HELLO YDB
3.59K subscribers
267 photos
22 videos
4 files
184 links
Mobile Games များကို Review နဲ့တကွ Up To Date တင်ပေးနေပါသည်။
Download Telegram
Aniimo ရဲ့ Release Dates တွေ ထွက်ပေါ်လာပါပြီ...

Palworld ပြီးရင် နောက်ထပ် စောင့်မျှော်စရာကောင်းတဲ့ Creature-catching Open-world RPG အသစ်ဖြစ်တဲ့ Aniimo ဟာ သူ့ရဲ့ တရားဝင် Release dates တွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Pawprint Studio ကနေ Develop လုပ်ထားတဲ့ ဒီ Free-to-play ဂိမ်းဟာ လာမယ့် September 16 မှာ PlayStation 5, Xbox Series X|S နဲ့ PC တွေအတွက် အရင်ဆုံး စတင် Launch လုပ်ပေးသွားမှာဖြစ်ပြီး Mobile ပေါ်မှာ ဆော့ချင်တဲ့ သူတွေအတွက်ကတော့ တစ်ပတ်အကြာ September 23 မှာ iOS နဲ့ Android တွေအတွက် ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ အဓိက စိတ်ဝင်စားစရာ အကောင်းဆုံး Feature ကတော့ ရိုးရိုး Creature တွေကို ဖမ်းခိုင်းရုံတင် မဟုတ်ဘဲ ကိုယ်ဖမ်းထားတဲ့ ကောင်လေးတွေနဲ့ ကိုယ်တိုင် ပေါင်းစပ်ပြီး Twine mechanic Skill တွေ၊ Traversal တွေ သုံးလို့ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ အတူတူ ဆော့လို့ရမယ့် Multiplayer Co-op တွေ၊ PvP (Egg Heist) Mode တွေနဲ့ ကိုယ်ပိုင် Base လေးတွေပါ ဆောက်လို့ရမယ့် Homeland System တွေလည်း ပါဝင်လာမှာပါ။ Cross-platform ပါ Support ပေးထားတာမို့ Platform မတူလည်း အတူတူ ဝင်ဆော့လို့ရမှာ ဖြစ်ပါတယ်။
❤9
HELLO YDB
Aniimo ရဲ့ Release Dates တွေ ထွက်ပေါ်လာပါပြီ... Palworld ပြီးရင် နောက်ထပ် စောင့်မျှော်စရာကောင်းတဲ့ Creature-catching Open-world RPG အသစ်ဖြစ်တဲ့ Aniimo ဟာ သူ့ရဲ့ တရားဝင် Release dates တွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Pawprint Studio ကနေ Develop လုပ်ထားတဲ့…
💡 𝗛𝗘𝗟𝗟𝗢 𝗬𝗗𝗕 ( မင်မင်ရဲ့ အမြင် )

Free-to-play ဖြစ်တာရယ်၊ Cross-platform ရတာရယ်က Player base ကို ကြီးကြီးမားမား ရစေမှာ သေချာပါတယ်။ သာမန် Pet တွေလို မဟုတ်ဘဲ Character နဲ့ပါ တိုက်ရိုက်ပေါင်းစပ်ပြီး သုံးလို့ရတဲ့ Twine mechanic က ဂိမ်းရဲ့ Meta ကို တော်တော်လေး ပြောင်းလဲသွားစေမှာပါ။ Console/PC နဲ့ Mobile ကို တစ်ပတ်တည်းပဲ ခြားပြီး Launch လုပ်ရဲတာကို ကြည့်ရင် Devs တွေဘက်က ဂိမ်းရဲ့ Optimization ကို တော်တော်လေး ယုံကြည်မှု ရှိပုံရပါတယ်။ P2W မဖြစ်ဖို့တော့ မျှော်လင့်ရတာပါပဲ။

Aniimo ထဲက Twine mechanic ကို ဘယ်လိုမြင်လဲ? သူငယ်ချင်းတွေနဲ့ အတူတူ Co-op ဆော့ဖို့ရော အဆင်သင့်ပဲလား?

#HELLOYDB #Aniimo #PawprintStudio #GamingNews #RPG

Sources: FunPlus / Games.gg
❤6💘1
မင်မင် အမှန်တိုင်းပြောရရင် ဒီဂိမ်းကို အရမ်းကြောက်မိတယ် .....

အထူးသဖြင့် အဘိုး၊ အဘွား၊ မိဘတွေ၊ ကိုယ်ချစ်ရတဲ့သူတွေ၊ နောက်ဆုံးဟာ ကိုယ်အသက်ကြီးလာရင်တောင် ကိုယ်တိုင် ကြုံရနိုင်တဲ့ အဖြစ်ဆိုးကြီး တစ်ခုမလို့ ကစားရင်းနဲ့ လက်တွေပါ တုန်တဲ့အထိ ရင်ထဲကို ဟာတာတာဖြစ်သွားစေတာပါ။ တကယ် Creative ဖြစ်လွန်းတဲ့ မတွေးရဲစရာ အနုပညာစစ်စစ်မလို့ လူတိုင်းကို ဆော့စေချင်မိတယ်...

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
( https://helloydbgame.blogspot.com/2026/08/and-roger.html?m=1 )
❤10💘1
Media is too big
VIEW IN TELEGRAM
Finally..!! မင်မင် မျှော်နေတဲ့ Spine ရဲ့ Official Trailer လေးထွက်ရှိလာပါပြီ။ Spine ကို ထုတ်တဲ့ Developer တွေကို အားလုံးရင်းနှီးပြီးသားဖြစ်ကြမှာပါ။

Mobile Game လောကမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ Shadow Fight 2 / 3 / 4 တို့ကို ဖန်တီးပေးခဲ့တဲ့ Nekkie ကနေဖြစ်ပြီး အခု တစ်ခါမှာတော့ Consoles နဲ့ PC ပေါ်ကို ခြေဦးတည်လာတာပဲဖြစ်ပါတယ်။

အထူးသဖြင့် Combat အပိုင်းတွေကို အရမ်းမျှော်နေမိပြီ...
❤5
ဘဝရဲ့ ပင်ပန်းမှုတွေကို ခဏမေ့ထားပြီး Mini Car လေးနဲ့ မြို့ပတ်ပြီး စာအုပ်ဆိုင်ဖွင့်ကြရအောင်...

တကယ်ပြောတာပါ။ ဘဝမှာ အခုလို Peaceful ဖြစ်တဲ့ Dream Job စိတ်ကူးလေးကို ဒီဂိမ်းထဲမှာပဲ ပြည့်ပြည့်ဝဝ မြင်တွေ့ရမှာမလို့ စာဖတ်ဝါသနာပါတဲ့သူကော၊ စာအုပ်ဆိုင်ဖွင့်ချင်တဲ့သူလေးတွေပါ ဒီဂိမ်းလေးကို အရမ်းအားကျသွားစေရမယ်လို့ အာမခံတယ်။

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
( https://helloydbgame.blogspot.com/2026/08/tiny-bookshop.html?m=1 )
❤4
ကိုယ်တိုင်သာ သမ္မတဖြစ်ခဲ့ရင် တိုင်းပြည်ကို ဘယ်လိုမျိုးအုပ်ချုပ်မလဲဆိုတာ လက်တွေ့ စမ်းကြည့်လို့ရပြီနော်..

ဒီဂိမ်းလေးက ကမ္ဘာ့မြေပုံစစ်စစ်ပေါ်မှာ အခြေခံထားပြီး ကိုယ်တိုင်က နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံး ခေါင်းဆောင်နေရာကနေ ဝင်ရောက် ကစားရမယ့် Grand Strategy Simulator ဂိမ်းကြီးပဲ ဖြစ်ပါတယ်။ သူက တကယ့် လက်တွေ့ကမ္ဘာက နိုင်ငံရေး အခင်းအကျင်းတွေ၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ စစ်ရေး ပဋိပက္ခတွေကို ပုံဖော်ထားတာမို့လို့ တော်ရုံလူတွေ ကစားနိုင်မယ့် ဂိမ်းမျိုးတော့မဟုတ်ပါဘူး။

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
( https://helloydbgame.blogspot.com/2026/08/ma-3-president-simulator-pro.html?m=1 )
❤3
လစာလေးထုတ်၊ အိမ်လခလေးပေးပြီး ကျန်တဲ့ပိုက်ဆံနဲ့ ဘဝကို ရုန်းကန်နေရတဲ့ လူငယ်တွေအတွက်....

တကယ့် လက်တွေ့ဘဝရဲ့ Simulation ပုံစံကို သေချာ အသေးစိတ်‌တွေ့မြင်ရမယ့် ဂိမ်းကောင်းလေးတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ ဘယ်လောက်အထိ အသေးစိတ်ကျလဲဆိုရင် ကိုယ့်ရဲ့ ကြိုးစားမှု၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီး အနာဂတ်မှာ ကိုယ်ဘယ်လိုလူစားမျိုးဖြစ်လာနိုင်သလဲဆိုတာကို ဗေဒင်မေးစရာမလိုတဲ့အထိ ကြိုမြင်နိုင်မှာပဲဖြစ်ပါတယ်။

အဲတော့ သူဌေးဖြစ်မလား၊ ဝန်ထမ်းဖြစ်မလား? ဒါမှမဟုတ် ခွေးဖြစ်မလားဆိုတာကတော့ သတ္တိရှိရင် ကစားကြည့်လိုက်ပါ။

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
( https://helloydbgame.blogspot.com/2026/09/the-peak-of-life.html?m=1 )

🍀 အချိန်မပေးနိုင်ရင် Full Story ကို Spoiler Button လေးနိပ်ပြီး ဖတ်လို့ရတယ်နော်။
❤3⚡2
PC နဲ့ Console မှာ နာမည်ကြီးခဲ့တဲ့ Looter-Shooter ဂိမ်းကြီး Borderlands ဟာဆိုရင် အခု Borderlands Mobile အမည်နဲ့ iOS (Canada Region) မှာ Soft Launch ထပ်မံဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။

ဒါက ပြီးခဲ့တဲ့ US Limited Test အပြီးမှာ အခုလို Canada အတွက် App Store မှာ တိတ်တိတ်လေး စမ်းသပ်ခွင့်ပေးထားတာပါ။

◾ နာမည်ကြီး Vault Hunters တွေဖြစ်တဲ့ Zer0 နဲ့ Moxxi တို့ကိုပါ ဆော့ကစားနိုင်မှာဖြစ်ပြီး၊ Mobile အတွက် သီးသန့် Optimization လုပ်ထားတဲ့ Fast-paced Action တွေလည်း ပါဝင်လာပါတယ်။

◾ Main Campaign Missions တွေအပြင်၊ Wave-survival ပုံစံ Circle of Slaughter နဲ့ Tower of Terror လိုမျိုး Modes အသစ်တွေပါ ထပ်မံ ပါဝင်လာပါတယ်။

◾ စိတ်မကောင်းစရာက Open-world အပြည့်အဝမဟုတ်ဘဲ Short sessions တွေဆော့ဖို့ပဲ ဖန်တီးထားတဲ့အပြင် Gacha ဆန်တဲ့ Paid random items စနစ်တွေကိုပါ မြင်တွေ့လာရတာပဲဖြစ်ပါတယ်။
❤3
HELLO YDB
PC နဲ့ Console မှာ နာမည်ကြီးခဲ့တဲ့ Looter-Shooter ဂိမ်းကြီး Borderlands ဟာဆိုရင် အခု Borderlands Mobile အမည်နဲ့ iOS (Canada Region) မှာ Soft Launch ထပ်မံဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့ US Limited Test အပြီးမှာ အခုလို Canada အတွက် App Store မှာ…
💡 𝗛𝗘𝗟𝗟𝗢 𝗬𝗗𝗕 အမြင်

Zynga နဲ့ Gearbox တို့ ပူးပေါင်းဖန်တီးထားတဲ့ ဒီ Borderlands Mobile ဟာ မူရင်းဂိမ်းရဲ့ Signature Art Style နဲ့ Gunplay ကို Mobile ပေါ် ကောင်းကောင်းသယ်ဆောင်လာနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် Open-world အတွေ့အကြုံ မရနိုင်တော့တာနဲ့ Gacha စနစ် P2W Elements တွေ ပါဝင်လာတာကြောင့် Hardcore Gamer တွေအတွက်တော့ စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် ကိုယ်က Casual Mobile Looter-Shooter ရှာနေတဲ့ သူဆိုရင်တော့ Graphic နဲ့ Gameplay ပိုင်းမှာ စမ်းကြည့်သင့်တဲ့ Title တစ်ခုလို့ မြင်မိပါတယ်။

ဒီတော့ Mobile ပေါ်က Borderlands ရဲ့ Gacha စနစ်က ဂိမ်းရဲ့ Meta ကို ဖျက်ဆီးပစ်နိုင်မယ်လို့ ထင်ကြလား? ဒါမှမဟုတ် Mobile ထွက်လာတာကိုပဲ သဘောကျနေပြီလား? Comment မှာ ဝင်ရောက် ဆွေးနွေးသွားကြပါအုံး....

#HELLOYDB #BorderlandsMobile #LooterShooter #iOSGames #MobileGamingNews

Sources: GamingonPhone, Pocket Gamer
❤1
မနက်ခင်းလေး Surprise တိုက်သွားတာကတော့ GTA မလာခင် Saints Row: The Third Remastered ရဲ့ Mobile Version ထွက်တော့မယ်ဆိုတာပါပဲ။

Open World Crazy သမားတွေအတွက် တကယ့်ကို Golden ဂိမ်းတွေထဲက တစ်ခုမလို့ လာမယ့် အောက်တိုဘာလ 29 ရက်နေ့မှာ Mobile အတွက် တရားဝင်ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

ထုံးစံအတိုင်း PC/Console ဂိမ်းတွေကို Mobile အတွက် Port လုပ်ပေးတဲ့ နေရာမှာ နာမည်ကြီးတဲ့ Feral Interactive ကနေပဲ ထပ်မံ တာဝန်ယူ ရေးဆွဲပေးထားတာပါ။

မူရင်း Desktop Version မှာ ပါဝင်တဲ့ DLC တွေဖြစ်တဲ့ Genkibowl VII, Gangstas in Space နဲ့ The Trouble With Clones တို့ကို အခမဲ့ ထည့်သွင်းပေးထားတဲ့အပြင် Extra အနေနဲ့ လက်နက်၊ Vehicles 30 ကျော်အထိ ပါဝင်မယ်လို့ သိရပါတယ်။

Touchscreen တွေအတွက် သေချာ Optimization ပြုလုပ်ထားပြီး Custom Control တွေပါ သတ်မှတ်လို့ရမှာပါ။ ဒါ့အပြင် Gamepad နဲ့ Keyboard & Mouse တွေကိုပါ Full Support ပေးထားတယ်လို့ သိရပါတယ်။

ဒီလိုဂိမ်းကောင်းတွေကတော့ ထုံးစံအတိုင်း Free-to-play (P2W) ပုံစံမျိုး လာမှာမဟုတ်ဘဲ Premium Game သီးသန့် အနေနဲ့ ($19.99) ဝန်းကျင် ကျသင့်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Region အလိုက် စျေးနှုန်းတူမှာမဟုတ်ပါဘူး။
💘5❤1
HELLO YDB
မနက်ခင်းလေး Surprise တိုက်သွားတာကတော့ GTA မလာခင် Saints Row: The Third Remastered ရဲ့ Mobile Version ထွက်တော့မယ်ဆိုတာပါပဲ။ Open World Crazy သမားတွေအတွက် တကယ့်ကို Golden ဂိမ်းတွေထဲက တစ်ခုမလို့ လာမယ့် အောက်တိုဘာလ 29 ရက်နေ့မှာ Mobile အတွက် တရားဝင်ထွက်ရှိလ…
စိတ်မကောင်းစရာက အကယ်လို့ မြန်မာနိုင်ငံမှာသာ Cash Flow ခွင့်ပြုထားအုံးမယ်ဆိုရင် ဂိမ်းကို အပိုင်ဝယ်ဖို့အတွက် Discount အနေနဲ့ 3000 ကနေ 15000 ကျပ်ကြားသာ ကျသင့်မှာပဲဖြစ်ပါတယ်။ အခုတော့ Official Support မပေးတော့ပါဘူးနော်။ Myanmar Region နဲ့ ဝယ်လို့ရခဲ့ရင်တောင် အခွန်ဖြတ်တာနဲ့တင် စျေးက အတော်ကွာသွားမှာပါ။

ကိုယ်က တခြားနိုင်ငံမှာ ရောက်နေမယ်ဆိုရင်တော့ လက်ရှိမှာ App Store နဲ့ Google Play Store တွေမှာ Pre-registration စတင်ပြုလုပ်နိုင်ပြီပဲဖြစ်ပါတယ်။

💡 HELLO YDB အမြင် (Opinion)
--------------------------------------
Feral Interactive က GRID Autosport နဲ့ Alien: Isolation တို့လို AAA ဂိမ်းတွေကို Mobile ပေါ်မှာ အကောင်းဆုံး Port လုပ်ပေးနိုင်ခဲ့တဲ့ Studio တစ်ခုဖြစ်တာကြောင့် ဒီ Saints Row ရဲ့ Optimization အပိုင်းမှာလည်း လုံးဝကို စိတ်ချရပါတယ်။ Free-to-play နဲ့ Gacha ဂိမ်းတွေ လွှမ်းမိုးနေတဲ့ Mobile Market ကြီးမှာ အခုလို Premium Quality ဂိမ်းတစ်ခု ထွက်လာတာက Hardcore Gamers တွေအတွက်တော့ သတင်းကောင်း တစ်ခုပါပဲ။

Gamepad ရော Keyboard နဲ့ Mouse ပါ Support ပေးထားတာကြောင့် Mobile ပေါ်မှာ Console Level Experience ကို အပြည့်အဝ ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Saints Row ရဲ့ Crazy Steelport မြို့ကြီးကို Mobile ပေါ်မှာ ဝင်မွှေဖို့အတွက် အဆင်သင့်ဖြစ်နေပြီလား? Comment မှာ ဆွေးနွေးသွားကြပါဦး။...
💘4
ဖြစ်ဖူးကြလား? မိဘတွေကပေးတဲ့ စိတ်ဒဏ်ရာတွေကို ကိုယ့်လက်ထက်၊ ကိုယ့်သားသမီးတွေ အလှည့်ကြရင် လုံးဝ မခံစားစေရဘူးဆိုပြီး....

ဒီဘက်ခေတ် လူငယ်တွေ အတော်များများ၊ မင်မင် အပါအဝင် စိတ်ထဲမှာ ဆုံးဖြတ်ချက်လေးတစ်ခု ရှိတတ်ကြပါတယ်။ အဲဒါကတော့ ရှေ့ကလူကြီးတွေ လွဲမှားစွာ ဆုံးမခဲ့သမျှ ကိုယ့်လက်ထက်၊ ကိုယ့်သားသမီးတွေ အလှည့်ကြရင် ဒီလိုမျိုး မကြုံစေချင်ကြဘူးဆိုတာပါ။ အပြင်မှာ ထုတ်မပြောတောင် စိတ်ထဲမှာ အဲဒီလို ခံယူချက်လေးတွေရှိတတ်တာကြောင့် ဒီနေ့ ပြောပြမယ့် ဂိမ်းလေးက အဲဒီ ခံစားချက်တွေနဲ့ ထပ်တူတဲ့ ဇာတ်ညွှန်းရေး ဆရာမလေးတစ်ယောက်ရဲ့ ရင်နှင့်ဖွယ် ဖြစ်ရပ်မှန် ဇာတ်ကြောင်းလေး တစ်ခုကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
( https://helloydbgame.blogspot.com/2026/09/the-wreck.html?m=1 )
⚡3❤1💘1