ဂျပန်ကာတွန်း Myanmar Ghibli Channel 🍄
38.8K subscribers
2K photos
1.15K videos
10 files
1.51K links
For Ads 👉 t.me/yeewaihtet511
Download Telegram
Forwarded from Demon Slayer Season 3 Mm Sub (Yagami Light)
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Over Flow Season 2
Media is too big
VIEW IN TELEGRAM
[OKM] Kimetsu No Yaiba - Katanakaji No Sato-Hen - 11
39👍4🤣1😘1
From Upon Poppy Hill (2011)
79👍14🎃2👎1
The Garden of Words ( 2013 )
50👍7
Whisper of the heart 1995
100👍8
Kayoko's Diary (1991) mm sub
______

ဒီကားလေးဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ဘေးဒဏ်ခံစားခဲ့ရတဲ့ ဂျပန်နိုင်ငံအတွင်းမှာရှိတဲ့ မြို့များစွာအနက်မှ တိုကျိုမြို့ Honjo-Tatekawa ရပ်ကွက် အခုအခါမှာ Sumida wardလို့ခေါ်တွင်တဲ့အရပ်ဒေသမှာ မွေးဖွားလာတဲ့ Kayokoဆိုတဲ့ကလေးမလေးအကြောင်းကို အဓိကထားပြီး ရိုက်ကူးထားတဲ့ ဂျပန်animationကားလေးဖြစ်ပါတယ်။

Rating 7.7ရထားတဲ့ စစ်ပွဲနောက်ခံ မိသားစုကားကောင်းလေးတကား ဖြစ်ပါတယ်။

kayokoလေးဟာ လိမ္မာပြီးချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်သလို တခုခုဆိုအငိုသန်တဲ့သူလဲဖြစ်ပါတယ်။

သူ့အဘွား၊ ဖေဖေ၊ မေမေ၊ အကိုတွေကိုလဲ အရမ်းချစ်တတ်သူဖြစ်ပြီး အဲ့ထဲကမှ အမေကိုအရမ်းချစ်တဲ့ အမေချစ်သမီးလေးတယောက်ပေါ့။

ကစားချိန်‌ ရောက်ပြီဆိုရင်လဲ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေလိုမျိုး လက်တွေတွဲ၊ သီချင်းတွေဆိုကာ "နင့်အနောက်မှာဘယ်သူလဲ"ဆိုတဲ့ကစားနည်းလေးကို သူငယ်ချင်းတွေနဲ့အတူ အမြဲဆော့တတ်တဲ့ သူလဲဖြစ်ပါတယ်။ အဲ့အချိန်မှာ သူ့မေမေကကိုယ်ဝန်လွယ်ထားရပါတယ်။

သူ့အသက်ကလဲရှစ်နှစ်ရောက်နေပါပြီ။

သူ့မေမေရဲ့အကို၊ သူအရမ်းချစ်ရတဲ့ဦးလေးဖြစ်သူက စစ်ပွဲအတွင်းဒဏ်ရာရစစ်သားတွေကို ဆေးကုပေးချင်တာကြောင့် စစ်ထဲဝင်သွားခဲ့တဲ့အခါ သူကိုယ်တိုင်လဲ စစ်သူနာပြုတယောက်ဖြစ်ချင်တဲ့ဆန္ဒတွေရှိလာခဲ့တယ်။

ဒီလိုနဲ့ သူ့ဦးလေးဒဏ်ရာရစစ်သားတွေကိုဆေးကု‌နေရင်း ရန်သူတွေရုတ်တရက်ရောက်လာပြီးတိုက်ခိုက်မှုကြောင့် တိုက်ပွဲကျသွားတဲ့သတင်းရခဲ့တယ်။

အဲ့နေ့ဟာ တမိသားစုလုံး ပူဆွေးသောကရောက်ရတဲ့နေ့ပါပဲ။

တနေ့ စစ်ပွဲအခြေအနေတွေကြောင့် သူ့‌ဖေဖေဘက်ကဆွေမျိုးတော်စပ်တဲ့Numazuမှာရှိတဲ့ အဒေါ်Masaeဖြစ်သူအိမ်ကို သွားနေရဖို့ဖန်လာခဲ့တယ်။

သူဒီလိုသွားရချိန်မှာ သူ့မေမေက Konoလို့အမည်ရတဲ့ကလေးလေးကိုမွေးခဲ့ပြီးပါပြီ။

သူ့မောင်လေးကိုသူအရမ်းချစ်လို့ နေ့တိုင်းကလေးထိန်း၊ဝေယျာဝစ္စတွေလုပ်ပေး၊ အမေ့အလုပ်တွေကူလုပ်ပေးရင်းနေရင်းက အခုလိုခွဲခွာရတဲ့အတွက် Kayoko‌ လေးနဲ့ထပ်တူ တမိသားစုလုံးလဲအရမ်းဝမ်းနည်းနေကြတာပေါ့။

သူ့အဒေါ်အိမ်ရောက်သွားပြီးနောက်ပိုင်း ရန်သူရဲ့ဝေဟင်တိုက်ခိုက်မှုတွေ အရမ်းပြင်းထန်လာတော့ ပြေးလွှား ပုန်း‌အောင်းကာ နေနေခဲ့ရတယ်။

သူ့မိသားစုဆီ စာလေးတွေရေး၊ စိုးရိမ်စိတ်‌တွေနဲ့နေလာခဲ့ရာကနေ တနေ့ ဗုံးကြဲရဟက်ယာဉ်‌တွေလာ‌‌ တော့မှာမို့ ‌kayoko‌တို့နေတဲ့ တရပ်ကွက်လုံးက ပြည်သူတွေဟာ တောင်တွေဘက်ပြေးလွှားပုန်းခိုဖို့လုပ်ကြတယ်။

အဲ့ဒီနောက် သတင်းရတာက ရဟက်ယာဉ်အများစုက Numazuမြို့ကောင်းကင်ကနေ ဖြတ်သွားပြီး တိုကျိုမြို့ဘက်သွားတယ်လို့ လူကြီးတွေပြောတာကြားလိုက်ရတယ်။

Kayoko‌ လေးခမျာ ဒီသတင်းကြားရတော့ ပြေးလွှားနေရင်းကနေ သူ့မိသားစုနဲ့ တရပ်ကွက်လုံး ဘေးကင်းကြဖို့ ငိုချင်စိတ်ကိုထိန်းချုပ်ကာ ထိုင်ပြီးဆုတောင်းရှာတာပေါ့။

ဒီလိုနဲ့တောင်ထိပ်ပေါ်တတ်ကြပြီး တိုကျိုမြို့‌ရဲ့ ကောင်းကင်ဘက်ကို လှမ်းကြည့်ကြတဲ့အခါ မီးခိုးတွေနဲ့အနီရောင်တွေသမ်းနေတာကိုတွေ့ကြရပါတယ်။

ဒီလိုနဲ့ သူအရမ်းချစ်ရတဲ့ သူ့ဘွားဘွား ဖေဖေ မေမေ ကိုကိုတွေနဲ့ သူ့မောင်လေးတို့ ဗုံးကြဲရဟက်ယာဉ်တွေလက်က ကံကောင်းထောက်မစွာ လွတ်ပြီးအသက်ရှင်ကြမလား...

တိုကျိုမြို့ရဲ့အနီရောင်သမ်းနေတဲ့ကောင်းကင်ကြီးလို ဝမ်းနည်းဆွေးမြည့်စရာကောင်းစွာ အဆုံးသတ်သွားကြရမလားဆိုတာကို ဒီ Channel Premium Pageကတင်ဆက်တဲ့ Kayoko's diary (or) Who's left behind ရုပ်ရှင်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးနော်။

ဒီကားလေးကတဆင့် မိသားစု၊သူငယ်ချင်း၊ ပြည်သူပြည်သားအချင်းချင်းကြား ချစ်ခင်ကြခြင်း သိဂ်ါရ ရသ၊ မိသားစုကြားကပျော်ရွှင်ငြိမ်း‌အေးခြင်းသန္တရသ၊ သနားကရုဏာသက်မိလာရခြင်း ကရုဏာရသစတဲ့ရသများစွာ ခံစားမိစေမယ်လို့လဲ မျှော်လင့်မိပါတယ်။

Translate By - May Naychi

Reviews By - May Naychi

Encoder By - Dee Dee

#Credit_to_Channel_Premium
#Credit_review
😢38👍3424👏1
Media is too big
VIEW IN TELEGRAM
Kayoko's Dairy

ရှယ်ငိုရတာနော်

https://t.me/disney511
https://t.me/indiamovie511
😢12454😭4👍2🤣1
Disney cartoon movie တွေကြည့်ချင်ရင်တော့ ဒီ Channel လေးကို Join ထားနော် 🤗❣️❣️👇👇👇👇

https://t.me/disney511
45👍15
Only Yesterday
61👍11🌚3🎃1
Perfect Blue

18+ နှစ်အထက်မှ ကြည့်ပေးပါ
30👍13🥰2
Mai Mai Miracle 2009
49👍12🥰1🎃1
Tales From Earthsea 2006
47👍14🥰2🎃1
The Wind Rises
126💔15👍2🎃2🕊1