Fun To Watch II by Vin
64.2K subscribers
1.03K photos
373 videos
731 links
Admin ကိုဆက်သွယ်ရန် acc - @Viyln
Download Telegram
The Last Princess (2016)


မင်းသမီးဒုခ် ဟေး ဂိုဂျောင်းမင်းကြီး၏ အငယ်ဆုံးသမီးဖြစ်ပါတယ်။သူမ၏ မိခင်သည် သာမာန် ကိုယ်လုပ်တော်မှ မွေးခဲ့သည့်အတွက် အချိူ့သော တော်ဝင်မိသားစုများက မင်းသမီးဒုခ်ဟေးကို သဘောမကျကြပေ။ ဒါပေမယ့် သူဟာ ဂိုဂျောင်းမင်းကြီး၏ အချစ်ဆုံးသမီးတော်တစ်ပါးဖြစ်ခဲ့နေတယ်။ 1925 ခုနှစ်တွင် မင်းသမီး ဒုခ်ဟေးကို ဂျပန်ပြည်သို့ ပညာတော်သင်ခေါ်ယူသည်ဟုအကြောင်းပြကာ ဓားစာခံအဖြစ် ဂျပန်တို့ကခေါ်ယူထိမ်းသိမ်းထားခဲ့ပါတယ်။ ဂျပန်တို့က ကိုရီးယားနိူင်ငံကို သိမ်းပိုက်ခဲ့ကြသောကြောင့် တော်ဝင်မိသားစုများအားလုံး ဂျပန်တို့ခြယ်လှယ်သမျှခံခဲ့ကြရပြန်လေတယ်။ မင်းသမီးဒုခ်ဟေးလည်း ဂျပန်သို့ရောက်ရှိကတည်းက သူမကို ကိုရီးယားပြည်မှ သတင်းအားလုံးအဆက်အသွယ်အဖြတ်ခံခဲ့ရပြီး 1930 ခုနှစ်တွင် သူမ၏ အမေဇာပနအတွက် တိုင်းပြည်သို့ ခေတ္တပြန်ခွင့်ရခဲ့လေသည်။ သို့သော် အကြောင်းအမျိူးမျိုးကြောင့် ပြန်ခွင့်ကိုပိတ်ခဲ့ပြန်သည်။ 1930 တွင် သူမကို ဂျပန်အင်ပါယာမှ နယ်စား ဆိုတဲယုကီနှင့် လက်ထပ်ရန် ဖိအားပေးခံခဲ့ရသည်။ 1962ခုနှစ် ဇန်နဝါရီလ ၂၆ရက်နေ့တွင် မှ မင်းသမီး ဒုခ်ဟေးသည် ကိုရီးယားပြည်သို့ပြန်ခွင့်ရခဲ့သည်။
59👍2
Media is too big
VIEW IN TELEGRAM
The Last Princess (2016)
26😭9
Miss & Mrs cops (2018)

Weightlifting fairy ကားထဲက မင်းသမီးလေး ပါတဲ့ ကားသစ်လေးပါအလွန်တရာထူးချွန်တဲ့ စုံထောက်ပတ်ခ်မီယောင်းဟာ အိမ်ထောင်ကျ၊ကလေးရပြီးနောက်မှာ သူမ ချစ်ခင်နှစ်သက်ရတဲ့စုံထောက်အလုပ်ကိုစွန့်လွှတ်ခဲ့ရပြီး ပြည်သူ့တိုင်ကြားချက်များဌာနမှာပဲပြောင်းရွှေ့တာဝန် ထမ်းဆောင်နေခဲ့ရပါတယ်
သူ့ယောင်းမဖြစ်သူ ချွဲဂျီဟေးကလည်း ရဲဖြစ်ဖို့မွေးဖွားလာတယ်ထင်ရတဲ့ရဲမေတစ်ယောက်ပါပဲတစ်ရက်မှာတော့ ဂျီဟေးဟာ သံသယရှိသူတစ်ယောက်ကိုဖမ်းဆီးရာမှာ အလွန်အကျွံအားသုံးတယ်ဆိုတဲ့ ပြစ်မှုနဲ့ အရေးယူခံရပြီးမီယောင်းရှိရာ ဌာနကို ခေတ္တပြောင်းရွှေ့ခန့်ထားခံခဲ့ရပါတယ်ပုံမှန်ဆိုမတည့်လေ့ရှိတဲ့ သမီးယောင်းမနှစ်ယောက်ဟာမတော်တဆ မှုခင်းတစ်ခုထဲပါဝင်မိပြီး သူတို့မထင်ထားလောက်တဲ့အထိပြစ်မှုကကြီးမားနေတဲ့အခါမှာတော့..သာမန်ချိန်းခြောက်အကြပ်ကိုင်မှုလို့သာ ယူဆထားခဲ့တဲ့ အမှုခင်းလေးတစ်ခုဟာကွင်းဆက်ရာဇဝတ်မှုကြီးဖြစ်နေတဲ့အခါမှာတော့..သမီးယောင်းမနှစ်ယောက်ဘယ်လိုဖော်ထုတ်ကြမလဲဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာဟာသနှောပြီးကြည့်ရမှာပဲဖြစ်ပါတယ်
56👍2
Media is too big
VIEW IN TELEGRAM
Miss and Mrs cops (2018)
36🔥2🥰1
6/45 (2022) စ/ဆုံး Movie 🔥

ထီလက်မှတ် တစ်စောင်ကြောင့် ဖြစ်ပေါ်လာတဲ့တောင်နဲ့မြောက် ဆက်ဆံရေး🇰🇷🇰🇵

ဇာတ်လမ်းအညွှန်း 👇

တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအချစ်ဇာတ်လမ်းတွေပဲကြည့်နေရတာ ရိုးနေတဲ့သူတွေအတွက်
6/45 ကတော့ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြားက ဟာသကားလေးလို ပြောလိုရပါတယ် ပေါက်ရင် ဆုကြေးငွေ သန်းပေါင်း ၅၇၀၀ ကျော်ကို ရရှိနိုင်မယ့် ထီလက်မှတ်လေးတစ်စောင်ဟာ ကံစီမံရာကိုလိုက်ပြီးလမ်းဘေးအရက်ဆိုင်ကနေ တောင်ကိုရီးယားစစ်တပ်ထဲက တပ်ကြပ်ကြီး ဘတ်ချွန်းဝူရဲ့လက်ထဲအထိ ရောက်လာခဲ့ပါတယ်ဒီလိုနဲ့ ဘတ်ချွန်းဝူရဲ့လက်ထဲမှာ ဒီထီလက်မှတ်လေးဟာ သန်းပေါင်း ၅၇၀၀ အထိ ရရှိမယ့်ထီပထမဆုကြီးကို ဆွတ်ခူးလိုက်ပြီးတဲ့နောက် ကံစီမံရာအတိုင်း လေဟုန်စီးပြန်ပါလေရောတောင်မြောက်နယ်နိမိတ်စည်းမှာ ကင်းစောင့်နေတဲ့ တပ်ကြပ်ဘတ်ချွန်းဝူရဲ့လက်ထဲကနေ
လွတ်ထွက်လာတဲ့ ဒီထီလက်မှတ်လေးကတော့ မြောက်ကိုရီးယားဘက်ကို ရောက်ရှိသွားခဲ့တဲ့နောက်...
52🥰2
Media is too big
VIEW IN TELEGRAM
6/45 (2022) စ/ဆုံး 🔥
70🤣10
Miss Granny (2014) စ/ဆုံး 🔥

အဖွားအိုမယ်ဆွန်းဟာ တစ်ကိုယ်တည်း ရပ်တည်ပြီးသားဖြစ်သူကိုပြုစုပျိုးထောင်ခဲ့သူပါ..သူဟာငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့ပါတယ် ကံဆိုးချင်တော့သူ့ခင်ပွန်းဟာလဲ စစ်တိုက်ရင်းစစ်ပွဲကျကာအသက်ငယ်ငယ်နဲ့ မုဆိုးမဖြစ်သွားပါတော့တယ်…ကလေးတစ်ယောက်နဲ့ အားကိုးမယ့်သူမရှိငွေကြေးကလဲအဆင်မပြေမယ်ဆွန်းအတွက် ဘဝဟာခက်ခဲပင်ပန်းခဲ့ပါတယ်..သူ့ရဲ့ငယ်ရွယ်မှုတွေဝါသနာတွေကိုသားလေးအတွက်မြှုပ်နှံပေးဆပ်ခဲ့ပါတယ်..သားဖြစ်သူဟာပါမောက္ခတစ်ယောက်ဖြစ်ခဲ့ပြီးအိမ်ထောင်ကျကာသမီးတစ်ယောက် သားတစ်ယောက်ရခဲ့ပါတယ်..မယ်ဆွန်းဟာအဖွားကြီးတို့ထုံးစံအတိုင်းချွေးမဖြစ်သူကိုနေ့စဉ်ပွစိပွစိပြောတတ်ပါတယ်..ချွေးမဖြစ်သူဟာ ယောက္ခမပူညံသံကတစ်မျိုး ကျန်းမာရေးကတမျိုးနဲ့တစ်နေ့အိပ်ရာထဲလဲပါတော့တယ်..ယောက္ခမကြောင့်စိတ်ဖိစီးနေတဲ့ချွေးမဟာမယ်ဆွန်းအဖွားကြီးကိုမတွေ့ချင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်..ဒါကိုသိတဲ့အဖွားမယ်ဆွန်းဟာသူ့သားဖွင့်ပေးထားတဲ့ကဖေးဆိုင်မှာသာ သွားနေပါတော့တယ်…တစ်နေ့မယ်ဆွန်းဟာ ချုံချွန်းဓာတ်ပုံစတူဒီယိုဆိုပြီးဆိုင်တစ်ဆိုင်ကိုတွေ့ခဲ့ပြီး..ဓာတ်ပုံဆိုင်ကထွက်လာချိန်မှာတော့ သူဟာအသက်၂၀အရွယ် မိန်းမပျိုလေးအဖြစ်ပြောင်းလဲသွားပါတော့တယ်…ဒီနောက်ပိုင်းဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုခံစားကြပါဦး..
155👍14🥰2❤‍🔥1😁1
Media is too big
VIEW IN TELEGRAM
Miss Granny (2014) စ/ဆုံး 🔥
355👍60🥰5👎3🔥2
Saving My Hubby (2002) စ/ဆုံး

ကေဒရမ်မာပရိတ်သတ်ကြီးတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမဲ့ တစ်ခေတ်တစ်ခါက
ဟာသ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်အဖြစ်
မင်းသမီးကြီး Bae Doo-Naရဲ့ ငယ်ရွယ်စဥ်အခါက မသေးလှတဲ့သရုပ်ဆောင်စွမ်းရည်တွေကို တစ်ဝကြီးရူစားကြရမှာဖြစ်ပြီး ဟာသဇာတ်လမ်းတွဲကြိုက်သူများ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်နော်

‌တစ်ချိန်က နိုင်ငံကျော် ဘော်လီဘောအားကစားမယ် ဂျောင်ဂွန်ဆွန်းဟာ အခုအချိန်မှာတော့ အားကစားလောကမှ အနားယူပြီး ခင်ပွန်းနဲ့ သမီးလေးတစ်ယောက်ဖြင့် သာမာန်အိမ်ထောင်သည်ဘဝကိုဖြတ်သန်းနေပါတယ်။

ခင်ပွန်း ဟန်ဂျွန်းထယ်ရဲ့ ပထမဆုံးအလုပ်တက်ရက်မှာပဲ ယောက္ခမဖြစ်သူများက နယ်မှတက်လာမည်ဟုသတင်းရသောကြောင့် ပြင်ဆင်ရင်းမှ အလုပ်သွားတက်တဲ့ယောကျ်ားကို အကြွေးဖြင့် အသက်ခြိမ်း‌ခြောက်သည့်ဖုန်းဝင်လာပါတော့တယ်။
113👍6🍓3👎2👏2
Media is too big
VIEW IN TELEGRAM
Saving My Hubby (2002) WEB-DL 720p (CM)
80🥰8👏4
Penny Pinchers (2011) စ/ဆုံး Movie 🔥

ီတစ်ခေါက်မှာမိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ 2011 ခုနှစ်မှာထွက်ရှိခဲ့တဲ့ romantic comedy ဇာတ်ကားတစ်ကားဖြစ်တဲ့"Penny Pinchers" ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ မင်းသား Song Joong-ki နဲ့ မင်းသမီး Han Ye-seulတို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း
ဂျီအွန်း (Song Joong-ki) က တစ်ပတ်ပြီးတစ်ပတ် ဘဝကို ပေါ့ပေါ့ပါးပါး နေထိုင်နေတဲ့ တက္ကသိုလ်မှဘွဲ့ရခါစ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ အမြဲအမေ ပို့ပေးနေတဲ့ ပိုက်ဆံအပေါ်မှာပဲ ရပ်တည်နေတာဖြစ်ပြီးတော့ တစ်နေ့မှာ အမေဖြစ်သူဟာ ကိစ္စတစ်ခုကြောင့် ပိုက်ဆံထောက်ပံ့မှုကို ရပ်တန့်လိုက်ပါတော့တယ်။
သူရဲ့ အိမ်နီးချင်းဖြစ်သူ ဟုန်ရှီး(Han Ye-seul) ကတော့ ဂျီအွန်းနဲ့ပြောင်းပြန်ဖြစ်ပြီးတော့ တစ်နေ့တစ်နေ့ ဘယ်လိုပိုက်ဆံရမလဲဆိုတာရယ် ဘယ်လိုပိုက်ဆံစုရမလဲဆိုတာကိုပဲ တွေးနေတတ်တဲ့သူပါ။ သံအလွတ်ပစ္စည်းရောင်းတာကစပြီး ကူပွန်၊ ပရိုမိုးရှင်း တစ်ခုမလွတ် စုဆောင်းတာတွေကိုလုပ်တဲ့အထိ ပိုက်ဆံကို တစ်စမှ မသုံးတဲ့သူပဲဖြစ်ပါတယ်။တစ်နေ့ ဂျီအွန်းက ငွေလိုအပ်လာတဲ့အခါ ဟုန်ရှီးက သူ့ကို အလုပ်တွေလိုက်ကူလုပ်ပေးရင် ရလာတဲ့ငွေတွေထဲက တစ်စိတ် တစ်ပိုင်းကိုမျှဝေမယ်လို့ ကမ်းလှမ်းလာပါတော့တယ်။အဲဒီနောက်မှာ သူတို့က သံအလွတ် စုတာကစပြီး ဝင်‌ငွေရတဲ့အလုပ်မှန်သမျှကို လုပ်ပါတော့တယ်။အချိန်ကာလ တိုးလာတာနဲ့အမျှ ဂျီအွန်းက သူမရဲ့ ငွေစုစည်းမှုစည်းကမ်းကို တန်ဖိုးထားတတ်လာတဲ့အပြင် ဟုန်ရှီးကလည်း သူမရဲ့ ရင်တွင်းခံစားချက်တွေကိုရင်ဖွင့်လာပါတော့တယ်။ ဒါပေမဲ့ ဂျီအွန်းက သူမရဲ့ အရူးလို ငွေကြေးစုဆောင်းနေရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို သိသွားချိန်မှာတော့...ဟုန်ရှီးတစ်ယောက် ဘာလို့ အရူးတစ်ယောက်လို ပိုက်ဆံကို စုစည်းနေရတာလဲဂျီအွန်းနဲ့ ဟုန်ရှီးတစ်ယောက်ရော ပြန်အဆင်ပြေသွားပါ့မလား ဆိုတာကိုတော့ ဒီဇာတ်ကားလေးမှတဆင့် ဝင်ရောက်ကြည့်ရှု့ကြပါဦးနော်။
64
Media is too big
VIEW IN TELEGRAM
Penny Pinchers (2011) BluRay 720p
10
My Troublesome Star (2025) အပိုင်း(2) Ongoing🤍

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် ဘဝအမောတွေပြေပျောက်စေမဲ့ romantic,comedyကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်...

ဒီကားလေးထဲမှာတော့ ပရိသတ်ကြီးတို့ရဲ့ အချစ်ဦးဖြစ်တဲ့ ဂျွန်စော Song Seung Heon,မင်းသမီးကြီး Uhm Junghwa, When the star Gossip ထဲမှ Lee El နဲ့ Pyramidgameထဲမှ Jang Da A တို့ ပါဝင်ပါတယ် ..

Im Sera(Jang Da A)ဟာ နာမည်ကြီးကြယ်ပွင့်တစ်ဦးဖြစ်ပြီး တစ်နေ့မှာတော့ ကားမတော်တဆမှုနဲ့ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်...၂၅နှစ်အကြာမှာ Bong Cheong Ja (Uhm Junghwa)ဆိုတဲ့ သာမန် အမျိုးသမီးတစ်ဦးအနေနဲ့
ပြန်ပေါ်လာပြီး ၂၅နှစ်တာမှတ်ဉာဏ်ပျောက်ဆုံးနေခဲ့ပါတယ်...

Doggo Cheol (Song Seung Heon)ဟာ အကြမ်းဖက်မှုခင်းဌာနက  စုံထောက်တစ်ဦးဖြစ်ပြီးမထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြောင့် ယာဉ်ထိန်းရဲအဖြစ် ရာထူးအချခံလိုက်ရပေမဲ့ မူလဌာနကိုပြန်သွားနိုင်ဖို့ အမြဲကြိုးပမ်းနေသူပါ ..

နာမည်ကြီးကြယ်ပွင့်ဘဝကို ပြန်သွားချင်တဲ့ Bong Cheong Ja, အကြမ်းဖက်မှုခင်းဌာနစုံထောက်ပြန်ဖြစ်ချင်နေတဲ့  Doggo Cheolတို့ နှစ်ဦးပူးပေါင်းရဖို့ ဖြစ်လာတဲ့အခါ ..သူတို့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်မှာလားဆိုတာကို .. အတူတူ ရယ်မောရင်းခံစားကြည့်ရှုလိုက်ကြရအောင်နော် ..

ဇာတ်ကားကြည့်ရန် channel အရင် join ပါ👇
https://t.me/+vUuj23WA6as3Zjg1

ပြီးမှဇာတ်ကာလင့်ကိုနှိပ်ပါ👇
https://t.me/c/2879138340/37
76🔥6👏5🥰3
Aema: 애마 (2025) စ/ဆုံး 🔥


ပါးချိုင့်နတ်သမီး အလှမယ် Lee Hanee ရဲ့ Netflix comedy စီးရီးအသစ် ထွက်ရှိလိုလာပါပြီ။

1981 ခုနှစ် ဝန်းကျင်ကို နောက်ခံထားပြီး ကိုရီးယားရဲ့ ‌ရုပ်ရှင်ခေတ်သစ်တစ်ခုကို ဦးဆောင်သွားမဲ့ ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

Lee Hanee နဲ့အတူ အပြိုင်သရုပ်ဆောင်မဲ့ မင်းသမီးကတော့ ရုပ်ရှင်ပွဲဦးထွက်မင်းသမီး Bang Hyo Rin ပဲဖြစ်ပါတယ်။

1981 ဝန်းကျင် ကိုရီးယားဇာတ်လမ်းများက မင်းသား ဦးစားပေးဇာတ်လမ်းများ ဖြစ်ကြပြီး မင်းသမီးဆိုတာ co-star သဘောမျိုးသာ ဖြစ်ကြပါတယ်။ လူငယ်ဒါရိုက်တာဖြစ်တဲ့ ဂွက်အင်ဝူက သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကို စိတ်ကူးယဉ်အပြည့်နဲ့ ရိုက်ချင်သူ တစ်ယောက်ပါ။

ထိုခေတ်အခါ နာမည်ကြီး မင်းသမီးဖြစ်သူ ဂျောင်ဟီရန် (Lee Hanee) က မကြိုက်ရင် မကြိုက်ကြောင်း ချက်ချင်းပြောတတ်ကာ အားမနာတတ် ဒေါသကြီးတတ်သူ ဖြစ်တာမို ရုပ်ရှင်လောကမှာ နာမည်ကြီး‌‌တယ်။

ရုပ်ရှင်ထုတ်လုပ်သူ ဂူဂျွန်ဟိုက ဂျောင်ဟီရန်ကို သူရိုက်မဲ့ ဇာတ်ကားကနေ ဖယ်ထုတ်ချင်တာမို လူသစ်ရွေးပွဲပြုလုပ်ကာ ရဲတင်းထက်မြက်ကာ ပွင့်လင်းလွန်းသူ ရှင်းဂျိုအာကို ရွေးချယ်လိုက်တယ်။

ရှင်းဂျိုအာက လက်ရှိမှာ နိုက်ကလပ်တစ်ခုမှာ အကမယ် လုပ်နေတာပါ။ ဇက်ဇက်ကြဲ ရဲတင်းလှတဲ့ မင်းသမီး နှစ်ယောက်က လူသစ်ဒါရိုက်တာ ရိုက်မဲ့ "Madame Aema" မှာ ဘယ်သူက ဇာတ်လိုက်ဖြစ်မလဲ။ ဘယ်လို သရုပ်ဆောင်သွားကြမလဲ။

တောင်ကိုရီးယားရဲ့ ၁၉၈၀ ဝန်းကျင် ရုပ်ရှင်အသိုင်းအဝိုင်းကိုပါ သိရှိခံစားနိုင်မဲ့ ကားလေးမို ဒီတစ်ပတ်ပိတ်ရက်မှာ Gold Channel နဲ့အတူ အပမ်းဖြေ အနားယူနိုင်ဖို အခုပဲ သွားရောက်အားပေး ကြည့်ရှုလိုက်ပါစိုလား။


ဇာတ်ကားကြည့်ရန် channel အရင် join ပါ 👇
https://t.me/+ey3fO_rAL2ZhMTE1

ပြီးမှဇာတ်ကားလင့် ကိုနှိပ်ပါ👇
https://t.me/c/2840435181/28
57👏4🔥1
Twelve (2025) အပိုင်း(1) ရပါပြီ 🔥

ပရိသတ်ကြီးတို့ကို အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ လူတိုင်းမျှော်နေကြတဲ့အပြင် နာမည်ကြီး မင်းသားမင်းသမီးတွေ ပါဝင်ထားတဲ့ Action, Fantasyအမျိုးအစားလေး Twevle ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ် ..

ဇာတ်လမ်းအကျဉ်း

လွန်ခဲ့သော အချိန်ကာလများစွာက ရာသီခွင်နတ်ဘုရား ၁၂ ပါးဟာ လူသားမျိုးနွယ်ကိုကာကွယ်ဖို့အတွက် မကောင်းတဲ့နတ်ဆိုးဝိညာဉ်တွေကို တိုက်ထုတ်ခဲ့ပြီး စေတေးခံခဲ့တာကြောင့်နတ်ဆိုးအားအင်တွေဟာ ငရဲတံခါးဝမှာ ပိတ်လှောင်ထိန်းသိမ်းခံခဲ့ရပြီး လူသားမျိုးနွယ်တွေဟာလည်းငြိမ်းချမ်းမှုကို ပြန်လည်ရရှိခဲ့ပါတယ်...တစ်နေ့မှာ နတ်ဆိုးအင်အားတွေ ပြန်လည်နိုးထလာကာ လူ့လောကထဲ ပြန်ရောက်လာတဲ့အခါမှာတော့ ..ရာသီခွင်အကောင် ကျားကို ကိုယ်စားပြုတဲ့ နတ်ဘုရား ထယ်ဆန်း (Ma Dong Seok) ဦးဆောင်တဲ့နတ်ဘုရား ၁၂ ပါးဟာ ..အိုဂွီ (Park Hyung Sik)အပါအဝင် နတ်ဆိုးအုပ်စုတွေကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲဆိုတာကိုတော့ Action, Fantasy အမျိုးအစားလေးဖြစ်တဲ့ Twelve ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ စိတ်လှုပ်ရှားစွာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် .. ။

ဇာတ်ကားကြည့်ရန် channel အရင် join ပါ👇
https://t.me/+OfNBaQnVt80yOWE1

ပြီးမှ ဇာတ်ကားလင့်ကိုနှိပ်ပါ👇
https://t.me/c/2812874706/7
22👍5👎2👏2🔥1🥰1