယောက်တည်း ‌ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။
ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက  တစ်နေ့တခြား
ပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်း
စုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလို
ပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။
တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကို
ဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီး
ဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့...
ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။
ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့
ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/movienew010/60?single
https://t.me/movienew010/60?single


ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍10😁1