Here's 🥯
117 subscribers
28 photos
1 video
1 file
43 links
Everything is ok.its main no worries no energy is life .
Download Telegram
ကျွမ်းကျင်သူဆိုတာလည်း
လူတစ်ယောက်ပါပဲ.....။


သို့ပေမဲ့ အမှားအများကြီး
လုပ်ပြီးခဲ့တဲ့ လူတစ်ယောက်ပေါ့



- Niers Bohr

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Quotes
·‌ ‹ 。꒱ #Crd_to_original_writer
👍2
တစ်ရက်ကို 8$ စုကြည့်ပါ
တစ်နှစ်မှာ 3000$ ရမယ်


တစ်ရက်ကို စာမျက်နှာ 20 ဖတ်ပါ
တစ်နှစ်မှာ စာအုပ် 30 ပြီးမယ်


အလေ့အကျင့် သေးသေးလေး
တွေရဲ့ စွမ်းအားကို ဘယ်တော့မှ
လျှော့မတွက်ပါနဲ့


-Robert Kiyoski

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Quotes
·‌ ‹ 。꒱ #Crd_to_original_writer
1🥰1
ကိုယ့်ဘဝမှာ
မလိုအပ်တဲ့အရာတွေကို
မခင်တွယ်မိပါစေနဲ့။

စိုးရိမ်သောကတွေကိုလည်း
လိုအပ်တာထက်... မပိုမိပါစေနဲ့။

မဖြစ်သေးတဲ့ကိစ္စကို တွေးပြီး
စိတ်သောက မရောက်ပါနဲ့။

အဆင့်အတန်း မြင့်မားလာရင်လည်း
ဘဝမမေ့ပါနဲ့။

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #For_Life
·‌ ‹ 。꒱ #Crd_to_original_writer
👍1
မိန်းကလေးအများစုဟာ
Animation character တွေကို
ရုပ်ရည်ချောမောခြင်း၊
လူကြိုက်များခြင်းတို့ကြောင့်
ချစ်မိကြတာ မဟုတ်ပါဘူး...။


Animation character တွေရဲ့
စိတ်နေသဘောထား၊
အမျိုးသမီးတွေကို လေးစားစွာ
ဆက်ဆံပုံ၊ သစ္စာရှိမှု၊ ရိုးသားမှုနဲ့
အပြင်လောကက ယောကျ်ားအများစုမှာ မရှိတဲ့ စိတ်သဘောထားတွေကြောင့် စွဲလမ်းကြတာပါ...။


ထို Animation character တွေက
ကိုယ့်အနားမှာ မရှိနိုင်တာတောင်
ကိုယ့်ကို စိတ်ပျော်ရွှင်စေနိုင်ကြခြင်း
ကြောင့် ဖြစ်ပါတယ်....။




"သဘောကျနှစ်သက်မိသောကြောင့် ပြန်ယူ၍တင်ခြင်းဖြစ်ပါတယ်
မူရင်းရေးသားသူအား
Crd
အပြည့်အဝပေးပါတယ်"


🫧

゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


꒰。 › ·‌ #Nyo
꒰。 › ·‌ #PhooThitsarNyo
꒰。 › ·‌ #𝓟𝑇𝓝๑ꕤ
꒰。 › ·‌ #Crd_to_original_writer
2
လူတစ်ယောက်ကို မုန်းတယ်ဆိုရင်
အဲ့ဒီလူတစ်ယောက်ထက်
သာအောင် ကြိုးစားပါ...။


လူတစ်ယောက်ကို ချစ်တယ်ဆိုရင်
အဲ့ဒီလူတစ်ယောက် ကိုယ့်လို
တော်လာအောင် သင်ပေးပါ...။

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer
1
စာလုပ်ပါ...🙆‍♀

♡ ! 🎀 ဟိုဂရုထဲဝင် လေပေါ၊
ဒီဂရုထဲဝင် လေပေါ၊ဟိုလူနဲ့ လေပေါ၊
ဒီလူနဲ့ လေပေါနေတာလေးတွေကို
ခဏရပ်ပြီး စာလုပ်ပါ...ε٩(๑> ₃ <)۶з

♡ ! 🎀 ဟိုနေ့ရွှေ့၊ ဒီနေ့ရွှေ့
ဟိုအချိန်ရွှေ့၊ ဒီအချိန်ရွှေ့ပြီး အပျင်းကြီးတာလေးတွေ နည်းနည်းလျှော့ပါ ㅤ૮⑅-。-ა

♡ ! 🎀 စာမရသေးဘူးလို့ ဖင်ကုန်းအော်ပြီး
အခုထိ ဖုန်းကို လက်ထဲက မချတဲ့သူတွေ
ခွေးကျဝက်ကျ ကျမှာပါ ʕ·ᴥ·ʔ
( ကျွန်မလဲ အတူတူပါပဲ (꒦ິ⌑꒦ີ) )

♡ ! 🎀 အခုချိန်မှာ စာလုပ်ဖို့ပျင်းနေရင်
စာမေးပွဲကျရင် စိတ်ပင်ပန်းရပါလိမ့်မယ်
အခုချိန်မှာ ကြိုးစားမယ်ဆိုရင်
မှီပါသေးတယ် (つ﹏< :

♡ ! 🎀 အကုန်တစ်ထိုင်တည်းကျက်ခိုင်းတာမဟုတ်ပါဘူး သူ့အချိန်လေးနဲ့သူ သတ်မှတ်ပြီးတော့ နည်းနည်းချင်းစီ ကျက်မှတ်ပါ(๑•‌ㅁ•‌๑)

♡ ! 🎀 စာ အတူတူကျက်ကြမယ်
ဖိုက်တင်း ကိုယ့်ရဲ့ကလေးငယ်တို့ (๑> ₃ <)

ဒီ Post ကို React မပေးတဲ့သူလည်း
စာမေးပွဲမှာ ခွေးကျဝက်ကျ ကျမှာပါ ๑ᵔ⤙ᵔ๑

ကိုယ်တိုင် ရေးထားတာလေးမလို့
ပြန်တင်ချင်ရင် #Crd_to_PhooThitsarNyo
လို့ ထည့်ပေးပါ

🫧

゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Study_tips
·‌ ‹ 。꒱ #Crd_to_original_writer
3🍓2
ကိုယ့်ရဲ့အချိန်တွေကို ဆင်ခြင်ပေး၊
မနာလိုမှုအပေါ်မှာပဲ
ဒီလောက် သုံးဖြုန်းနေမှတော့
လုပ်ချင်တဲ့အလုပ်ကို လုပ်ဖို့
ကိုယ့်မှာ ခွန်အား ဘယ်ကျန်တော့မလဲ။

တခြားသူတွေ ပေါ့ပေါ့ပါးပါးနဲ့
အောင်မြင်သွားကြတယ်လို့
ကိုယ်ထင်တယ်...။

ကိုယ့်မှာတော့ ကိုယ်လိုချင်တဲ့အရာအတွက် ဘာစွန့်စား အားထုတ်မှုမှ မရှိခဲ့ဘဲ ဒါကို "စိတ်ကူးအိပ်မက်"လို့
ဘာကြောင့် ပြောရဲသေးသလဲ။

🫧


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #personal_growth
·‌ ‹ 。꒱ #Crd_to_original_writer
2
ဖိနပ်ပြတ်ရင်
ဆက်လျှောက်လို့ရတယ်...။


စိတ်ပျက်ရင်တော့
အောင်မြင်မှုခရီး ဆက်သွားလို့
မရတော့ဘူး...။

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer
3
စိတ်ညစ်စရာတွေ မတွေးပါနဲ့

အဆင်မပြေလို့
စိတ်ညစ်နေမယ့်အစား
အဆင်ပြေမယ့်
လူနေမှုပုံစံကို ပြောင်းပါ

လူမှာ အကြံကောင်း
ဉာဏ်ကောင်းတွေက
ပုန်းလျှိုးနေတတ်ပါတယ်

အကြံကောင်း ဉာဏ်ကောင်းတွေထွက်ဖို့
စိတ်ညစ်စရာတွေကို
အရင်မတွေးပါနဲ့

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #For_Life
·‌ ‹ 。꒱ #Crd_to_original_writer
2
"Stay away from
negative people.
They have a problem
for every solution.

အဆိုးမြင်တတ်တဲ့သူတွေနဲ့
ဝေးဝေးနေပါ

သူတို့က အဖြေရှိပြီးသားအရာတွေကိုတောင် အမြဲ ပြဿနာရှာနေတတ်ပါတယ်

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Quotes
·‌ ‹ 。꒱ #Crd_to_original_writer
"တန်ဖိုးရှိသော စာ"
        

၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ
လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ။

၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ
အဓိကကျပါတယ်။

၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ။

၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။

၅။ အမှားတစ်ခုလုပ်မိတဲ့အခါ
ဝန်ခံတတ်ပါစေ။

၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။

၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။

၈။ ပညာရှာတဲ့အရွယ်ပညာရှာ
ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ
မလုံလောက်သေးဘူး။

၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။

၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန်
လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်

၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။
သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်

၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ
ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။

၁၃။ ငွေကြေးနဲ့ပတ်သက်ရင်
လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။

၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ
ရဲရဲငြင်းဆိုပါ ။

၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။

၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့
အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။

၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခု
ပြန်ရဖို့ မမျှော်လင့်ပါနဲ့။

၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင်
မမုန်းမိအောင် ကြိုးစားပါ။

၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။

၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ
လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။

၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။

၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။

၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။

၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။
ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို
ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ
သိလာလိမ့်မယ်။

၂၅။ မသိရင် သိသလိုမနေပါနဲ့ ။
မသိရင်မေးပါ ။ အမေးရှိရင်
အဖြေတစ်ခုတော့ ရလာမှာပဲ။

၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။

၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။

၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။

၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။

၃၀။ လူအချို့က ဝေဖန်လာရင်
လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။
ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။

🫧

⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #For_Life
·‌ ‹ 。꒱ #Crd_to_original_writer
1
ပြောင်းလဲမှုတွေက
အမြဲတမ်း မလွယ်ကူပါဘူး...

ပြီးတော့ အမြဲတမ်းလည်း
မရိုးရှင်းပါဘူး...။

ဒါပေမဲ့ လုံလောက်တဲ့ ရင်းနှီးမှုနဲ့
မည်သည့်အလေ့အကျင့်ကိုမဆို
ပြန်လည်ပုံဖော်နိုင်ပါတယ်

ဒါကြောင့် သင် တကယ်လိုချင်ရင်
ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး
ဗားရှင်း ဖြစ်လာအောင်
ဒီနေ့ထပြီး စလုပ်လိုက်ပါ။

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #personal_growth
·‌ ‹ 。꒱ #Crd_to_original_writer
2
📖 မိန်းကလေး ...
မင်းလှနေဖို့ လိုတယ်
အပေါ်ယံအလှအပတွေက အရေးမပါဘူးဆို လှတဲ့သူနဲ့ မလှတဲ့သူ
မင်းယှဉ်ကြည့်လိုက်ပါ
ဘယ်သူက ပိုပြီး ဦးစားပေးခံရမလဲလို့ . . .

📖 မိန်းကလေး ...
မင်းထက်မြတ်နေဖို့ လိုတယ်
၂၁ ရာစု ခေတ်ကြီးမှာ မိန်းမတစ်ယောက်ဟာ လှပနေရုံနဲ့ မပြည့်စုံနိုင်ဘူး
ထက်ထက်မြတ်မြတ်နဲ့ လုပ်သင့်တာကို
လုပ်နေနိုင်ဖို့လည်း လိုအပ်တယ် . . .

📖 မိန်းကလေး ...
မင်းစာဖတ်ဖို့ လိုတယ်
စာမဖတ်တဲ့သူဟာ လောကကြီးကို ဘောင်ခတ်ပြီး ကြည့်နေရတဲ့ သူတွေလိုပဲ
အမြင်ကျယ်ကျယ် တွေးခေါ်နိုင်ဖို့နဲ့
လူတွေအကြောင်း ပိုနားလည်နိုင်ဖို့ဆို
စာဖတ်ခြင်းက အထောက်အကူ
ဖြစ်စေလိမ့်မယ် . . .

📖 မိန်းကလေး
မင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ လိုတယ် ဘယ်သူ့အတွက်ရယ်မှ မဟုတ်ဘူး
မင်းပိုပြီး ပေါ့ပေါ့ပါးပါး ရှိဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှုရှိနေနိုင်ဖို့အတွက်သာ ဖြစ်တယ် . . .

📖 မိန်းကလေး
မင်းကိုယ့်အားကိုယ် ကိုးတတ်ဖို့လိုတယ်
ဘယ်သူ့ အကူအညီမှ မပါပဲ
အမှီအခိုကင်းတဲ့
ဘဝမှာ လွတ်လပ်စွာ ရှင်သန်နိုင်ဖို့ဆိုတာ
ကိုယ်အားကိုယ် ကိုးနိုင်သူ ဖြစ်မှရမယ် . . .

📖 မိန်းကလေး
မင်းစိတ်ကောင်းထားတက်ဖို့ လိုတယ်
မိခင်စိတ်ရှိတဲ့ အမျိုးသမီးတွေဟာ
ပြည့်ဝတဲ့နှလုံးသားပိုင်ရှင်တွေ ဖြစ်ဖို့ စိတ်ကောင်းထားတတ်ဖို့ကိုလည်း သင်ယူရမယ်
စိတ်ကောင်းရှိတဲ့ မိန်းကလေးဟာ
အလှပဆုံးပဲတဲ့ . . .

🫧

⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Letter_Foryou
·‌ ‹ 。꒱ #Crd_to_original_writer
2🍓2
ဘဝဟာ ရေတစ်ခွက်ဆိုရင်တောင်
ကိုယ်ထပ်ဖြည့်ချင်တဲ့အရာက
ရောင့်ရဲတတ်တဲ့စိတ် ဖြစ်ပြီး
လျှံကျချင်တဲ့ အရာက မေတ္တာတရားပါ ။

အဝေးကြီးက လရောင်မှ
လှတာ မဟုတ်ပါဘူး ။
ကိုယ့်ရင်ထဲ 'သာ' တဲ့ကြယ်လေးတွေလည်း
ကျေနပ်ကြည်နူးတတ်တဲ့စိတ်နဲ့ဆို
တစ်ကိုယ်စာတော့ လင်းပါတယ် ။

အများကြီးတော့
မျှော်လင့်မထားတာအမှန်ပါ ။
မနက်ဖြန်ဆိုတာက
မတည်မြဲတတ်ဘူးလေ ။

ပြောင်းလဲတတ်တဲ့အရာတွေကို
အလိုက်သင့် လက်ခံ
ပြိုလဲတတ်တဲ့ သဘောတွေကို
အပြုံးမပျက် စောင့်ကြည့်
ငြိတွယ်တတ်တဲ့ နှောင်ကြိုးတွေကို
ဖြည်းဖြည်းချင်း ဖြေလျှော့ရင်း

လောကဓံ အရိုက်အခတ်တွေကို
သတိရိုးတံလေးနဲ့  ပြန်ပြန်မတ်နေရတယ် ။

နေချိန်မှာ
အတ္တကင်းကင်းနဲ့ ကြိုးကြိုးစားစား
ပွင့်ဝေခဲ့ဖို့ ၊

သေချိန်မှာ
ရနံ့သင်းသင်းနဲ့ ရိုးရိုးသားသား
လွင့်ကြွေခဲ့ဖို့

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Letter
·‌ ‹ 。꒱ #Crd_to_original_writer
2👍1
အပြောအဆို ခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ။

အစော်ကား ခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ်မျိုးပါ။

အထင်လွဲခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ။

အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။

စိတ်ထိခိုက်သွားပြီး
ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။

မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။

ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့...

ဘာအကြောင်းအရာကိုမှ
စိတ်လောပြီး မရှင်းပြပါနဲ့...

နားလည်ပြီးသား သူအတွက်
ရှင်းပြဖို့ မလိုအပ်သလို...

နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။

စကားပြောတတ်ဖို့
နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။

လောက နိယာမအရ...
အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို

ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း
နောက်ဆုံးမှာ တကယ် မရှူံးပါဘူး.....

ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။

🫧


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #personal_growth
·‌ ‹ 。꒱ #Crd_to_original_writer
2💯1
လူတိုင်းကျင့်ပါ ဤဆယ်ဖြာ

သည်းခံခွင့်လွှတ်ပါ
သို့သော်... လူညံ့ မဖြစ်စေနဲ့။


ကြိုးနွံစွာဆက်ဆံပါ
ကျွန် မဖြစ်စေနဲ့။

သတ္တိရှိရှိနေပါ
လူမိုက် မဖြစ်စေနဲ့။

ရက်ရောစွာ လှူပါ
ပြစား မဖြစ်စေနဲ့။


ခြိုးခြံချွေတာပါ
ကပ်စေး မနည်းပါနဲ့။


ကောင်းစွာ စုံစမ်းပါ
မစပ်စုပါနဲ့။


ငွေကို ခင်ပါ
ငွေ မမက်ပါနဲ့။


သည်းခံဖြေရှင်းပါ
လူတွင်ကျယ် မလုပ်ပါနဲ့။


ဖျက်ဖျက်လတ်လတ်နေပါ
ပြာလောင်မခတ်ပါနဲ့။

စဥ်းစားတွေးတောပါ
စိတ်ကူးမယဥ်ပါနဲ့။

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #personal_growth
·‌ ‹ 。꒱ #Crd_to_original_writer
1
"တစ်ခါတလေ စိတ်မပါဘဲလုပ်ရတဲ့အလုပ်တွေက နောက်ဆုံးမှာ
ကိုယ့်အတွက် သိပ်ကို အရေးကြီးတဲ့အရာလဲ ဖြစ်သွားနိုင်တယ်လေ

အစပြုဖို့ဆိုရင် သိချင်စိတ်လေး
နည်းနည်းပဲ လိုမယ်"

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #personal_growth
·‌ ‹ 。꒱ #Crd_to_original_writer
1
လှပတဲ့အမျိုးသမီးတွေက အချစ်ခံရဖို့
တခြားသူဆီကနေ အချစ်တွေ
လုယူနေမှာ မဟုတ်ပါဘူး...။


ကိုယ့်ကိုယ်ကိုယ် အောင်မြင်
လှပနေဖို့ကိုပဲ တာဝန်ယူရင်
ထိုက်တန်တဲ့အချစ်က ကိုယ့်အနား အလိုလိုရောက်လာစမြဲပါ

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer
1
တစ်ကိုယ်ကောင်း
နည်းနည်းဆန်ခွင့်ရှိတယ်
တခြားသူရဲ့အကြည့်ကြောင့်
ကိုယ့်ပင်ကိုစရိုက်ကို
အတင်းဖိမချလိုက်ပါနဲ့။


တခြားသူ သတ်မှတ်တဲ့စံနှုန်းအောက်မှာ
ကိုယ့်ရဲ့ရှင်သန်မှုတန်ဖိုးကို
အဆုံးမသတ်လိုက်ပါနဲ့။


တခြားသူရဲ့ လှောင်ပြောင်ကဲ့ရဲ့မှု
အောက်မှာ ကိုယ့်ကိုယ်ကိုယ် သုံးစားမရဘူးလို့ ပိုပြီးတော့တောင် ထင်မသွားပါနဲ့


သင့်မှာ သင်ရှင်သန်နေရတဲ့ ရည်ရွယ်ချက်ရှိတယ်

သင့်မှာ တခြားသူကို ပြုံးရယ်စေတဲ့ အကြောင်းတရားလည်းရှိတယ်

အနည်းဆုံးတော့ သင့်ကို
ဘုရားသခင်ချစ်တယ်

သင်ဟာ ကောင်းမွန်တဲ့အရာတွေကို အကြောက်တရားကင်းစွာ
ဖန်တီးနိုင်သူဖြစ်တယ်


တကယ်တော့
သင့်ကိုယ်သင် ပိုချစ်တာ ကိစ္စမရှိဘူး
တစ်ခါတလေ တစ်ကိုယ်ကောင်းဆန်တာ ကိစ္စမရှိဘူး


🫧


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


꒰。 › ·‌ #Nyo
꒰。 › ·‌ #PhooThitsarNyo
꒰。 › ·‌ #𝓟𝑇𝓝๑ꕤ
꒰。 › ·‌ #Letter
꒰。 › ·‌ #Crd_to_original_writer
3
သက်မဲ့ကိုတောင် စိတ်ကောက်တတ်တဲ့ တနင်္ဂနွေသမီးလေးအကြောင်း

⁺ ♪ ⊹ ꙳ ⁺  Click Here  ⁺ ♪ ⊹ ꙳ ⁺


သန်မာချင်ယောင်ဆောင်ထားတဲ့
ကျား သို့မဟုတ် တနင်္လာသမီးလေးအကြောင်း


⁺ ♪ ⊹ ꙳ ⁺  Click Here  ⁺ ♪ ⊹ ꙳ ⁺


အင်္ဂါနေ့မှာ ဖွားတဲ့ ကောင်မလေး
တစ်ယောက် အကြောင်း


⁺ ♪ ⊹ ꙳ ⁺  Click Here ⁺ ♪ ⊹ ꙳ ⁺


လျှို့ဝှက်တတ်လွန်းတဲ့
ဗုဒ္ဓဟူးသမီးလေးအကြောင်း


⁺ ♪ ⊹ ꙳ ⁺  Click Here  ⁺ ♪ ⊹ ꙳ ⁺


ဆန့်ကျင်ဖက်တွေ အများကြီးနဲ့
ဖွဲ့စည်းထားတဲ့ ရာဟုသမီးလေး
အကြောင်း


⁺ ♪ ⊹ ꙳ ⁺  Click Here  ⁺ ♪ ⊹ ꙳ ⁺


ကြာသပတေးသမီး
ကောင်မလေးအကြောင်း


⁺ ♪ ⊹ ꙳ ⁺  Click Here  ⁺ ♪ ⊹ ꙳ ⁺


စိတ်အားငယ်တတ်တဲ့
သောကြာသမီးလေးအကြောင်း


⁺ ♪ ⊹ ꙳ ⁺  Click Here  ⁺ ♪ ⊹ ꙳ ⁺


ဒေါသတွေနောက်မှာ
မျက်ရည်တွေ ဖွက်ထားတတ်တဲ့
စနေသမီးလေးအကြောင်း


⁺ ♪ ⊹ ꙳ ⁺  Click Here  ⁺ ♪ ⊹ ꙳ ⁺


:・゚♫ :・゚→˚ #Nyo
:・゚♫ :・゚→˚ #PhooThitsarNyo
:・゚♫ :・゚→˚ #Crd_to_original_writer


"တင်ခွင့်ပြုပါရှင့်
အုံ"တို့ မကြိုက်ရင် ဖြတ်လို့ရပါတယ်ရှင့်"
2😁1
Hi Active Rec pls

#owner
#Reo
4👍1🔥1👏1😭1🎃1🎅1