တပ်ကြပ်ကြီးဖိုးကွန်း
21.8K subscribers
10.8K photos
1.1K videos
723 links
Download Telegram
"စစ်ကောင်စီတပ်ရဲ့အင်အားနဲ့စွမ်းရည်ကတော့ နှစ်ခုစလုံးချည့်နဲ့နေပြီလို့ ကျွန်တော်တို့ ဒီလိုပဲ မြင်တယ်"

"ရန်သူရဲ့အင်အားကိုချည့်နဲ့အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့နည်းပေါင်းစုံကျွန်တော်တို့ကြိုးစားရမှာ ဖြစ်ပါတယ်"

RFAအင်တာဗျူးမှာ ကချင်လွတ်မြောက်ရေးကောင်စီ(KIC) ဒုဥက္ကဌ၁ဗိုလ်ချုပ်ဂွမ်မော်ပြောကြားချက်ဖြစ်ပါတယ်။

အင်အားချည့်နဲ့နေပြီပြောလိုက်၊အင်အားချည့်နဲ့အောင် နည်းပေါင်းစုံလုပ်ရမယ်ပြောလိုက်၊လေယာဥ်ပစ်လက်နက် လိုအပ်တယ်၊ဒါပေမယ့် ဒါကိုမျှော်နေလို့မရဘဲတခြားနည်းနဲ့လုပ်ရမယ်ပြောလိုက်၊တပ်မတော်က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာရင် ပြင်းပြင်းထန်ထန်ခုခံကာကွယ်မယ်ပြောလိုက်နဲ့ ချည့်နဲ့နေပြီ ဆိုတဲ့တပ်မတော် ရဲ့ထိုးစစ်ကိုခုခံကာကွယ်ဖို့ သာပြောကြားသွားတာ တွေ့ရပါတယ်။(အနမ့်ပါဗုံးကြဲတိုက်ခိုက်ခံရတဲ့ကိစ္စကို ဘယ်လိုဆောင် ရွက်ဖို့ ရှိပါသလဲဆိုတဲ့မေးခွန်းကိုတော့ ဘာလုပ်မယ်ဆိုတာဖြေကြားသွားတာ မရှိပါဘူး)

တပ်မတော်အင်အားချည့်နဲ့နေပြီဆိုတဲ့စကားကလွတ်လပ်ရေးရပြီး(၃) လမပြည့်မီတောခိုသွားခဲ့တဲ့ ဗကပ အပါအဝင် EAO အဆက် ဆက် လက်သုံးစကားဖြစ်ခဲ့ပြီး အခုလွတ်လပ်ရေးစိန်ရတု နှစ်ရောက်ခါနီးအထိလည်း အင်အားချည့်နဲ့နေပြီဆိုတဲ့စကားကို ကြက်တူရွေး ရွတ်သလို ရွတ်နေကြဆဲ ဖြစ်ပါတယ်။

တပ်မတော်အင်အားချည့်နဲ့နေပြီ ဆိုတဲ့စကားကို မနေ့တစ်နေ့ကမှ လက် နက်ကိုင်တော်လှန်ရေးလုပ်တဲ့ NUG ကလည်း အနှစ်၇၀ ကျော် တော်လှန်ရေးလုပ်နေတဲ့ EAO တွေလို လိုက်ပြောနေပြီး တစ်နှစ်အတွင်း စစ်အနိုင်တိုက်မယ်လို့ ကြုံးဝါး ခဲ့တဲ့နောက် BBC,VOAဦးဆောင်တဲ့ပြည်ဖျက်မီဒီယာများနေ့စဥ်ကြေညာချက်မှာတော့PDFက ဘယ်တပ်စခန်းကိုသိမ်းလိုက်ပြီလို့ တစ်ခါမှ မကြားရသေးဘဲ
တပ်မတော်ကထိုးစစ်ဆင်လို့ PDF တွေ ထွက်ပြေးတိမ်းရှောင်နေရတာပဲ ကြားနေရပါတယ်။

အခု KIAဗိုလ်ချုပ်ဂွမ်မော်ပြောတဲ့ တပ်မတော်အင်အားချည့်နဲ့နေပြီ ဆိုတဲ့စကားကလည်း အနှစ်၇၀ ကျော် လက်သုံးစကား အတိုင်းဖြစ်ပြီး အင်အားချည့်နဲ့နေပြီဆိုတဲ့တပ်မတော်ကိုဘယ်လိုထိုးစစ်ဆင်မယ်လို့ မခြိမ်းခြောက်နိုင်ဘဲ
တပ်မတော်ကထိုးစစ်အပြင်းအထန်ပြုလုပ်လာရင် အပြင်းအထန်ပြန်ခုခံမယ်လို့သာ ခံစစ်စကားပြောနေရတဲ့ အနေအထားဖြစ်နေပါတယ်။

#SitNyein
၈၈အာဏာသိမ်းနဝတအစိုးရတက်လာချိန် ဒေါ်လာ၈သန်းနဲ့နှစ်ပတ်လောက်ပဲခံမယ့်အစိုးရဆိုပြီး အမေရိကန်အနောက်အုပ်စုက စီးပွားရေးပိတ်ဆို့မှုတွေလုပ်လိုက်တာနဝတ/နယကအစိုးရ အနှစ်နှစ်ဆယ်ကျော် အုပ်ချုပ်သွားပြီးအစိုးရသစ်ထံ တည်တည်ငြိမ်ငြိမ် လွှဲပြောင်းပေးခဲ့ပါတယ်။

စီးပွားရေးပိတ်ဆို့မှုကြောင့်အစိုးရပြုတ်မကျဘဲ တိုင်းပြည်နဲ့လူထုသာနစ်နာရပါတယ်။အထည်ချုပ်လုပ်ငန်းတွေ ရပ်တန့်ကုန်တော့ စက်ရုံအလုပ်သမများစွာ အလုပ်လက်မဲ့ဖြစ်ရပြီး ဘဝပျက်သူပျက်ကုန်ကြပေမယ့် အစိုးရဘဝမပျက်ပါ။

အမေရိကန်အနောက်အုပ်စုကစီးပွားရေး ပိတ်ဆို့ရေးတွေလုပ်တာ အစိုးရထက် ပြည်သူလူထုသာထိခိုက်မှုပိုကြီးမားတယ်ဆိုတာ အလွယ်တကူသိနိုင်တဲ့ကိစ္စဖြစ်ပါလျက်နဲ့ NUGကိုယ်တိုင်က အစိုးရဝင်ငွေရတဲ့လုပ်ငန်းတွေပိတ်ဆို့ရေးတောင်းဆိုနေတာဟာ တိုင်းပြည်နဲ့လူထုကို ဒုက္ခပေးတာဖြစ်ပါတယ်။

အစိုးရဝင်ငွေနည်းရင် ပညာရေးကျန်းမာရေးလမ်းပန်း ဆက်သွယ်ရေးကဏ္ဍတွေ သုံးစွဲမှုနည်းပြီး ပြည်သူ လူထုသာ ထိခိုက်နစ်နာရမှာဖြစ်ပါတယ်။ရထားလမ်းကားလမ်းတံတားတွေဖျက်ဆီးတာ အများပြည်သူသွားလာရေးခက်ခဲပြီးကုန်စည်စီးဆင်းရေးအခက်အခဲကြောင့်ကုန်စျေးနှုံးကြီးမြင့်မှုကို ပြည်သူလူထုသာ ခံကြရတာ ဖြစ်ပါတယ်။မော်လမြိုင်ရန်ကုန်ရထားလမ်းမိုင်းခွဲတော့ အစိုးရအကြီးအကဲတွေကလေယာဥ်နဲ့သာသွားလို့ အသွားအလာမပျက်ဘဲအများပြည်သူတွေသာ ဒုက္ခရောက်ကြရတာဖြစ်ပါတယ်။

စာသင်ကျောင်းတွေဆေးရုံတွေဟာ အစိုးရအဆက်ဆက်ဘယ်အစိုးရမှ အိတ်ထဲကစိုက် ဆောက်ခဲ့ကြတာမဟုတ်ဘဲ ပြည်သူ့ဘဏ္ဍာနဲ့ဆောက်ခဲ့ကြတာဖြစ်လို့ မီးရှို့ဖျက်ဆီးတော့ ပြည်သူလူထုဆေးကုသရေး၊ပညာသင်ကြားရေးသာအခက်အခဲဖြစ် ကြရပြီး ပြည်သူ့ဘဏ္ဍာငွေတွေသာအကုန်ခံပြန်တည်ဆောက်ကြရတာ ဖြစ်ပါတယ်။

လမ်းတံတား ဆေးရုံစာသင်ကျောင်းဌာနဆိုင်ရာအဆောက်အဦးဆိုတာတွေဟာ အစိုးရပိုင်မဟုတ်ဘဲ နိုင်ငံတော်ပိုင်ပစ္စည်းတွေ ဖြစ်ပြီး တည်ဆဲအစိုးရတစ်ရပ်ဆင်းသွားပြီးနောက်တက်လာတဲ့အစိုးရသစ် ဆက်အသုံးပြုကြရတာ ဖြစ်ပါတယ်။

ဌာနဆိုင်ရာဝန်ထမ်းတွေဟာလည်း အစိုးရတစ်ရပ် အပြောင်းအလဲဖြစ်တိုင်းဝန်ထမ်းတွေလိုက်ထွက်သွားမဟုတ်ဘဲ ဘယ်အစိုးရတက်တက် မိမိဌာနဆိုင်ရာလုပ်ငန်းတွေကို တက်လာတဲ့အစိုးရရဲ့မူဝါဒအတိုင်အ ကောင် အထည်ဖော် လုပ်ကိုင်ကြရတာဖြစ်လို့ ဝန်ထမ်းတွေ CDM လုပ်ကြဆိုတာအများ ပြည်သူ ဒုက္ခရောက်အောင်လုပ်တာဖြစ်ပါတယ်။

ဆေးရုံမှာဆရာဝန်မရှိရင်စာသင်ကျောင်းမှာ ဆရာဆရာမ မရှိရင် အစိုးရပြုတ်ကျမှာမဟုတ်ဘဲ ပြည်သူလူထုသာ ဆေးမကုရ စာမသင်ရ ဒုက္ခရောက်ကြရမှာ ဖြစ်ပါတယ်။

၂နှစ်တာကြာမြင့်လာပြီဖြစ်တဲ့ NUGရဲ့ဒီမိုကရေစီတော်လှန်ရေးဟာ အစိုးရပြုတ်ကျရေးလား တိုင်းပြည်လူထု ဒုက္ခရောက်ရေးလားဆိုတာထင်ရှားလာပြီဖြစ်လို့ ဒီမိုကရေစီအမည်ခံပြည်ဖျက်ရန်သူများအဖြစ်ရုပ်လုံးပေါ်လာပြီဖြစ်ပါတယ်။

#SitNyein