Fossil News
4.57K subscribers
3.62K photos
176 videos
282 links
ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းများ တင်ဆက်ပေးလျက်ရှိပါသည်။
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်က အမြောက်ပစ်ခတ် လေ့ကျင့်မှုများ စတင်ပြုလုပ်

ထိုင်ဝမ်စစ်တပ်က အမြောက်ပစ်ခတ် လေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့သော်လည်း ပေကျင်း၏ စစ်ရေးအရတိုးမြှင့်လုပ်ဆောင်နေမှုများကို တုံပြန်ခြင်း မဟုတ်ကြောင်း ထိုင်ဝမ်စစ်ဘက်အရာရှိများကဆိုပါတယ်။ (AFP)

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲဝင် ရာနှင့်ချီ တပ်စွဲထားပြီး ဟေးဝစ်ဇာ အစင်း ၄၀ ပါဝင်ကြောင်း သိရသည်။ အစီရင်ခံစာများတွင် တရုတ်ကျူးကျော်မှုကို ခုခံကာကွယ်ရန်အတွက်ဟု ဖော်ပြခဲ့ကြောင်း သိရသည်။
ရုရှား ဓာတ်ငွေ့ထောက်ပံ့မှုနည်းပါးလာခြင်းကြောင့် ဂျာမန်၌ စွမ်းအင်ဈေးနှုန်းများ မြင့်တက်

ဉရောပသည် လာမည့် ဆောင်းရာသီစွမ်းအင်အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဂျာမန်အနေဖြင့် ရုရှားက ဓာတ်ငွေ့ ပေးပိုမှုနည်းပါးလာသဖြင့် စွမ်းအင်ဈေးနှုန်းများ ၅ နှစ်အတွင်း စံချိန်တင်ရောက်ရှိလာပါတယ်။

အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်နှင့် ဆွစ်ဇာလန် နျူကလီးယားစက်ရုံနှစ်ခု ပိတ်ပစ်ခဲ့ရပြီး အချိုကို မူလထုတ်လုပ်မှုစွမ်းအင်ရဲ့ တစ်ဝက်ခန့်သာထုတ်လုပ်နိုင်ပါတယ်။

ဂျာမန်ကျောက်မီးသွေးကုမ္ပဏီကြီး Uniper သည်ပင် လွန်ခဲ့သည့်လက အစိုးရဆီက ဒေါ်လာ ၁၅ ဘီလီယံ ထောက်ပံ့မှုရယူခဲ့ရပြီး စွမ်းအင်ပြဿနာများကို မီးမှောင်းထိုးပြနေပါတယ်။

ဂျာမန်အဓိပတိ Olaf Scholz က ရုရှားကပေးပိုနေသော Nord Stream 2 မှ ဓာတ်ငွေ့များ မူလအတိုင်း ပြန်လည်ရရှိနိုင်မည့်အချိန်ကို အတည်ပြုနိုင်ဖို ငြင်းဆိုထားပြီး နိုင်ငံသည် ခက်ခဲသောလများနှင့် ရင်ဆိုင်နေရကြောင်း သတိပေးထားသည်။
ဂျပန်မှာ မကြုံစဖူး နေ့အပူချိန် ၄၀' စင်တီဂရိတ်နဲ့ ရင်ဆိုင်နေကြရတယ်လို ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါကို အဆင့်နှိမ့်ကာ တုပ်ကွေးနဲ့တန်းတူအဖြစ် သတ်မှတ်လိုက်ပါတယ်။

အရင်က အန္တရာယ်များတဲ့ရောဂါအဖြစ် ကျောက်ရောဂါ နဲ့တန်းတူထားရာကနေ ခုတော့ တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးအဆင့်သို လျော့ချလိုက်တာပါ။
This media is not supported in your browser
VIEW IN TELEGRAM
လေတိုက်ထဲမှာ ကုတ်အင်္ကျီဝတ်ဖို အခက်တွေ့နေတဲ့ အမေရိကန် သမ္မတ။
ချီလီနိုင်ငံက ကြေးနီသတ္ထုတွင်းအနီး ထူးဆန်းတဲ့တွင်းပေါက်ကြီး ရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်လိုဆိုပါတယ်။

အချင်း ၃၈ မီတာ ရှိနေပြီး တပါတ်အတွင်း ၂ဆ ကြီးလာပါတယ်။ သတ္ထုတူးဖော်တဲ့ကုမ္ပဏီကို ဆက်လက်လုပ်ပိုင်ခွင့် လိုင်စင်ရပ်ကာ အရေးယူထားလိုက်ရပါပြီ။ ဓာတုပစ္စည်းတွေ အလွန်အကျွံ သုံးစွဲခြင်းရဲ့ အကျိုးဆက်လား စစ်ဆေးနေပါတယ်။
ယနေ့မှာတော့ စက်သုံးဆီဈေးအတက်/အကျ မရှိဘဲ ငြိမ်နေပါတယ်။

ကမ္ဘာရေနံစိမ်းဈေးကွက်မှာတော့ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် အနည်းငယ်ကျဆင်းနေပါတယ်။
ဆယ်ဇင်းကျေးရွာ အောက်ချိုင့် စျေးတန်းရပ်ကွက်ကို KIA နှင့် PDF တို မီးရှိခဲ့ဟု ဒေသခံများဆို

10 August- Ma Naw Myay (မနောမြေ)

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒသကြီး နယ်စပ်ကျေးရွာတစ်ရွာဖြစ်တဲ့ ဆယ်ဇင်းကျေးရွာ စျေးတန်းရပ်ကွက်ကို KIA နှင့် PDF ပူးပေါင်းတပ်တို မီးရှိခဲ့တယ်လို ဒေသခံအချိုကဆိုပါတယ်။

"မြင်တဲ့လူက သူ့အိမ်ဘေးမှာဆိုတော့ သူကစိုးရိမ်လိုသွားကြည့်တာကို မင်းနဲ့မဆိုင်ဘူး ဘာညာပေါ့လေ ။ ငြိမ်းမလိုပေါ့ဗျာ။ အဲ့ဒါ မငြိမ်းနဲ့ဘာညာ အဲ့ဒီလို။ PDF ရှိတာကို သူမြင်တယ် ။ ”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးကဆိုသည်။

သြဂုတ်လ ၇ ရက်နေ့မှစ ဩဂုတ်လ ၁၀ ရက်နေ့အထိ မီးလောင်နေစဉ်ကာလအတွင်း ဆယ်ဇင်းကျေးရွာ အတွင်းမှာ KIA နှင့် KPDF တို ရှိနေပြီး တပ်မတော် စစ်ကြောင်းများက ရွာပြင်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်များကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးကဆိုပါတယ်။

ရှမ်းနီတပ်များက ကျေးရွာကို မီးရှိခဲ့ခြင်းဖြစ်ကြောင်း မီဒီယာအချိုရေးသားချက်များအပေါ် ရှမ်းနီအမျိုးသားများတပ်မတော် SNA က တာဝန်ရှိသူတစ်ဦးက ငြင်းဆိုပါတယ် ။

"ဆယ်ဇင်းကျေးရွာဆိုတာ ဘိုးစဉ်ဘောင်ဆက် ရှမ်းနီတွေနေလာခဲ့တဲ့ရွာဖြစ်တယ်။ ရှမ်းနီလူမျိုးတွေ အများဆုံးရှိတဲ့ရွာဖြစ်တယ်။ ကျတော်တိုရှမ်းနီအမျိုးသားများတပ်မတော်အနေနဲ့ ကိုယ့်လူမျိုးကို ဒီလိုလုပ်တယ်ဆိုတာ အဓိပ္ပာယ် မရှိပါဘူး။ သူတိုက ပြောင်းပြန်ပြန်ပြောနေတာဖြစ်ပါတယ်။” ဟု SNA က တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

ဆယ်ဇင်းကျေးရွာ တစ်ရွာလုံး လောင်ကျွမ်းခြင်းမဟုတ်ပဲ အောက်ချိုင့် စျေးတန်းရပ်ကွက်နှင့် သင်္ချိန်းကုန်း ရပ်ကွက်နေအိမ်အချို လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စျေးတန်းရပ်ကွက်မီးလောင်မှုမှာ သြဂုတ်လ (၁၀)ရက် နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

တိုက်ပွဲ မဖြစ်မီက ဆယ်ဇင်းကျေးရွာ ဖိုးရောင်းကုန်းနှင့် ဆယ်ဇင်းနှင့် ရွှေပြည်မြင့်ကျေးရွာကြား ကြိုးတံတားနားတိုတွင် KIA နှင့် PDF တို တပ်စွဲထားပြီး တပ်မတော်စစ်ကြောင်းများက ရွှေပြည်မြင့်ကျေးရွာ ဘက်ခြမ်းတွင်ရှိနေခဲ့ကြောင်းလည်း သိရပါတယ် ။

တိုက်ပွဲမှာ သြဂုတ်လ ၉ ရက်နေ့မှ ဩဂုတ်လ (၁၀) ရက်နေ့ နံနက်ပိုင်း အထိပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ် ။

အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း ကနဦးသိရှိရပြီး အသေးစိတ်ကိုမှု ဆက်လက်စံစမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဆယ်ဇင်းကျေးရွာကို တပ်မတော်က ပြန်လည်ထိန်းချုပ်ထားပေမယ့် KIA နှင့် KPDF တပ်တို ပတ်ဝန်းကျင်တစ်လျောက်တွင် ရှိနေသေးသဖြင့် တိုက်ပွဲဆက်လက် ပြင်းထန်လာနိူင်ကြောင်းလည်း သိရသည်။

https://t.me/manawmyay007
ဒေါ်လာဈေးနှုန်းကို ဗဟိုဘဏ်က သတ်မှတ်သည့် ရည်ညွှန်းငွေလဲနှုန်းအပေါ် +_၀.၃ ရာခိုင်နှုန်းသာခွာပြီး အရောင်းအဝယ်ပြု လုပ်ရန် ဗဟိုဘဏ်ညွှန်ကြား။

ညွှန်ကြားသတ်မှတ်ချက်ထက် ကျော်လွှန်ကာ ဈေးနှုန်းမြှင့်တင် ရောင်းဝယ်ခြင်း ပြုလုပ်ပါက နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု စည်းမျဉ်းတို့အရ အရေးယူဆောင်ရွက်သွားမည် ။
ဗန်းမော်စုပေါင်းရုံးအပါအဝင် ၃နေရာ ဗုံးခွဲတိုက်ခိုက်ခံရ။

ယနေ့ ၁၁ နာရီဝန်းကျင် ဗန်းမော်မြိုနယ် စုပေါင်းရုံးရှေ့၌ မိုင်းနှစ်လုံးပေါက်ကွဲ၊

အင်းဝဘဏ် လုံခြုံရေးကင်းတဲ၌ မိုင်းတစ်လုံးပေါက်ကွဲ၊

ရဲဝန်ထမ်းအိမ်ရာအား ပစ်ခတ်ခဲ့မှုဖြစ်ပေါ်ခဲ့။

စုပေါင်းရုံး မိုင်းနှစ်လုံးပေါက်ကွဲမှု၌ မြေစာရင်းဌာနမှ ဝန်ထမ်းတစ်ဦး မိုင်းစ ထိမှန်- မစိုးရိမ်ရ

အဆိုပါ ၃ နေရာလုံးကို Urban Revolutionary Force- Bhamo လုပ်ဆောင်တာဖြစ်တယ်လို့ ကြေညာ။
တရုတ်တပ်မတော်က ထိုင်ဝမ်ကျွန်းအနီးပတ်ပတ်လည်၌ စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်နေခြင်းသည်-

အမေရိကန်ကို သတိပေးတာဖြစ်ပြီး ခွဲထွက်ရေးသမားများကိုသင်ခန်းစာပေးခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူပြောကြား။
ရုရှားနိုင်ငံအပေါ် အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် တရုတ်နဲ့ ပိုမိုနီးစပ်သွားပြီး ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၂၉ ရာခိုင်နှုန်းမြင့်တက်လာ။
မိုင်းဖုန်းဆရာတော်ကြီး အားနည်းကာ ကျန်းမာရေးမကောင်းဖြစ်နေ၍ ထိုင်းနိုင်ငံတွင်ဆေးကုသမှုခံယူနေရ။
This media is not supported in your browser
VIEW IN TELEGRAM
ကိုင်ရိုမှာပြုလုပ်တဲ့ အာရပ်-အာဖရိက ကွန်ဖရင့်၌မိန့်ခွန်းပြောနေတဲ့ ဆော်ဒီသံအမတ် ထူးဆန်းစွာ လဲကျသေဆုံးသွား။
ဗန်းမော် စုပေါင်းရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ Urban Revolutionary Force- Bhamo မှ PDF ၄ဦး အား လုံခြုံရေးတပ်ဖွဲဝင်များမှ ဖမ်းဆီးရမိခဲ့ပါသည်။
ယနေ့ စက်သုံးဆီဈေး။
ဝါရာဇွပ်ပြည်သူ့စစ်ခန်းနှင့် ခလရ (၂၉၇) အား KIA ရင်း ၁၄ နှင့် PDF ပူးပေါင်းအင်အား ၂၀၀ ခန့်မှ လာရောက်တိုက်ခိုက်

11 August- Ma Naw Myay (မနောမြေ)

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲစခန်းအား
KIA ရင်း ၁၄ နှင့်PDF ပူးပေါင်းအဖွဲများမှ ၀၃:၁၅ အချိန်ခန့် လာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ရှဒူဇွပ်ကျေးရွာအခြေစိုက် ခလရ (၂၉၇ )ခြေလျင်တပ်မှလက်နက်ကြီးပစ်ကူများရယူကာ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲများမှ ပြန်လည်တိုက်ခိုက်မှုကြောင့် KIA အဖွဲများအထိနာကာပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို ဆိုပါတယ်။

ဆုတ်ခွာသွားတဲ့ KIA-PDF ပူးပေါင်းအဖွဲသည် တစ်မိုင်လောက်အကွာမှာရှိတဲ့ ခလရ (၂၉၇) အားလည်း ထပ်မံတိုက်ခိုက်ခဲ့တယ်လိုသိရပါတယ်။

KIA အဖွဲထံမှ ဒုအရာခံဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးသွားတယ်လို အတည်ပြုနိုင်ပြီးတော့ လက်နက်ကြီးပစ်ကူများကြောင့် KIA-PDF အဖွဲမှ အထိခိုက်အကျဆုံးများနိုင်ပြီး ကျဆုံးသွားတဲ့ ရုပ်အလောင်းတွေကို ယူဆောင်သွားတယ်လို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဓာတ်ပုံ- ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲဝင်များ
မနက်က တိုက်ပွဲအပြီးမှာ အလောင်းထမ်းပြီး ပြန်နေတဲ့ KIA များကို Drone ဖြင့် မှတ်တမ်းတင်ထားပုံ။
NUG ၏ DRAGONFLY PROJECT ဆိုတာ တကယ်ရှိရဲ့လားလို မေးခွန်ထုတ်စရာဖြစ်လာစေတဲ့ အောက်ခြေက PDF တွေရဲ့အသံ။
စစ်ကိုင်းမြိုနယ်၊ ချိုင်းကြီးကျေးရွာ မှာနေထိုင်တဲ့ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦးအား PDF တွေသတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်ကိုပါ မီးရှိ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
သီရိလင်္ကာသမ္မတဟောင်း ထိုင်းကိုဝင်ခွင့်ရဖို မေတ္တာရပ်ခံ

စင်ကာပူမှာ ဆက်နေဖို ဗီဇာမရတော့တာကြောင့် ထိုင်းဖက်ကို ထပ်ကူးဖိုပြင်ဆင်လာပုံရပါတယ်။

စင်ကာပူခဏနားပြီး ဒူဘိုင်းခရီးဆက်မယ်လို သတင်းတွေထွက်ခဲ့ပေမဲ့ အာရပ်တိုင်းပြည်တွေကလည်း လက်မခံတော့လို ထိုင်းဖက်လှည့်လာတာလို ထင်ပါတယ်။