𝐅𝐥𝐞𝐱𝐱 [ 4 ]
170K subscribers
727 photos
1 video
142 links
Download Telegram
American Sniper (2014)

ဒီလို Navy Seal မှာ တာဝန်ထမ်းဆောင်ရင်းနဲ့ပဲ သူ့မိန်းမနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ၁၉၉၉ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်မှုအပြီးမှာ အမေရိကန်က အီရတ်ကို စစ်တိုက်တော့ သူစတင် ပြီး စစ်မှုထမ်းခဲ့ပါတယ်

ဒီလူက အီရတ်ကို ၄ ကြိမ်ပြန်သွားခဲ့ပြီး၊ ရက်ပေါင်း ၁ထောင်ကျော် စစ်မှုထမ်းကာ ရန်သူ ၁၆၀ သတ်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်

ဒီလိုနဲ့ Kyle က စစ်တပ်ထဲမှာ လူသိများလာသလို သူရှိနေတယ်ဆိုရင် Marine တွေက ပိုလုံခြုံတယ်လို့ခံစားရတယ် လို့ ဆိုကြတဲ့အထိ ကို နာမည်ကြီးလာပါတယ်

အီရတ်ကတောင် သူ့ကို ဆုကြေးငွေထုတ် ဒေါ်လာ ၈၀၀၀၀ ထုတ်ပြီး သတ်ခိုင်းတဲ့အထိ နာမည်ကြီးသူပါ

Kyle က သူ့ဘဝမှာ သူ လူ ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရပဲ သူ့ရဲ့စစ်သားတွေကို မကယ်နိုင်ခဲ့တာပိုနောင်တ ရတယ်လို့ ဆိုပါတယ်

သူစစ်ထဲမှာရှိနေရင် သူ့စစ်သားတွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။

မိန်းမဖြစ်သူက မသွားဖို့တားတဲ့ကြားက ရအောင်သွားခဲ့သူဖြစ်ပါတယ်။ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက် ကပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က Olympic Champion, ဆီးရီးယားလူမျိုးဖြစ်ပါတယ်။
Fury (2014)

IMDb (8.1/10)

၁၉၄၅ ခုနှစ်၊ ဧပြီလ။
ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။

အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့
နာဇီ ဂျာမနီနိုင်ငံအား
အမေရိကန်မှ
နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။

အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ
ဖျူရီ (fury) လို့ခေါ်တဲ့ တင့်ကားကို
ဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

ဖျူရီက စစ်ပွဲ ရိုက်ကွင်းအပြင်အဆင်၊ သရုပ်ဆောင်တွေရဲ့ ပီပြင်မှုတွေကြောင့် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ခံရတဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Bird Box (2018)
Horror , Sci-fi

A Quiet Place တို့ The Happening တို့လိုကားမျိုးကိုသဘောကျရင် ခုဒီကားလေးကိုလဲ သေချာပေါက်အကြိုက်တွေ့မှာပဲဖြစ်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း မျက်လုံးတွေစီးထားကြတာကို စိတ်ဝင်စားကြမယ်ထင်တယ်။Quiet Place လိုကားမျိုးမှာက အသံမထွက်ရသလိုမျိုး ဒီကားမှာတော့ မျက်စိမဖွင့်ရပါဘူး။

မျက်စိနဲ့ အဲ့ဒီ အကောင်တွေ ကိုကြည့်လိုက်တာနဲ့ ကိုယ့်ကိုယ်ကို သက်သေချင်စိတ်တွေပေါက်လာပြီး ကိုယ်တိုင်နာကျင်အောင် ပြန်လုပ်ပါတယ်။

ဒီကားရဲ့ အဓိက ဇာတ်ကောင်ကတော့ မယ်လိုရီ ဆိုတဲ့အမျိုးသမီးပါ။သူမက ကိုယ်ဝန် တစ်ခုကို မလွယ်ချင်ပဲ နဲ့လွယ်ထားရပါတယ်။

သူမသတင်းတစ်ခုမှာ တွေ့လိုက်တာကတော့ မြို့တစ်မြို့မှာ လူတွေက ကိုယ့်ကိုယ်ကို သက်သေကြတယ်ဆိုတာပါပဲ၊ဒါပေမယ့်လဲသူမက သတင်းကိုသိပ်အလေးမထားခဲ့ပါဘူး။

တစ်နေ့တော့ ဗိုက်ပြဖို့ဆေးခန်းကိုသွားပြီးအပြန် ဆေးရုံမှာ မိန်းမတစ်ယောက်က ခေါင်းနဲ့ နံရံနဲ့စောင့်နေတာကိုတွေ့ ခဲ့တယ်။အပြင်မှာလဲ ရုတ်ရုတ်သဲသဲဖြစ်နေခဲ့တယ်။

#Reviewcrd
The Tomorrow War (2021)
--------------------------

IMDB (6.8/10)
Revolver (2005)

Revolver (2005)
*
ဒ
ီဇာတ်လမ်းကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးခဲ့ပြီး
Action၊ Crime၊ Drama၊ Mystery၊ Thriller အကုန်ခံစားရမယ့်
ရှုပ်ထွေးနက်နဲတဲ့ movieတစ်ခုဗျ...။
တချို့ကျလည်း နားလည်ဖို့ခက်လို့ သုံးခေါက်လောက်ကြည့်သင့်တဲ့ကားလို့
ဆိုကြပါသတဲ့...။ ဒါကြောင့် ခေါင်းကိုကောင်းကောင်းစားမယ့် ရုပ်ရှင်မျိုးပါ...။
မင်းသားကလည်း အားလုံးသိပြီးသား Transporter မင်းသား
ဂျေဆင် စတက်သန်ပါ...။
ဇာတ်လမ်းအကျဥ်းကတော့ မစ္စတာဂရင်းဟာ ဂန်းစတား ခေါင်းဆောင်
အလောင်းအစားဘုရင် မစ္စတာဒီရဲ့ အကွက်ဆင်ကောင်းမှုကြောင့် ထောင်ထဲမှာ
၇ နှစ်လောက်အောင်းလိုက်ရပါတယ်...။
ကံကောင်းတယ်ပဲဆိုရမလား ထောင်ထဲမှာ တိုက်ပိတ်ခံရရင်း ပရော်ဖက်ဆာ
ဒေါက်တာဆိတ်ဖွားနှစ်ယောက်နဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်...။
တစ်ယောက်က စစ်တုရင်ဆရာကြီး...နောက်တစ်ယောက်က အယုံသွင်း
လှည့်ဖြားတတ်တဲ့လူလိမ်ဆရာကြီး...။
ထောင်ထဲမှာ ၇နှစ်လုံးလုံး အဲ့ဆရာကြီးနှစ်ယောက်ဆီက ပညာတွေ အခွင့်သင့်
သလိုသင်ယူရင်း၊ လက်စားချေနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း ၇ နှစ်တာ
ကုန်ဆုံးပြီး....
Hard Target (1) (1993)
Rogue One: A Star Wars Story (2016)

Rogue One: A Star Wars Story - Sci-fi ကြိုက်သူပရိတ်သတ်တွေအတွက် epic sci-fi လေးတစ်ခု တင်ပေးထားပါတယ်။ Star Wars တွေဟာသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်သမိုင်းရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ဇတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။ ပထမဆုံး Star Wars ရုပ်ရှင်ကိုတော့ ၁၉၇၇ မှာ ပြသခဲ့ပြီး သူ့နောက်မှာ ၂ ကားဆက်တိုက်ထွက်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် 1999 ကနေစလို့ နောက်ထပ် ၃ ကားထပ်ပြသခဲ့ပြီး လက်ရှိ ၂၀၁၅ မှာ တစ်ကား ၂၀၁၆ မှာ တစ်ကား ထပ်မံထွက်ရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းတစ်နေရာမှာ ဂြိုလ်ပေါင်းများစွာ စုစည်းနေထိုင်ကြပြီး လွှတ်တော်နဲ့ ဒီမိုကရေစီစနစ်နဲ့ နေထိုင်ကြပါတယ်။ လွှတ်တော်အောက်မှာတော့ စကြဝဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဖြစ်တဲ့ Jedi သူရဲကောင်းတွေ ရှိနေပါတယ်။ Jedi တွေဟာ သက်ရှိတွေအားလုံးအတွင်းနဲ့ပတ်လည်မှာတည်ရှိနေတဲ့ Force ဆိုတဲ့ စွမ်းအင်ကို သုံးစွဲနိုင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အလင်းဓားတွေနဲ့အတူ ကျော်ကြားကြပါတယ်။

#Credit
Operation Fortune: Ruse de Guerre (2023)

IMDb - 6.3/10
Genre - Action, Comedy

ဘီလီယံနဲ့ချီတဲ့ အမျိုးအမည်မသိလက်နက်တစ်ခု အခိုးခံလိုက်ရတယ်။ အဲဒါကို အရေးတကြီး ပြန်ရဖို့အတွက် အစိုးရအေဂျင်စီတွေက ကန်ထရိုက်တာဖြစ်တဲ့ နေသန်နဲ့ အော်ဆန်ဖော်ချွန်းကို အလုပ်အပ်ရတယ်။ အော်ဆန်ဟာ စစ်ဆင်ရေးတွေမှာ အရမ်းအသုံးအဖြုန်းကြီးတဲ့သူမို့ တော်ရုံလူက အလုပ်မအပ်ချင်ကြပါဘူး။ စစ်ဆင်ရေးပြီးရင်လည်း အစိုးရစားရိတ်နဲ့ စိတ်ဒဏ်ရာကုဖို့ဆိုပြီး အပမ်းဖြေစခန်းတွေ သွားနှပ်တာတွေကြောင့်ပါ။ ဒါပေမဲ့ ဒီအရေးကြီးစစ်ဆင်ရေးအတွက် အလုပ်အပ်ခံလိုက်ရတဲ့အချိန်မှာတော့ ဘီလီယံချီပြီးတန်တဲ့ လက်နက်ကဘာလက်နက်လဲ။ ဘယ်သူက ရောင်းပြီးဘယ်သူကဝယ်မှာလဲဆိုတာကို စုံစမ်းပြီး ပြန်ရအောင် ကြိုးစားရပါတော့တယ်။
Iron.Cross.The.Road.To.Normandy.2022
Point Break [2015]
================

ဘဏ်ကိုဓားပြတိုက်ပြီး ဆင်းရဲသားတွေကိုပြန်ပေးတဲ့ကားလေးပါ

ဇာတ်လမ်းကတော့ ဘက်စုံကျွမ်း အားကစားသမားဖြစ်တဲ့ ယူတာ့ရ်ှတစ်ယောက် FBI ကို စတင်ဝင်ဖြစ်ပုံနဲ့ စတင်ထားပါတယ်။

သူရောက်ပြီးနောက်ပိုင်းမှာတော့

ဘဏ်ဓားပြတိုက်အမှု ပိုက်ဆံသယ်လာတဲ့လေယာဉ်ကို တစင်းလုံးအပိုင်စီးပြီး ပိုက်ဆံတွေဆင်းရဲသားရွာပေါ်ကို ကြဲချခဲ့တဲ့အမှု စိတ္တဇဆန်ဆန် လုယက်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။

ယူတာ့ရ်ှဟာ သူကိုယ်တိုင်လဲ အာကစားသမား၁ယောက်ဖြစ်နေတာကြောင့် အမှုသွား အမှုလာတွေကို လေ့လာပြီးတော့ သံသယရှိသူတွေဟာ ဘက်စုံကျွမ်း အားကစားသမားများ ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အကြောင်းကတော့ အိုဇာကီ ၈ ချက် ဆိုတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေပေးရင် ထွက်ရပ်ပေါက်မယ်ဆိုတဲ့ အယူဝါဒကြောင့်ပါ။ ဒီလိုကိစ္စတွေကို လုပ်မယ့်သူတွေဟာ ဘက်စုံကျွမ်းအားကစားသမားများပင် ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။

ဒါပေမယ့် FBI အထက်တန်းက အဲ့ဒီအယူအဆကို လက်မခံခဲ့ပါဘူး။ တစ်ခုရှိတာကတော့ ယူတာ့ရ်ှရဲ့
ဘော့စ် ဟောလ်က လက်ခံပေးလိုက်တာပါပဲ။ အဲ့ဒီမှာတင် အသွင်ယူစစ်ဆင်ရေးစတာပါပဲခင်ဗျ။

#Credit
The Sin (2024)

Horror movie ဇာတ်လမ်းတစ်ခုဖြစ်ပြီးတော့
နယ်ဘက်မှာရှိတဲ့ စွန့်ပစ်ထားတဲ့ကျောင်းတစ်ကျောင်းကိုသွားပြီး ရိုက်ကူးရေးလုပ်ရာကနေ စတင်ခဲ့တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်

ရိုက်ကူးရေးပထမရက်မှာ‌တင် ကျောင်းအတွင်မှာလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေခဲ့ပြီးတော့ ရိုက်ကူးရေးအတွက်ရောက်ရှိလာတဲ့ သရုပ်ဆောင်တွေနဲ့ production team ကအဖွဲ့သားတွေပါ တဖြည်းဖြည်းချင်းကြုံတွေ့လာခဲ့ရပါတယ်

အဲလိုနဲ့ပဲ ပြန်ပြီးမနိုးထလာသင့်တဲ့အရာတွေက ပြန်ပြီးနိုးထလာတဲ့အချိန်မှာတော့ သူတို့တစ်ဖွဲ့လုံးအတွက် ကပ်ဆိုးကျလာပါတော့တယ် ဒီအခြေအနေကနေလွတ်မြောက်သွားနိုင်ဖို့ကြိုးစားကြပုံကိုရိုက်ကူးထားပြီး ဘယ်လို plot twist ‌တွေပါ၀င်လာဦးမလဲ ကြောက်မက်ဖွယ်နဲ့စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Horror ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
Clifford the Big Red Dog (2021)
__

IMDB (6/10)

ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

IMDb 6 ရထားပြီး ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် ဇာတ်ကားလေးပါ

Universal ရုပ်ရှင်ကုမ္ပဏီကနေ ထုတ်လုပ်ထားပြီး Clifford:The Big Red Dogဆိုတဲ့နာမည်ကြီး ကလေးပုံပြင်စာအုပ်ကိုအခြေခံရိုက်ကူးထားတာပါ

နယူးယောက်မြို့ကြီးကို မကြာသေးခင်ကမှပြောင်းလာတဲ့ အလယ်တန်းကျောင်းသူအမ်မလီအတွက် အပေါင်းအသင်းဆိုတာမရှိဘဲ အထီးကျန်နေခဲ့ရတာပါ

ဒီလိုနေရင်းတစ်နေ့မှာ ဘရစ်ဝဲလ်ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးသမားကြီးနဲ့တွေ့ပြီး ကလစ်ဖို့ဒ်ဆိုတဲ့ အမွေးနီနီရဲရဲနဲ့ ချစ်စရာပါပီလေးက သူ့ဘဝထဲကို ရောက်လာပါတယ်

ဒါပေမဲ့အမ်မလီဆီရောက်ပြီး တစ်ရက်အကြာမှာပဲကလစ်ဖို့ဒ်လေးဟာ အံ့ဩဖွယ်ကောင်းလောက်အောင် နေ့ချင်းညချင်း ၁၀ပေအရွယ် ဧရာမပါပီကြီးဖြစ်သွားတဲ့အခါ

အမ်မလီနဲ့ ဦးလေးဖြစ်သူကေစီတို့ ဒီခွေးလေး ပုံမှန်အရွယ်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

ခွေးလေးရဲ့ အရွယ်ကြီးသွားတဲ့အစွမ်းကို လိုချင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုပေါ်လာတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့

#Credit
#ChannelMyanmar