HELLO YDB
3.6K subscribers
201 photos
21 videos
4 files
144 links
Mobile Games များကို Review နဲ့တကွ Up To Date တင်ပေးနေပါသည်။
Download Telegram
ဝမ်းနည်းစရာ သမိုင်းကြောင်းနဲ့အတူ အနာဂတ်ရဲ့ အမြန်နှုန်းကိုပါ ရေပြင်ထက်မှာ ခံစားရမယ့် ဂိမ်းတစ်ခု...

𝐑𝐢𝐬𝐞: 𝐑𝐚𝐜𝐞 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 ( 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 )
--------------------------------------
မင်မင်တို့ အနေနဲ့ ပြိုင်ကားဂိမ်းတွေ အများကြီး ဆော့ဖူးကြမှာပါ။ Need for Speed တို့၊ Forza တို့၊ Gran Turismo တို့ စသဖြင့်ပေါ့။ ဒါပေမယ့် Rise: Race The Future ကတော့ အဲ့ဒီဂိမ်းတွေနဲ့ လုံးဝကို ကွဲထွက်နေပါတယ်။ အဓိကကတော့ သူတို့ရဲ့ Air-Lifting လို့ခေါ်တဲ့ နည်းပညာဟာ ရိုးရိုးကားဘီးတွေနဲ့ ပြေးနေရင်းကနေ ရေပြင်ပေါ်ရောက်တဲ့အခါ Hovercraft လိုမျိုး ပြောင်းလဲသွားတဲ့ Mechanic ကြောင့် ဒီဂိမ်းက တစ်မူထူးခြားနေတာပဲဖြစ်ပါတယ်။

📱 Mobile Specs
------------------
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 8.0
◈ 𝐑𝐚𝐦 = 4GB Minimum
◈ 𝐒𝐎𝐂 = Snapdragon 660
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 1.6 GB

💻 PC Minimum Specs
------------------------
◈ 𝐎𝐒 = Windows 7, 8.1, 10 (64-bit)
◈ 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 = Core i3 or AMD equivalent
◈ 𝐑𝐀𝐌 = 4 GB RAM
◈ 𝐆𝐫𝐚𝐩𝐡𝐢𝐜𝐬 = GTX 460 (1GB VRAM)
◈ 𝐒𝐭𝐨𝐫𝐚𝐠𝐞 = 5 GB available space
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/03/rise-race-future.html?m=1
2
အနှစ်နှစ်အလလ စောင့်ခဲ့ရတဲ့ Fortnite ကြီး Google Play Store ပေါ်မှာ တရားဝင် ပြန်ရောက်လာပါတော့မယ်...

Android သမားတွေအတွက် သတင်းကောင်းတစ်ခုဖြစ်ပြီး Epic Games နဲ့ Google တို့ကြားက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ တရားတပေါင် အငြင်းပွားမှုကြီးဟာဆိုရင် အခုဆို တရားဝင် ပြီးဆုံးသွားပြီမလို့ Fortnite ဟာ Play Store ပေါ် မကြာခင် ပြန်ရောက်လာတော့မယ်ဆိုပြီး Epic ဘက်ကနေ အတည်ပြုလိုက်ပါပြီ။

ဒီလို ပြန်အဆင်ပြေသွားရတဲ့ အဓိက အကြောင်းရင်းကတော့ Google ဘက်က Play Store ရဲ့ မတန်တဆ Store Fees တွေကို သိသိသာသာ လျှော့ချပေးလိုက်သလို၊ Third-party App Stores တွေကိုပါ လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်လို့ပဲ ဖြစ်ပါတယ်။ ဒါဟာ Mobile Gaming Industry တစ်ခုလုံးအတွက် အပြောင်းအလဲကြီး တစ်ခုလို့ပြောလို့ရပါတယ်။ ဘာတွေ အဓိက ပြောင်းသွားတာလဲ ?

❖ Store Fees လျှော့ချခြင်း
--------------------------
အရင်က Google Play ကနေ In-App Purchases (IAPs) လုပ်ရင် 30% အထိ အဖြတ်ခံရပေမယ့်၊ အခုဆိုရင် Base Fee ကို 20% အထိ လျှော့ချပေးလိုက်ပါပြီ။ တချို့ Level Up Program တွေမှာ ပါဝင်တဲ့ Devs တွေဆိုရင် 15% အထိတောင် သက်သာသွားအုံးမှာပါ။

❖ Third-Party Billing ခွင့်ပြုခြင်း
-------------------------------
ဂိမ်းထဲမှာ ပစ္စည်းဝယ်ရင် Google ရဲ့ Payment စနစ်ကိုချည်းပဲ သုံးစရာမလိုတော့ဘဲ၊ Developers တွေ ကိုယ်ပိုင် Payment စနစ် (Third-party Providers) တွေကို သုံးခွင့်ရသွားပါပြီ။

❖ Registered App Stores စနစ်သစ်
-----------------------------------
Epic Games Store လို တခြား App Store တွေကို အလွယ်တကူ Sideload လုပ်ပြီး Install လုပ်ခွင့်ရတော့မယ့် စနစ်ကိုပါ Google က ယူဆောင်လာမယ်လို့ သိရပါတယ်။

⚙️ Developer တွေက ဘာပြောလဲ ?

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး Epic Games ရဲ့ CEO Tim Sweeney က X (Twitter) မှာ

" Google ဟာ Android ကို တကယ့် Open Platform စစ်စစ်ဖြစ်လာဖို့ ပြောင်းလဲပေးလိုက်ပါပြီ။ ကျွန်တော်တို့ရဲ့ အငြင်းပွားမှုတွေ အားလုံး ကမ္ဘာတစ်ဝန်းလုံးမှာပါ ပြေလည်သွားပါပြီ။ THANKS GOOGLE " ဆိုပြီး အားရပါးရ ကြေညာသွားခဲ့ပါတယ်။

💡 HELLO YDB အမြင်
-----------------------
ဒီအပြောင်းအလဲက Mobile Gaming လောကအတွက် တကယ့်ကို Game Changer လို့ပြောလို့ရပါတယ်။ Google ရဲ့ Fees တွေ လျှော့ချလိုက်တာက Devs တွေအတွက် အသက်ရှူ‌ချောင်သွားစေပြီး၊ ကိုယ်ပိုင် Billing စနစ်တွေပါ သုံးခွင့်ရလာတဲ့အတွက် Players တွေဘက်က ကြည့်ရင် V-Bucks တွေ၊ တခြား In-Game Items တွေ ဝယ်တဲ့အခါ စျေးပိုသက်သာလာနိုင်မယ့် အလားအလာ အများကြီးရှိပါတယ်။

Fortnite ပြန်လာတာတင်မကဘဲ နောက်ပိုင်း Epic Games Store ထဲက Title အလန်းတွေပါ Android ပေါ် အလွယ်တကူ ရောက်လာနိုင်ချေရှိတာမို့ Mobile Gamer တွေအတွက် ရွေးချယ်စရာ ပိုများလာမယ့် ခေတ်သစ်တစ်ခုကို မြင်တွေ့ရတော့မှာပါ။

• HELLO YDB က Fan တွေကော Play Store ကနေ Fortnite ကို ပြန်ဆော့ဖို့ စောင့်နေကြတဲ့သူတွေ ရှိကြလား ?
• ဒီသတင်းနဲ့ ပတ်သတ်ပြီး Comment မှာ ဆွေးနွေးသွားကြအုံး..

#HELLOYDB #Fortnite #GooglePlay #EpicGames #MobileGaming
1
Mobile သမားတွေအတွက် သတင်းကောင်းကတော့ Epic Games Store ကနေ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Little Nightmares ကို အလကားပေးနေတာပဲဖြစ်ပါတယ်။

နာမည်ကြီး Horror-Adventure Masterpiece တစ်ခုဖြစ်တဲ့ Little Nightmares ကို မတ်လ 5 ရက်နေ့ကနေ 12 ရက်နေ့အထိ အလကားပေးထားတာနော်။ Android သမားတွေက ဘယ် Region နေနေ Claim လို့ရမှာဖြစ်ပြီး iOS သမားတွေကတော့ Apple ရဲ့ policy တွေကြောင့် ဥရောပ (EU) region မှာပဲ ရမယ်လို့ သိရတယ်။

ဒါ့အပြင် Idle Champions of the Forgotten Realms ဆော့တဲ့လူတွေအတွက်ပါ ဒေါ်လာ ၁၀၀ ကျော်တန်ဖိုးရှိတဲ့ in-game items bundle ကိုပါ App ကနေတစ်ဆင့် အလကားယူလို့ရမှာဆိုတော့ တကယ်ကို ဂုန်းဆင်းလို့ကောင်းနေတာပဲဖြစ်ပါတယ်။

PC နဲ့ Console တွေမှာတောင် ဆုတွေအများကြီးရထားတဲ့ ဂိမ်းကောင်းတစ်ခုကို Mobile ပေါ်မှာ အလကားဆော့ခွင့်ပေးလိုက်တာမလို့ ကြိုက်ကြိုက်မကြိုက်ကြိုက် ဝင်ယူထားကြဖို့ရာ အကြံပေးချင်ပါတယ်။

Epic Games Store
-------------------
https://store.epicgames.com/en-US

#HELLOYDB #EpicGamesStore #LittleNightmares #MobileGaming #FreeGames
6
Football game လောကမှာ နောက်ထပ် ဝင်ဖိုက်မယ့် Game တစ်ခု..

Giant ကြီးနှစ်ကောင်ရဲ့ ဂိမ်းတွေကို ကစားနေရလို့ ရိုးအီနေတဲ့ သူ‌တွေအတွက် GOALS ဆိုတဲ့ Free-to-Play ဘောလုံးဂိမ်းအသစ်တစ်ခုကို မတ်လ 13 ရက်နေ့မှာ Open Beta အဖြစ်နဲ့ မြင်တွေ့ရတော့မှာပါ။

ဒီဂိမ်းက သာမန် Simulation လမ်းကြောင်းကနေ ခွဲထွက်ထားပြီး Competitive Esports ဘက်ကို အသားပေးထားတာမို့ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းနေပါတယ်။ လက်ရှိသိရသလောက် သူ့မှာ ဘာ features တွေပါဝင်မလဲဆိုရင်..

𝐍𝐨 𝐒𝐜𝐫𝐢𝐩𝐭𝐬, 𝐍𝐨 𝐄𝐱𝐜𝐮𝐬𝐞𝐬
------------------------
ဘောလုံးဂိမ်းတွေမှာ အမြဲတမ်းပြဿနာတက်တဲ့ Script ပါတယ်ဆိုတဲ့ ကိစ္စကို လုံးဝမရှိဘူးလို့ Devs တွေက အာမခံထားပါတယ်။ Randomness တွေကို ဖျောက်ထားပြီး Skill Matters ပုံစံမျိုးနဲ့ ကစားတဲ့သူ Skill ကောင်းမှ နိုင်မယ်ဆိုတာမျိုးပါ။

𝐓𝐫𝐮𝐞 𝐂𝐫𝐨𝐬𝐬𝐩𝐥𝐚𝐲 & 𝐌𝐨𝐛𝐢𝐥𝐞 𝐄𝐱𝐩𝐚𝐧𝐬𝐢𝐨𝐧
------------------------------------
အခု Open Beta ကို PC (Steam), PS5 နဲ့ Xbox Series X/S တွေမှာ စဆော့လို့ရမှာဖြစ်ပြီး ရှေ့ဆက်ပြီး Mobile version ပါ ထွက်လာဖို့ရှိပါတယ်။ လက်ရှိမှာလည်း Squad တွေကို စီမံလို့ရတဲ့ GOALS Companion App ကိုလည်း Mobile မှာ ထုတ်ပေးထားတာပါ။

𝐔𝐧𝐢𝐪𝐮𝐞 𝐑𝐨𝐬𝐭𝐞𝐫 & 𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬𝐢𝐨𝐧
------------------------------
လက်တွေ့ကစားသမား Real-life licenses တွေ မသုံးဘဲ ကိုယ်ပိုင် Fictional players တွေနဲ့ သွားမှာမလို့ ကစားသမားတွေကို ပွဲတွေကနေရတဲ့ Currency တွေနဲ့ generate လုပ်မယ်၊ level တင်မယ်၊ အသက်ကြီးလို့ Retire ဖြစ်သွားရင်တောင် Club Legend အနေနဲ့ ထားခဲ့တာမျိုးတွေ လုပ်လို့ရမယ်လို့ ပြောထားပါတယ်။

𝐅𝐚𝐬𝐭-𝐏𝐚𝐜𝐞𝐝 𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲
-----------------------
Gameplay က EA FC လို အလေးကြီးမဟုတ်ဘဲ Arcade ဆန်ဆန်၊ Fast-paced ဖြစ်ပြီး Responsiveness ပိုကောင်းအောင် ဖန်တီးထားတာမို့ တော်တော်လေးကို စိတ်ဝင်စားစရာပါ။ ပြောရရင် Input delay လုံးဝမရှိသလောက်အထိကို လုပ်ထားတယ်လို့ ပြောပါတယ်။

➥ HELLO YDB အမြင်
----------------------
လက်ရှိ Football Games Market ကြီးက EA ရဲ့ Monopoly လိုဖြစ်နေတာပါ။ GOALS က Realism ထက် Competitive Arena ကို ဦးစားပေးသွားတာက တော်တော်လေးကို Smart ဖြစ်ပေမယ့် တော်တော်လေးလဲ risk ဖြစ်ပါတယ်။ E-sports ready ဖြစ်အောင် Build ထားတာဖြစ်သလို၊ နောက်ပိုင်းမှာ Mobile Market ဘက်ကိုပါ ထိုးဖောက်ဖို့ ခြေလှမ်းပြင်နေတာမို့ eFootball အတွက်ပါ နည်းနည်းလေးတော့ ပြိုင်ဘက်အနေနဲ့ ဖြစ်လာနိုင်ပါတယ်။

P2W (Pay-to-Win) စနစ်ကို ဘယ်လောက်ထိ ရှောင်ရှားနိုင်မလဲဆိုတာကတော့ ဂိမ်းရဲ့ အနာဂတ် အသက်ကို အဆုံးအဖြတ်ပေးသွားမှာပါ။

Fan တွေကော GOALS ရဲ့ Open Beta ကို ဝင်စမ်းကြည့်ကြမှာလား? ကိုယ်ပိုင် Fictional Players တွေနဲ့ သွားမယ့်ပုံစံကိုကော ဘယ်လိုမြင်လဲ၊ Comment မှာ ဆွေးနွေး‌ပေးသွားကြပါအုံး။

#HELLOYDB #GOALSGame #FootballGames #OpenBeta #GamingNews
4
ချစ်လှစွာသော ကျွန်မရဲ့ ဘဝ ...

အကယ်လို့ ဘဝဆိုတာ ပန်းချီကားတစ်ချပ်ဖြစ်‌‌နေမယ်ဆိုရင်၊ သင့်ရဲ့ ဘဝမှာကော ဘယ်လိုအရောင်တွေ ခြယ်ခဲ့ဖူးပြီလဲ ?

𝐃𝐞𝐚𝐫 𝐦𝐞, 𝐈 𝐰𝐚𝐬...( Mobile / PC / Switch )
==============================

📱 Mobile Specs
------------------
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 8.0+
◈ 𝐑𝐚𝐦 = 4GB
◈ 𝐒𝐎𝐂 = Snapdragon 680 / Helio G99+
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 1.6 GB
◈ 𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐞𝐫 = Full Support
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

💻 PC Minimum Specs
------------------------
◈ 𝐎𝐒 = Windows 10 (64-bit)
◈ 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 = Intel Core i5-4690
◈ 𝐑𝐀𝐌 = 2 GB RAM
◈ 𝐆𝐫𝐚𝐩𝐡𝐢𝐜𝐬 = GeForce GTX 1050 Ti (4GB VRAM)
◈ 𝐒𝐭𝐨𝐫𝐚𝐠𝐞 = 8 GB
◈ 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐚𝐲𝐞𝐫 = Singleplayer

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/03/dear-me-i-was_8.html?m=1
4
Blizzard ကနေ Mobile အတွက်စမ်းသပ်နေတဲ့ Overwatch Rush ဂိမ်းအသစ်

Blizzard Entertainment ဟာ Mobile Platform တွေအတွက် သီးသန့်ဖန်တီးထားတဲ့ Overwatch Rush ဆိုတဲ့ Top-down Hero Shooter ဂိမ်းအသစ်ကို တရားဝင် ကြေညာလိုက်ပါပြီ။ ဒီဂိမ်းဟာ PC/Console က Overwatch ကို ဒီအတိုင်း Port လုပ်ထားတာမဟုတ်ဘဲ Mobile players တွေအတွက် အစကနေ သီးသန့် ရေးဆွဲထားတဲ့ ဂိမ်းတစ်ခုဖြစ်လို့ Optimization ပိုင်းမှာ တော်တော်လေးကို မျှော်လင့်လို့ရပါတယ်။

Gameplay အနေနဲ့ Fast-paced ဖြစ်တဲ့ 4v4 ပုံစံမျိုးသွားမှာဖြစ်ပြီး Top-down View နဲ့ ဆော့ကစားရမှာပါ။ Tracer, Reinhardt, Mercy, Reaper နဲ့ Kiriko စတဲ့ နာမည်ကြီး Hero တွေ ပါဝင်လာမှာဖြစ်ပေမယ့် Mobile Meta နဲ့ ကိုက်ညီအောင် သူတို့ရဲ့ Abilities တွေကို အနည်းငယ် Tweaks လုပ်ထားပါတယ်။ ဥပမာပြောရရင် Mercy ရဲ့ Ultimate ဟာ Resurrect မဟုတ်တော့ဘဲ Healing & Damage Auras အဖြစ် ပြောင်းလဲသွားတာမျိုးပါ။ ဒါ့အပြင် Mod နဲ့ Talent system တွေပါဝင်လာမှာဖြစ်လို့ ကိုယ့်ရဲ့ Playstyle ပေါ်မူတည်ပြီး ပြောင်းလဲ Customize လုပ်နိုင်ဦးမှာပါ။

Main game ကို ထိခိုက်မှုမရှိစေဖို့အတွက် ဒီဂိမ်းကို Overwatch Team 4 က ကိုင်တွယ်တာ မဟုတ်ဘဲ Mobile Developer တွေ သီးသန့်ပါဝင်တဲ့ Blizzard Barcelona အဖွဲ့က ဖန်တီးနေတာဖြစ်ပါတယ်။ ဂိမ်းက Free-to-play ဖြစ်ပြီး P2W (Pay-to-Win) မဖြစ်စေဖို့အတွက် Cosmetics တွေကိုပဲ အဓိကထား ရောင်းချသွားမယ်လို့ သိရပါတယ်။

Minimum specs အနေနဲ့ Android မှာ အနည်းဆုံး Snapdragon 480 နဲ့ RAM 3GB ရှိမယ်ဆိုရင် အေးဆေးဆော့လို့ရမှာဖြစ်ပြီး မကြာခင်မှာ Limited Geo Test တွေ စတင်တော့မှာပဲဖြစ်ပါတယ်။

❖ HELLO YDB အမြင်
----------------------
Blizzard ရဲ့ ဒီခြေလှမ်းဟာ Mobile gaming market ကို သေချာပေါက် အမှားနည်းနည်းနဲ့ ထိုးဖောက်ဖို့ ရည်ရွယ်နေတယ်လို့ မြင်မိတယ်။ Top-down view ပြောင်းလိုက်တာက Touch controls အတွက် ပိုအဆင်ပြေစေပြီး၊ Bite-sized 4v4 matches တွေက ဖုန်းနဲ့ ခဏတဖြုတ်ဆော့ချင်တဲ့ Casual gamers တွေအတွက်ရော၊ Competitive ဆော့ချင်သူတွေအတွက်ပါ အတော်လေးအဆင်‌ပြေစေတာပါ။

Developer တွေအနေနဲ့ P2W ကို ရှောင်ကြဉ်ပြီး Cosmetics ကိုပဲ အဓိကထားတာကလည်း ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ။ ဒါပေမယ့် MOBA တွေ ကြီးစိုးနေတဲ့ Mobile ဈေးကွက်မှာ ဒီလို Top-down Hero Shooter ဂိမ်းသစ်တစ်ခုအနေနဲ့ ဘယ်လောက်အထိ နေရာရလာမလဲဆိုတာကတော့ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရပါမယ်။

Overwatch ကို ဖုန်းထဲမှာ ဒီလို Top-down View နဲ့ ဆော့ရမယ်ဆိုရင်ရော Gamer တွေအနေနဲ့ သဘောကျကြရဲ့လား? ကိုယ့်ရဲ့ ဘယ် Main Hero တွေကိုရော ဒီဂိမ်းထဲမှာ ပါစေချင်သေးလဲ ? Comment မှာ ဝင်ရောက် ဆွေးနွေးသွားကြပါဦး။

#HELLOYDB #OverwatchRush #Blizzard #MobileGaming #HeroShooter
Final Fantasy ရဲ့ Mobile Game အသစ် အနေနဲ့ ထွက်ရှိလာမယ့် Dissidia Duellum..

Square Enix ဆီကနေ Final Fantasy ပရိသတ်တွေအတွက် Mobile သီးသန့် ဂိမ်းအသစ်တစ်ခုဖြစ်တဲ့ Dissidia Duellum Final Fantasy ကို ဒီလကုန် မတ်လ 31 ရက်‌နေ့ ဝန်းကျင်မှာ တရားဝင် ဖြန့်ချိတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အခုဆိုရင် Apple App Store နဲ့ Google Play Store တို့မှာလည်း Pre-registration လုပ်လို့ရနေပါပြီ။

ဒီဂိမ်းဟာ အရင် Dissidia စီးရီးတွေနဲ့မတူဘဲ Modern-day Tokyo မြို့ကြီးကို အခြေခံထားတာပါ။ FF ဇာတ်ကောင်တွေက သာမန်လူတွေလိုပဲ Modern ဖက်ရှင်တွေဝတ်ဆင်ထားပြီး Battle စပြီဆိုမှ သူတို့ရဲ့ Iconic Outfits တွေနဲ့ ပြောင်းလဲတိုက်ခိုက်ကြမယ့် ပုံစံမျိုးကို မြင်တွေ့ရမှာပါ။

Gameplay က Free-to-play ကိုမှ 3v3 Action ပုံစံကစားရမှာဖြစ်ပြီး Behemoth လိုမျိုး နာမည်ကြီး Monster တွေကို Boss Battle အနေနဲ့ တိုက်ခိုက်ရမှာပါ။

ဂိမ်းစထွက်တဲ့အချိန်မှာ ဇာတ်ကောင် 10 ကောင် ပါဝင်မှာဖြစ်ပြီး Cloud, Lightning, Zidane စတဲ့ Returning ဇာတ်ကောင်တွေအပြင် အသစ်အနေနဲ့ FF14 က Gaia နဲ့ FF15 က Prompto တို့ပါ ပါဝင်လာမှာပါ။ Post-launch update တွေမှာ FF16 က Clive ကိုပါ ထပ်ထည့်ပေးမယ်လို့ Devs တွေဘက်က Tease လုပ်ထားပါသေးတယ်။

ဇာတ်ကောင်တွေကို Melee, Ranged, Agile, Support ဆိုပြီး 4 မျိုးခွဲခြားထားပါတယ်။ Gacha Elements အနေနဲ့ ဇာတ်ကောင်အသစ်တွေနဲ့ Ability တွေကို Gacha Pulls ကနေတစ်ဆင့် ရယူရမှာဖြစ်ပြီး Full Japanese voice acting လည်း ပါဝင်မှာပါ။

• HELLO YDB အမြင်
----------------------
Square Enix ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကမှ Dissidia Final Fantasy Opera Omnia ကို Shut down လုပ်ခဲ့တာဖြစ်လို့ အခုထွက်လာမယ့် Dissidia Duellum အနေနဲ့ Mobile market မှာ နေရာတစ်ခုပြန်ရဖို့ဆိုတာဟာ Devs တွေအတွက် အတော်လေး အရေးပါတဲ့ အချိုးအကွေ့တစ်ခုလို့ ပြောရမှာပါ။ Modern Tokyo လိုမျိုး ခေတ်သစ်ပုံစံနဲ့ 3v3 Action Gameplay က စိတ်ဝင်စားစရာကောင်းပေမယ့် တကယ့်လက်တွေ့မှာ Gacha system နဲ့ Optimization ကို ဘယ်လို Balance လုပ်မလဲ၊ Pay-to-Win အရမ်းဆန်သွားမလား ဆိုတာကတော့ ဂိမ်းရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမှာပဲဖြစ်ပါတယ်။

ကဲ... Fan တို့ရော Cloud တို့၊ Lightning တို့လိုမျိုး Modern Look ကို ဆော့ကြည့်ဖို့ စိတ်ကူးရှိကြလား?

Square Enix ရဲ့ Mobile Gacha ဂိမ်းတွေအပေါ် ကော ဘယ်လိုမြင်လဲဆိုတာကို Comment မှာ ဝင်ရောက်ဆွေးနွေးသွားကြပါဦး။

❖ 𝙋𝙧𝙚-𝙧𝙚𝙜𝙞𝙨𝙩𝙚𝙧 ( Android )
https://play.google.com/store/apps/details?id=com.square_enix.android_googleplay.DD

❖ 𝙋𝙧𝙚-𝙧𝙚𝙜𝙞𝙨𝙩𝙚𝙧 ( Apple iOS )
https://apps.apple.com/us/app/dissidia-duellum-final-fantasy/id6480398822

#HELLOYDB #FinalFantasy #DissidiaDuellum #MobileGaming #GachaGame
1👍1🍓1
🥰2🍓1
Thalassophobia ရှိတဲ့ မင်မင်အတွက်တော့ တကယ်အသက်ရှုကြပ်စေတဲ့ ဂိမ်းပဲ

စဉ်းစားကြည့်ရင် ရေလည်း ကြောက်တယ်၊ ရေအနက်ကိုလည်း ကြောက်တယ်၊ အေးလွန်းရင်လည်း မနေတတ်တဲ့သူတွေအတွက်တော့ ဒီဂိမ်းက ယောင်လို့တောင် ဝင်မဆော့သင့်တဲ့ Horror ဂိမ်းတစ်ခုပါပဲ။ Survival Movie တွေကြည့်ရင်တောင် အသက်ရှုကြပ်နေပါတယ်ဆိုမှ ဒီဂိမ်းကြမှ Oxygen က မလောက်၊ ကိုယ်အပူချိန်ကျရင်လည်း အေးခဲပြီး သော်ကေးအုံးမယ်ဆိုတော့ ပျော်ပျော်ကြီးကို survive လုပ်ရမှာပါ။ အဆိုးဆုံးက ဘာလဲဆိုရင် ကမ္ဘာဦးအစက အကောင်ကြီးတွေနဲ့ပါ Surprise တိုက်အုံးမှာဆိုတော့ …


📱 Mobile Spec

◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 11+
◈ 𝐑𝐚𝐦 = 6GB Minimum (8GB+ Recommended)
◈ 𝐒𝐎𝐂 = Snapdragon 8 Gen 1 / Dimensity 9000
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 3.5 GB
◈ 𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐞𝐫 𝐒𝐮𝐩𝐩𝐨𝐫𝐭 = Yes ( Full Support )
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

💻 PC Spec

◈ 𝐎𝐒 = Windows 7 64-bit
◈ 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 = Intel Core i3 / AMD Ryzen 3 2.6Ghz+
◈ 𝐑𝐀𝐌 = 8 GB
◈ 𝐆𝐫𝐚𝐩𝐡𝐢𝐜𝐬 = GTX 650 Ti / AMD HD 7770
◈ 𝐒𝐭𝐨𝐫𝐚𝐠𝐞 = 15 GB
◈ 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐚𝐲𝐞𝐫 = Singleplayer

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/03/subnautica-below-zero.html?m=1
1
Apple Arcade ရဲ့ မျက်နှာပန်းအလှဆုံး Exclusive Game အသစ်တစ်ခုဖြစ်တဲ့ 𝐎𝐜𝐞𝐚𝐧𝐡𝐨𝐫𝐧 𝟑 ကတော့ တရားဝင်ထွက်ရှိလာပါပြီ။

Action-RPG ပရိသတ်တွေ အထူးစောင့်မျှော်နေတဲ့ Oceanhorn 3 Legend of the Shadow Sea ဟာဆိုရင် မတ်လ ၅ ရက်နေ့ကနေစပြီး Apple Arcade မှာ တရားဝင် ဆော့ကစားလို့ရနေပြီပဲ ဖြစ်ပါတယ်။

ဒီဂိမ်းဟာ Oceanhorn 2 ဇာတ်လမ်းအပြီး နှစ်ပေါင်း 1000 အကြာမှာ အခြေခံထားတာဖြစ်ပြီး၊ Sky Realm က နောက်ဆုံးကျွန်းလေး Shadow Sea ထဲကို ပြုတ်ကျသွားတဲ့ အချိန်ကနေ စတင်ထားတာပါ။ ကစားသမားတွေက Red Town Explorer တစ်ယောက်အနေနဲ့ Technopirate ကပ္ပတိန် Em၊ Gero တို့နဲ့အတူ အသစ်စက်စက် ကျွန်းတွေကို Explore လုပ်ရမှာပဲဖြစ်ပါတယ်။

ဒီ Version ရဲ့ အဓိက Feature အသစ်တွေကတော့ Titan Boss Fight ကြီးတွေ၊ အသစ်မွမ်းမံထားတဲ့ Combat System တွေဖြစ်တဲ့ Skill Drawer နဲ့ Quick Skill တို့လိုမျိုးတွေ ပါဝင်လာတဲ့အပြင်၊ First-person mode နဲ့ပါ ရွေးချယ် ဆော့ကစားနိုင်တာပဲ ဖြစ်ပါတယ်။ Game Size ကတော့ 3.8 GB ဝန်းကျင်ရှိပြီး၊ iPhone, iPad, Mac, Apple TV နဲ့ Apple Vision Pro တို့မှာပါ အလွယ်တကူ ဆော့ကစားနိုင်မှာပါတယ်။

❖ HELLO YDB အမြင်
-----------------------
အမှန်တိုင်းပြောရရင် Oceanhorn series က Mobile ပေါ်မှာ Console-quality ကို အကောင်းဆုံးပေးစွမ်းနိုင်တဲ့ Game တွေထဲက တစ်ခုပါ။ အခု Oceanhorn 3 မှာဆိုရင် Combat System က ပိုပြီး Intuitive ဖြစ်လာသလို၊ Optimization ပိုင်းမှာလည်း Apple Devices တွေအတွက် အထူးသီးသန့် Exclusive ပြုလုပ်ထားတာမို့ Performance ကတော့ ရှယ်မိုက်နေမှာ အသေအချာပါပဲ။ Action-adventure / Zelda-like ပရိသတ်တွေအတွက်ကတော့ Apple Arcade Subscription နဲ့တင် တကယ်တန်တဲ့ ခံစားမှုကို ရရှိစေမှာပါ။

🔸Fan တွေထဲမှာကော Oceanhorn 2 တုန်းက ဆော့ခဲ့ဖူးတဲ့သူတွေ ရှိကြလား?

🔸အခု Oceanhorn 3 ကိုရော ဆော့ကြည့်ဖို့ စိတ်ကူးရှိကြလား Comment မှာ ဆွေးနွေးသွားကြပါဦး။

#HELLOYDB #Oceanhorn3 #AppleArcade #MobileGaming #ActionRPG
2