ဂျဲန်ဒါတန်းတူရေးအတွက်တိုက်ပွဲဝင်နေကြသော အမျိုးသမီးများမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတင်ဆက်သည့် ခေတ်ကိုထင်ဟပ် “တော်လှန်သံချပ်” ကို အားပေးကြည့်ရှုကြပါစို့။ https://youtu.be/719b7yo-z6c?feature=shared
YouTube
ခေတ်ကိုထင်ဟပ် “တော်လှန်သံချပ်”
ဂျဲန်ဒါတန်းတူရေးအတွက်တိုက်ပွဲဝင်နေကြသော အမျိုးသမီးများမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတင်ဆက်သည့် ခေတ်ကိုထင်ဟပ် “တော်လှန်သံချပ်” ကို အားပေးကြည့်ရှုကြပါစို့။
#တော်လှန်သံချပ် #အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ #ဂျဲန်ဒါတန်းတူရေး…

🚨 ဒီတော်လှန်ရေးတပ်ဖွဲ့ကအရေးကြီးလို့၊ ဒီတပ်သားက တိုက်ရေးခိုက်ရေးကောင်းလို့ သူ့ကိုထောင်ချလိုက်မယ်ဆိုရင် သူ့ကိုအပြစ်ပေးလိုက်မယ်ဆိုရင်.. သူကဘယ်လိုဖြစ်လဲဆိုတော့ excuseတွေ အဲဒါက အကြမ်းဖက်မှုသံသရာကိုပိုရှည်လျားစေတယ်။ နောက်တစ်ခုက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ပိုပြီးဖြစ်စေတဲ့အကြောင်းဖြစ်တယ်။ 🚨
https://youtu.be/4cEHCi2j-CA
https://youtu.be/4cEHCi2j-CA
YouTube
တော်လှန်ရေးကို လုပ်ပါတယ်ဆိုတဲ့သူတွေက ကျူးလွန်နေတယ်
🚨 ဒီတော်လှန်ရေးတပ်ဖွဲ့ကအရေးကြီးလို့၊ ဒီတပ်သားက တိုက်ရေးခိုက်ရေးကောင်းလို့ သူ့ကိုထောင်ချလိုက်မယ်ဆိုရင် သူ့ကိုအပြစ်ပေးလိုက်မယ်ဆိုရင်.. သူကဘယ်လိုဖြစ်လဲဆိုတော့ excuseတွေ အဲဒါက အကြမ်းဖက်မှုသံသရာကိုပိုရှည်လျားစေတယ်။ နောက်တစ်ခုက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ပိုပြီးဖ…
ဖြစ်တည်မှုကြောင့် ထပ်ဆင့် ဖိနှိပ်ခံရတဲ့ LGBT နိုင်ကျဉ်းတွေ
စစ်သင်တန်းတက်ပြီး မြေအောက်တော်လှန်ရေးလုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ရိုက်နှက်၊ နှိပ်စက်ခံခဲ့ရ လီယိုက “Gay ဆိုတာသိတဲ့အချိန်မှာ စပြီးတော့ စော်ကားတယ်၊ သူ့တို့ရဲ့ထုံးစံအတိုင်း ေ-ာက်ခြောက်တွေ မင်းတို့ကဘာကောင်မို့လို့ အကြမ်းဖက်တာလဲ၊ ေ-ာက်ရှက်မရှိဘူးလား အဲ့လိုတွေပြောတယ်”လို့ သူ့အတွေ့အကြုံကို HI Honest Information ကို ပြောပြပါတယ်။
LGBT ဖြစ်တည်မှုကိုသိတဲ့အခါ သာမန်ထက်ပိုပြီးတော့ ရွံ့ရှာစရာကောင်းတဲ့ စကားတွေပြောတာ၊ ရိုက်နှက်တာ၊ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ နှိပ်စက်မှုတွေလည်း ခံစားခဲ့ရတယ်လို့ လီယိုက ဆိုပါ တယ်။
အဲ့ဒီနေ့ကဖြစ်စဉ်အသေးစိတ်ကို ပြန်မပြောပြ ချင်လောက်အောင် စိတ်ဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး “ဘောင်းဘီတွေ ချွတ်တယ်၊ ရေလောင်းချတယ်၊ တုတ်တွေနဲ့ရိုက်တယ်၊ မူးလဲတဲ့အထိဖြစ်သွားတယ်၊ အစုံပဲဘယ်လိုမှ မခံစားနိုင်တဲ့အရာကြီးပေါ့၊ တော်တော်ဆိုးသွမ်းတဲ့နေ့ကြီး၊ အဲ့အချိန်ကြီးကို တွေးကို မတွေးချင်ဘူး”လို့ လီယီုက ဆက်ပြီးပြောပြပါတယ်။
ဒီလို အတွေ့အကြုံတွေက လီယိုတယောက်တည်းအတွက်မဟုတ်ပါဘူး။ စစ်ကြောရေးမှာ နှိပ်စက်တဲ့ ဒဏ်ကြောင့် မခံနိုင်တော့တဲ့အဆုံး သူနဲ့ဆက်စပ်ပတ်သက်သူတွေကို ဖော်ကောင်လုပ်မိမှာစိုးတဲ့စိတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ဖူးတဲ့ ငြိမ်းရဲ့ အဖြစ်အပျက်လည်း ရှိပါသေးတယ်။
ငြိမ်းဟာ စစ်ကြောရေးကို ၂ရက်နဲ့ ၃ညဖြတ်သန်းခဲ့ရပါတယ်။ အခြောက်လား ဆိုပြီး မေးတာ၊ ဖုန်းထဲက အကြောင်းတွေမေးပြီး ရိုက်တာ၊ ကြိုးနဲ့တုတ်ထားတာ၊ ထမင်းမကျွေး၊ ရေမတိုက်ဘဲ ထားခံခဲ့ရတယ်လို့ သူကပြောပြပါတယ်။
“လူကအရမ်းပင်ပန်းနေတော့ အရမ်းသေချင်နေတယ်။ တချို့ဟာတွေဖော်လိုက်မိမှာလည်း ကိုယ့်ကို ကိုယ် စိတ်မချဘူး၊ အရမ်းပင်ပန်းပြီးပြောမိသွားမှာ ကြောက်တယ်၊ သေချာတာတော့ ငါအသက်ရှူတာ ရပ်သွားရင် ဒီကိစ္စပြီးသွားမယ်ဆိုပြီးတော့ ထွက်ပေါက်ရှာမိတယ်”လို့ ငြိမ်းကပြောပါတယ်။ အပြည့်အစုံဖတ်ရန် https://tinyurl.com/mrxz9epd

“ဒီနေ့မှာ သေသွားရင် ကလေးအတွက် လုံခြုံဖို့ မသေချာလို့ပါ”
(တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက် ခံရသူ အမျိုးသမီးရဲဘော် မသဇင်နဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက်)
🟧 ရှင်ငြိမ်း ဆက်သွယ်မေးမြန်းသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် NUG လက်အောက်ခံ အမှတ် (၂၀) PDF တပ်ရင်းမှာ အချုပ်ကျနေတဲ့ အမျိုးသမီးရဲမေတဦးကို အချုပ်ခန်းထဲမှာ မုဒိမ်းကျင့်တာ၊ ရိုက်နှက်နှိပ်စက် အနိုင်ကျင့်ခဲ့တဲ့ ဖြစ်စဉ်တခု ပြီးခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
အသက် (၂၅) နှစ်အရွယ် မသဇင်ဆိုတဲ့ အမျိုးသမီးရဲမေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းက တပ်ရင်းရဲ့ခွင့်ပြု ချက်မရှိဘဲ အလှူခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယင်းမာပင်ခရိုင်၊ ပလဖရုံး အချုပ်ခန်းထဲမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရ တယ်။ (ကာယကံရှင် ရဲမေဟာ တပ်ရင်းအတွက် အကူအညီပေးလိုစိတ်နဲ့ အလှူခံပေးခဲ့တာဖြစ်တယ်လို့ ဝန်ခံထားပြီး၊ ဖမ်းဆီးချုပ်နှောင်ခြင်းမပြုခင်ကတည်းက သူအလှူခံရရှိတဲ့ငွေကြေး(ကျပ် ၂သောင်းကျော်နဲ့ ဆန်အိတ်)တွေကို စာရင်းဇယားနဲ့တကွ အပ်နှံထားပြီး ဖြစ်တယ်လို့ သိရပါတယ်)
အဲ့ဒီလို ချုပ်နှောင်ခံထားရတဲ့ ၃ရက်တာ ကာလအတွင်းမှာပဲ သူ့ကို ကြိုးနဲ့တုတ်၊ ပါးစပ်ကို အဝတ်စတွေနဲ့ ပိတ်ဆို့ ပြီး အမျိုးသားရဲဘော်တဦး(အချုပ်သား)က တပ်ရင်းမှူး ရန်ရှင်းအောင်အမိန့်နဲ့ မုဒိမ်းကျင့်ခဲ့တယ်လို့ ကာယကံရှင်မသဇင်က TM Mediaကို ထုတ်ဖော်ပြောကြားထားပါတယ်။
ကျူးလွန်ခံရသူ အမျိုးသမီးရဲမေဟာ ၃ နှစ်အရွယ် သမီးငယ်လေးနဲ့အတူ ဖမ်းဆီးခံရတာဖြစ်သလို၊ ခင်ပွန်းဖြစ်သူကလည်း ဒီတပ်ဖွဲ့မှာပဲ တာဝန်ထမ်းဆောင်နေတဲ့တော်လှန်ရေး ရဲဘော်တဦး ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ တပ်ရင်းကိစ္စနဲ့ ခရီးထွက်တဲ့ အချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးထားစဉ်မှာ ရဲမေ မသဇင်ဟာ ကာယပိုင်းဆိုင်ရာ စော်ကားခံရရုံတင်မကဘဲ လူမျိုးရေးအရ နှိမ်ချဆက်ဆံမှုတွေ၊ သူတို့သားအမိအပေါ် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကိုပါ ခံခဲ့ရပါတယ်။ ဒါ့အပြင် မသဇင်ရဲ့ပေါင်နဲ့ ခြေသလုံးတွေမှာ 'ရန်ရှင်း၊ တပ်ရင်း ၂၀၊ YMYZ' ဆိုတဲ့ စာလုံးတွေကို ဓားနဲ့မွှန်းပြီး ရေးထိုးခံခဲ့ရတာတွေရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃လနီးပါးက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ တရားမျှတမှုမရရှိသေးတဲ့အတွက် သက်ဆိုင်ရာအဖွဲ့တွေကို တိုင်ကြားနေပြီး ကျူးလွန်သူတွေကို ထိန်းသိမ်းစစ်ဆေးနေတယ်လို့လည်း NUG ဘက်က ထုတ်ပြန်ထားပါတယ်။
အခုလက်ရှိမှာတော့ မသဇင် မိသားစုဟာ ပုန်းရှောင်နေကြရပြီး ကျူးလွန်သူတွေဟာ နစ်နာသူအမျိုးသမီးရဲ့မိသားစုကို နည်းမျိုးစုံ နဲ့ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
လက်ရှိခံစားချက်တွေ၊ လုံခြုံရေးစိုးရိမ်ပူပင်မှုတွေ၊ စိတ်ဒဏ်ရာတွေ၊ သူ့အပေါ် စွပ်စွဲချက်တွေအပေါ် ခံစားချက်တွေကို သိရှိနိုင်ဖို့ ကာယကံရှင်အမျိုးသမီးစစ်သည်ကို HI – Honest Information က အခုလို သီးသန့်ဆက်သွယ် မေးမြန်းခွင့် ရခဲ့ပါတယ်။ အပြည့်အစုံဖတ်ရန် - https://tinyurl.com/ycyv8dv5

😢2❤1
Media is too big
VIEW IN TELEGRAM
🚨 ကျမတို့ကငြိမ်းချမ်းမှုကိုလိုချင်လို့ လုပ်ပါတယ်ဆိုမှ ကျမတို့အုပ်ချုပ်တဲ့နယ်မြေမှာကလည်း လူထုကို အကာအကွယ်တောင်မပေးနိုင်ဘူး။ တော်လှန်ရေးကို လုပ်ပါတယ်ဆိုတဲ့သူတွေက ကျူးလွန်နေတယ်ဆို ပိုတောင်ဆိုးသေးတယ်။ ဒီလိုလုပ်ရပ်မျိုးတွေတော့ တပြေးညီဟန့်တားဖို့လိုတယ်။ 🚨
ယနေ့နိုင်ငံရေးအခြေအနေကို ဆွေးနွေးဖလှယ်မယ့် “ဒို့အတွေး ဒို့အမြင်” အစီအစဉ်ကို YouTube မှာအပြည့်အစုံကြည့်ရှုနိုင်ပါတယ်။ https://youtu.be/4cEHCi2j-CA

❤2
‼️ မိသားစုဝင်တွေ တပြိုင်နက်တည်း ဆုံးရှုးလိုက်ရတော့ ဘာနဲ့မှ အစားထိုးလို့မရတဲ့ နာကျင်မှုပါပဲ။ ငလျင်ကြောင့် အိမ်ခြေရာမဲ့ဖြစ်ခဲ့ရသလို၊ ကိုယ့်ဘဝရဲ့အရေးပါတဲ့သူတွေဆုံးရှုးရတော့ ဒီ ၁ နှစ်လုံး ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာ တွေးကြည့်ရင်တောင် အသက်ရှုကျပ်တယ် ‼️
ဒီတပတ်ပေါ့ကတ်အစီအစဉ်မှာတော့ "မြန်မာ့သမိုင်းရဲ့ ထိခိုက်ပျက်စီးမှုအများဆုံးစာရင်းဝင်ခဲ့တဲ့ စစ်ကိုင်းငလျင် ၁ နှစ်ပြည့်နှစ်ပတ်လည်မှာ ဒီတနှစ်တာကလအတွင်း ဒဒေသခံပြည်သူတွေ ဖြတ်သန်းခဲ့ရတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအခြေအနေ" တွေကို မေးမြန်းတင်ဆက်ထားပါတယ်။
https://youtu.be/liUQ01TpAkE

ဆုံးရှုံးမှုကြီးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး တနှစ်ပြည့်ပြီ
‼️ မိသားစုဝင်တွေ တပြိုင်နက်တည်း ဆုံးရှုးလိုက်ရတော့ ဘာနဲ့မှ အစားထိုးလို့မရတဲ့ နာကျင်မှုပါပဲ။ ငလျင်ကြောင့် အိမ်ခြေရာမဲ့ဖြစ်ခဲ့ရသလို၊ ကိုယ့်ဘဝရဲ့အရေးပါတဲ့သူတွေဆုံးရှုးရတော့ ဒီ ၁ နှစ်လုံး ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာ တွေးကြည့်ရင်တောင် အသက်ရှုကျပ်တယ် ‼️
ဒီတပတ်ပေ…
ဒီတပတ်ပေ…
စစ်ဘေးနှင့်အငတ်ဘေးကို ကြံ့ကြံ့ခံရင်ဆိုင်နေရသည့် ကရင်နီစစ်ရှောင် အမျိုးသမီးများ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ နေရပ်စွန့်ခွာခဲ့ရတဲ့ ပြည်သူတွေဟာ အခုဆိုရင် ၅နှစ်နီးပါး ကြာအောင် စစ်ရှောင်ဘဝနဲ့ ရှင်သန်နေကြရပါတယ်။ စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ဆေးဝါးမလုံလောက်မှုနဲ့ ရာသီဥတုဒဏ်တွေအပြင် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကိုပါ ပြင်းပြင်းထန်ထန် ခံစားနေကြရတာပါ။
အထူးသဖြင့် စစ်ရှောင်မိခင်တွေဟာ သူတို့ရဲ့ ရင်သွေးငယ်တွေ အငတ်ဘေးကြုံမှာကို စစ်ရေးအန္တရာယ်ထက် တောင် ပိုပြီး စိုးရိမ်နေကြရပါတယ်။ ဒါပေမဲ့ ဒီလို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပြိုလဲလုနီးပါး အခြေ အနေမျိုးမှာတောင် စစ်ကော်မရှင်ရဲ့ ငွေကြေးနဲ့ စည်းရုံးသိမ်းသွင်းမှုတွေကို လုံးဝလက်မခံဘဲ ‘တော်လှန်ရေး မအောင်မချင်း နေရပ်မပြန်ဘူး’ ဆိုတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချထားကြပါတယ်။
ဒုက္ခပေါင်းစုံကြားက ကရင်နီစစ်ရှောင်မိခင်တွေရဲ့ ရင်ဖွင့်သံနဲ့ သူတို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်တွေကို စုစည်း တင်ဆက်ပေးထားပါတယ်။
💢 HI – Honest Information နှင့် NMG တို့ ပူးပေါင်း တင်ဆက်သည်။ 💢
https://youtu.be/jYpOq8oHxmc

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ နေရပ်စွန့်ခွာခဲ့ရတဲ့ ပြည်သူတွေဟာ အခုဆိုရင် ၅နှစ်နီးပါး ကြာအောင် စစ်ရှောင်ဘဝနဲ့ ရှင်သန်နေကြရပါတယ်။ စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ဆေးဝါးမလုံလောက်မှုနဲ့ ရာသီဥတုဒဏ်တွေအပြင် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကိုပါ…
လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ သဘောတူညီမှု - consent ဆိုတာဘာလဲ https://youtu.be/ah9WKiwmwI0
YouTube
လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ သဘောတူညီမှု - consent ဆိုတာဘာလဲ
အခုတလော လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို နေ့စဉ်လူမှုပတ်ဝန်းကျင်မှာရော အွန်လိုင်းပေါ်မှာပါ ခပ်စိတ်စိတ်ကြုံနေကြရတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာ အရင်တုန်းက ကျေနပ်နေပြီးမှ ဒါမှမဟုတ် ငြိမ်နေခဲ့ပြီးမှ အခုမှဘာဖြစ်တာလဲဆိုပြီး…
ဒုတိယအိမ်ကပေးတဲ့ ဒဏ်ရာ
“ကျနော်အသက်ရှင်ဖို့တောင် မစဉ်းစားထားဘူး၊ အားလုံးကို လက်လျှော့ပြီး အဆုံးသတ်လိုက်ဖို့ စဉ်းစား ထားတာ”
ဒါဟာ အထက်တန်းကျောင်းသားအရွယ် ကလေးတယောက်ဆီက ထွက်လာတဲ့ စကားလုံးတချို့ဖြစ်ပါတယ်။
ပြည့်စုံဟာ အရပ် ၅ပေခွဲအထက်၊ အသားအရောင်က ဝင်းဝင်းစိုစိုနဲ့ ခင်မင်နှစ်လိုစရာအသွင်အပြင်ရှိပြီး၊ သူနဲ့စကားပြောချိန်မှာ ကလေးစိတ်တောင် ကောင်းကောင်းမပျောက်ချင်သေးတဲ့ အမူအယာပုံစံမျိုးနဲ့ ဆယ်ကျော်သက် ကလေးတယောက်ဖြစ်ပါတယ်။ စာကြိုးစားပြီး အင်ဂျင်နီယာဖြစ်ချင်တဲ့ သူ့မျှော်လင့်ချက်က ထိုင်းနိုင်ငံ အစိုးရ ပညာရေးဌာနရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုပြီး အင်ဂျင်နီယာ ကျောင်းတက်ချင်ခဲ့တာပါ။
၂၀၂၁ အာဏာသိမ်းမှု မဖြစ်ခင်တုန်းက မြန်မာပြည် ဘက်ခြမ်းနယ်စပ်က ရွာလေးတရွာမှာ သူ့အဖေ ဘက်က အဖိုး၊ အဖွားတွေနဲ့ အတူနေထိုင်ရင်း ကျောင်းတက်ခဲ့တာပါ။
အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် သူပညာသင်ယူနေတဲ့ ကျောင်းက ဆရာ/ဆရာမတွေအားလုံး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ထဲ ပါဝင်သွားခဲ့လို့ ကျောင်း ၁နှစ် နားခဲ့ရပါတယ်။
ကျောင်းနားနေတဲ့အချိန်မှာ ထိုင်း မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်အခြမ်းမှာ အလုပ်လုပ်နေတဲ့ အဖေနဲ့အမေက သူ့ကို ကျောင်းဆက်တက်ဖို့ ခေါ်ယူခဲ့ပါတယ်။ ထိုင်းနိုင်ငံနယ်စပ်၊ မဲဆောက်မြို့မှာ မိဘတွေနဲ့ အတူနေထိုင်ရင်း ကနေ ၂၀၂၄ ခုနှစ်မှာ ပြည့်စုံရဲ့ မိဘနှစ်ပါးဟာ သူတို့မိဘတွေရဲ့ ကျန်းမာရေးကြောင့် ကြည့်ရှုစောင့်ရှောက်ဖို့ လိုလာတဲ့အတွက် သားဖြစ်သူကို ကျောင်းအိပ်ကျောင်းစားအဖြစ် အပ်ထားခဲ့ပြီး ပြည်တွင်းထဲကို ပြန်ဝင်သွား ခဲ့ရပါတယ်။
ဒီလိုနဲ့ အတူနေ မိဘဆွေမျိုးညာတိ မပြည့်စုံတဲ့ ပြည့်စုံဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ရွှေ့ပြောင်းကျောင်း တခုမှာ ကျောင်းအိပ်ကျောင်းစား အထက်တန်းကျောင်းသားတဦး ဖြစ်လာခဲ့တာပါတယ်။
ငွေကြေးမပြည့်စုံတဲ့ မိဘတွေဟာ ဆက်သွယ်ရခက်ခဲတဲ့ အရပ်မှာ ရှိနေတဲ့အတွက် လစဉ်ကျောင်းလခ ပေးသွင်း ဖို့ သူတို့ဘက်က ဆက်သွယ်တဲ့အချိန်မှာသာ စကားပြောခွင့်ရခဲ့ပါတယ်။
မိသားစုနဲ့ အဆက်အသွယ် ကောင်းကောင်းမရတဲ့ ပြည့်စုံတယောက် တခြားကျောင်းနေဖက်တချို့လိုပဲ သူတို့ရဲ့ အားကိုးယုံကြည်ရာ ဆရာသမားက လိင်အမြတ်ထုတ်သူ ဖြစ်နေတဲ့အခါမှာတော့ အိမ်ကိုလည်း မပြန်နိုင်၊ ရှိနေတဲ့နေရာမှာလည်း ဖွင့်ပြောမရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဝေဒနာအပြည့်နဲ့ ငရဲခန်းထဲမှာနေရသလို ဖြစ်နေခဲ့ ပါတော့တယ်။
ကျူးလွန်သူဟာဆရာဟာ အသက်ကြီးတဲ့အတွက် ညောင်းညာကိုက်ခဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည့်စုံကို သူ့အခန်းကို ခေါ်ပြီး နှိပ်ခိုင်းတာမျိုးနဲ့စတင်ခဲ့ပြီး အစောပိုင်းမှာ မုန့်ဖိုးအဖြစ် ဘတ် ၅၀၊ ၁၀၀ စသဖြင့် ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။ သူ့လိုပဲ တခြားကျောင်းသားတွေကိုလည်း ပေးလေ့ရှိတဲ့အတွက် ပုံမှန်ဖြစ်စဉ်လို့ ထင်ခဲ့ တာလို့ ပြောပြပါတယ်။ အပြည့်အစုံဖတ်ရန် - https://tinyurl.com/cfcxc53f

😭1
တကမ္ဘာလုံးနည်းတူ ကြုံနေရတဲ့ လောင်စာဆီ ပြတ်တောက်မှု အခက်အခဲကြောင့် မြန်မာပြည်ကိုရော ဘယ်လိုသက်ရောက်မှုတွေရှိနေတယ်၊ ဘယ်လို အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့ ပြည်သူတွေရဲ့ အမြင်နဲ့ ရင်ဖွင့်သံ https://youtu.be/sGHT1q96kvY
YouTube
ကမ္ဘာ့လောင်စာဆီပြဿနာက မြန်မာ့လူထုအပေါ် ဘယ်လိုသက်ရောက်နေလဲ
“အနည်းဆုံးတော့ လောင်စာဆီစျေးတက်တာနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ တက်လာမယ် အခြေခံစားသောက်ကုန်စျေးနှုန်းတွေတက်လာမယ်”
ဒီတပတ်ပေါ့ကတ်စ်အစီအစဉ်မှာတော့ တကမ္ဘာလုံးနည်းတူ ကြုံနေရတဲ့ လောင်စာဆီ ပြတ်တောက်မှု အခက်အခဲကြောင့် မြန်မာပြည်ကိုရော ဘယ်လိုသက်ရောက်မှုတွေရှိနေတယ်၊…

လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ သဘောတူညီမှု - consent အကြောင်း သိကောင်းစရာ ဥာဏ်စမ်းပဟေဠိ အဖြေညှိကြစို့။
ဒီ Quiz ရဲ့ အဖြေမှန်တွေက ဘာဖြစ်မလဲဆိုတာကို ဗီဒီယိုလေးကြည့်ရင်း အတူတူ ဖြေဆိုကြည့်ရအောင်။ မိမိတို့သိထားတဲ့ အဖြေတွေနဲ့လည်း တခါတည်း တိုက်စစ်ကြည့်လို့ရတာမို့ အဆုံးထိ ကြည့်လိုက်ကြရအောင်နော်။"
https://youtu.be/_HO09YhgVsA

လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ သဘောတူညီမှု - consent အကြောင်း သိကောင်းစရာ ဥာဏ်စမ်းပဟေဠိ
လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ သဘောတူညီမှု - consent အကြောင်း သိကောင်းစရာ ဥာဏ်စမ်းပဟေဠိ အဖြေညှိကြစို့။
ဒီ Quiz ရဲ့ အဖြေမှန်တွေက ဘာဖြစ်မလဲဆိုတာကို ဗီဒီယိုလေးကြည့်ရင်း အတူတူ ဖြေဆိုကြည့်ရအောင်။ မိမိတို့သိထားတဲ့ အဖြေတွေနဲ့လည်း တခါတည်း တိုက်စစ်ကြည့်လို့ရတာမို့…

👍1
အလုပ်ခွင်ထဲမှာ အထက်အရာရှိက အာဏာပါဝါကို အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာတွေကို ကြုံခဲ့ရမယ်ဆိုရင် ဘယ်လိုအကြောင်းပြချက်နဲ့မှ ငြိမ်မခံပဲ ရုန်းထွက်သင့်ပါတယ်။ https://youtu.be/5CKKryCZgJ0
YouTube
ကိုယ်ချစ်မဝ မယ်မင်းကြီးမ
🚨 အလုပ်ခွင်ထဲမှာ အထက်အရာရှိက အာဏာပါဝါကို အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာတွေကို ကြုံခဲ့ဘူးလား ⁉️
ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ သရုပ်ဆောင် ခင်ဝင့်ဝါ၊ ဖြိုးငွေစိုးနဲ့ အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ “ကိုယ်ချစ်မဝ မယ်မင်းကြီးမ”ဆိုတဲ့…

"လူထုယုံကြည်မှုလျော့လာရင်တော့ အာဏာရှင်ကို တိုက်တဲ့နေရာမှာ ဆူးငြှောင့်ခလုတ်လည်းဖြစ်မယ်၊ နောက်ဆုံး အန္တရာယ်ကြီးကြီးမားမားပါ ဖြစ်နိုင်တယ်"
https://youtu.be/o3-7L9xQLm0
https://youtu.be/o3-7L9xQLm0
YouTube
အာဏာရှင် တော်လှန်ရေးရဲ့ ဆူးညှောင့်ခလုတ် လိင်မုဆိုးတွေ
"လူထုယုံကြည်မှုလျော့လာရင်တော့ အာဏာရှင်ကို တိုက်တဲ့နေရာမှာ ဆူးငြှောင့်ခလုတ်လည်းဖြစ်မယ်၊ နောက်ဆုံး အန္တရာယ်ကြီးကြီးမားမားပါ ဖြစ်နိုင်တယ်"
ဒီတပတ်ပေါ့ကတ်အစီအစဉ်မှာတော့ တော်လှန်ရေး ဘက်တော်သား တချို့ကျူးလွန်ခဲ့တဲ့ လိင်ပိုင်း ဆိုင်ရာထိပါးစော်ကားမှုတွေဟာ လူထုရဲ့…

🚨 အကြမ်းဖက်စစ်အုပ်စုက လူထုဆန္ဒမပါပဲနဲ့ ပြည်သူကိုဗုံးကျဲရင်းလုပ်လိုက်တဲ့အတုအယောင်ရွေးကောက်ပွဲရလာဒ်ကို PCB ကလက်ခံပါသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ 🚨
ttps://youtu.be/aucnxx3P2UA?si=SGI-dcjT-777vTz3
ttps://youtu.be/aucnxx3P2UA?si=SGI-dcjT-777vTz3
YouTube
လူထုဆန္ဒမပါပဲနဲ့ ပြည်သူကိုဗုံးကျဲရင်းလုပ်လိုက်တဲ့အတုအယောင်ရွေးကောက်ပွဲရလာဒ်ကို PCB ကလက်ခံပါသလား
🚨 အကြမ်းဖက်စစ်အုပ်စုက လူထုဆန္ဒမပါပဲနဲ့ ပြည်သူကိုဗုံးကျဲရင်းလုပ်လိုက်တဲ့အတုအယောင်ရွေးကောက်ပွဲရလာဒ်ကို PCB ကလက်ခံပါသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ 🚨
#အတုအယောင်ရွေးကောက်ပွဲ #လေကြောင်းတိုက်ခိုက်မှု
#လူထုဆန္ဒ #ဒို့အတွေးဒို့အမြင် #honestinformation

‼️ သင်္ကြန်သီချင်းအများစုမှာ အမျိုးသမီးတွေကို ကာယိအိန္ဒြေပျက်ပြားစေတဲ့၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု မြောက်တဲ့ အသုံးအနှုန်းတွေကို စနောက်သလို၊ လူငယ်တွေကြားက ချစ်စရာ ဓလေ့လိုလို ရေးဆိုတတ် ကြပါတယ်။ အထူးသဖြင့် သင်္ကြန်ကာလတွေမှာ စနောက်သလိုနဲ့ ဒီလိုအသုံးအနှုန်းတွေသုံးပြီး အမျိုးသမီးတွေ စိတ်မလုံမခြုံဖြစ်အောင် ကျူးလွန်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ဘက်မှာ ဒီလိုမျိုး အမျိုးသမီးတွေကို ကာယိအိန္ဒြေပျက်ပြားစေတဲ့ လုပ်ရပ်တွေကို မလုပ်ဖို့ကို အမျိုးသားတွေကို တိုက်တွန်း ထားတာတွေကို သင်္ကြန်သီချင်း အများစုမှာတော့ မတွေ့ရပါဘူး။ ‼️
https://youtu.be/2yXBmhfCyjQ
https://youtu.be/2yXBmhfCyjQ
YouTube
စိုးရိမ်ရတာပေါ့
‼️ သင်္ကြန်သီချင်းအများစုမှာ အမျိုးသမီးတွေကို ကာယိအိန္ဒြေပျက်ပြားစေတဲ့၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု မြောက်တဲ့ အသုံးအနှုန်းတွေကို စနောက်သလို၊ လူငယ်တွေကြားက ချစ်စရာ ဓလေ့လိုလို ရေးဆိုတတ် ကြပါတယ်။ အထူးသဖြင့် သင်္ကြန်ကာလတွေမှာ စနောက်သလိုနဲ့ ဒီလိုအသု…
“ပဋိပက္ခကာလလိင်အကြမ်းဖက်မှုများအပေါ်ဘယ်လိုတုန့်ပြန်ဆောင်ရွက်ကြမလဲ” ဆွေးနွေးပွဲစကားဝိုင်း Live စတင်ပါပြီ
Moderator
တိုးတိုး - မြန်မာ့အမျိုးသမီးသမဂ္ဂ
Panelists
နာင်းမို့မို့ - ပအိုဝ်းအမျိုးသမီးသမဂ္ဂ
ကိုကောင်းခန့် - တိုးတက်သော မွတ်စ်လင်မ်လူငယ်အစည်းအရုံး
ကိုဖြိုးဝေအောင် - လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ
https://www.facebook.com/share/v/18NWMpMk1L/

“ပဋိပက္ခကာလလိင်အကြမ်းဖက်မှုများအပေါ်ဘယ်လိုတုန့်ပြန်ဆောင်ရွက်ကြမလဲ” စကားဝိုင်းဆွေးနွေးပွဲ
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်တခုလိုမျိုး အာဏာရှင်စစ်တပ်က တောက်လျှောက်သုံးလာခဲ့တာရှိပါတယ်။ အခုဆိုရင် တော်လှန်ရေးကာလက ၅ နှစ် ထဲမှာ ရောက်လာပါပြီ။
တော်လှန်ရေး ၅ နှစ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေကနေ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အချက်အလက်စုဆောင်းတာတွေ၊ တရားမျှတမှုတွေ ရဖို့အတွက် ကျူးလွန်ခံရသူတွေက အရဲစွန့်အသံတွေ ထုတ်ဖော်ကြရတာတွေနဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေကလည်း သက်ဆိုင်ရာယန္တရားတွေက ထိထိရောက်ရောက် အရေးယူပေးအောင် ကြိုးပမ်းလုပ် ဆောင်နေကြတာတွေလဲ မြင်ရ၊ ကြားရပါတယ်။
ဒီစကားဝိုင်းကတော့ အမျိုးသမီးတွေအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ အခြေအနေတွေ၊ ဖြေရှင်းပေးတဲ့ အခြေအနေတွေနဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
https://youtu.be/FuW_1IocrXI

“ပဋိပက္ခကာလလိင်အကြမ်းဖက်မှုများအပေါ်ဘယ်လိုတုန့်ပြန်ဆောင်ရွက်ကြမလဲ” စကားဝိုင်းဆွေး
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်တခုလိုမျိုး အာဏာရှင်စစ်တပ်က တောက်လျှောက်သုံးလာခဲ့တာရှိပါတယ်။ အခုဆိုရင် တော်လှန်ရေးကာလက ၅ နှစ် ထဲမှာ ရောက်လာပါပြီ။
တော်လှန်ရေး ၅ နှစ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေကနေ အမျိုးသမီးတွေအပေါ်…