Academic Mentor
204 subscribers
136 photos
11 links
If you’re looking for a mentor, here’s a great place to start, exclusively for you.
Download Telegram
Forwarded from Study with K2 (Khine Zin)
မြန်မာစာ စာစီစာကုံးနဲ့ အဆိုဆွေးနွေး တို့နှင့်ပတ်သက်သော သိမှတ်ဖွယ်ရာများကို ကလေးတို့ လေ့လာဖတ်ရှု လို့ရအောင် တင်ပေးလိုက်ပါတယ်ရှင့်🥰

‌#studywithK2
#Kelly
1🥰1
Forwarded from Study with K2 (Khine Zin)
ဆရာဒေါက်တာစိုးလွင်(စိုးမြန်မာ) ရေးသားသော တက္ကသိုလ်ဝင်တန်း မြန်မာစာ ဖြေဆိုရာတွင် သိထားရမည့်အချက်များ ကို study with K2 channel ထဲက မောင်လေးတို့၊ ညီမလေးတို့ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်ရှင့်။

#Kelly
#studywithK2
1🥰1
မြန်မာစာအပြင် တစ်ခြားဘာအကြောင်းတွေသိချင်သေးလဲ ကလေးတို့။
Final Results
14%
မြန်မာ
33%
အင်္ဂလိပ်
29%
သင်္ချာ
33%
ရူပ
24%
ဓာတု
14%
ဇီဝ
14%
ဘောဂ
Voting အများဆုံးကနေ အနည်းဆုံး ဆီကို ချယ်တင်ပေးသွားပါမယ်နော် ကလေးတို့။

#Academic_Mentor@guideforG_12
Exam မှာ အမှတ်ကောင်းဖို့နဲ့ ထိရောက်ဖို့အတွက် အကောင်းဆုံး စာလေ့လာနည်း (8) နည်း


စာကျက်ရတာ၊ စာလုပ်ရတာက စိတ်ညစ်စရာကြီးလို့ ခံစားနေရပါသလား။ နည်းလမ်းမှန်မှန်နဲ့ လေ့လာတတ်ရင် စာမေးပွဲအတွက် စိတ်ဖိစီးစရာ မလိုတော့ဘဲ စာလုပ်ရတာ ပိုပျော်စရာကောင်းလာပါလိမ့်မယ်။
1⃣ ကိုယ်တိုင်တက်ကြွစွာ လေ့လာပါ (Active Learning)


စာအုပ်ကို ဒီအတိုင်း ငြိမ်ပြီး ဖတ်နေရုံနဲ့ စာမမှတ်မိနိုင်ပါဘူး။ အခန်းတစ်ခန်း ဖတ်ပြီးတိုင်း မိမိစကားလုံးနဲ့ မိမိ ပြန်ပြီး အကျဉ်းချုပ်တာ၊ မေးခွန်း ပြန်ထုတ်တာ ဒါမှမဟုတ် သူငယ်ချင်းကို ပြန်ရှင်းပြတာမျိုး လုပ်ကြည့်ပါ။ စာကို ဒီအတိုင်း ကြည့်နေမယ့်အစား ဦးနှောက်ကို အလုပ်ပေးလိုက်တဲ့အတွက် စာပိုမှတ်မိစေပါတယ်။

2⃣ စိတ်အေးအေးထားပြီး ပုံဖော်ကြည့်ပါ (Meditation and Visualization)


စာမေးပွဲနီးရင် စိုးရိမ်စိတ်တွေ များလာတတ်ပါတယ်။ အဲ့ဒီအခါ စာမကျက်ခင် မိနစ်အနည်းငယ်လောက် တရားထိုင်တာ၊ စိတ်အေးအေးထားတာမျိုး အရင်လုပ်ပါ။ ပြီးရင် စာမေးပွဲခန်းထဲမှာ အေးအေးဆေးဆေး ဖြေဆိုနိုင်ပြီး အောင်မြင်နေတဲ့ ကိုယ့်ပုံစံကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ပါ။ ဒါက အာရုံစူးစိုက်မှု ကောင်းစေပြီး စိတ်လှုပ်ရှားမှုကို လျော့ကျစေပါတယ်။

3⃣ အချိန်ကို စနစ်တကျ ခွဲဝေပါ (Time Management)


စာတွေကို တစ်ထိုင်တည်း အကြာကြီး ကျက်မယ့်အစား အချိန်ပိုင်းလေးတွေ ခွဲပြီး ကျက်ပါ။ ဒါမှ စိတ်မပင်ပန်းမှာ ဖြစ်ပါတယ်။ Google Calendar သို့မဟုတ် Trello လို Tool တွေကို သုံးပြီး အချိန်ဇယားဆွဲပါ။ ကိုယ့်အတွက် ခက်ခဲတဲ့ ဘာသာရပ်တွေကို လန်းဆန်းနေတဲ့ အချိန်မှာ ဦးစားပေးပြီး အရင်ဆုံး လေ့လာပါ။

4⃣ နည်းပညာကို အသုံးချပါ (Use of Technology)


အခုခေတ်မှာ ဖုန်းနဲ့ ကွန်ပျူတာတွေကို အကျိုးရှိရှိ သုံးလို့ရပါတယ်။ Notion ဒါမှမဟုတ် Google Keep ထဲမှာ မှတ်စုတွေကို သိမ်းထားနိုင်သလို၊ Khan Academy နဲ့ Quizlet လို App တွေ သုံးပြီး မေးခွန်းဟောင်းတွေကို လေ့ကျင့်နိုင်ပါတယ်။ ဥပမာ - Quizlet မှာ Flashcard လေးတွေလုပ်ပြီး ကာရန်တူ စာလုံးတွေကို အလွတ်ကျက်တာမျိုးက ကလေးတွေအတွက်ရော လူငယ်တွေအတွက်ပါ အလွန်ထိရောက်ပါတယ်။

5⃣ ၂၅ မိနစ်ကျက်၊ ၅ မိနစ်နား နည်းစနစ် (Pomodoro Technique)


သမိုင်း ဒါမှမဟုတ် သင်္ချာလို အာရုံစိုက်ရတဲ့ ဘာသာရပ်တွေကို လေ့လာတဲ့အခါ ဉာဏ်ပြေးနေစေဖို့ စာကို ၂၅ မိနစ် အာရုံစိုက်ကျက်ပြီးရင် ၅ မိနစ် အနားယူပါ။ ဒီလိုမျိုး ၄ ကြိမ် ပြည့်သွားပြီဆိုရင်တော့ ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်အထိ အကြာကြီး နားပေးပါ။ ဒါက ဦးနှောက်ကို မပန်းစေဘဲ စာပိုဝင်စေပါတယ်။

6⃣ မေးခွန်းဟောင်းတွေနဲ့ ကြိုလေ့ကျင့်ပါ (Practice with Past Papers)


စာမေးပွဲမေးခွန်းဟောင်းတွေကို ရှာပြီး အချိန်မှတ်ကာ ကြိုဖြေကြည့်ပါ။ ဒါဆိုရင် စာမေးပွဲမှာ ဘယ်လိုမေးခွန်းမျိုးတွေ လာမလဲဆိုတာ ရိပ်မိသွားပါလိမ့်မယ်။ ဘယ်အပိုင်းမှာ ကိုယ်အားနည်းနေသေးလဲဆိုတာကိုလည်း သိနိုင်လို့ အချိန်မီ ပြန်ပြင်ဆင်နိုင်ပါတယ်။

7⃣ သူငယ်ချင်းတွေနဲ့ စုပြီး စာလုပ်ပါ (Group Study)


သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး စာလုပ်တာက ခက်တဲ့စာတွေကို အပြန်အလှန် ဆွေးနွေးနိုင်လို့ အမြင်သစ်တွေ ရစေပါတယ်။ တစ်ယောက်ကိုတစ်ယောက် ပြန်မေးတာ၊ ပြန်ရှင်းပြတာတွေက ကိုယ့်ကို စာပိုရစေပါတယ်။ ဒါပေမဲ့ စာလုပ်ရင်း သောက်တီးသောက်ကစား ဖြစ်မသွားအောင်တော့ အစကတည်းက စာပဲလုပ်မယ်ဆိုပြီး စည်းကမ်းသတ်မှတ်ထားဖို့ လိုပါတယ်။

8⃣ မှတ်ရလွယ်မယ့် နည်းလမ်းလေးတွေ သုံးပါ (Mnemonic Devices)


အချက်အလက်တွေ အများကြီးကို အလွတ်ကျက်ရခက်တဲ့အခါ ကိုယ်ပိုင်ကဗျာလေးတွေ၊ စာလုံးအတိုကောက်လေးတွေ ဒါမှမဟုတ် ပုံပြင်လေးတွေနဲ့ တွဲပြီး မှတ်ပါ။ ဇီဝဗေဒက အခေါ်အဝေါ်တွေ ဒါမှမဟုတ် သမိုင်းက ခုနှစ်တွေကို မှတ်တဲ့အခါ ဒီနည်းက အလွန်အသုံးဝင်ပြီး စာမေးပွဲခန်းထဲမှာ ချက်ချင်း ပြန်သတိရစေပါတယ်။

Conclusion


စာကို အတင်းဖိကျက်တာထက် နည်းလမ်းမှန်မှန်နဲ့ စမတ်ကျကျ ကျက်တာက ပိုထိရောက်ပါတယ်။ စာကို တက်ကြွစွာ လေ့လာမယ်၊ အချိန်ခွဲဝေမယ်၊ နည်းပညာသုံးမယ်၊ ပြီးတော့ စနစ်တကျ နားနားပြီး ကျက်မယ်ဆိုရင် သင့်ရဲ့ စာမေးပွဲရလဒ်က သိသိသာသာ တိုးတက်လာမှာ အသေအချာပါပဲ။


𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗯𝘆 𝗘𝗹𝗹𝗶𝗲 𝗥𝗼𝗯𝗲𝗿𝘁
📈𝗚𝗿𝗮𝗽𝗵𝗶𝗰 𝗯𝘆 𝗙𝗶𝗻𝗻


Own idea/Do not copy🚫🙅‍♀



#EllieRobert
#Knowledge
#Studytips
#Sharing@ByEng_Mastery_Hub
5🥰1
စာစီစာကုံး၊အဆိုအချေဆိုတာကြီးက ကလေးတို့အတွက် အရမ်း အခက်အခဲဖြေနေသလား…?

စာစီစာကုံးဖြေ‌ဖို့ကြောက်နေတုန်းပဲလား

စာစီစာကုံး၊အဆိုအချေတွေကို ကျက်နေတဲ့ခေတ်က date out နေပြီနော်ကလေးတို့ရေ။

အခုခေတ်က ကိုယ့်ရဲ့ critical thinking နဲ့ စာစီစာကုံး၊အဆိုအချေ ရေးရတဲ့ခေတ်ကိုရောက်နေပြီနော်။

ဒါကြောင့် စာစီစာကုံးနဲ့ပတ်သတ်လာရင် ကြောက်ပြီး၊စိတ်ပူနေတဲ့ကလေးတွေအတွက် ချယ့်ဆီမှာ စာစီစာကုံး၊အဆိုအချေနဲ့ပတ်သတ်တဲ့ အတန်းလေးရှိနေပြီဖြစ်ကြောင်း ပြောချင်ပါတယ်။

အတန်းလေးထဲမှာ စာစီစာကုံး၊အဆိုအချေတစ်ပုဒ်ရဖို့ ဘယ်လို စဉ်းစားရမယ်။ဘယ်လိုတွေးခေါ်ရမယ်ကအစ ဘာလာလာ ရေးနိုင်မယ့် critical thinking အတွက်လည်း ဖြည့်ပေးမှာဆို့ အမိုက်ပဲပေါ့။👍🏻

ဪ… ဒါနဲ့
အတန်းလေးက ဘယ်အချိန်မဆိုပြန်ကြည့်လို့ရမယ့် video class ဆိုတော့ မမိုက်ဘူးလားရှင်။😉

Video classဆိုပြီးတော့ အထင်တော့ မ small လိုက်နဲ့နော်။🤚🏻

ချယ်က တစ်ပတ်တစ်ခါ video call ဒါမှမဟုတ် zoom နဲ့ Face to face လိုအပ်တာတွေရှင်းပြပေးမှာဆိုတော့ အိုခေမှာမစိုပြေဘူးလားရှင်။ 👌🏻

အတန်းလေးက ၆လပိုင်း၁ရက်နေ့မှာ စဖွင့်မှာဖြစ်ပြီး ပထမဆုံးလာအပ်တဲ့ ၅ ယောက်က ၂၀% discount ပါရဦးမှာဆိုတော့ အမြန် လက်မနှေးကြေးနော်။🫵🏻

Class information

🧑🏻‍🏫 Teacher - Tr.Khaing
💻 Platform - video class
💸 one by one Fees- 20000MMK per month
💰 Group fees - 15000MMK per month
👭 Type- One by one (or) group
Start on 1 June 2026.

👉🏻 Register on @guideforG_12

ဘယ်နားနှိပ်ရမလဲ မသိရင် အောက်ဆုံးက စာပုံလေးကိုနှိပ်နော်ကလေးတို့။
#Academic_Mentor@guideforG_12
2🔥1
ဒါ ချယ် အထက်တန်းတုန်းက ပြိုင်ခဲ့တဲ့ပြိုင်ပွဲကရ ထားတဲ့ဆုလေးပေါ့။ ဒီလို ဆုတွေရထားတဲ့ ချယ် သင်မှာဆိုတော့ စိတ်မပူနဲ့နော်😔

ဒါတောင် ချယ်ယူထားတဲ့ဆုက အထက်တန်း အဆင့်ပဲရှိသေးတာ ။အလယ်တန်းတုန်းက ဆုတွေကျန်သေးတယ် 🤭(ဒါက ကလေးတွေကို ကပ်တိုးလေးကြွားတာ)

စတာပါ။အခုလိုအတွေ့အကြုံရှိပြီးသား ချယ်သင်မှာမို့လို့ စိတ်ပူစရာမလိုပါဘူးနော်ကလေးတို့။

#Academic_Mentor@guideforG_12
👏7
G-12 ကလေးတွေရှိမယ် ထင်လို့ ချယ်တင်ပေးလိုက်ပါတယ်။

Physics notes
Chapter 1 + 2

မူရင်းတင်သူကို ချယ် လေးစားစွာဖြင့် credit ပေးပါတယ်ရှင်။

#Academic_Mentor@guideforG_12
3
English ကို အောက်ကပြောထားတဲ့ထဲကနေ ဘာလေးတွေတင်ပေးရမလဲကလေးတို့
Final Results
43%
Tips
65%
Initial
17%
MCQ
13%
Poll
G-12 ကလေးတွေရှိမယ် ထင်လို့ ချယ်တင်ပေးလိုက်ပါတယ်။

Physics
Chapter 1

မူရင်းတင်သူကို ချယ် လေးစားစွာဖြင့် credit ပေးပါတယ်ရှင်။

#Academic_Mentor@guideforG_12
2