𝐅𝐥𝐞𝐱𝐱 [ 4 ]
170K subscribers
727 photos
1 video
142 links
Download Telegram
Warriors of the Future [2022]

ဟောင်ကောင်ရဲ့ နာမည်ကျော် သိပ္ပံစိတ်ကူးယဉ်
ရုပ်ရှင်အသစ်လာပါပြီ။

မင်းသားတွေကလည်း နာမည်ကြီး ဘိုးတော်တွေပါပဲ။

ဇာတ်လမ်းကလည်း အတော်စိတ်ဝင်စားဖို့ကောင်းပါ
တယ်။

အနာဂတ်အချိန်ကို အခြေတည်ထားတာပါ

အနာဂတ်မှာ လူတွေဟာ နည်းပညာတွေတိုးတက်လာပြီး စက်ရုပ်တွေကိုပါ စစ်ပွဲတွေမှာ သုံးနိုင်တဲ့အဆင့်ဖြစ်လာပါပြီ

ဒါပေမဲ့ စစ်ပွဲတွေများလာတာနဲ့အတူ ကမ္ဘာကြီးလဲညစ်ညမ်းပျက်စီးလာပြီး နောက်ဆုံးမှာ လေထုပါ
အဆိပ်သင့်သွားတဲ့အခြေအနေဖြစ်လာပါတယ်

လူတွေကလည်း စကိုင်းနက်လို့ ခေါ်တဲ့ လေသန့်စင်စနစ်ကြီးတွေတည်ဆောက်ပြီး နေကြရတာပါ

တစ်နေ့မှာတော့ ကမ္ဘာပေါ်ကို ဥက္ကာခဲတစ်ခု ကျလာပြီး အဲဒီအထဲကနေ အခြားဂြိုလ်က အပင်တစ်ပင်ပေါက်ထွက်လာပါတယ်။

အဲဒီအပင်ဟာ ရေနဲ့တွေ့လေကြီးထွားလေဖြစ်ပြီး အဖျက်စွမ်းအားလည်း မြင့်လာပါတယ်။

တချိန်တည်းမှာပဲ အဲဒီအပင်ဟာ ကမ္ဘာပေါ်လေတွေကို သန့်စင်ပေးနိုင်စွမ်းရှိတာမို့ မီးစတစ်ဖက် ရေမှုတ်တစ
ဖက် ဖြစ်နေတာပါ

အခုဇာတ်လမ်းရဲ့ အဓိက အကြောင်းအရာကတော့ အဲဒီအပင်ရဲ့ ဖျက်ဆီးနိင်စွမ်းတွေကို တားဆီးပြီး
ကမ္ဘာကိုကယ်တင်နိုင်ဖို့ စစ်ဆင်ရေးတစ်ခု ခက်ခက်ခဲခဲ ဆင်နွှဲရတဲ့အကြောင်းပါပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ခံစားကြည့်လိုက်ပါဦး။
Mutant Chronicles (2008)

IMDB: 5.2/10

“တစ်ခါတုန်းက လူသားမျိုးနွယ်တွေကို သန္ဓေပြောင်းသတ္တဝါကောင်တွေအဖြစ် ပြောင်းလဲပစ်တဲ့စက်ကြီးတစ်ခု အာကာသကနေ ကျလာခဲ့တယ်။ ဒါပေမဲ့ Neachdainn ဆိုတဲ့ ကယ်တင်ရှင် စစ်သည်တော် ပေါ်ပေါက်လာပြီး သူ့ညီအစ်ကိုတွေနဲ့အတူ အဲဒီစက်ယန္တရားကြီးကို မြေအောက်ထဲ မြှပ်နှံနိုင်ခဲ့တာကြောင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့တယ်။”ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တယ်။ ဒါပေမဲ့ 2707 ခုနှစ် အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲဖြစ်ပြီး အဲဒီစက်ယန္တရားကြီး ပြန်ပွင့်သွားတာကြောင့် လူသားမျိုးနွယ်က တစ်ဖန်ပြန်လည် ကပ်ဆိုက်လာပါတော့တယ်။ မှတ်တမ်းစာအုပ်ရဲ့ဟောကိန်းဖြစ်တဲ့ ကယ်တင်ရှင်တစ်ဦးပေါ်လာပြီး အဲဒီစက်ယန္တရားကို ဖျက်ဆီးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့ ဘရာသာ Samuel က လူအနည်းငယ်ကိုစုဆောင်းပြီး သေစေနိုင်တဲ့ စက်ယန္တရားကြီးကိုဖျက်ဆီးဖို့ ကမ္ဘာ့မြေအောက်ကို ခရီးထွက်ဖို့ကြံစည်ခဲ့တယ်။ ပြန်လမ်းမရှိတဲ့ ဒီမစ်ရှင်မှာ Samuel နဲ့ သူ့လူတွေ ဟောကိန်းအတိုင်း ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာတော့
I Sell the Dead (2008)
I Sell the Dead (2008)

IMDB: 6.0/10

ဒီဇာတ်ကားဟာ သူ့နာမည်အတိုင်း အလောင်းတွေခိုးတူးပြီးရောင်းတဲ့ ဆရာတပည့်နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ (2008)ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6/10, Rotten Tomatoes 71% ရထားတာဖြစ်လို့ Rating နည်းတတ်တဲ့ ဟော်ရာရုပ်ရှင်တွေထဲ အခြေအနေကောင်းတဲ့ကားလို့ ပြောလို့ရပါတယ်။ ဟော်ရာကားတွေရိုက်လေ့ရှိတဲ့ မင်းသားကြီး Larry Fessendenက ဆရာနေရာ၊ The Lord of the Rings ထဲမှာ Merry Brandybuck အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသား Dominic Monaghanက တပည့်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Sons of Anarchyတို့ Hellboy တို့ထဲက မင်းသားကြီး Ronald N. Perlman ကလည်း ဘုန်းတော်ကြီးနေရာကနေ ပါဝင်ထားပါသေးတယ်။ကားက ဗစ်တိုးရီယားခေတ် (1820-1910)ကို အခြေတည်ထားတာဖြစ်ပါတယ်။ အဲ့ခေတ်တုန်းက ခေါင်းဖြတ်သတ်တဲ့‌သေဒဏ်စနစ်ရှိသေးတော့ ဒီကားရဲ့စစလာချင်းအခန်းမှာ ဆရာဖြစ်သူ အလောင်းခိုးမှု၊ လူသတ်မှုနဲ့ ခေါင်းဖြတ်ခံရတဲ့အခန်းကနေစထားတာပါ။ တပည့်အလှည့်ကတော့ မနက်ဖြန်ပေါ့လေ။ အဲလိုသေဒဏ်မပေးခင်မှာ ဘုန်းတော်ကြီးတစ်ပါးကို အပြစ်သားဆီလွှတ်ပြီး အပြစ်ဖော်ဆုံးမခိုင်းလေ့ရှိပါတယ်။ ဘုန်းတော်ကြီးနဲ့ တပည့်ဖြစ်သူတို့ စကားပြောရင်း တပည့်လေးက သူတို့ရဲ့အလောင်းသူခိုးအတွေ့အကြုံတွေ၊ မျက်မြင်တွေ့ခဲ့ရတဲ့ ထူးဆန်းအံ့ဖွယ်အကြောင်းအရာတွေကို ပုံပြင်တစ်ခုလိုပြန်ပြောပြရင်း ဒီဇာတ်ကားဖြစ်လာပါတော့တယ်။ ကြည့်ရှုခံစားလိုက်ပါဦး။
Precious Cargo
The Stalking Fields (2022)

Action

စစ်ပြန်တွေ စစ်မြေပြင်ကနေ ရလာခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊နာကျည်းစရာအတိတ်တွေ PTSD တွေကို ကုသပေးဖို့အတွက်ကုထုံးအမျိုးမျိုးရှိတဲ့ အထဲမှ Stalking Fields ဆိုတဲ့ အမဲလိုက် ပရိုဂရမ်တစ်ခု ပေါ်လာပါတယ်အမဲလိုက်ရမှာကတော့ တိရစ္ဆာန်တွေမဟုတ်ဘဲ…ရာဇဝတ်မှုတွေ ဒုစရိုက်မှုတွေကျူးလွန်ထားတဲ့ လူတွေ …အနာဂတ်ပျောက်ဆုံးနေတဲ့လူတွေကို ပြန်ပေးဆွဲပြီးအမဲလိုက်ကွင်းကြီးထဲကို လွှတ်ပေးကာ…စစ်ပြန်တွေကို အမဲလိုက်ခိုင်းတာဖြစ်ပါတယ် နောက်ဆုံးကျန်ရစ်သူကို ဆုငွေဒေါ်လာ ၅ သိန်းနဲ့ ဘဝအသစ်စဖို့ အခွင့်အရေးပေးမယ်ဆိုပြီး ကမ်းလှမ်းပါတယ် အဲ့ဒီထဲမှာမှ အာဖဂန်စစ်မြေပြင်မှာ လူ ၂၀၀ ကျော်သတ်ခဲ့တဲ့ စစ်ပြန်ပြီး ဝုဒ်မန်းဆိုသူ အပါအဝင်ဖြစ်ပါတယ်…ဝုဒ်မန်းခေါင်းဆောင်တဲ့အဖွဲ့ဟာ အမဲလိုက်ခဲ့ရင်း …အချင်းချင်းပြန်သစ္စာဖောက်မှုတွေနဲ့ ရာဇဝတ်သားကောင်တွေကိုဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာကို အလှည့်အပြောင်းများစွာနဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
Henry Cavill ရဲ့ကားသစ်ကြီး😍

Argylle (2024) ဇာတ်ကားသစ်
Argylle (2024) ဇာတ်ကားသစ်
=========

Kingsmen ဒါရိုက်တာ Matthew Vaughn ရဲ့ လက်ရာအသစ် အက်ရှင် သရေလာ ကားပါ။

ကင်းမန်းစတိုင် ဖိုက်တင်ခန်း ကောင်းကောင်းတွေနဲ့ စပိုင်ဇာတ်လမ်းရိုက်ကူးထားတာပါပဲ။

စူပါမန်းမင်းသား Henry Cavill၊ John Cena နဲ့ Dua Lipa တို့ကတော့

ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ အဓိက မင်းသမီးကတော့ Bryce Dallas Howard ပါပဲ။

ဇာတ်လမ်းအကျဉ်း

အယ်လီကွန်ဝေးဆိုတဲ့ စာရေးဆရာမ တစ်ယောက်ဟာ ၅ နှစ်အတွင်း

ရောင်းအကောင်းဆုံး ကမ္ဘာကျော် စပိုင် ဝတ္ထု ၄ အုပ်ကို ထုတ်ဝေခဲ့တဲ့သူပါ။

၅ အုပ်မြောက်စာအုပ်ကို အဆုံးသတ်ပြီး စာမူကြမ်းထွက်တဲ့အချိန်မှာပဲ သူ့ကို

လုပ်ကြံမဲ့ အေးဂျင့်တွေ စပိုင်တွေ၊ သူ့ကိုကယ်မဲ့ စပိုင်တွေ တကယ်တွေ့လာရပြီး

သူ့စာအုပ်တွေထဲက အဖြစ်တွေက အပြင်မှာပါ တကယ်ဖြစ်နေတာကို သိလိုက်ရပါတယ်။

ကြောက်စရာကောင်းတဲ့ လျို့ဝှက်အဖွဲ့ကြီးနဲ့ အေးဂျင့်တွေက သူ့ကို ဘာလို့

အသည်းအသန်လိုချင်နေတာလဲဆိုတာကို တဖြည်းဖြည်းနဲ့ သူကိုယ်တိုင်သိလာရပြီး

အသက်ရှင်ဖို့အတွက် ရုန်းကန်ရပါတော့တယ်။
Jungle (2017)
Downrange (2017)
Harry Potter { 1 to 8 } မြန်မာစာတန်းထိုး
__

တောင်းထားလို့ပြန်တင်ပေးလိုက်ပါတယ်နော် ဘယ်ချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ကားလေးပါ
Emergency (2022)

တောင်းထားတဲ့ကားလေးရပါပြီ
Kate (2021)
===========

ကိတ် ဟာ ဗာရစ်ခ်ရဲ့ ထိန်းကျောင်းမှုအောက်မှာ
လုပ်ကြံသတ်ဖြတ်သူအနေနဲ့ လေ့ကျင့်သင်ကြားခဲ့ရသူတစ်ယောက်ပါ
ငယ်စဥ်ထဲက လေ့ကျင့်ခဲ့ရတဲ့ ကိတ်အတွက်
ပစ်မှတ်မှန်သမျှကို ပစ်မလွဲဖြစ်တဲ့အထိ ကျွမ်းကျင်လှပါတယ်ဒါပေမဲ့လည်း ကိတ်က လူသတ်ရတဲ့ဘဝကို ပင်ပန်းလာပြီးတော့
သာမန်ဘဝလေးနဲ့ပဲ ရှင်သန်ချင်လာခဲ့ပါတယ်ကိတ်တစ်ယောက် သူ့ရဲ့နောက်ဆုံးမစ်ရှင်ကို ဆောင်ရွက်ရင်း
အဆိပ်ခတ်ခံခဲ့ရပါတော့တယ်။
အသက်ဆက်နိုင်ဖို့ ကိတ်အတွက် အချိန်တစ်ရက်ပဲ ကျန်ပြီးတော့ ​
အဲ့ဒီအချိန်တစ်ရက်အတွင်းမှာ
ကိတ်ဟာ သူ့ကို အဆိပ်ခတ်တဲ့သူကို လိုက်ရှာပြီး လက်စားချေနိုင်ဦးမလား…???
အဆိပ်ခတ်လုပ်ကြံမှုရဲ့​နောက်ကွယ်မှာ ဘာအ​ကြောင်းအရာတွေများ ရှိနေဦးမလဲ……??
ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ​ဖြစ်ပါတယ်။
Occupation Rainfall (2021)
======================
ဒီတစ်ခါ GC Movies Fans တွေအတွက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Occupation Rainfall ဆိုတဲ့ စိတ်ကူးယာဥ်သိပ္ပံအက်ရှင်ကားလေးဖြစ်ပါတယ်။

လူသားတွေနဲ့ ဂရေးလို့ခေါ်တဲ့ ဂြိုဟ်သားတွေကြားမှာ စစ်ကြီးဖြစ်နေခဲ့တာ နှစ်နှစ်ရှိခဲ့ပါပြီ။ ငြိမ်းချမ်းရေးကိုဖော်ဆောင်ချင်တဲ့ အမ်မီလီယာဆိုတဲ့လအမျိုးသမီးတစ်ယောက် ဂရေးတွေနဲ့တွေ့ဆုံပြီး ညှိနှိုင်းဖို့ကြိုးစားခဲ့ရာမှာ ကုဒ်နာမည် Rainfall ဆိုတာကို သိရှိခဲ့ရပါတယ်။ Rainfall ဆိုတာဘာများလဲ။ မဟာမိတ်ဂရေးတွေဘက်က အပြည့်အဝရပ်တည်ပေးတဲ့ အမ်မီလီယာတစ်ယောက် ဂရေးတွေကို ကာကွယ်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားရမလဲ။

Rainfall ဆိုတဲ့အရာကိုစုံစမ်းဖို့အတွက် စေလွှတ်လိုက်တဲ့ မတ်သရူးတို့အဖွဲ့ကရော ဘယ်လိုအခက်အခဲတွေနဲ့ ယဥ်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို …….ဒီဇာတ်ကားလေးထဲမှာ အားရပါးရကြည့်ရှုနိုင်ပါပြီ။ သိပ္ပံကားဖြစ်ပေမယ့် အက်ရှင်အခန်းတွေအများကြီးပါတာမို့ ပျင်းစရာလုံးဝမကောင်းပါဘူးနော်။