တပ်ကြပ်ကြီးဖိုးကွန်း
21.2K subscribers
11.5K photos
1.17K videos
810 links
Download Telegram
လောဘစိတ်တွေများလာရင်
မသေခင်ကတည်းက
ပြိတ္တာဘ၀ ရောက်နေသလိုပါပဲ ။

ဒေါသစိတ်တွေများလာရင်
ဘ၀မကူးခင်ကတည်းက
ငရဲဘုံမှာ ကျရောက်နေသလိုပါပဲ ။

မောဟစိတ်တွေများလာရင်
တလွန်မသွားခင်ကတည်းက
တိရစ္ဆာန်ဘ၀ရောက်နေသလိုပါပဲ ။

လူစိတ်​တွေ​ ပျောက်လာရင်
​လောကကြီးဟာမ​အေးချမ်းပါဘူး ။

​လောကကြီးသာယာ​လှပဖို့
လူ​တွေရဲ့စိတ်​တွေဟာ
သန့်ရှင်း ဖြူစင်​နေဖို့လိုပါတယ် ။

စိတ်ကိုသာ​ ​မေတ္တာတရား​တွေရယ်
ကိုယ်ချင်းစာတရားတွေရယ်လို့

အကောင်းတွေနဲ့ပဲထုံးထားမယ်ဆိုရင်
ကိုယ်စီချမ်းသာမှုရ​နေကြမှာပါ ။

🙏🙏🙏သာရ ဂ ​ဝေ သီ🙏🙏🙏

💚💚💚🙏🙏🙏💚💚💚
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရောဗ့် မြန်မာနိုင်ငံ နေပြည်တော်ကို ​ ရောက်ရှိလာပြီဖြစ်ပါတယ်။
"အမေရိကန်အနေနဲ့ ထိုင်ဝမ်သီးခြားလွတ်လပ်ရေး အင်အားစုများကို အားပေးနေတာဟာ အန္တရာယ်အလွန်ကြီးမားတဲ့ မီးကစားမှုဖြစ်ပြီး မီးကစားသူဟာ မီးဝါးခံရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်"

အမေရိကန်အနေနဲ့ ထိုင်ဝမ်ရဲ့သီးခြားလွတ်လပ်ရေး အင်အားစုများကို အားပေးနေတာဟာ အန္တရာယ် အလွန်ကြီးမားတဲ့ မီးကစားမှုဖြစ်ပြီး မီးကစားသူဟာ မီးဝါးခံရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Patricia Pelosi ရဲ့ ထိုင်ဝမ်ခရီးစဥ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာခဲ့တာပါ။

အမေရိကန်ဟာ “ထိုင်ဝမ်နဲ့ တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရေး”ကို ဆောင်ရွက်ဖို့ ကြံစည်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒရဲ့ အနက်အဓိပ္ပါယ်ကို တလွဲတချော်ဖြစ်အောင် အဆက်မပြတ် ပြောဆိုဆောင်ရွက်ကာ အမေရိကန်-ထိုင်ဝမ် အကြား အစိုးရချင်း ကူးလူးဖလှယ်မှုကို တိုးမြှင့်၍ ထိုင်ဝမ်သီးခြားလွတ်လပ်ရေး အင်အားစုများကို အားပေးနေတာဟာ အန္တရာယ် အလွန်ကြီးမားတဲ့ မီးကစားမှုဖြစ်ပြီး မီးကစားသူဟာ မီးဝါးခံရလိမ့်မယ်" ဆိုပြီး ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် "တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ရပ်ပါ သတ်မှတ်ချက်များကို စောင့်စည်းလိုက်နာပြီး အမေရိကန် ထိပ်သီးခေါင်းဆောင်မှ “မကြိုးပမ်းလိုသောအချက်လေးချက်နှင့် မလုပ်ဆောင်လိုသော အချက်တစ်ချက်”ဟူသော ကတိပြုချက်များကို ထိရောက်တိကျစွာ လက်တွေ့ဖော်ဆောင်ကာ မှားယွင်းသော အန္တရာယ်ရှိသော လမ်းကြောင်းပေါ် ဆက်လက် မလျှောက်လှမ်းရန် တည်ကြည်လေးနက်စွာ တိုက်တွန်းနှိုးဆော်သည်။" ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#mhtnews
မနက်ဖြန်(၄.၈.၂၀၂၂)နေ့ ၁၃၈၄ခုနှစ်၊ဝါခေါင်လဆန်း(၈)ရက်ကြာသပတေးနေ့သည် ဝါတွင်း(၃)လပတ်၏ စတုတ္ထအကြိမ်မြောက် ဥပုသ်နေ့ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်သူတော်ကောင်းအပေါင်းတို့မမေ့မလျှော့ ဥပုသ်သတင်း စောင့်တည်နိုင်ကြပါရန်နိဗ္ဗာန်အကျိုးမျှော်၍တိုက်တွန်း နှိုးဆော်လိုက်ရပါသည်ခင်ဗျာ။

💕🙏🙏🙏💕
မြန်မာ-ရုရှား နိုင်ငံခြားရေးဝန်ကြီးများ နေပြည်တော်တွင်တွေ့ဆုံ
ဝေမိုးနိုင်ရုံးထုတ်၊ ဦးမြင့်နိုင်..ထောင်ပြောင်း တဲ့ကိစ္စကြောင့်မုံရွာအပြင်မထွက်ရအမိန့်ထုတ်တဲ့ကောင် နဲ့၊KBZဘဏ်ဗုံးခွဲသူစုစုပေါင်း၆ဦး SAVE
Forwarded from Watching You
တရုတ်အချုပ်အခြာအာဏာကို ကန် ကျူးကျော်ထိပါးမှုနှင့် ပတ်သက်၍ ဝမ်ယိ၏ ပြောဆိုချက်
------------------------
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Patricia Pelosiသည် တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သော အရေးဆိုမှုကို လျစ်လျူရှုပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ အတင့်ရဲစွာ သွားရောက်လည်ပတ်ပါသည်။ အဆိုပါလုပ်ရပ်မှာ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို မလိုမုန်းထားစိတ်ဖြင့် ကျူးကျော်ထိပါးကာ နိုင်ငံရေးရန်စမှုကို အတိအလင်းပြုလုပ်ပါသည်။ တရုတ်ပြည်သူများသည် ဒေါသထွက်မိပြီး နိုင်ငံတကာ မိသားစုကြီးသည် ကျယ်ပြန့်စွာ ဆန့်ကျင်ကြပါသည်။ အမေရိကန်နိုင်ငံရေးသမားအချို့သည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ နှောင့်ယှက်ဖန်တီးသူဖြစ်သည်၊ အမေရိကန်နိုင်ငံသည် ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးအတွက် အကြီးဆုံးသော အနှောင့်အယှက် ပေးသူဖြစ်သည်ဟု ထပ်မံပြဆိုနိုင်ပါသည်။
ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးကိုရရှိရန် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူဝါဒကို စွဲကိုင်ရကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ ရပ်ကို စောင့်စည်းလိုက်နာရကြောင်း မိမိအနေဖြင့် အလေးထားပြောကြားလိုပါသည်။ အမေရိကန်နိုင်ငံကို မှီခိုအားထားပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးကို ရှာကြံရန် ကြံစည်ချက်မှာ ရှုံးနိမ့်လိမ့်မည် ဖြစ်ပါသည်။ ထိုင်ဝမ်ဒေသဖြင့် တရုတ်နိုင်ငံကို ကန့်သတ်ချုပ်ချယ်ရန် ကြံစည်ချက်မှာ ရှုံးနိမ့်လိမ့်မည်ဖြစ်ပါသည်။ နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးကို အကောင်အထည်ဖော်ရန် တရုတ်ပြည်သူများသည် ဇွဲသတ္တိရှိပြီး တစ်စိတ်တည်းတစ်ဝမ်းတည်း သန္နိဌာန်ရှိကာ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် အမျိုးသားဂုဏ်သိက္ခာ ကာကွယ်ထိန်းသိမ်းရန် စွမ်းရည်လည်း ရှိပါသည်။
Forwarded from Watching You
ထိုင်ဝမ်သီးခြားတည်ရှိရေး စွဲစွဲမြဲမြဲ လုပ်ဆောင်သူများကို ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူရေး အကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြား
-----------------------------------
သြဂုတ်လ ၃ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူသည် ထိုင်ဝမ်သီးခြားတည်ရှိရေး စွဲစွဲမြဲမြဲ လုပ်ဆောင်သူများကို ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူရေး အကြောင်းကို ပြောကြားခဲ့ပါသည်။
အနည်းစုသော ထိုင်ဝမ်သီးခြားတည်ရှိရေးကို စွဲစွဲမြဲမြဲ လုပ်ဆောင်သူများသည် ထိုင်ဝမ်သီးခြားတည်ရှိရေး သွေးခွဲရေးလှုပ်ရှားမှုများကို အရမ်းကာရော လုပ်ဆောင်နေပြီး နိုင်ငံခြားမှ တရုတ်ဆန့်ကျင်ရေးအင်အားစုများ၏ လက်ပါးစေအဖြစ် လုပ်ဆောင်၍၊ “တရုတ်ပြည် နှစ်ပြည်”၊ “တရုတ်ပြည် တစ်ပြည် ထိုင်ဝမ် တစ်ခု”၊ ”ထိုင်ဝမ် သီးခြားတည်ရှိရေး”တို့ကို ပြုလုပ် နေခဲ့ကြောင်း၊ ၎င်းတို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို ပြောင်ပြောင်တင်းတင်း ရန်စပြီး နိုင်ငံတော် ဥပဒေကို ပြောင်ပြောင်တင်းတင်း ရန်စကာ ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်အေးချမ်းမှုကို ပြင်းထန်စွာ ထိခိုက်၍ ရေလက်ကြား နှစ်ဖက်ကမ်းမှ မွေးချင်းပေါက်ဖေါ်များ၏ ဘုံအကျိုးစီးပွားနှင့် တရုတ်အမျိုးသား၏ အရင်းခံအကျိုးစီးပွားများကို ပြင်းထန်စွာ ထိခိုက်သဖြင့် ဥပဒေနှင့်အညီ ပြင်းထန်စွာ အပြစ်ပေး အရေးယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နှင့်

ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗရောဗ့် မြန်မာနိုင်ငံ နေပြည်တော်တွင်တွေ့ဆုံ...

👏👏👏
Forwarded from KO CHIT (MDY) (Chit KO KO MDY)
အောင်မြေသာစံမြို့နယ်၊ မင်း တဲအီကင်းရပ်ကွက်၊ ၁၉လမ်း၊ ၈၉×၉၀လမ်းကြားရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့လုံ ခြုံရေးရေးအဖွဲ့ လက်နက်တပ် ဆင်အပ်နှင်းခြင်း အခမ်းအနာ းကျင်းပပြုလုပ်ခဲ့
Forwarded from Fossil News
နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် မြန်မာနိုင်ငံ၏သဘောထားအမြင်ကို နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်။
.
#ထိုင်ဝမ် (သို့) #ခပ်ပြင်းပြင်းစစ်ဆင်ရန်
မလိုတဲ့ ကျွန်းနိုင်ငံလေး၊

🌺 #ထိုင်ဝမ်ဆိုတာ

မြေပဲနိုင်ငံလေးလို့ အသိများတယ်
ကျွန်နိုင်ငံလေးသဏ္ဏန်က မြေပဲနဲ့တူလို့ပါ၊

တရုတ်ပြည်မတော်လှန်ရေးမှာ
မော်စီတုံးကအနိုင်ရလိုက်ပြီး၊ အစိုးရဖြစ်တဲ့
ကူမင်တန်တွေထွက်ပြေး....
မြန်မာမှာ ခေတ္တခိုတယ်၊
မြန်မာ့တပ်မတော်က တိုက်ထုတ်တာရော
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကြောင့်ရောနဲ့
ပေါင်းဆုံပြီး၊ ထိုင်ဝမ်ကိုရောက်သွားကြတာ၊
လက်ရှိ ဘေဂျင်းအစိုးရ ကို တရုတ်နီ
( မော်စီတုံးမှဆင်းသက်) လို့ခေါ်ပြီး
ကူမင်တန်တွေကို တရုတ်ဖြူလို့
ခေါ်လေ့ရှိတယ်၊

ရန်ကုန်မှာရှိတဲ့ တရုတ်တန်းဟာ
အဲ့ဒီကာလ တရုတ်ဖြူလက်ကျန်တွေနဲ့
တည်ထောင်ခဲ့ပြီး၊ မန္တလေး၊ ရန်ကုန်စသဖြင့်
နောက်ပိုင်းဝင်ရောက်လာသူတွေက
တရုတ်နီ ( ဘေဂျင်းကိုထောက်ခံသူ) တွေ
ဖြစ်ကြပါတယ်၊

ကျောင်းတော်က ရန်စကြောင့်
ထိုင်ဝမ်နဲ့ ဘေဂျင်းဟာ သဟဇာတ
မဖြစ်ခဲ့ပါ၊
တရုတ်ရဲ့ ရှည်လျားတဲ့အနာဂါတ်ကို
ကြိုမြင်တဲ့ အမေရိကန်ဟာ
The enemy of the enemy is my friend
ဆိုတဲ့ဗျူဟာနဲ့ ထိုင်ဝမ်ကို မွေးစားလိုက်တယ်၊
ထိုင်ဝမ် တဟုန်ထိုး တိုးတက်လာတာ
အမေရိကန် မျှဝေလိုက်တဲ့ နည်းပညာကြောင့်ပါ၊
ဒါပေမဲ့ ( နီ-ဖြူ ) ဘယ်လိုကွဲကွဲ
တရုတ်ဟာ တရုတ်ပဲဖြစ်လို့
ဘေဂျင်းအနေနဲ့ အောင့်သက်သက်နဲ့
One China Policy ဆိုပြီး စိတ်ရှည်ပေးနေရတယ်၊

............

🌺 #နှစ်ဖက်အကျိုးဖြစ်

တရုတ်-ထိုင်ဝမ်ဟာ
ကျွန်းကိုင်းမှီ - ကိုင်းကျွန်းမှီ သဘောရှိတယ်
အမေရိကန်ဆီက ထိုင်ဝမ်က နည်းပညာရတယ်
ထိုင်ဝမ်ဆီက နည်းပညာတချို့
တရုတ်ဆီသွားရတယ်၊
တရုတ်က ကုန်ကြမ်းတွေ ထိုင်ဝမ်ဆီသွားတယ်၊

ဒါကြောင့် ဘေဂျင်းကရော
ထိုင်ဝမ်ဖက်ကရော မချစ်သော်လဲ
အောင့်ကာနမ်းနေကြရတဲ့အဖြစ်၊

...........

🌺 #ဒါပေမဲ့လဲ

ထိုင်ဝမ်ရွေးကောက်ပွဲက
ဒီမိုကရေစီစစ်၊ နိုင်သူအစိုးရဖြစ်၊
ဘေဂျင်းယိမ်း အစိုးရကိုလဲ ရသလို
အမေရိကန်ယိမ်း အစိုးရကိုလဲရကြတယ်၊

ဘေဂျင်းအနေနဲ့
စိတ်ရှည်ရှည် ထိုးဖေါက်မဲ့ ဗျူဟာ
ရှိထားပေမဲ့... အဲ့ဒီဗျူဟာကို ရိပ်မိတဲ့
အမေရိကန်အနေနဲ့ သွေးအေးလို့ မရတော့ဘူး၊
ကိုယ့်ဖက်ပါတဲ့ အစိုးရကာလမှာ
" ဆွ" ပေးလိုက်တော့တာပဲ၊

ဘေဂျင်းအနေနဲ့လဲ ဘယ်လို တုန့်ပြန်မှုကို
ပြန်စဉ်းစားမလဲ ? Counter to counter က
မဖြစ်မနေ စဉ်းစားရဖို့ ဖြစ်လာရပြီ၊

ထိုင်ဝမ်ရဲ့ Economic ties ကနိုင်ငံစုံနဲ့
တရုတ်နဲ့လဲ ခပ်ကြီးကြီးပဲ၊

ယူကရိမ်းဖက် ကစားကွက်မှာ
အနောက်အုပ်စု အခြေအနေမလှတော့
ထိုင်ဝမ်ဖက် လှည့်ကစားမှာကို
အားလုံးက သိကြပါတယ်၊
တကယ်လဲပဲဖြစ်လာခဲ့တယ်၊
ပလိုစီ ခရီးမစခင် ဘိုင်ဒင်နဲ့ ရှီ ဖုန်းနဲ့
စကားပြောကြတာ (၂) နာရီ (၁၇) မိနစ်ကြာတယ်၊
ဘာတွေပြောကြသလဲ ?

ပလိုစီခရီးမှာ
ဂယက်ထသွားကြပေမဲ့ ထိုင်ဝမ်ကို
ခြေချခွင့်ပြုလိုက်ကြတယ်၊ အမေရိကန်ဖက်က
လေယာဉ်တင်သင်္ဘော (၄) စီးနဲ့
ရေယာဉ်စု (၄) စုလိုက်ပါပေးတာ
သမ္မတထက်တောင်ပိုနေသေးတာတွေ့ရတယ်၊

တရုတ်ဖက်ကလဲ
စစ်ရေးအရ ပြင်းပြင်းထန်ထန်
အရေးယူ တုန့်ပြန်မယ်လို့ ဆိုထားတဲ့အတွက်
ခပ်ကြမ်းကြမ်း ဖြစ်ကြမယ်လို့
မျှော်လင့်ကြတယ်၊

ဘယ်လိုလုပ်ဖြစ်မှာပါလဲ ?
တရုတ်ကရော အမေရိကန်ဖက်ကရော
ထိတ်တိုက်တွေ့မှာကို ရှောင်ကြရမှာ
အလွန်ဆုံးဖြစ်မှ တရုတ်လေယာဉ်တွေက
ပလိုစီ စီးတဲ့လေယာဉ်ကို အတင်းအကြပ်
မောင်းထုတ်တာမျိုးက အလွန်ဆုံးပဲ၊

တရုတ်ရည်ရွယ်တာက ထိုင်ဝမ်ကိုပါ၊
စကားတွေ ကျွံကုန်ကြတော့
အမေရိကန်ကလဲ မဖြစ်မနေလာရတော့တယ်
တကယ်ပြောရရင်တော့
အန္တရာယ်အလွန်များတယ်၊
မတော်တဆ ချွတ်ချော်သွားတာမျိုး ဖြစ်နိုင်တယ်။

.............

🌺 #ခပ်ပြင်းပြင်း_စစ်တိုက်ဖို့လိုလို့လား ?

ရေချိုတောင်မရှိလို့
နှစ်တိုင်း မုန်တိုင်းမျှော်ပြီး ရေချိုစုနေရတဲ့
ကျွန်းနိုင်ငံလေးပါ၊
ကုန်ကြမ်း မှန်သမျှ အပြင်က
အကုန်ဝယ်နေရတယ်၊

ရေကာတာကိုပဲ ဒုံးနဲ့ခွင်းလိုက်
ထိုင်ဝမ် ထိုင်ငိုသွားလိမ့်မယ်၊
ထိုင်ဝမ်ကို ပို့တဲ့
ကုန်ကြမ်းသင်္ဘောလမ်းကြောင်းကို
ပိတ်ဆို့လိုက်၊ ထိုင်ဝမ်ဘာမှ လုပ်မရတော့ဘူး၊

ထိုင်ဝမ်မှာ ပလိုစီ ဘယ်ကိုသွားခဲ့ပါသလဲ ?
Chip ထုတ်လုပ်တဲ့ စက်ရုံကိုသွားတယ်
Chip market မှာ ထိုင်ဝမ်က Leading.

ယူကရိမ်းမှာ ရုရှားက Energy နဲ့
ကိုင်ကစားသွားတယ်၊ ထိုင်ဝမ်မှာ တရုတ်က
Chip အပါအဝင် စက်မှုကုန်ချောပစ္စည်း
အများအပြားနဲ့ကိုင်ကစားလိုက်ရင်
အနောက်အုပ်စုမှာ ဒေဝါလီခံလိုက်ရမဲ့
ကုမ္ပဏီတွေဟာ ယိမ်းကသလို
အများကြီးထွက်လာမယ်၊
နိုင်ငံစီးပွားရေးတွေလဲ အများကြီး
ချိနဲ့သွားကြလိမ့်မယ်၊

တရုတ်လဲထိမှာပဲ
ဒါပေမဲ့ အနောက်အုပ်စု ထိချက်က
ပိုပြင်းလိမ့်မယ်လို့ အရင် Post တွေမှာ
တင်ပေးခဲ့ဘူးတယ်၊

တကယ်တမ်း
မရှောင်နိုင်အောင် ဖြစ်လာကြရင်
ထိုင်ဝမ်ဟာ စစ်ရေးနဲ့ ခပ်ပြင်းပြင်း
တိုက်စရာမလိုတဲ့နိုင်ငံပါ၊
လုပ်ကြပြီဆိုရင်တော့လဲ စစ်ရေးဆိုတာ
အစိုးရကို ဖြုတ်ချဖို့ ကျွဲကူးရေပါသဘောပေါ့၊

အရှုံးအမြတ် တွက်ဖို့လိုမယ်
နောက်ဆက်တွဲပြဿနာတွေ တွက်ဖို့လိုမယ်
နောက်ပိုင်း အမေရိကန်တွေ ခံနေရတာ
အတတ်ဆန်း လုပ်ချင်ကြပြီး Consequences
ကို စုံစေ့အောင် မတွက်နိုင်ကြလို့ပဲ၊