🕸️Htet Htet Wai🕸️
2 subscribers
18 photos
11 videos
2 links
😊😚😀🤩🥴☺️
Download Telegram
Channel photo updated
ပထမခြေလှမ်း
" မေတ္တာထားသူကို တန်ဖိုးထားပေးပါ.. "
🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷🌸

သင့်ဘ၀မှာ
စစ်မှန်တဲ့ မေတ္တာတရားရှိသူနဲ့သာ
တွေ့ဆုံခဲ့မယ်ဆိုရင် တန်ဖိုးထားပေးပါ။

ဖြူစင်ရိုးသားစွာဖြင့်
သင့်အပေါ်နှစ်လိုစွာ ယုံကြည်မြတ်နိုး
ပေးဆပ်နေသူကိုလည်း တန်ဖိုးထားပေးပါ ။

ရိုးသားတဲ့အေးဆေးသူနဲ့
တွေ့ဆုံခဲ့ရင်လည်း
အခွင့်အရေး မယူမိပါစေနဲ့ ....

နားလည်တတ်သိသူနဲ့
ကြုံခဲ့ရရင်လည်း
ကောင်းစွာ နာယူမှတ်သားပေးပါ ။

မွန်မြတ်သော စိတ်ထားရှိသူကိုလည်း
အားက်အတုယူလိုက္ပါ..။

အမှားများနေသူကိုလည်း
သူ့နေရာမှာ ငါ" သာဆိုရင် ဆိုတဲ့
အတွေးလေးနဲ့ ....
ထိန်းကျောင်းပဲ့ပြင်ရင်း လက်တွဲခေါ်ယူပါ ။

ဘဝတွေက
တသမတ်တည်း မရှိပါဘူး
အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ.။
အပြောင်းအလဲများစွာထဲမှာမှ
ရေစက်တွေကြောင့် တွေ့ကြ
ဆုံကြရတာ အချိန်ခဏလေးပါ။

တန်ဖိုးရှိသူတွေကို ဘယ်တော့မှ
ဘယ်သောအခါမှ နာကျင်စွာ
အဆုံးရှုံးမခံရပါစေနဲ့....

ဘ၀ဆိုတာ တိုတိုလေးပါ
ဘာမှမကြာ ခဏသာ ..
ဆုံဆည်းကြရတဲ့ အခိုက်အတန့်မှာ
မေတ္တာလေးတွေ ပေးဝေလို့
အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းကြပါစို့..
~~~~~
မေတ္တာဖြင့်..

Credit...
"စိတ်မပျက်ပါနဲ့"

ကြိုးစားရင်းနဲ့ ရှုံးနိမ့်လာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

ပေးဆပ်ရင်းနဲ့ နာကျင်လာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

နားလည်ပေးရင်းနဲ့ မျက်နှာလွှဲခံရတဲ့အခါ
စိတ်မပျက်ပါနဲ့....။

ကြံ့ကြံ့ခံရင်ဆိုင်ရင်း လဲပြိုလာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

အလျှော့ပေးရင်း သိမ်ငယ်လာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

ဘဝစစ်စစ်ဆိုတာ အမြဲတမ်းဖြစ်ချင်တာတွေ
မဖြစ်နိုင်ပေမယ့်.
ကြိုးစားအားထုတ်နေသူတွေအတွက်
မကောင်းတဲ့ အဆုံးသတ် ဆိုတာလဲမရှိပါဘူး...

"နောက်ထပ်အခွင့်အရေး"ဆိုတာတွေဟာ
ကံတရားကပေးတဲ့ လက်ဆောင်ပဲ မဟုတ်ပါလား.?

ကိုယ်လုပ်နိုင်တဲ့ ကိုယ့်စွမ်းအင်တွေကို
လျှော့ချ လိုက်မှသာ
တကယ်စိတ်ပျက်စရာကောင်းတဲ့
ဘဝကိုဖြစ်စေမှာပါ....

ကိုယ်ကကောင်းတာလုပ်ပြီး
စိတ်ပျက်စရာတွေချည်းပဲ ကြုံလာရလို့
စိတ်ဆင်းရဲမနေပါနဲ့.!
အချိန်ကာလတစ်ခု ရောက်လာတဲ့အခါ
ကိုယ့်စိတ်ရဲ့ဆန္ဒတွေအတိုင်း
အကျိုးပေးလာပါလိမ့်မယ်....။

" ဒါ့ကြောင့် ..

" စိတ်ပျက်တိုင်းသာ အရှုံးပေးနေပါက
အဘယ်မှာ ဘဝစစ်ရှိမည်နည်း "
"စိတ်ပျက်နေသူများအတွက်
အားပေးစကားလေး ပြောလိုက်ပါရစေ.....

#Crd
Zawgyi Yan Naing Zgyn
Forwarded from စာပေ ဗဟုသုတများ
သည်းခံတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စိတ်အေးတတ်လာတယ်..

ကြင်နာတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်..

တန်ဖိုးထားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အရာရာကို တလေးတစား
လုပ်တတ်လာတယ်..

ကိုယ်ချင်းစာတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စာနာတတ်လာတယ် ။

ပျော်ပျော်နေတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်..

ကြိုးစားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ တိုးတက်ချင်စိတ်တွေ
မွေးဖွားလာတယ်..

မေတ္တာထားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်..

သတိရှိတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အသိ သတိတွေနဲ့
နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်..

ရိုးသားတဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အစစ်အမှန်တွေကို
ထုတ်သုံးတတ်လာတယ်..

နာခံတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ နာခံတတ်လာပြီး
အကောင်း/အဆိုးကိုခွဲခြားနိုင်လာတယ်..

စိတ်နှလုံးကောင်းတဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ သူတော်ကောင်းစိတ်တွေ
မွေးမြူလာတယ်..

#Credit