HELLO YDB
3.6K subscribers
202 photos
21 videos
4 files
145 links
Mobile Games များကို Review နဲ့တကွ Up To Date တင်ပေးနေပါသည်။
Download Telegram
ငိုရတာမှ နှာတွေပိတ်၊ မျက်လုံးတွေစပ်ပြီး ခေါင်းတွေ ကိုက်တဲ့အထိပဲ။ ဒီလောက်အထိ Emotional ပေးနိုင်တဲ့ ဂိမ်းကို ပထမဆုံးဆော့ဖူးတာမဟုတ်ပေမယ့် ဒီဂိမ်းကတော့ ထူးထူးခြားခြား လူသားတိုင်း မလွဲဧကန်ကြုံတွေ့ရနိုင်တဲ့ အခြေနေတစ်ခုကို ပုံဖော်ထားတာမလို့ ရင်ဘက်ကြီးနဲ့ ခံစားတဲ့သူတွေက ရှိုက်ကြီးတငင်ငိုရမှာဖြစ်ပြီး၊ ပုံမှန်ဆော့တဲ့သူတွေကတော့ မငိုပဲ မျက်ရည်တွေ စီးကျနေမှာပဲဖြစ်ပါတယ်။

Before Your Eyes ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 / 𝐏𝐂 )
==============================
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 8.0 +
◈ 𝐑𝐚𝐦 = 3 GB +
◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 1.4 GB
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 1.4 GB
◈ 𝐒𝐎𝐂 = Snapdragon 7 Series
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/01/before-your-eyes.html?m=1

( Apk Only မလို့ Install တင် ကစားရုံပါပဲ )
81
ဒီတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ ဘောလုံးပွဲတစ်ပွဲကို ကြည့်ရင်း "ငါနည်းပြ ဝင်လုပ်ရင်တောင် ဒီထက်ကောင်းအုံးမယ်ဆို" တဲ့သူတွေအတွက် စမ်းကို စမ်းကြည့်သင့်‌တာပဲဖြစ်ပါတယ်။

ဒီဂိမ်းက တခြားဘောလုံးဂိမ်းတွေလို Joystick ကိုင်ပြီး ကစားသမားတွေကို ထိန်းချုပ်ရတဲ့ Action ဂိမ်းမျိုးတော့ မဟုတ်ပါဘူး။ Football Management Simulation စစ်စစ်မလို့ မင်မင်တို့ အားလုံးသိထားတဲ့ FM ဂိမ်း‌တွေလိုမျိုး စာတွေအများကြီးဖတ်ပြီး ခေါင်းစားရတာမျိုးလည်း မဟုတ်ပါဘူး။ SEGA တို့ရဲ့ နာမည်ကျော် SakaTsuku ဆိုတဲ့ Let's Make a Professional Soccer Club စီးရီးရဲ့ Soul ကို အခြေခံထားတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ Strategy ခင်းလို့ကောင်းတဲ့ Vibe မျိုးကို ရရှိစေမှာပဲဖြစ်ပါတယ်။

𝐒𝐄𝐆𝐀 𝐅𝐎𝐎𝐓𝐁𝐀𝐋𝐋 𝐂𝐋𝐔𝐁 𝐂𝐇𝐀𝐌𝐏𝐈𝐎𝐍𝐒
==========================
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 7.0 +
◈ 𝐑𝐚𝐦 = 4 GB +
◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 800 MB
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 2.0 GB+
◈ 𝐒𝐎𝐂 = Snapdragon 660 +
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Online Required

( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 / 𝐏𝐂 / 𝐏𝐒𝟓 / 𝐏𝐒𝟒 )

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/01/sega-football-club-champions.html?m=1
4🗿1
ဒီတစ်ခါ Global အနေနဲ့ ထွက်လာတဲ့ ဂိမ်းလေးကတော့ Mobile Player တွေ ဆော့ကို ဆော့ဖူးသင့်တဲ့ Sandbox ဂိမ်းလေးဖြစ်ပြီး ကစားရတာ လက်ကမချချင်တော့တဲ့အထိ Physics Engine ကြီးက Another Level တစ်ခုကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။

ပြောရရင် ဒီဂိမ်းက Spiderman ထက်တောင် ပိုပြီး Spider ဆန်တဲ့ Web System မျိုးကို မြင်တွေ့ရမှာဖြစ်ပြီး ထူးထူးခြားခြား လူသားတွေရဲ့ နေ့စဉ်ဘဝကို ကူညီပေးရမှာဖြစ်တာကြောင့် တခြားဂိမ်းတွေနဲ့ မတူပဲ Unique ဆန်ဆန်နဲ့ လုံးဝကို သဘောကျသွားစေမှာပါ။

𝐀 𝐖𝐞𝐛𝐛𝐢𝐧𝐠 𝐉𝐨𝐮𝐫𝐧𝐞𝐲 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 / 𝐏𝐂 )
================================
◈ 𝐑𝐚𝐦 = 4 GB+
◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 609 MB
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 830 MB
◈ 𝐒𝐎𝐂 = Snapdragon 6 Series +
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/01/a-webbing-journey.html?m=1

( Game က Phone ကော PC ကော Load နည်းနည်းများတဲ့အထဲမှာပါပါတယ် )
2
နေစရာမရှိလို့ ဒုက္ခရောက်နေတဲ့ ခင်ဗျားကို ကောင်မလေး ၅ ယောက်က ခေါ်တင်ထားလိုက်တယ်ဆိုတဲ့ ဇာတ်ကွက်မျိုးနဲ့ ကစားရမယ်ဆိုရင် သဘောကျကြလား ?

ဒီတစ်ခါ ထွက်လာမယ့် နောက်ထပ် ယောက်ျားထုကြီးအကြိုက် FMV ဂိမ်းတစ်ခုကတော့ TV Asahi နဲ့ Aiming Inc. တို့ ပူးပေါင်းပြီး ဖန်တီးမယ့် Roommates, Romance, and Ringing Hearts ဆိုတဲ့ ဂိမ်းအသစ်ကို လာမယ့် ၂၀၂၆ မတ်လ ၄ ရက်နေ့ကျရင် Steam မှာ ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

ဒီဂိမ်းက လက်တလော Gaming Industry မှာ ရေပန်းစာလာတဲ့ FMV ဂိမ်းအမျိုးစားကိုမှ Romance ဆန်ဆန်နဲ့ တကယ့်အပြင်က မင်းသမီးတွေ သရုပ်ဆောင်ထားတာမလို့ ယောကျာ်းထုကြီး အကြိုက် စိတ်အပန်းပြေစေမယ့် ဂိမ်းလေးဖြစ်ပါတယ်။

ကောင်မလေး ၅ ယောက်စလုံးကလည်း စရိုက်တွေမတူကြတော့
ငယ်သူငယ်ချင်းဖြစ်တဲ့ Nao
Idol သင်တန်းသူဖြစ်တဲ့ Nagi
စီနီယာမမ ဖြစ်တဲ့ Anon
Idol ကောင်မလေး Ruka
လျှို့ဝှက်ဆန်းကြယ်တဲ့ Mirei ဆိုပြီး

ကိုယ့်စိတ်ကြိုက် ရွေးချယ်မှု Choices တွေကနေတဆင့် ဇာတ်လမ်းကို ကိုယ်လိုချင်တဲ့အတိုင်း ဆွဲခေါ်သွားလို့ရပါတယ်။ Ending တွေလည်း အမျိုးမျိုးကွဲဦးမှာဆိုတော့ ပြန်ဆော့လို့လည်း ကောင်းမှာသေချာပါတယ်။

#News #HELLOYDB #GAMINGNEWS
🗿61
ဒီနေ့ ဂိမ်းလေးတစ်ခု ပြီးသွားလို့ လာပြီး ပေါက်ပေါက်ဖောက်တာ။ အဖော်မရှိလို့ မဆော့ဖြစ်ရင်းကနေ ပစ်ထားလိုက်တာ အခုမှပဲ အဆုံးသတ်တော့တယ်။

ပြောရရင် တကယ်ကို Entertainment ဖြစ်စေတာမလို့ တော်တော်ကြီးကို သဘောကျမိတယ်။ အခုပြောမယ့်အကြောင်းတွေက Background တွေ အသေးစိတ်တွေ ဘာတွေညာတွေ ပါမှာမဟုတ်ပဲ ဒီတိုင်း ဂိမ်းတစ်ခုပြီးသွားလို့ ခံစားရတဲ့ ရသတစ်ခုကို ဖော်ပြရုံပါပဲ။

ဂိမ်းတစ်ခုလုံးက လက်တွေ့ဘဝတွေရဲ့ အခြေနေကို စိတ်ကူးယဉ် Concept မျိုးနဲ့ ပေါင်းစပ်လိုက်တော့ တော်တော်ကြီးကို မတူညီတဲ့ ရှုထောင့်တွေနဲ့ ခံစားခဲ့ရတယ်။

စိတ်ထဲမှာ အဖြစ်ချင်ဆုံးက ဘာလဲဆိုရင် ဒီဂိမ်းကို မင်မင်အမျိုးထဲက မိသားစုတစ်ခုကို ဆော့စေချင်မိတာ အမှန်ပဲ။ ဘာလို့ဆို တစ်ချို့အရာတွေက ဘေးက ဘယ်လောက်ပြောပြော၊ စာတွေဘယ်လောက်တတ်တတ်၊ အတွင်းစိတ်နဲ့ ပတ်သတ်လာရင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံစားချက်၊ ခံယူချက်တွေက အရမ်းကို သတိထားရပါတယ်။
6
တစ်ယောက်က မိသားစုရပ်တည်ဖို့အတွက် ပိုက်ဆံရှာတယ်။ နောက်တစ်ယောက်က မိသားစုအဆင်ပြေဖို့အတွက် တစ်အိမ်လုံးရဲ့ အလုပ်တွေကို သိမ်းကြုံးလုပ်ရတယ်။ သားသမီးလေးရလာတော့ သားသမီးမျက်နှာနဲ့ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အခက်ခဲတွေ၊ ခံစားချက်တွေကို မြိုသိပ်ရင်း သူက မသိတတ်လို့၊ သူမှ နားမလည်ပေးလို့ဆိုပြီး တစ်ဖက်နဲ့တစ်ဖက်က အကြောင်းပြချက်တွေ ပိုများလာခဲ့ပါတယ်။

နောက်ဆုံး သည်းမခံနိုင်ကြတော့ စကားများမယ်၊ ရန်ဖြစ်မယ်၊ ကွဲမယ်၊ ကွာမယ် စသည်ဖြင့် မျိုသိပ်ခဲ့တဲ့ အစိုင်အခဲ‌ကြီးတွေက ဗုံးကြီးတစ်ခုလိုဖြစ်လာခဲ့တာပါ။ အဲလို ဗုံးကြီး ပေါက်သွားရင်‌တောင် တစ်ဖက်နဲ့ တစ်ဖက် ကျေနပ်ကြပြီလို့ မခံစားရသေးရင်တောင်မှ တခြားတစ်ဖက်မှာတော့ အဲဒီ ဗုံးဒဏ်ကြောင့် အရွယ်နဲ့မလိုက်အောင် စိတ်ဒဏ်ရာရသွားတဲ့ ကလေးငယ်တွေဟာ ခေတ်အဆက်ဆက်မှာ ဒုနဲ့ဒေးကို ရှိနေတတ်ကြတာပါ။

နောက်ဆုံး ကလေးတွေရဲ့ ရင်ထဲမှာ ဘာဖြစ်သွားလဲဆိုရင် ‌အဖေနဲ့အမေ ဒီလိုဖြစ်တာ ငါ့ကြောင့်ပါလားဆိုပြီး Trauma တွေက ရသွားကြရော။ ဒါတောင် မြန်မာပြည်က မိဘတွေလို ဒေါသထွက်တိုင်း ရမ်းနေတဲ့ မိဘတွေ မဟုတ်သေးဘူးနော်။ နားလည်တတ်၊ ပညာတတ်တဲ့ မိဘ‌တွေပီပီ သူတို့ရဲ့ အတွင်းစိတ်ကို မတွန်းလှန်နိုင်ပဲ စိတ်အလိုကို လိုက်မိသွားကြတာ။
ဂိမ်းတစ်ခုလုံးကလည်း အဲဟာကို ထိထိမိမိ မြင်တတ်စေဖို့အတွက် Therapy ဆန်ဆန် Two Player Mode နဲ့ အခက်ခဲတွေကို ကျော်လွှားခိုင်းပြီး မတူညီတဲ့ ကမ္ဘာတစ်ခုကို သူတို့ရဲ့ စိတ်အမြင်တွေ ကျယ်ပြန့်စေတာပဲဖြစ်ပါတယ်။

အစပိုင်းမှ သာမန်အနေနဲ့ စိတ်ဝင်စားစရာကောင်းပေမယ့် စိတ်ထိခိုက်စရာကောင်းတဲ့ အရွယ်ရောက်ပြီးသား သူတွေရဲ့ Bad Decision တွေကိုလည်း ဒီဂိမ်းမှာ မြင်တွေ့ကြရအုံးမှာပါ။ တဖြည်းဖြည်း ဇာတ်ရှိန်ကျမသွားအောင် လင်မယား‌နှစ်ယောက်ရဲ့ Dialogue တွေက ဆွဲခေါ်သွားပြီး ဟာသဆန်ဆန်နဲ့ လေးနက်တဲ့ conversation လေးတွေပါ ကြားရအုံးမှာမလို့ တကယ်ကို သဘောကျစရာကောင်းတယ်။

ဒီဂိမ်းမှာ ရလိုက်တဲ့ ခံစားချက်က စာနဲ့ ပြောမပြတတ်အောင်ကို မင်မင်အတွက်တော့ လေးနက်မိတယ်။ ပြောရရင် Relationship မှာ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်းစာတတ်နေရုံနဲ့ မပြီးဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးနိုင်ရုံနဲ့လဲ မပြီးသေးဘူး။ တစ်ယောက်စိတ်ထဲက တစ်ယောက် လက်ဆွဲခေါ်နိုင်မှ အမြင်ကျယ်သွားမှာမလို့ ဂိမ်းထဲက ကောင်မလေးပြောသလိုပဲ သူ့အဖေနဲ့ အမေ သူငယ်ချင်းတွေ ပြန်ဖြစ်သွားကြရင် ကောင်းမှာပဲတဲ့။
2
မိသားစုဆိုတဲ့ ဝန်ကို ချိန်းသွားတဲ့အခါ တစ်ချို့အရာတွေက အချိန်မပေးနိုင်တော့တဲ့အထိ လုံးဝ ပျောက်ကွယ်သွားတတ်ကြတယ်။ လုပ်ယူလို့လည်းမရဘူး။ နားလည်ရုံနဲ့လဲ မပြီးဘူး။ ဖြည်းဖြည်းချင်း အချိန်ယူပြီး နှစ်ယောက်လုံး လုပ်‌ဆောင်သွားမှ အဲဒီပျောက်ကွယ်သွားတဲ့ ပန်းတိုင်လေးကို ပြန်ရှာတွေ့ကြမှာ။

လူတွေမှာ ရယ်စရာကောင်းတာက သူများအတွက် အသက်ရှင်တယ်ဆိုပြီး တကယ်က ကိုယ့်စိတ်အတွက်ကိုယ်ပဲ ရှင်သန်နေကြတာများတယ်။ အဲတော့ တစ်ကိုယ်ထဲ အတွေးထဲမှာ ပိတ်မိနေမှာထက် နှစ်ဦးအတွေးရဲ့ လောကကြီးကို မြင်တွေ့ချင်တယ်ဆိုရင်တော့ ဒီဂိမ်းက ရုပ်ရှင်တွေ၊ စာအုပ်တွေနဲ့ မတူတဲ့ စိတ်ကွယ်ရာ ပန်းတိုင်တစ်ခုကို မြင်တွေ့သွားကြမှာပါ။

ကလေးမလေးရဲ့ Mindset ကို အရမ်းချီးကျူးမိတယ်။ သိသိရက်နဲ့တောင် အပြုံးမပြတ်နိုင်တဲ့ Trauma ကို မိဘတွေကိုယ်တိုင်း မြင်တွေ့သွားရတာဆိုတော့ ဂိမ်းကိုလဲ အားရမိတယ်။

Relationship နဲ့ ပတ်သတ်ပြီး အဆင်မပြေတာ၊ ဖြေရှင်းရခက်နေတဲ့သူတွေရှိရင် ဒီဂိမ်းလေးကို ညတိုင်း အချိန်ပေးပြီး ကုန်ဆုံးစေချင်မိတယ်။ ဘယ်သူသိနိုင်မလဲ သင့်စိတ်ထဲက အချိန်ကိုက်ဗုံးကြီး ဘယ်လောက်ကြီးနေမလဲဆိုတာ။

ဒီအထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါနော် 🧡
12
ငယ်ဘဝရဲ့ ကွန်ပျူတာသင်တန်းချိန်တွေမှာ ခိုးဆော့ခဲ့ရတဲ့ ဂန္ထဝင် Flash ဂိမ်းတွေကို HD Quality နဲ့ ပြန်လည်အသက်သွင်းပေးလိုက်တဲ့ Warfare Legacy Collection..

လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က Browser တွေပေါ်မှာ စစ်သားလေးတွေလွှတ်ပြီး ရန်သူ့ဗုံးခိုကျင်းတွေကို အသက်သွေးချွေးတွေရင်းပြီး သိမ်းပိုက်ခဲ့ရတဲ့ အမှတ်တရတွေကို မှတ်မိသေးရဲ့လား။ Developer - Con Artist Games ကနေ သူတို့ရဲ့ Solo Passion Project ဖြစ်တဲ့ နာမည်ကြီး Warfare 1917 နဲ့ Warfare 1944 ဂိမ်းတွေကို ဒီဂျစ်တယ်သမိုင်းထဲ ပျောက်ကွယ်မသွားအောင်လို့ Unity Engine နဲ့ Modern Platforms တွေပေါ်မှာပါ အခု ပြန်လည်အသက်သွင်းပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

𝐖𝐚𝐫𝐟𝐚𝐫𝐞 𝐋𝐞𝐠𝐚𝐜𝐲 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 ( Android, PC )

📱 Mobile Specs

◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 11.0+
◈ 𝐑𝐚𝐦 = 2GB+
◈ 𝐒𝐎𝐂 = Quad-Core Processor
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = ~500 MB

💻 PC Minimum Specs

◈ 𝐎𝐒 = Windows 7 (64-bit) / macOS 10.12
◈ 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 = 2.0 GHz Dual Core
◈ 𝐑𝐀𝐌 = 4 GB
◈ 𝐆𝐫𝐚𝐩𝐡𝐢𝐜𝐬 = NVIDIA GeForce 510
◈ 𝐒𝐭𝐨𝐫𝐚𝐠𝐞 = 1 GB

◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/02/warfare-legacy-collection.html?m=1
3
Old-school ARPG ပရိသတ်တွေအတွက် တကယ့်ကို စိတ်လှုပ်ရှားစရာ သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါပြီ။ PC နဲ့ Console ပလက်ဖောင်းတွေမှာ ကစားသမားတွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဂိမ်းကောင်းတစ်ခုဖြစ်တဲ့ Drova - Forsaken Kin ဟာ လာမယ့် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့မှာ Android နဲ့ iOS ပေါ်ကို တရားဝင် ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

Celtic ဒဏ္ဍာရီတွေကို အခြေခံထားတဲ့ ဒီဂိမ်းဟာ Dark Fantasy လို Vibe အပြည့်နဲ့ ပေးစွမ်းနိုင်မယ့် Action RPG အမျိုးအစား ဖြစ်ပါတယ်။ ကစားသမားတွေဟာ အန္တရာယ်များပြားတဲ့ Open-world ကြီးထဲမှာ ကိုယ့်လမ်းကိုယ်ဖောက်ပြီး အသက်ရှင်သန်ဖို့ ရုန်းကန်ကြရမှာပါ။ Combat စနစ်မှာလည်း Classic ARPG တွေရဲ့ ထုံးစံအတိုင်း စိန်ခေါ်မှုတွေ အများကြီးပါဝင်ပြီး၊ ပုံမှန် Hack & Slash တွေထက်စာရင် ကိုယ့်ရဲ့ Character ပေါ် မူတည်ပြီး သေချာ စဉ်းစားဆော့ကစားရမယ့် Gameplay မျိုးဖြစ်ပါတယ်။

ဂိမ်းထွက်ရှိလာတဲ့အခါ HELLOYDB အနေနဲ့ Review တွေ၊ Download Link တွေကို အမြန်ဆုံး မျှဝေပေးသွားမှာမို့ ဆက်လက် စောင့်မျှော်ပေးကြပါအုံးနော်။
7
ကိုယ့်ရဲ့ ဇာတိမြေကို ကယ်တင်ဖို့အတွက် ပုဆိန်တစ်လက်နဲ့ ဖြတ်သန်းရမယ့် Narin

ဇာတိမြေကို ရက်စက်တဲ့ Goblins တွေနဲ့ Trolls တွေက မီးရှို့ဖျက်ဆီးသွားတဲ့အခါ... လက်စားချေဖို့အတွက် ပုဆိန်တစ်လက်နဲ့တင် လုံလောက်ပြီလား?

Narin – Secrets of Dwarvenia
( Android / iOS )

📱 Mobile Specs
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 10.0+
◈ 𝐑𝐚𝐦 = 4 GB+
◈ 𝐒𝐎𝐂 = Snapdragon 450+
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 190 MB
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline / Online

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/02/narin-secrets-of-dwarvenia.html
ဘဝက ငြိမ်းချမ်းနေရင်တောင် ကြာလာရင် ပျင်းစရာကောင်းတယ်မလား....တစ်ခါလေ ရှင်သန်ရတဲ့ ဘဝတိုတိုလေးမှာ အမှတ်ရစရာ စွန့်စားခန်းလေးတွေ ကြုံဖူးချင်တယ်ဆိုရင်တော့ ဒီဂိမ်းလေးက သင်နဲ့ လုံးဝကို ကွက်တိပါပဲ။

#𝐃𝐚𝐯𝐞_𝐓𝐡𝐞_𝐃𝐢𝐯𝐞𝐫 ( Offline )
( 𝐏𝐂, 𝐌𝐚𝐜, 𝐒𝐰𝐢𝐭𝐜𝐡, 𝐏𝐒, 𝐗𝐛𝐨𝐱, 𝐌𝐨𝐛𝐢𝐥𝐞 )

[ 📱 Mobile Specs ]
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 5.0+
◈ 𝐑𝐚𝐦 = 4 GB+
◈ 𝐒𝐎𝐂 = Snapdragon 732G
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 2.93 GB

[ 💻 PC Minimum Specs ]
◈ 𝐎𝐒 = Windows 10 64-bit
◈ 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 = Intel Core i5 - i7 Quad Core
◈ 𝐑𝐀𝐌 = 8 GB RAM
◈ 𝐆𝐫𝐚𝐩𝐡𝐢𝐜𝐬 = NVIDIA Geforce GTX 750Ti / AMD Radeon R9 270x
◈ 𝐒𝐭𝐨𝐫𝐚𝐠𝐞 = 10 GB available space

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/02/dave-driver.html

( Android သမားတွေက Apk Only မလို့ Install တင် ကစားရုံပါ။ PC သမားတွေကတော့ Zip ဖြည်ပေးရပါမယ်။ ကျန်တဲ့ Playstation , Xbox နဲ့ iOS တွေကတော့ Region ပေါ်မူတည်ပြီး ဝယ်ဆော့ရပါမယ်။ )
5💘1
ငယ်ဘဝရဲ့ အငွေ့အသက်တွေနဲ့အတူ Parallel World ကမ္ဘာဆီသို့ ခရီးဆက်ရမယ့် — Sound of Horses

𝐒𝐨𝐮𝐧𝐝 𝐨𝐟 𝐇𝐨𝐫𝐬𝐞𝐬 ( 𝐏𝐂, 𝐀𝐧𝐝𝐫𝐨𝐢𝐝 )

📱 Mobile Specs
------------------
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 6.0 and up
◈ 𝐑𝐚𝐦 = 6GB (Recommended)
◈ 𝐒𝐎𝐂 = Snapdragon 660 / Helio G85
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 813 MB

💻 PC Minimum Specs
------------------------
◈ 𝐎𝐒 = Windows 10 (64-bit)
◈ 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 = Intel Core i3 ( 2.8 GHz )
◈ 𝐑𝐀𝐌 = 4 GB
◈ 𝐆𝐫𝐚𝐩𝐡𝐢𝐜𝐬 = Intel HD Graphics 4000 +
◈ 𝐒𝐭𝐨𝐫𝐚𝐠𝐞 = 2 GB available space
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/03/sound-of-horses.html?m=1
2
ဂိမ်းလောကထဲပါ ဝင်တွယ်တော့မယ့် 𝙏𝙞𝙠𝙏𝙤𝙠 𝙛𝙤𝙧 𝙂𝙖𝙢𝙚𝙨

အခုဆိုရင် ဂိမ်းဆော့ဖို့အတွက် App Store၊ Playstore တွေမှာ သွားရှာ၊ Download ဆွဲ၊ Install လုပ်နေရတဲ့ ခေတ်ကြီး ကုန်ဆုံးတော့မယ် အလားလာရှိနေပါတယ်။

ဂိမ်းတွေကို TikTok လိုမျိုး Scroll ဆွဲရင်း တန်းဆော့လို့ရမယ့် Platform အသစ်တစ်ခုကို ဂျာမနီအခြေစိုက် Minit Games ဆိုတဲ့ Startup ကုမ္ပဏီလေးဟာ TikTok for Games ဆိုတဲ့ Concept နဲ့အတူ ထွက်ပေါ်လာတာပါ။

အခုဆိုရင် 𝙎𝙤𝙣𝙮 𝙄𝙣𝙣𝙤𝙫𝙖𝙩𝙞𝙤𝙣 𝙁𝙪𝙣𝙙 နဲ့ 𝙇𝙑𝙋 တို့ဆီကနေ Pre-seed funding အနေနဲ့ ဒေါ်လာ ၂ သန်းတိတိ ရင်းနှီးမြှုပ်နှံမှု ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိသိရသလောက်ဆိုရင်..

🔸 ဂိမ်းတွေကို ဒေါင်းလုပ်ဆွဲနေစရာမလိုဘဲ Feed ထဲမှာ တွေ့တာနဲ့ ချက်ချင်း တန်းဆော့လို့ရမယ့် Lightweight HTML5 နည်းပညာကို သုံးထားမယ်လို့ သိရပါတယ်။

🔸 Algorithmic Feed ပုံစံသွားမှာမလို့ ကိုယ်ဆော့တဲ့ ပုံစံနဲ့ ကြိုက်တဲ့ ဂိမ်းအမျိုးအစားတွေပေါ် မူတည်ပြီး AI က ကိုယ်နဲ့အကိုက်ညီဆုံး ဂိမ်းလေးတွေကို TikTok လိုမျိုး Feed ထဲမှာ ဆက်တိုက် ပြသပေးသွားမှာပါ။

🔸 Cross-Platform Accessibility အနေနဲ့ သီးသန့် App အနေနဲ့ရော၊ Web Browser တွေကနေပါ ဆော့လို့ရမယ့်အပြင် Discord နဲ့ Telegram လို နေရာတွေကနေပါ တိုက်ရိုက်ချိတ်ဆက်ပေးမယ်လို့ သိရပါတယ်။

Developer တွေဘက်က ဘာပြောလဲဆိုရင်
Minit Games ရဲ့ Co-founder ဖြစ်သူ Ole Schaper ကတော့

"ကစားသမားတွေက အခုဆိုရင် Algorithmic Feed တွေထဲမှာပဲ အချိန်ကုန်နေကြတာများတယ်။ ဒါပေမယ့် ဂိမ်းတွေကတော့ Store တွေထဲမှာ ပိတ်မိနေတုန်းပဲလေ။ ကျွန်တော်တို့က Short-form ဂိမ်းလေးတွေကို တခြား Media တွေလိုပဲ အလွယ်တကူ ရှာဖွေပြီး ချက်ချင်း အပြည့်အဝ ဆော့ကစားလို့ရမယ့် နေရာတစ်ခု ဖန်တီးနေတာပါ" လို့ ဆိုထားပါတယ်။ "

ဒီသတင်းထွက်လာပြီးနောက်ပိုင်းမှာ Gaming Community ကြားထဲမှာတော့ စိတ်ဝင်စားမှု တော်တော်လေး မြင့်တက်နေပါတယ်။ တချို့ကတော့ Casual Gamer တွေအတွက် အချိန်တိုအတွင်း ဆော့လို့ရတဲ့ အရမ်းမိုက်တဲ့ အိုင်ဒီယာလို့ မြင်ကြပေမယ့်၊ တချို့ Hardcore Gamer တွေကတော့ Microtransaction တွေနဲ့ P2W (Pay-to-Win) ပြည့်နှက်နေတဲ့ အမှိုက်ဂိမ်းတွေပဲ Feed ထဲ ပြည့်နေမလား ဆိုပြီး စိုးရိမ်နေကြတာလည်း တွေ့ရပါတယ်။

💡 HELLO YDB အမြင်
-----------------------
Minit ရဲ့ ဒီ Idea က အခုခေတ် Attention Span တိုလာတဲ့ လူငယ်တွေအတွက်တော့ တကယ်ကို အလုပ်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အရင်က Playbyte နဲ့ HypeHype လိုမျိုး Platform တွေ ထွက်ခဲ့ဖူးပေမယ့် သိပ်မပေါက်ခဲ့ပါဘူး။ ဒါပေမယ့် အခု Minit ကတော့ AI Discovery Engine ကို သေချာသုံးထားပြီး Sony လို Giant ဘီလူးကြီးတွေကပါ နောက်ကနေ Backing ပေးထားတာဆိုတော့ တော်တော်လေး စောင့်ကြည့်ရမယ့် အနေအထားပါပဲ။

Mobile Gaming Meta ကို တကယ်ပဲ ပြောင်းလဲပစ်နိုင်မလား ဆိုတာကတော့ မကြာခင်လာမယ့် Invite-only Alpha Test မှာ အဖြေပေါ်တော့မှာပါ။

ဒီလိုဆို Fan တို့ရော... TikTok ကြည့်သလိုမျိုး ဂိမ်းတွေကို Scroll ဆွဲရင်း ချက်ချင်း တန်းဆော့ရမယ့် ပုံစံကို သဘောကျကြလား?

ဒါမှမဟုတ် ကိုယ့်ဖုန်းထဲမှာ သေချာ Install လုပ်ပြီး ဂရပ်ဖစ်အလန်းစားနဲ့ ဆော့ရတာကိုပဲ ပိုကြိုက်လား? Comment မှာ ဆွေးနွေးသွားကြဦးနော်!

#HELLOYDB #MinitGames #MobileGaming #InstantPlay #GamingNewsMyanmar
👍21🤔1
ဝမ်းနည်းစရာ သမိုင်းကြောင်းနဲ့အတူ အနာဂတ်ရဲ့ အမြန်နှုန်းကိုပါ ရေပြင်ထက်မှာ ခံစားရမယ့် ဂိမ်းတစ်ခု...

𝐑𝐢𝐬𝐞: 𝐑𝐚𝐜𝐞 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 ( 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 )
--------------------------------------
မင်မင်တို့ အနေနဲ့ ပြိုင်ကားဂိမ်းတွေ အများကြီး ဆော့ဖူးကြမှာပါ။ Need for Speed တို့၊ Forza တို့၊ Gran Turismo တို့ စသဖြင့်ပေါ့။ ဒါပေမယ့် Rise: Race The Future ကတော့ အဲ့ဒီဂိမ်းတွေနဲ့ လုံးဝကို ကွဲထွက်နေပါတယ်။ အဓိကကတော့ သူတို့ရဲ့ Air-Lifting လို့ခေါ်တဲ့ နည်းပညာဟာ ရိုးရိုးကားဘီးတွေနဲ့ ပြေးနေရင်းကနေ ရေပြင်ပေါ်ရောက်တဲ့အခါ Hovercraft လိုမျိုး ပြောင်းလဲသွားတဲ့ Mechanic ကြောင့် ဒီဂိမ်းက တစ်မူထူးခြားနေတာပဲဖြစ်ပါတယ်။

📱 Mobile Specs
------------------
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 8.0
◈ 𝐑𝐚𝐦 = 4GB Minimum
◈ 𝐒𝐎𝐂 = Snapdragon 660
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 1.6 GB

💻 PC Minimum Specs
------------------------
◈ 𝐎𝐒 = Windows 7, 8.1, 10 (64-bit)
◈ 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 = Core i3 or AMD equivalent
◈ 𝐑𝐀𝐌 = 4 GB RAM
◈ 𝐆𝐫𝐚𝐩𝐡𝐢𝐜𝐬 = GTX 460 (1GB VRAM)
◈ 𝐒𝐭𝐨𝐫𝐚𝐠𝐞 = 5 GB available space
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/03/rise-race-future.html?m=1
2