တပ်ကြပ်ကြီးဖိုးကွန်း
22.1K subscribers
10.6K photos
1.07K videos
706 links
Download Telegram
Forwarded from Watching You
ထိုင်ဝမ်သီးခြားတည်ရှိရေး စွဲစွဲမြဲမြဲ လုပ်ဆောင်သူများကို ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူရေး အကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြား
-----------------------------------
သြဂုတ်လ ၃ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူသည် ထိုင်ဝမ်သီးခြားတည်ရှိရေး စွဲစွဲမြဲမြဲ လုပ်ဆောင်သူများကို ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူရေး အကြောင်းကို ပြောကြားခဲ့ပါသည်။
အနည်းစုသော ထိုင်ဝမ်သီးခြားတည်ရှိရေးကို စွဲစွဲမြဲမြဲ လုပ်ဆောင်သူများသည် ထိုင်ဝမ်သီးခြားတည်ရှိရေး သွေးခွဲရေးလှုပ်ရှားမှုများကို အရမ်းကာရော လုပ်ဆောင်နေပြီး နိုင်ငံခြားမှ တရုတ်ဆန့်ကျင်ရေးအင်အားစုများ၏ လက်ပါးစေအဖြစ် လုပ်ဆောင်၍၊ “တရုတ်ပြည် နှစ်ပြည်”၊ “တရုတ်ပြည် တစ်ပြည် ထိုင်ဝမ် တစ်ခု”၊ ”ထိုင်ဝမ် သီးခြားတည်ရှိရေး”တို့ကို ပြုလုပ် နေခဲ့ကြောင်း၊ ၎င်းတို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို ပြောင်ပြောင်တင်းတင်း ရန်စပြီး နိုင်ငံတော် ဥပဒေကို ပြောင်ပြောင်တင်းတင်း ရန်စကာ ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်အေးချမ်းမှုကို ပြင်းထန်စွာ ထိခိုက်၍ ရေလက်ကြား နှစ်ဖက်ကမ်းမှ မွေးချင်းပေါက်ဖေါ်များ၏ ဘုံအကျိုးစီးပွားနှင့် တရုတ်အမျိုးသား၏ အရင်းခံအကျိုးစီးပွားများကို ပြင်းထန်စွာ ထိခိုက်သဖြင့် ဥပဒေနှင့်အညီ ပြင်းထန်စွာ အပြစ်ပေး အရေးယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နှင့်

ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗရောဗ့် မြန်မာနိုင်ငံ နေပြည်တော်တွင်တွေ့ဆုံ...

👏👏👏
Forwarded from KO CHIT (MDY) (Chit KO KO MDY)
အောင်မြေသာစံမြို့နယ်၊ မင်း တဲအီကင်းရပ်ကွက်၊ ၁၉လမ်း၊ ၈၉×၉၀လမ်းကြားရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့လုံ ခြုံရေးရေးအဖွဲ့ လက်နက်တပ် ဆင်အပ်နှင်းခြင်း အခမ်းအနာ းကျင်းပပြုလုပ်ခဲ့
Forwarded from Fossil News
နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် မြန်မာနိုင်ငံ၏သဘောထားအမြင်ကို နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်။
.
#ထိုင်ဝမ် (သို့) #ခပ်ပြင်းပြင်းစစ်ဆင်ရန်
မလိုတဲ့ ကျွန်းနိုင်ငံလေး၊

🌺 #ထိုင်ဝမ်ဆိုတာ

မြေပဲနိုင်ငံလေးလို့ အသိများတယ်
ကျွန်နိုင်ငံလေးသဏ္ဏန်က မြေပဲနဲ့တူလို့ပါ၊

တရုတ်ပြည်မတော်လှန်ရေးမှာ
မော်စီတုံးကအနိုင်ရလိုက်ပြီး၊ အစိုးရဖြစ်တဲ့
ကူမင်တန်တွေထွက်ပြေး....
မြန်မာမှာ ခေတ္တခိုတယ်၊
မြန်မာ့တပ်မတော်က တိုက်ထုတ်တာရော
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကြောင့်ရောနဲ့
ပေါင်းဆုံပြီး၊ ထိုင်ဝမ်ကိုရောက်သွားကြတာ၊
လက်ရှိ ဘေဂျင်းအစိုးရ ကို တရုတ်နီ
( မော်စီတုံးမှဆင်းသက်) လို့ခေါ်ပြီး
ကူမင်တန်တွေကို တရုတ်ဖြူလို့
ခေါ်လေ့ရှိတယ်၊

ရန်ကုန်မှာရှိတဲ့ တရုတ်တန်းဟာ
အဲ့ဒီကာလ တရုတ်ဖြူလက်ကျန်တွေနဲ့
တည်ထောင်ခဲ့ပြီး၊ မန္တလေး၊ ရန်ကုန်စသဖြင့်
နောက်ပိုင်းဝင်ရောက်လာသူတွေက
တရုတ်နီ ( ဘေဂျင်းကိုထောက်ခံသူ) တွေ
ဖြစ်ကြပါတယ်၊

ကျောင်းတော်က ရန်စကြောင့်
ထိုင်ဝမ်နဲ့ ဘေဂျင်းဟာ သဟဇာတ
မဖြစ်ခဲ့ပါ၊
တရုတ်ရဲ့ ရှည်လျားတဲ့အနာဂါတ်ကို
ကြိုမြင်တဲ့ အမေရိကန်ဟာ
The enemy of the enemy is my friend
ဆိုတဲ့ဗျူဟာနဲ့ ထိုင်ဝမ်ကို မွေးစားလိုက်တယ်၊
ထိုင်ဝမ် တဟုန်ထိုး တိုးတက်လာတာ
အမေရိကန် မျှဝေလိုက်တဲ့ နည်းပညာကြောင့်ပါ၊
ဒါပေမဲ့ ( နီ-ဖြူ ) ဘယ်လိုကွဲကွဲ
တရုတ်ဟာ တရုတ်ပဲဖြစ်လို့
ဘေဂျင်းအနေနဲ့ အောင့်သက်သက်နဲ့
One China Policy ဆိုပြီး စိတ်ရှည်ပေးနေရတယ်၊

............

🌺 #နှစ်ဖက်အကျိုးဖြစ်

တရုတ်-ထိုင်ဝမ်ဟာ
ကျွန်းကိုင်းမှီ - ကိုင်းကျွန်းမှီ သဘောရှိတယ်
အမေရိကန်ဆီက ထိုင်ဝမ်က နည်းပညာရတယ်
ထိုင်ဝမ်ဆီက နည်းပညာတချို့
တရုတ်ဆီသွားရတယ်၊
တရုတ်က ကုန်ကြမ်းတွေ ထိုင်ဝမ်ဆီသွားတယ်၊

ဒါကြောင့် ဘေဂျင်းကရော
ထိုင်ဝမ်ဖက်ကရော မချစ်သော်လဲ
အောင့်ကာနမ်းနေကြရတဲ့အဖြစ်၊

...........

🌺 #ဒါပေမဲ့လဲ

ထိုင်ဝမ်ရွေးကောက်ပွဲက
ဒီမိုကရေစီစစ်၊ နိုင်သူအစိုးရဖြစ်၊
ဘေဂျင်းယိမ်း အစိုးရကိုလဲ ရသလို
အမေရိကန်ယိမ်း အစိုးရကိုလဲရကြတယ်၊

ဘေဂျင်းအနေနဲ့
စိတ်ရှည်ရှည် ထိုးဖေါက်မဲ့ ဗျူဟာ
ရှိထားပေမဲ့... အဲ့ဒီဗျူဟာကို ရိပ်မိတဲ့
အမေရိကန်အနေနဲ့ သွေးအေးလို့ မရတော့ဘူး၊
ကိုယ့်ဖက်ပါတဲ့ အစိုးရကာလမှာ
" ဆွ" ပေးလိုက်တော့တာပဲ၊

ဘေဂျင်းအနေနဲ့လဲ ဘယ်လို တုန့်ပြန်မှုကို
ပြန်စဉ်းစားမလဲ ? Counter to counter က
မဖြစ်မနေ စဉ်းစားရဖို့ ဖြစ်လာရပြီ၊

ထိုင်ဝမ်ရဲ့ Economic ties ကနိုင်ငံစုံနဲ့
တရုတ်နဲ့လဲ ခပ်ကြီးကြီးပဲ၊

ယူကရိမ်းဖက် ကစားကွက်မှာ
အနောက်အုပ်စု အခြေအနေမလှတော့
ထိုင်ဝမ်ဖက် လှည့်ကစားမှာကို
အားလုံးက သိကြပါတယ်၊
တကယ်လဲပဲဖြစ်လာခဲ့တယ်၊
ပလိုစီ ခရီးမစခင် ဘိုင်ဒင်နဲ့ ရှီ ဖုန်းနဲ့
စကားပြောကြတာ (၂) နာရီ (၁၇) မိနစ်ကြာတယ်၊
ဘာတွေပြောကြသလဲ ?

ပလိုစီခရီးမှာ
ဂယက်ထသွားကြပေမဲ့ ထိုင်ဝမ်ကို
ခြေချခွင့်ပြုလိုက်ကြတယ်၊ အမေရိကန်ဖက်က
လေယာဉ်တင်သင်္ဘော (၄) စီးနဲ့
ရေယာဉ်စု (၄) စုလိုက်ပါပေးတာ
သမ္မတထက်တောင်ပိုနေသေးတာတွေ့ရတယ်၊

တရုတ်ဖက်ကလဲ
စစ်ရေးအရ ပြင်းပြင်းထန်ထန်
အရေးယူ တုန့်ပြန်မယ်လို့ ဆိုထားတဲ့အတွက်
ခပ်ကြမ်းကြမ်း ဖြစ်ကြမယ်လို့
မျှော်လင့်ကြတယ်၊

ဘယ်လိုလုပ်ဖြစ်မှာပါလဲ ?
တရုတ်ကရော အမေရိကန်ဖက်ကရော
ထိတ်တိုက်တွေ့မှာကို ရှောင်ကြရမှာ
အလွန်ဆုံးဖြစ်မှ တရုတ်လေယာဉ်တွေက
ပလိုစီ စီးတဲ့လေယာဉ်ကို အတင်းအကြပ်
မောင်းထုတ်တာမျိုးက အလွန်ဆုံးပဲ၊

တရုတ်ရည်ရွယ်တာက ထိုင်ဝမ်ကိုပါ၊
စကားတွေ ကျွံကုန်ကြတော့
အမေရိကန်ကလဲ မဖြစ်မနေလာရတော့တယ်
တကယ်ပြောရရင်တော့
အန္တရာယ်အလွန်များတယ်၊
မတော်တဆ ချွတ်ချော်သွားတာမျိုး ဖြစ်နိုင်တယ်။

.............

🌺 #ခပ်ပြင်းပြင်း_စစ်တိုက်ဖို့လိုလို့လား ?

ရေချိုတောင်မရှိလို့
နှစ်တိုင်း မုန်တိုင်းမျှော်ပြီး ရေချိုစုနေရတဲ့
ကျွန်းနိုင်ငံလေးပါ၊
ကုန်ကြမ်း မှန်သမျှ အပြင်က
အကုန်ဝယ်နေရတယ်၊

ရေကာတာကိုပဲ ဒုံးနဲ့ခွင်းလိုက်
ထိုင်ဝမ် ထိုင်ငိုသွားလိမ့်မယ်၊
ထိုင်ဝမ်ကို ပို့တဲ့
ကုန်ကြမ်းသင်္ဘောလမ်းကြောင်းကို
ပိတ်ဆို့လိုက်၊ ထိုင်ဝမ်ဘာမှ လုပ်မရတော့ဘူး၊

ထိုင်ဝမ်မှာ ပလိုစီ ဘယ်ကိုသွားခဲ့ပါသလဲ ?
Chip ထုတ်လုပ်တဲ့ စက်ရုံကိုသွားတယ်
Chip market မှာ ထိုင်ဝမ်က Leading.

ယူကရိမ်းမှာ ရုရှားက Energy နဲ့
ကိုင်ကစားသွားတယ်၊ ထိုင်ဝမ်မှာ တရုတ်က
Chip အပါအဝင် စက်မှုကုန်ချောပစ္စည်း
အများအပြားနဲ့ကိုင်ကစားလိုက်ရင်
အနောက်အုပ်စုမှာ ဒေဝါလီခံလိုက်ရမဲ့
ကုမ္ပဏီတွေဟာ ယိမ်းကသလို
အများကြီးထွက်လာမယ်၊
နိုင်ငံစီးပွားရေးတွေလဲ အများကြီး
ချိနဲ့သွားကြလိမ့်မယ်၊

တရုတ်လဲထိမှာပဲ
ဒါပေမဲ့ အနောက်အုပ်စု ထိချက်က
ပိုပြင်းလိမ့်မယ်လို့ အရင် Post တွေမှာ
တင်ပေးခဲ့ဘူးတယ်၊

တကယ်တမ်း
မရှောင်နိုင်အောင် ဖြစ်လာကြရင်
ထိုင်ဝမ်ဟာ စစ်ရေးနဲ့ ခပ်ပြင်းပြင်း
တိုက်စရာမလိုတဲ့နိုင်ငံပါ၊
လုပ်ကြပြီဆိုရင်တော့လဲ စစ်ရေးဆိုတာ
အစိုးရကို ဖြုတ်ချဖို့ ကျွဲကူးရေပါသဘောပေါ့၊

အရှုံးအမြတ် တွက်ဖို့လိုမယ်
နောက်ဆက်တွဲပြဿနာတွေ တွက်ဖို့လိုမယ်
နောက်ပိုင်း အမေရိကန်တွေ ခံနေရတာ
အတတ်ဆန်း လုပ်ချင်ကြပြီး Consequences
ကို စုံစေ့အောင် မတွက်နိုင်ကြလို့ပဲ၊
နိုင်ငံရေးစနစ်နဲ့
အုပ်ချုပ်ရေးစနစ် ကိုထဲ့တွက်ကြရမယ်
အထူးသဖြင့်....
အသားကျနေပြီဖြစ်တဲ့ ထိုင်ဝမ်ရဲ့
နိုင်ငံရေးစနစ်မှာ ဘေဂျင်းယိမ်းအစိုးရကို
အမြဲတန်း ရနေနိုင်ဖို့က
အဓိက စ်န်ခေါ်မှုဖြစ်လာလိမ့်မယ်၊
ကျွန်းသိမ်းဖို့လောက်ကတော့
တရုတ်အတွက် ဘာမှ မခက်ခဲလောက်ပါဘူး။

NayZinLatt ( 3.8.22 ) 🤓
ချောင်းဦး ဖော်ထုတ်ဖမ်းဆီးရမိ
ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း(TTC ကမာရွတ်)လည်း..စနေ၊တနင်္ဂနွေဘဲပိတ်တာ၊အဲ့ဒါကတော့မဆိုင်ဘူးထင်တယ်၊တခြား International School တွေလည်း စနေ၊တနင်္ဂနွေဘဲပိတ်ကြတာ၊သောကြာနေ့ကျောင်းပိတ်ပေးဖို့ ပြောနေကြအုံးမယ်..လားလားတွေက
Forwarded from Myanmar Update News
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Sergey Lavrov ကို လက်ခံတွေ့ဆုံ
Forwarded from Kyaw Swar🇲🇲🇲🇲🇲🇲
တောင်ငူမြို့နယ်မှာ
USDP ကိုယ်စားလှယ်အပါအဝင်
ပြည်သူတွေကို ဒလန်လို့စွပ်စွဲပြီး
သတ်ဖြတ်နေတဲ့ တောင်ငူPDF
လူသတ်ခေါင်းဆောင်ချစ်မင်းလူအပါအဝင်(၁၁)ဦးဖမ်းမိကြောင်းကနဦးသိရ။
Crd
အိပ်ပီ ဗျို့...မအိပ်ခင်အပြင်ပြေဖတ်ဖို့ပါ😂😂😂

နယူတန်ဟာ ပန်းသီးပင်အောက်အိပ်နေရင်း

ပန်းသီးကြွေကျတာကြည့်ပြီး ကမ္ဘာမြေကြီးဆွဲအားအကြောင်း ရှာတွေ့တယ်

အာခီမီးဒီးဟာ ရေချိုးဇလုံထဲ ဝင်စိမ်လို့ ရေလျှံကျတာကြည့်ပြီး

အာခီမီးဒီးနိယာမကို ရှာတွေ့တယ်

ပင်နယ်ဆလင်ကို ဆရာဝန်တယောက်က

အိမ်မှာစောက်ပျင်းတစ်ပြီးပန်းကန်တေ မဆေးလို့

တက်နေတဲ့ မှိုတေကနေ ရှာတွေ့တယ်

ဇူကာဘတ်ဟာ ဖွန်ကြောင်ဖို့လုပ်ရင်း ခုဒီဖေ့စဘုတ်ကြီးဖြစ်သွားတယ်

ကဲပြောဇမ်းပါ လောကမှာ စောက်ရမ်းကြိုးစားလို့ အောင်မြင်သွားတယ်ဆိုတဲ့သူဆိုတာရှိလို့လား

နားအေးပါးအေးနေကြဇမ်းပါ ဂေါင်းရီးတို့ရာ

အချိန်တန် ကံပါရင် ပန်းသီးတင်မက ဒူးရင်းသီးပါကြွေကျနိုင်သေးတယ်

🤣
#လောကနိယာမ
______________

#ရနေလို့လည်း သိပ်မပျော်ပါနဲ့၊
မြဲတဲ့အရာ တစ်ခုမှ မရှိပါဘူး။

#မရလို့လည်း ဝမ်းမနည်းပါနဲ့၊
အဆင်မပြေသူတွေ အများကြီး ရှိတယ်။

#ချီးမွမ်းခံရလို့ သိပ်မပျော်ပါနဲ့၊
အောက်ခြေ မလွတ်ဖို့ အရေးကြီးပါတယ်။

#ကဲ့ရဲ့ခံရလို့ ဝမ်းမနည်းပါနဲ့၊
လမ်းမှန်လျှောက်ဖို့ ဂရုစိုက်ရမယ်။

#ချစ်ခင်နေလို့ သိပ်မပျော်ပါနဲ့၊
တနေ့ကျရင် လမ်းခွဲရမယ်။

#ခွဲခွာရလို့ ဝမ်းမနည်းပါနဲ့၊
ထာ၀ရဆိုတာ တစ်ခု မှမရှိပါဘူး။

#အောင်မြင်နေလို့ သိပ်မပျော်ပါနဲ့၊
ရေရှည်ခံဖို့ ကြိုးစားရမယ်။

#ကျရှုံးသွားလို့ ဝမ်းမနည်းပါနဲ့၊
လဲရာနေရာကနေ ပြန်ထရမယ်။

တကယ်တော့ ဘဝဆိုတာ
ပုံသေမရှိပါဘူး။

နိမ့်နိမ့်မြင့်မြင့် တည်ငြိမ်ရမယ်။

ဒါမှအခက်အခဲကို
ကျော်ဖြတ်နိုင်မှာ မဟုတ်ပါလား။

သတ္တဝါခပ်သိမ်း, တရားကိန်း,
အေးငြိမ်းချမ်းသာ ရှိပါစေ။
_____________________

#သီတဂူအရှင်ဒေဝိန္ဒာဘဝံသ

#ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ🙏🙏🙏