Movie Hub 2
45.5K subscribers
305 photos
14 videos
Download Telegram
Cosmic Sin (2021)MM SUB

==============
ကျွန်တော်တို နေထိုင်ကြတဲ့ စကြဝဠာကြီးမှာ ကမ္ဘာဂြိုဟ်က သတ္တဝါတွေအပြင် တခြား မျိုးစိတ်တွေ ရှိနေဦးမယ်လိုထင်ပါသလား ….ရှိနေရင်ရော ဘယ်လိုပုံစံတွေ ဖြစ်မယ်လိုထင်လဲ၊ သူတိုကရော ကမ္ဘာဂြိုဟ်ကလူတွေလို အသိဉာဏ်ရှိကြလား၊
ဒါမှမဟုတ် နိမ့်ကျမလား သာလွန်နေမလား၊ ဒါတွေဟာ စဉ်းစားကြည့်မယ်ဆို စိတ်၀င်စားစရာပဲ . . .
ပိုပြီး စိတ်၀င်စားဖို ကောင်းတာက ဒီလိုမျိုးစိတ်တွေသာ တကယ်ရှိပြီး လူတွေထက် အသိဉာဏ်နဲ့ ဖန်တီးနိုင်မှု စွမ်းအားကလည်း ပိုမြင့်နေမယ်၊ သူတိုက လူတွေကို အန္တရာယ်ပေးလာမယ်ဆိုရင် လူသားတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာပါပဲ။ ဒါဆိုရင် လူသားတွေအနေနဲ့ ဒီ ကြမ္မာဆိုးကြီးကို ကျော်ဖြတ်နိုင်ပါ့မလား လူသားတွေသက်တမ်းဟာ အဓွန့်ရှည်ပါ့မလား ……ဆိုတာဟာ စဥ်းစားစရာပါပဲ။ဒီဇာတ်ကားမှာ မင်းသားကြီး Bruce Willis က ဂျိမ်းစ် ဖိုဒ်အမည်ရှိ အာကာသဆိုင်ရာ မဟာမိတ်ကောင်စီရဲ့ ဗိုလ်ချုပ်ဟောင်းကြီးအဖြစ် ပါ၀င်ထားပြီး Frank Grillo က ဗိုလ်မှူး ရိုင်အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ Action, Adventure , sci-fiချစ်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
Black Panther (2018)
Doctor Strange In The Multiverse of Madness (2022)
The New Legend of Shaolin ( 1994 )

ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့
ပရိသတ်ကြီးအတွက်
1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး
ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့
New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
Sorcerer And The White Snake (2011)

➪➪➪➪➪➪➪➪➪➪➪➪➪➪

နာမည်ကြီးမင်းသားဂျက်လီနဲ့ကားဆိုတာနဲ့တင်ပြောစရာကိုမလိုတော့ပါဘူး..
ဒီကားကတော့ ကြည့်ဖူးသမျှဂျက်လီရဲ့ကားတွေထဲမှာ အကောင်းဆုံးနဲ့အမိုက်ဆုံးကားတစ်ကားဆိုရင်လည်းမမှားပါဘူး…

မိစ္ဆာတွေကိုလိုက်ဖမ်းတဲ့ကျောင်းတိုင်ဘုန်းတော်ကြီးဖအိုင် အဖြစ်ဂျက်လီကိုမြင်ရမှာဖြစ်ပါတယ်

သူဟာမိစ္ဆာပေါင်းစုံကိုလိုက်လံနှိမ်နင်းဖမ်းဆီးပြီးတော့ကျောင်းဆောင်အပေါ်ထပ်မှာချုပ်နှောင်ထားရပါတယ်

လိုက်လံဖမ်းဆီးနေတဲ့အချိန် တခြားအရပ်မှာတော့ မိစ္ဆာမြွေမလေး ၂ ယောက်ထဲကအမဖြစ်သူ စုစုဟာလူသားယောက်ျားလေးတစ်ယောက်ကို ရုတ်တရက်မြင်မိရာကနေချစ်ကြိုက်မိသွားပါတယ်

တစ်ကားလုံးနီးပါး စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီးတော့ လူသားကောင်လေးတစ်ယောက်နဲ့မိစ္ဆာမြွေမလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ အားလုံးရဲ့စိတ်ကိုအဆုံးထိဆွဲဆောင်သွားမှာကလည်းဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုလိုပါပဲ…
The Antisocial Network Memes to Mayhem 2024

Genre - Documentary
Scoop (2024)

Genre - Biography/ Drama
UNKNOW _2011
Train To Busan (2016) မြန်မာစာတန်းထိုး
𝐆𝐫𝐞𝐲𝐡𝐨𝐮𝐧𝐝(𝟐𝟎𝟐𝟎) 

𝐈𝐌𝐃𝐛…𝟕.𝟐,,,𝐑𝐨𝐭𝐭𝐞𝐧….𝟕𝟖%

အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလကပ္ပတိန် Ernest Krause  ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီးNorth Atlantic ဒေသကို ြဖတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ…သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်ဘာလို့ဆို ခရီးစဉ်မှာရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ
ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်းစစ်မျက်နှာဖွင့်ပါတယ်
ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့….ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီးCaptain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ကသရုပ်ဆောင်ထားပါတယ်… စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီးစက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး…တစ်ချက်လောက်မှားလိုက်တာနဲ့အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့တာဝန်က ကြီးလွန်းလှပါတယ်
Iron Dart ( 2024 )

IMDB: 5.7/10
ဒီဇာတ်ကားလေးကတော့ ကိုယ်ရံတော်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့
ပရိသတ်တွေအတွက် အကြိုက်တွေ့စေမဲ့ အက်ရှင်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။
ဇာတ်လမ်းအညွှန်းလေးကတော့ –
ယန်အိမ်တော်ရဲ့အ‌ မွေပြဿနာ‌တွေကြောင့် လီကွေ့ဖန်းလို့ခေါ်တဲ့
အမျိုးသမီးဟာ သူ့ရဲ့မတ်ဖြစ်သူ‌ထံကနေ သမီးလေးလက်ကို‌ဆွဲပြီးထွက်ပြေးနေရတာပါ။

အဲဒီအချိန် ထျယ်ရန့်လို့ခေါ်တဲ့ လူငယ်လေးကလည်း မြို့ကို
သူ့အဘွားလုပ်ခိုင်းလိုက်တဲ့ကိစ္စလေးကြောင့် မြို့ကိုရောက်နေတဲ့
ဒုက္ခတွေ့နေတဲ့ လီကွေ့ဖန်းတို့သားအမိကိုကယ်လိုက်ပါတော့တယ် ။

အဲဒီအချိန်မှာ လူဆိုးတွေကလည်းဆက်တိုက်လိုက်နေတော့ လီကွေ့ဖန်းက
ထျယ်ရန့်ကိုသူ့ကို ၃၂နာရီပဲကာကွယ်ပေးဖို့တောင်းဆိုပါတော့တယ် ။
တကယ်လို့ သူတို့သားအမိကိုသာ မနက်ဖြန်၁၀ နာရီထိ
ကာကွယ်ပေးရင် သိန်း၅၀ပေးမယ်လို့ကမ်းလှမ်းပါတယ် ။

အဲဒီကမ်းလှမ်းချက်ကို ထျယ်ရန့်တစ်ယောက်လက်ခံလိုက်မလား ?
ဒါမှမဟုတ် ၃၂နာရီအတွင်း ဘာတွေများဖြစ်လာလိမ့်မလဲဆိုတာကို
စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှု့ဖို့တိုက်တွန်းလိုက်ပါရစေ
Unlocked (2023)
Along with the gods
==================

လူတစ်ယောက်က သေဆုံးပြီးပြီဆိုရင် မရဏ နိုင်ငံကိုသွားဖို့အတွက် အစောင့်အရှောက်တွေ လဲ လိုက်ပါလေ့ရှိပြီး သေဆုံးသွားတဲ့ လူဟာ လူ့ပြည်လား /ငရဲပြည်လား/ ကောင်းကင်ဘုံလား ဆိုပြီး ဆက်သွားဖို့အတွကိ၄၉ ရက်ကြာ အဆင့်ခုနှစ်ဆင့်ကိုဖြတ်သန်းရပါတယ်။
ဗုဒ္ဓ ဘာသာကိုအခြေခံပြီး ရိုက်ထားတဲ့ကားလေးဖြစ်လို့ ကြည့်ရှုသူ အကြိုက်တွေ့စေမှာတော့ အမှန်ပါပဲ
Along with the gods: 2
===================
World war z
===========
ဒီကားလေးက 2013 june လမှာထွက်ရှိခဲ့တဲ့ horror movieလေးဖြစ်ပါတယ်
လူကြိုက်များတာကြောင့် ထွေထွေထူးထူးမပြောပြတော့ပါဘူး
The Blackout
The Great Wall

Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်က
ယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလို

မွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။ Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ Monsterတွေရန်က နေကာကွယ်ဖို့ တာဝန်ပေးခဲ့ပါတယ်။အက်ရှင်အလန်းစားတွေတွေ့ရမှာဖြစ်သလို တရုတ်မင်းသမီးလေး Tian Jing ကလည်းပန်းတွေတောင်မြေခအောင်လှလွန်းတဲ့အတွက် ကြည့်ရတာ အရမ်းကို တန်လွန်းတယ်လို့ပြောရမှာဖြစ်ပါတယ်။
Troll [2022]

IMDb - 6.8

နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ

နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်

အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်

ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ

စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ

အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ်

အဲဒီဘီလူးကြီးကို တိုက်ခိုက်ဖို့နည်းတွေ နောက်ကြောင်းတွေကို လေ့လာပြီး ရင်ဆိုင်ရတဲ့ ဇာတ်လမ်းမို့ Godzilla Origin ကားတွေရဲ့ ဖီလင်မျိုးရမှာပါပဲ
The Mystery Of The Dragon’s Seal (Journey to China:The Mystery Of Iron Mask) 2019

Tayna pechati drakona
2019 ‧ Fantasy/Adventure