𝐅𝐥𝐞𝐱𝐱 [ 4 ]
170K subscribers
727 photos
1 video
142 links
Download Telegram
Killers of the Flower Moon (2023)

အားနက် ဘာ့ဟက်ဆိုတဲ့ စစ်ပြန်တစ်ယောက်ဟာ သူ့ဦးလေးရှိရာ အိုဆေ့ပြည်နယ်မှာ အလုပ်
လာရှာရင်း အငှားကားမောင်းဖြစ်သွားပါတယ်။ အငှားကားမောင်းရင်းကနေ အိုဆေ့မျိုးနွယ်စုဝင်
မိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိရင်းလက်ထပ်ဖြစ်သွားပါတယ်။ အဲဒီမိသားစုရဲ့ ရေနံခံစား
ခွင့်နဲ့မြေတွေက အရမ်းကိုမက်မောစရာကောင်းနေတဲ့အတွက် အားနက်ရဲ့ဦးလေးက သူ့တူကို
စည်းရုံးပြီး အိုဆေ့မိသားစုတစ်ခုလုံးကို နည်းလမ်းမျိုးစုံနဲ့လုပ်ကြံပြီး အပိုင်စီးဖို့ ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ .....
Northmen (2014)
Live By Night (2016)

မင်းသားကြီး Ben Afflesk ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး စိတ်တိုင်းကျ မင်းသမီးတွေရွေးချယ်ကာ
ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက် ပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့
ဂန်းစတား အက်ရှင် ဇာတ်ကြမ်း ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်
Ben Afflex ဦးဆောင်တဲ့Boston က ဂိုဏ်းစတားတွေဟာ ဖလောရီဒါမှာ ဆိုင်လာဖွင့် စီးပွားရှာရာမှ
နယ်ခံ ဂိုဏ်းစတားတွေနဲ့ ညှိပြီး ခွပ်ကြရာမှ
ဘယ်လိုတွေဆက်ခွပ်ကြမလဲဆိုတာကိုတော့
ဆက်လက် ရှူစားလိုက်ကြရအောင်လားဗျာ
Torpedo: U-235 (2019)

ကျွန်တော်ကြည့်ဖူးသမျှ ဒုတိယကမ္ဘာစစ်ရေငုပ်သင်္ဘောဇာတ်ကားထဲမှာ ဒီကားကတော့အကောင်းဆုံးပဲဗျ။
သမိုင်းအပေါ်အတော်အသင့် အခြေခံထားပြီး-ဗဟုသုတအများကြီးလည်းပေးပါတယ်။
ပီပီသသနဲ့ကြည့်လို့ကောင်းပြီး အချိန်ပေးကြည့်ရတာလုံး၀တန်ပါတယ်။
ဇာတ်လမ်းက‌တော့ ဒုတိကမ္ဘာစစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံက အမေရိကန်တွေ Nuclearဗုံးလုပ်ဖို့အတွက်လိုအပ်တဲ့ယူရေနီယမ်သတ္တုရိုင်းတွေကို ရေငုပ်သင်္ဘောနဲ့ပင်လယ်ကိုဖြတ်ပြီး တိတ်တဆိတ်ပို့ပေးရမယ့်အကြောင်းပါ။

ဒါပေမယ့်ဖြစ်ချင်တော့ နာဇီထောက်လှမ်းရေးများကအဲ့အကြောင်းကိုသိသွားပြီး…
သွားပို့မယ့်ရေငုပ်သင်္ဘောကို အမေရိကန်နိုင်ငံကိုမရောက်အောင် မရရတဲ့နည်းနဲ့လိုက်တားပါတော့တယ်။
အောင်မြင်ဖို့လုံး၀မဖြစ်နိုင်တဲ့ ဒီစစ်ဆင်ရေးကြီးကို ရေငုပ်သင်္ဘောအမှုထမ်းတွေ ဘယ်လိုညဏ်ပါပါနဲ့-သတ္တိရှိရှိနဲ့ ဖြေရှင်းမလဲဆိုတာတော့ ...
Red Carpet [2014]

ဒီဇာတ်ကားလေးက ဟာသဆန်ဆန်ရိုက်ကူးထားပေမယ့် ပေးချင်တဲ့ မက်ဆေ့ကတော့ တော်တော်ကောင်းပါတယ်

Porn ကားရိုက်တဲ့ မိန်းကလေးတိုင်း အပျက်မ မဟုတ်ပါဘူး…အလုပ်တစ်ခုဖြစ်ပြီး ဒါဟာလည်း အနုပညာတစ်ရပ်ပါပဲ

ဇာတ်ကားထဲမှာ ဘယ်လိုပဲ ဖြစ်နေပါစေ အပြင်မှာတော့ မိန်းကလေးအားလုံးနဲ့ တန်းတူဆက်ဆံရမှာပါပဲ လေးစားမှု့ရှိရမှာပါပဲ

လူတွေနေ့စဉ်ဘဝမှာ ဖြစ်ပျက်နေကြအရာတွေကို ကျန်းမာရေးရှူ့ထောင့်ကဖြစ်စေ ၊ လူ့သဘောသဘာဝကို ဖြစ်စေ ဖော်ပြပေးတဲ့ဇာတ်ကားတစ်ရပ်ပါ

အနုပညာဆိုတာကို ကျွန်တော်တို့ ဘယ်လို သတ်မှတ်ထားတာလဲ

ပန်းချီကားတစ်ချက်ပေါ် ဆေးချက်များစွာနဲ့ရောင်စုံခြယ်နိုင်မှ အနုပညာလား…

မဟုတ်ပါဘူး ခဲတံတစ်ချောင်းနဲ့ပဲ ရေးဆွဲလည်း အနုပညာပါပဲ ။
Lawless (2012)

Rotten Tomatoes… 67%
ဒီအရေ ဒီအသား ဒီအသွေးနဲ့ပဲ တည်ဆောက်ထားကြတဲ့ အသက်တစ်ချောင်းစီရှိကြတဲ့ လူချင်းအတူတူ ဘယ်သူမဆို သတ်ရင်သေကြတာပါပဲ။ အကြောက်တရား ရှိကြတာပါပဲ။
ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာ ကိုယ့်အကြောက်တရားကို ကိုယ်ထိန်းချုပ်နိုင်တဲ့လူ ၊ ဒဏ်ရာတွေကြား ရှင်သန်ဖို့ အားတင်းနိုင်တဲ့လူ ၊ မသေမျိုးအထင်ခံရတဲ့လူတစ်ယောက် ပါဝင်ထားပါတယ်။
အဲ့ဒီလူနေရာက သရုပ်ဆောင်ထားတာကလည်း Tom Hardy á€•á€Ťá‹

ဒီဇာတ်လမ်းဟာ…
1920 ကနေ 30 အတွင်း အရက်ပုန်းတားမြစ် ဥပဒေကာလမှာ အမေရိကန်ပြည်ထောင်စု Franklin ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အရက်မှောင်ခိုသမားတွေနဲ့ ဥပဒေကြားက ထိပ်တိုက်ယှဉ်ပြိုင်မှူတွေအကြောင်း.. ဖြစ်ရပ်မှန် အခြေခံ ဇာတ်လမ်း ဖြစ်ပါတယ်။
ဒီ ရုပ်ရှင်ရဲ့ ဝတ္တုကို Matt Bondurant ရေးသားပြီး သူ့အဘိုး Jack Bondurant ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါတဲ့။
ဒီဇာတ်လမ်းရဲ့ တစ်ပါးသော ဆွဲဆောင်မှုကတော့ Memento ရဲ့Lead Actor Guy Pearce ပါ။
(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung á€–ဟစ်ပဍတယ်)

#Credit
Tomb Raider (2018)

လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာတောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့နေနေတာပါ

တစ်ရက်မှာ ယာဉ်တိုက်မှုတစ်ခုကြောင့် အဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွားဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်

ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိပေးခဲ့တာကြောင့် လာရာတစ်ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်

အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာတွေကို ပြောပြထားကာ အန္တရာယ်များလွန်းတဲ့အတွက် ဆက်မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေမယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်

အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ဆီကို သွားခဲ့ပါတယ်

လမ်းမှာ မုန်တိုင်းအကြီးအကျယ်မိပြီး သင်္ဘောပျက်ကာ ကျွန်းတစ်ကျွန်း ပေါ် ကမ်းတင်သွားပြီး ဟီမီကို အုတ်ဂူကို လိုက်ရှာနေတဲ့ အဖွဲ့ခေါင်းဆောင် မက်သီရက်ဗိုဂယ် ဆိုသူက ဖမ်းဆီးထားခဲ့ပါတယ်
G.I. Joe: Retaliation (2013)

GI Joe The Rise of Cobra ရဲ့ အဆက်အနေနဲ့ ထွက်ရှိလာခဲ့ပြီး
ပထမရုပ်ရှင်က မင်းသားတွေဖြစ်တဲ့ Channing Tatum တို့ လီဗျောင်ဟွန်းတို့အပြင် ဒီရုပ်ရှင်မှာတော့ Dwayne Johnson တို့ Bruce Willis တို့လို ဖိုက်တာတွေပိုပါဝင်လာတာမို့ ပိုကြမ်းလာတယ်ပြောရမှာပေါ့…။
တကယ့်ဖိုက်တာမင်းသားတွေ အပြိုင်အဆိုင်ကြမ်းထားကြတာမို့
ဇာတ်လမ်းထက် သူတို့ကြမ်းတာကို မနည်းလိုက်ကြည့်ရမလိုဖြစ်နေရပါတယ်။
ဇာတ်လမ်းကတော့…
G.I.Joe အဖွဲ့ရဲ့ ကပ္ပတိန်ဒုခ်နဲ့ အဖွဲ့သားတွေ ထောင်ချောက်ဆင်သတ်ဖြတ်ခံရပီးတဲ့နောက် အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ရုတ်ဘလော့ခ် ( The Rock) လေဒီဂျေး , ဖလင့် နဲ့ Snake eyes တို့တွေပူးပေါင်းပြီး
Cobra commander , Firefly , Zartan နဲ့ Storm Shadow တို့ရဲ့ကမ္ဘာကြီးကိုဖျက်ဆီးမဲ့အစီအစဉ်ကို
ဘယ်လိုတွေတားဆီးကျမယ်…သူတို့အဖွဲ့အတွက် ဘယ်လိုလက်စားချေမယ်ဆိုတာကို Action ဇာတ်ဝင်ခန်းအလန်းစားတွေနဲ့ကြည့်ရှုခံစားရမှာပါ။
Raging Phoenix [2009]

ဒီဇာတ်ကားလေးကတော့ ကျွန်တော်(စိုးထွေး)ရဲ့ ၁၈ ကားမြောက်ကားလေးကိုရောက်လာခဲ့ပါပြီ..

အက်ရှင်ကြိုက်နစ်သက်တဲ့ပရိတ်သတ်တွေအတွက် ကြိုက်နစ်သက်မှာသေချာတဲ့ဇာတ်ကားတစ်ကားပါပဲ

Chocolate ဇာတ်ကားနဲ့ ရုပ်ရှင်လောကကိုဝင်လာခဲ့တဲ့ ဒီမင်းသမီးလေးဟာ ခုဆိုရင် ထိုင်းမှာ တိုနီဂျာနည်းတူအောင်မြင်နေခဲ့ပါပြီ..

The protector 2 မှာလည်းတိုနီဂျာနဲ့အတူပါဝင်သရုပ်ဆောင်ထားပါသေးတယ်

ဇာတ်လမ်းကတော့ မိန်းကလေးတွေကိုပြန်ပေးဆွဲပြီးရောင်းစားတဲ့ဂိုဏ်းတစ်ဂိုဏ်းကနေစတင်ထားပါတယ်

မိမိရဲ့ချစ်သူနဲ့လက်ထပ်တဲ့နေ့မှာပဲ မိမိရဲ့ ချစ်သူထူးထူးဆန်းဆန်းပျောက်ဆုံးသွား၍ကြေကွဲခံစားနေရတဲ့..ဆနင်

မိမိတစ်ယောက်တည်းအမြဲလိုလိုအထီးကျန်သည်ဟုခံစားပြီး ပေတေလေလွင့်နေတဲ့ဒရူ

ဒရူကို လိုချင်နေတဲ့ဂိုဏ်းတစ်ဂိုဏ်း..ထိုဂိုဏ်းကကောဘာလို့ ဒရူကိုလိုချင်ရတာလဲ..

မိမိကိုကယ်တင်လိုက်တဲ့အချိန်မှစပြီး ဆနင်ကိုသံယောဇဉ်ဖြစ်မိသည့်ဒရူ ၊ဆနင်ဆီကနေကိုယ်ခံပညာသင်ကြားပြီး လူကုန်ကူးဂိုဏ်းတွေကိုဘယ်လိုဆုံးမမလဲ စသဖြင့် ဇာတ်လမ်းအစ အလည် အဆုံး အက်ရှင်အကြမ်းအရမ်းများကိုတဝကြီးခံစားရမှာပါ
Hidalgo(2004)

==============

ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့

ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်

ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး

၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့

ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့

သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။

ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့

သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံး

မြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ်

လူမျိုး‌တွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။

ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းက

သူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုက

Frank Hopkins ကို “မီးပင်လယ်”လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက်

ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့

အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။

ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် Frank Hopkins တစ်ယောက်
Taken(1+2+3) Package ဖခင်တယောက်ရဲ့ မေတ္တာကိုပုံဖော်ထားတဲ့ Actionဇတ်ကားပါ ဒီဇာတ်လမ်းက စ၊လယ်၊ဆုံး မနားတမ်း Action Scene တွေ၊ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေအပြင်၊ သတိထား ပညာယူရမယ့်အချက်တွေနဲ့ ပရိတ်သတ်ကိုစွဲဆောင်နိုင်ပါတယ်။ ဇာတ်လမ်းကသာမန် အားဖြင့်ရိုးရှင်းတယ်လိုထင်ရပေမယ့် တကယ်တမ်း ကြည့်ရင်၊ ကြည့်နေကြ Action/Revenge ကားတွေ၊ Action/Detective ကားတွေထက် ထူးခြားပါတယ်။ ဇာတ်လမ်းဆုံးသည် အထိ စိတ်လှုပ်ရှားမှုရသအပြည့်အဝပေးနိုင်တဲ့အပြင်၊ အက်ရှင်တွေလည်း မရိုးနိုင်အောင် တဝကြီးကြည့်ရပါတယ်။ သာမန်သိုင်းကားတွေလို အဓိပ္ပါယ်မရှိ မင်းသားနဲ့လူဆိုးတွေ ချခန်းကြီးပဲ ကြည့်နေရတာ မျိုးလည်းမဟုတ်ပဲ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းမျိုးပါ။
မကြည့်ရသေးတဲ့သူများ ကြည့်ဖြစ်အောင်ရှာပြီးကြည့်ပါ။ မိသားစုတူတူကြည့်ဖိုသင့်တော်ပါတယ်။ Rated PG-13 ပါ။ ဇာတ်ကားတစ်ကားလုံး မပျင်းမရိပဲကြည့်ရမယ့်ကားမျိုးပါ။