🕸️Htet Htet Wai🕸️
2 subscribers
18 photos
11 videos
2 links
😊😚😀🤩🥴☺️
Download Telegram
Forwarded from á€…ဏပ္ ဗဟုသုတများ
"စကားအကုန်မပြောမိစေနဲ့''

လူရင်းထိုးတဲ့ဓားက. ပိုနက်တယ်

ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့ သင်ကတော့
ယုံကြည်လွန်းလို့ သင့်မိသားစုအကြောင်းတွေ
သင့်အလုပ်အကြောင်းတွေ သင့်ရဲ့ပြဿနာတွေ
သင့်ရဲ့ထင်မြင်ယူဆချက်တွေ ဘာရယ်မဟုတ်ဘူး
လွတ်လပ်စွာ ရင်းနှီးစွာ ပွင့်လင်းစွာနဲ့
ပြောဆိုရင်ဖွင့်လိုက်တာပဲ...

ဒါပေမယ့် သူတို့က သင့်ဆီကနေ
ပွင့်လင်းမှုတွေ ခံယူချက်တွေ အမြင်တွေကိုနားထောင်ရင်း.,..
သူတို့စိတ်ထဲမှာမင်းကို တဖြေးဖြေးပုံဖော်လာကြတာ
ဒါကို သင်မသိလိုက်ဘူး...။

သင့်ရဲ့အောက်ဖဲတွေကို တဖြေးဖြေးရိပ်မိလာကြတာကို
သင်မသိလိုက်ဘူး။

သင်ကတော့ ပုံမှန်ပဲ ဆက်ပြောနေတယ်. တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ်ကြာလာတဲ့အခါ...

သူတို့စိတ်အမြင်မှာ သင်ဟာ တံဆိပ်တစ်ခုကပ်ထားတဲ့
လူသားတစ်ယောက်ဖြစ်လာတယ် အဲဒီတံဆိပ်က
သင်ဟာ အရည်အချင်းထင်သလောက်မရှိဘူး။

သင် ဟာ ငွေမက်တယ် သင်ဟာ
ထင်သလောက် စိတ်ထားမကောင်းဘူး။

သင်ဟာ စိတ်မမှန်ဘူး သင်က ငပေါတစ်ယောက်ဖြစ်တယ်။
သင်က အရူးတစ်ယောက်ဖြစ်တယ်...
သင်က သိပ်အထင်ကြီးစရာမကောင်းဘူး။
သင်ဟာ တရားမရှိဘူး သင်ဟာ ပါးစပ်မလုံဘူး...။

စသည်စသည်ဖြင့် သူတို့ထင်ရာ မြင်ရာ တွေးမိရာ တံဆိပ်တစ်ခုကို ကပ်လိုက်ကြတယ်။

နောက်ပိုင်းမှာတော့ သူတို့ကပ်ထားတဲ့အဲဒီတံဆိပ်ကိုကြည့်ပြီး။

သင့်ကိုသူတို့က ရာသက်ပန်အဲဒီအတိုင်း
ဆက်ဆံသွားကြတော့တယ်...။

သင့်ကိုမြင်တာနဲ့ အဲဒီတံဆိပ်ကိုသူတို့မျက်လုံးထဲ
တန်းမြင်ကြတော့တာပါ။

အဲဒါဘာလဲ သိလား စကားကိုအကုန်ပြောခဲ့လို့. ရင်တွေအကုန်ဖွင့်ခဲ့မိလို့....

လူရင်းလုပ်ပြီး ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး အရာရာကိုဖွင့်ပြောခဲ့လို့...

ဟုတ်ကဲ့ လက်ဆောင်လေးတစ်ခုပေးလိုက်ချင်ပါတယ်.

ဘယ်သူ့ကိုမှ စကားကိုအကုန်မပြောပါနဲ့
သင့်ကို ဘယ်သူကမှ ရိုက်မစစ်ပါဘူး...။

ဘယ်သူကမှ ကြိုးတုပ်မမေးပါဘူး လူရင်းထိုးတဲ့ဓားက
ပိုနက်တယ်ဆိုတာ သတိထား စေလိုပါတယ်။

#ကိုယ်တိုင်ကြုံဖူးလို့စကားများများသိပ်မပြောကြပါနဲ့😊
Credit to original writer.
Forwarded from á€…ဏပ္ ဗဟုသုတများ
သင် ရင့်ကျက်လာပြီဆိုတာ
ဒီ (၆)ချက်က သိနိုင်ပါတယ်
၁။ သူများတွေကို ထိမ်းချုပ်ပြုပြင်ဖို မကြိုးစားတော့ဘူး
ကိုယ့်ကို ကိုယ်သာ ထိမ်းချုပ် ပြုပြင်တော့တယ်
၂။ သူများတွေ အထင်ကြီးဖို မလုပ်တော့ဘူး
ကိုယ့်မှာ ရှိပြီးသား အရာတွေကိုပဲ တန်ဖိုးထားတော့တယ်
၃။ ကိုယ့်အား ကိုယ်ကိုးပြီး အကောင်းဆုံးကြိုးစားတယ်
အဆင်ပြေမယ်လိုလည်း ယုံကြည်မှုရှိတယ်
၄။ ကိစ္စတွေကို လိုတာထက်ပိုပြီး မတုံပြန်ဖြစ်တော့ဘူး
၅။ ကိုယ်တွေ့ကြုံသမျှ အရာတွေကို လိုအပ်သလောက်ပဲ သူများကို ပြောဖြစ်တော့တယ်
၆။ ကိုယ်နဲ့ ကိုက်ညီတဲ့ သူငယ်ချင်းတွေကိုပဲ ရွေးပေါင်းဖြစ်တော့တယ်

🎒လေးစားစွာဖြင့် ❤️安世🌹🌈🌈


🫠
Forwarded from á€…ဏပ္ ဗဟုသုတများ
"အရမ်းကောင်းလွန်းလို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါနော်"
::::::::::::::::::
စိတ်ကြီးဝင်နေတဲ့ ကြက်တူရွေးတကောင်ဟာ
လင်းယုန်ငှက်ထံ ချဉ်းကပ်ပြီး ပြောတယ်။
"ကမ္ဘာ့အမြင့်ဆုံးသစ်ပင်တွေပေါ်အထိ ငါ
ပျံသန်းနိုင်တယ်။ မင်း ဘယ်လောက် အမြင့်ထိ ပျံနိုင်လဲ"
လင်းယုန်က ပြောတယ်။
"အင်း၊ ငါကအမြင့်ပျံ တော်တဲ့ငှက် မဟုတ်တော့ အမြင့်ဆုံးသစ်ပင်တွေကိုတောင် သိပ် မရောက်ဖူးပါဘူး"
ကြက်တူရွေးက ရယ်မောလိုက်တယ်။
"အိုး...ရှက်စရာကောင်းလိုက်တာကွာ
ငှက်အများစုထက်ငါက မြင့်မြင့်ပျံသန်းနေတာကို မယုံနိုင်လောက်အောင်ပျော်ရွှင်မိပါတယ်" လို့
ကြွားလုံးထုတ်လိုက်တယ်။
မင်းက တကယ့်ကို ကံကောင်းတဲ့ ငှက်ပဲ" လို့ လင်းယုန်က ပြောတယ်။
နောက်တနေ့မှာ ကြက်တူရွေးက လင်းယုန်ငှက်ထံ
ထပ်သွားပြီး ပြောပြန်တယ်။
"မင်းကို အမြင့်ဆုံး ပျံသန်းတတ်အောင် သင်ပေးရင် ငါ့လိုပဲ အမြင့်ဆုံးသစ်ပင်တွေကို ရောက်နိုင်ပါ့မလား"
"ဒါက အရမ်းမိုက်တာပဲ။ ကျေးဇူးပြုပြီး သင်ပေးပါ" လို့လင်းယုန်က ပြောတယ်။
အဲဒီနောက် လင်းယုန်ငှက်ဟာ ကြက်တူရွေးနဲ့အတူ လိုက်သွားပြီး ပျံသန်းခဲ့ပါတယ်။
"ဒီလိုပျံရတယ်ကွ"
ကြက်တူရွေးက ပျံသန်းရင်းပြောတယ်။
ဒါပေမယ့် လင်းယုန်ငှက်ဟာ အင်အားနဲ့ ပျံသန်းလိုက်တယ်။လင်းယုန်ပျံတဲ့အမြင့်ထိ သူ လိုက်မပျံနိုင်တဲ့အခါ ကြက်တူရွေးဟာ လုံးဝအံ့အားသင့်သွားခဲ့ပြီး သူ့မျက်လုံးတွေကို သူမယုံနိုင်ဘူး။
နောက်ဆုံးတော့ လင်းယုန် အောက်ကို ပြန်ဆင်းသက်လာတဲ့အခါ ကြက်တူရွေးက နောင်တ၊အရှက်တရားတွေနဲ့ ပြည့်နှက်နေပြီး မေးလိုက်တယ်။
"မင်းက ပါရမီရှင်ပဲ။ ငါ့ကို ဘာလို့ မပြောခဲ့တာလဲ"
လင်းယုန်က ပြုံးပြီး ပြောလိုက်တယ်။
"လင်းယုန်ငှက်နဲ့ ကြက်တူရွေးရဲ့ ကွာခြားချက် အဲဒါပဲ။
ငါက လင်းယုန်တကောင်ဖြစ်ပြီး စကားအများကြီး မပြောတတ်ဘူး။ လေလုံး ထွားတာ မဟုတ်ဘူး။
ငါ့ရဲ့ စွမ်းအားနဲ့ စွမ်းရည်အကြောင်း ငါသိတယ်။ ကောင်းကင် အမြင့်ဆုံးမှာ ငါ ပျံသန်းနေတာ မြင်ပြီး အံ့သြသွားလား။ငါဟာ မုန်တိုင်းတိမ်တိုက်တွေ အထက်မှာ ပျံသန်းနိုင်တဲ့ တကောင်တည်းသော ငှက်ပဲ။တခြားငှက်တွေ မိုးတွင်းမှာ မိုးကိုရှောင်ဖို့ ခိုလှုံစရာနေရာရှာရပေမယ့် ငါကတော့ တိမ်တွေအထက်မှာ ပျံသန်းပြီး မိုးကို ရှောင်လို့ရတယ်။
လေထုပါးတဲ့နေရာအထိ ငါ ပျံသန်းနိုင်တယ်၊ ပြီးတော့ ငါ့နှလုံးခုန်တိုင်း သွေးစီးကြောင်းထဲကို သွေးပိုသွင်းပြီး အောက်ဆီဂျင်ပို့ပေးနိုင်တယ်"
######
ကျွန်တော်တို့ဟာ အများကြီး ကြွားလုံးထုတ်တတ်တဲ့ ကြက်တူရွေးတကောင် မဖြစ်ပါစေနဲ့။ လင်းယုန်လို နှိမ့်ချပြီး ဆိတ်ဆိတ်နေပါ။ ကိုယ့်တန်ဖိုးကို သက်သေပြဖို့ အချိန်မဖြုန်းပါနဲ့။ ကိုယ်က ဘာလဲ၊ ကိုယ် ဘာဖြစ်နိုင်တယ်ဆိုတာကို အချိန်က သက်သေပြပါလိမ့်မယ်။
#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်
လေးစားစွာဖြင့် ပြန်လည်မျှဝေသည်...

虚空🌈🌟🌟
Forwarded from á€…ဏပ္ ဗဟုသုတများ
နေတက်အောင်နေ
~~~~~~~~
သူတို့ မင်းအနားက ထွက်သွားလို့
တစ်ယောက်ထဲကျန်ခဲ့ရတယ်ဆိုပြီး
ဝမ်း နည် နေ တာ လား

သူတို့အနားမှာရှိ့တော့ရော မင်းအပေါ်မှာ
မင်း ကောင်းပေးသလောက်
သူတို့ပြန်ကောင်းပေးခဲ့လို့လား

မင်းအပေါ်မကောင်းတဲ့သူတွေနဲ့
အ တူ နေ ရ တာ နဲ့ စာ ရင်
တစ်ယောက်ထဲနေရတာက ပိုပြီးလွတ်လက်တယ်."

သူတို့ မင်းကို မချစ်တော့လို့ ခံစားနေရတာလား
တော်စမ်းပါကွာ...အချစ်က ဘဝမဟုတ်ဘူး

သူတို့ ပါစပ်က ချစ်ပါတယ်ဆိုတဲ့
စကားလေးတစ်ခွန်းကြားရဖို့အရေး
မင်းဘဝမှာ ဘာတွေဘယ်လောက်ထိ့
ပေးဆပ်ခဲ့ရပြီးပြီလဲ.....

မြဲမြဲ မှတ်ထားပါ လူတချို့ဟာ....
မင်းကိုအသုံးချလို့ဝသွားပြီးဆိုရင်
မင်းကဘဲ သူတို့အပေါ်မှာ
အမှားကြီးကျူးလွန်ခဲ့သလိုမျိုးပုံစံတွေနဲ့
မင်းအနားက
တဖြေးဖြေး ထွက်ခွာသွ့ားကြလိမ့်မယ်....

စဉ်းစားပါ....?

တစ်ကြိမ်လောက် ပျော်ရွှင်ရဖို့အရေး
အကြိမ်တရာမက ငိုကြွေးပေးခဲ့ရတာတွေ
မ မေ့ သေး ဘူး လား..

တစ်ခါလောက် အချစ်ခံရဖို့အရေး
အခါတရာမက မျက်စောင်းအထိုးခံခဲ့ရတာတွေ
မ မေ့ သေး ဘူး လား..

ခနလောက် ဘဝထဲအလည်လာဖူးရုံနဲ့
သံသရာထိ့ မင်းနဲ့အတူရှိ့ပေးမယ်လို့ထင်နေလား

ကိုယ်က ဘယ်လောက်ချစ်ချစ်
သူ ပစ် ချင် ပစ် မှာ ဘဲ
သူက ကိုယ်မှမဟုတ်တာ"
====

မနေချင်လို့ ထွက်သွားတဲ့သူတွေကို
အတင်း လိုက်မတားနဲ့"

မလာချင်လို့ ပြန်မလာတဲ့သူတွေကို
အတင်း လိုက်မခေါ်နဲ့"

ကို့ကိုယ် မရှိ့စေချင်တဲ့ ဘဝထဲကို
အရှက်မရှိ့အတင်း လိုက်မတိုးဝင်နဲ့"

ကိုယ်ဆက်တဲ့ဖုန်းလေးတောင်
မကိုင်ချင်တော့တဲ့ သူတွေကို
မဆက်သွယ်ပါနဲ့တော့"

ကိုယ့်စီမှာမပျော်ဘူး ထင်တဲ့သူတွေကို
လွတ်လက်ခွင့်ပေးလိုက်ပါ"

သူနေသလို........
ကိုယ်နေနိင်အောင်ကြိုးစားပါ"

သူတောင်နေနိင်သေးတာဘဲ
အဲ့ဒါကို ကိုယ်က
မနေနိင် မထိုင်နိင်ဖြစ်နေရင်

ဒီလူ ငါဒီလိုလုပလွဲ ရတာဘဲ
ဆိုပြီး ပိုနိင်စားလာလိမ့်မယ်.....

သူတပါးကို ဂရုစိုက်လွန်းပြီး
ကို့ကိုကိုယ် ဂရုစိုက်ဖို့
မေ့နေတာမျိုးတွေ ရပ်သင့်ပြီး

ရှေ့ဆက်လျှောက်လှမ်းရမယ် ဘဝတွေမှာ
ကို့အတွက် ကိုယ်ရှိ့နေဖို့လိုအပ်တယ်
မဟုတ်လား........?
=====

ဖြေပါကွား.........

သူသာ မင်းကိုတကယ်ချစ်ရင်
မင်းနဲ့ဝေးရမဲ့လမ်းကို ဘယ်ရွေးမလဲ...?

ဖူးစာမှားကြီးကို စွဲလန်းနေလို့လဲ
နာကျင်သူ ကိုဘဲ ဖြစ်နေမှာလေး

တစ်ချိန်ချိန်မှာ မင်းအတွက်
စစ်မှန်တဲ့ဖူးစာဆိုတာ
ရှိ့လာနိင်သေးတာဘဲ

ဒါကြောင့်.........
ဆက်ရန်ရှိ့သေးတဲ့ ဘဝရဲ့
လက်ကျန်အချိန်လေးတွေမှာ

ကိုယ့်အပေါ်တကယ်ချစ်တဲ့သူတွေအတွက်ဘဲ
ကိုယ်ရဲ့ ပေးဆပ်မူ့တွေ့ချရင်းပါ....

ကိုယ်အတွက် အသင့်ရှိ့နေသူတွေအတွက်ဘဲ
ကိုယ်အချိန်တွေ ပုံအေားပါ....

အဓိကက....
ပထမ က... မင်းကျန်းမာနေဖို့.......💪🏻
ဒုတိယ က...မင်းစိတ်ချမ်းသာနေဖို့.....😊
တတိယ က...မင်းကိုချစ်တဲ့ မင်းမိဘ မောင်နှမတွေအတွက်
မင်းရှိ့နေဖို့ မဟုတ်လား.....👨‍👩‍👦👩‍👧‍👦.

ကိုယ့် ရဲ့ ပေး ဆပ် မူ့ တွေ နဲ့
မ ထိုက် တန် တဲ့ သူ တွေ ရဲ့
အခြားတစ်ဖတ်မှာ....နေတက်အောင် နေပါ🌹....."

虚无之灵 🎉🌹🌈
Forwarded from á€…ဏပ္ ဗဟုသုတများ
သင့်ဇနီး ချစ်စရာကောင်းရဲ့လား?

ဇနီးကို အကြိမ်ကြိမ် ကိုယ်ဝန်ဆောင်ခိုင်းတယ်၊
အကြိမ်ကြိမ်မွေးခန်းထဲ ဝင်ခိုင်းတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာတွေ
အစာ ကောင်းကောင်းမစားနိုင်တွေလည်း ဖြစ်ရတယ်။

နှစ်ပေါင်းများစွာ
ကလေးတွေကို နို့ချို တိုက်ကျွေးခိုင်းတယ်။
ကလေးတွေ အရွယ်ရောက်တဲ့အထိ ပြုစုရတယ်။

မနက်တိုင်း ကျောင်းပို့
ညနေတိုင်း ကျောင်းကြို။

သင်နဲ့ ကလေးတွေ စားဖို့
နေ့စဉ် ဈေးဝယ် ချက်ပြုတ် ကျွေးမွေးရတယ်။

ကလေးတွေ ဖျားနာတဲ့အခါ
ဆေးရုံမှာ အချိန်ပြည့် ဂရုစိုက်စောင့်ရှောက်ရတယ်။
အခြား အိမ်ဝေယျာဝစ္စတွေလည်း သူပဲလုပ်ရတယ်။

ကလေးကိစ္စတွေ အိမ်မှုကိစ္စတွေက
သင့်ဇနီးကို လူ့အသိုင်းအဝန်းထဲက
ဆွဲထုတ်ပစ်ထားသလို ဖြစ်ရတယ်။

ခုတော့
နို့တွေလည်း အိတွဲကျနေတယ်။
ဗိုက်ကပူပူ အသားပျော့တွေ တွဲလောင်း
အကြောပြတ်ရာ အဖြူစင်းတွေ အပြည့်နဲ့။

သင့်ဇနီး ချစ်စရာကောင်းသေးရဲ့လား?
သင့်ဇနီးကို တန်ဖိုးမထားချင်တော့ဘူးလား?

လင်ယောက်ျားများ သတိပြုပါ။
သင့်ဇနီး ဒီလိုဖြစ်ရတာ သင့်ကိုချစ်လို့။
သင့်ကြောင့် သူမ အဲလိုအနေအထားဖြစ်သွားတယ်
ဆိုတာကို သဘောပေါက်နားလည်ပေးပါ။

အိမ်ထောင်တခုဆိုတာ sex တခုတည်းနဲ့ မတည်မြဲပါဘူး။
အချစ်မပါတဲ့ အိမ်ထောင်ရေး ဘယ်တော့မှ မတည်မြဲဘူး။

အိမ်ထောင်မကျခင် ကလေးမရခင်က အချိန်ကို
ပြန်မြင်ကြည့်လိုက်ပါ။
သင့်ဇနီးကို လှပလို့ သင်လက်ထပ်ယူခဲ့တာ မဟုတ်လား။

သင့်ဇနီးက သင့်ကိုချစ်လို့
သူ့ခန္ဓာကိုယ် အလှအပကို အဆုံးရှုံးခံပြီး
သင်နဲ့ သံယောဇဉ်ကြီးမားအောင်
ကလေးတွေ မွေးပေးခဲ့တာ။
သင် ဒါကို လက်ခံနားလည်သဘောပေါက်ဖို့ လိုတယ်။

သင့်ကြောင့် အလှအပတွေ ဆုံးရှုံးခဲ့ရတဲ့
သင့်ဇနီးသယ်ကို ချစ်ပေးပါ။
နားလည်ပေးပါ။
ချစ်မေတ္တာထားပါ။

မိသားစုဘဝလေး သာယာပျော်ရွှင်ဖို့
လင်ယောက်ျားမှာ တာဝန်အပြည့်ရှိပါတယ်။

💪🏻安世 🌈🌈🌹🎉
Forwarded from á€…ဏပ္ ဗဟုသုတများ
🌹ဘဝရဲ့အခက်အခဲတွေဆိုတာ တွန်းအားပါ 🌹

တစ်ခါက ငါးတစ်ကောင်ဟာ ရေထဲကနေ ခုန်ထွက်ပြီး ကမ်းပေါ်သောင်တင်သွားပါတယ်။ ကမ်းကနေ ရေထဲပြန်ရောက်ဖို့ သဲတွေနဲ့လူးပေနေပြီး ရေထဲပြန်ဆင်းဖို့ရာအခက်တွေ့နေပါတော့တယ်။ အဲဒီ့လို သေလုမြောပါးနဲ့ မိန်းနေတဲ့အချိန်မှာပဲ ပုရွတ်ဆိတ်အနီတွေစီတန်းရောက်လာပြီး ငါးကို အသေကောင်အမှတ်နဲ့ကိုက်ခဲကြပါတော့တယ်။ အဲဒီ့အခါကျမှ ငါးဟာ လူးလိမ့်အောင် နာကျင်နေရပြီး သဲထဲကနေ ရေရှိရာဆီ တရွေ့ရွေ့သွားရပါတယ်။ “ရေထဲရောက်မှ ငါ့နာကျင်မှုတွေသက်သာမှာ” ဆိုတဲ့အတွေးနဲ့ လူးလိမ့်နေရာကနေ နာကျင်လွန်းတဲ့အခါ ဖျတ်ဖျတ်လူးလိုက်၊ မောလာတဲ့အခါ နားလိုက်နဲ့ ပုရွက်ဆိတ်တွေရဲ့ကိုက်ခဲမှုက လွတ်မြောက်အောင် ကြိုးစားပါတော့တယ်။ အဲဒီလိုတရွေ့ရွေ့နဲ့ နာကျင်မှုဒဏ်ကို မခံစားနိုင်တဲ့အတွက် ကြိုးစားလာလိုက်တာ ကမ်းပေါ်ကနေ ရေစပ်ကို အရောက်မှာတော့ အားထည့်ခုန်လိုက်တဲ့အခါ ရေထဲကို ပြန်လည်ရောက်ရှိသွားပါတော့တယ်။ ဘဝမှာလည်း အဲဒီသဘောပါပဲ။ အခုချိန်မှာ အရမ်းကို ပင်ပန်းခက်ခဲကြပ်တည်းနေတယ်ဆိုတဲ့အခါ ရေနည်းငါးကို ပုရွတ်ဆိတ်တွေ ဝိုင်းခဲနေတယ်လို့သဘောထားကြည့်လိုက်ပါ။ အဲဒီလိုခက်ခဲကြပ်တည်းမှုကနေ သင်ခွန်အားရှိသလောက် အတတ်နိုင်ဆုံး ရုန်းထွက်နိုင်ဖို့လိုပါတယ်။ နောက်ဆုံးအချိန်မှာတောင် အားကုန်ကြိုးစားကြည့်ခြင်းက အလကားမဖြစ်စေပါဘူး။ လက်တလောကြုံနေရတဲ့ နာကျင်မှု ပင်ပန်းဆင်းရဲမှုတွေကပဲ သင့်ကို ပန်းတိုင်ရောက်အောင် တွန်းပို့နိုင်တယ်ဆိုတာမမေ့လိုက်ပါနဲ့နော်။ နာကျင်မှု၊ ခက်ခဲမှုတွေသာမရှိရင် သင်ရုန်းထွက်ဖို့ကြိုးစားမိမှာမဟုတ်ပါဘူး။
🧠✨🌟

虚无之灵
Forwarded from á€…ဏပ္ ဗဟုသုတများ
မတူလို့ မတုတာပါ

တစ်နေ့မှာ ခွေးလေခွေးလွင့် တစ်ကောင်ဟာ
တောထဲမှာရှိတဲ့ အခြားတိရိစ္ဆာန်တွေကို ပတ်ပြီး
စိန်ခေါ်နေတယ်

လူလိုပြောရရင်တော့
"မိုက်တဲ့ကောင် ထွက်ခဲ့ သတ္တိရှိတဲ့ကောင် ထွက်ခဲ့"
စသည်ဖြင့် လူ့တိရိစ္ဆာန်တွေ သုံးတဲ့စကားလို
ဒါပေမယ့် သူ့ကို အခြားဘယ်တိရစ္ဆာန်ကမှ
အဖက် မလုပ်ခဲ့ဘူး။

ဒီလိုနဲ့ တစ်နေရာရောက်တော့
ခြင်္သေ့ သားအဖကို သွားတွေ့တယ်
အဲ့ဒီတော့ ခွေးလေခွေးလွင့်ကို
ခြင်္သေ့ကိုပါ စိန်ခေါ်ပါတယ်။

ခြင်္သေ့ကို ခွေးစကားတွေ အများကြီးပြောပြီး
စိန်ခေါ်ပါတယ်။
သတ္တိရင် သူနဲ့ပြိုင်မယ်
သတ္တိရှိရင် သူနဲ့ကိုက်မယ်
ဘာညာပေါ့

ခြင်္သေ့က သူ့ကို လှည့်တောင်မကြည့်သလို
သူ့သားလေးရဲ့ ကျောကိုပွတ်သပ်ပြီး ငြိမ်နေတယ်

အဲ့ဒါကို ခွေးလေခွေးလွင့်က
ပြောတော့ တောဘုရင်ခြင်္သေ့တဲ့
သတ္တိမရှိပါဘူး ပြောပြီး
ကိုယ့်ကိုကိုယ် အောင်နိုင်သူတစ်ယောက်လို
မော်ကြွားပြီး ထွက်သွားတယ်။

ခွေး ထွက်သွားတော့။
ခြင်္သေ့သားလေးက သူ့အဖေ ခြင်္သေ့ကြီးကို
မေးတယ်
"အဖေ ဒီခွေးကို အဖေက ကြောက်လို့လား
အဖေကိုက်ရင် တစ်ကိုက်စာတောင်မရှိတဲ့ ခြင်္သေ့ကို
ဘာလို့ ဘာတစ်ခုမှ ပြန်မလုပ်တာလဲ
အ​ဖေသူနဲ့ပြိုင်ပြီး မကိုက်ရဲလို့လား " လို့မေးတယ်
အဲ့ဒီအခါ ခြင်္သေ့ကြီးက ပြန်ပြောတယ်။

"ဒီခွေးနဲ့ပြိုင်လို့ အဖေနိုင်တော့ရော အဖေ ဂုဏ်တက်မှာမို့လား "တဲ့
ဒီပုံပြင်လေးကို သေချာပြန်ဖတ်ကြည့်ပါ
လောကမှာ ခွေးလေခွေးလွင့် စိတ်ဓာတ်ပဲရှိတဲ့
လူတွေ အများကြီးရှိတယ်။

ခွေးတစ်ကောင်လို ဟောင်ဖို့လောက်ပဲ
သိတဲ့လူတွေရှိတယ်။
အဲ့ဒီလူတွေကို သူတို့ကို မတူလို့ မတုတာကို
သူတို့ကို ကြောက်နေတယ်လို့ ထင်တတ်ကြတယ်။

ခွေးတစ်ကောင်နဲ့ ပြိုင်ကိုက်ရင် ခြင်္သေ့ဟာ
နိုင်မှာမှန်းသူသိတယ်။
ဒါပေမယ့် သူဟာ ခြင်္သေ့ဖြစ်တယ်

ခွေးကို ပြိုင်ကိုက်လို့ နိုင်သွားတာ
သူ့အတွက် ဂုဏ်ယူစရာမဟုတ်ဘူးလို့ သူတွေးတဲ့အတွက်
ခွေးကို ဖက်မကိုက်ဘူး
ခြင်္သေ့တစ်ကောင်ဟာ ဘယ်ခွေးကို
အဖက်လုပ်ပြီး ပြန်မကိုက်တာဟာ
အရှုံးပေးတာမဟုတ်ဘူး။
မတူလို့ မတုတာပါ။🌈❤️

虚无之灵 🌟🌟
Forwarded from á€…ဏပ္ ဗဟုသုတများ
ပျော်ရွှင်မှုကို ရှာဖွေခြင်း
ဘဝမှာ ပျော်ရွှင်မှုဆိုတာ တကယ်ကိုအရေးကြီးပါတယ်။ ပျော်ရွှင်မှုမရှိတဲ့ဘဝက ဆက်လက်ရှင်သန်နေဖို့ ခက်ခဲပါတယ်။ ပျော်ရွှင်မှုက ဘဝအတွက် အလွန်ကိုပဲ အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ဘဝမှာ အမြဲတမ်းလည်း မပျော်ရွှင်နေနိုင်ပါဘူး။ ဘဝပေးအခြေအနေတွေအရ စိတ်ဆင်းရဲရတဲ့ စိတ်ညစ်ရတဲ့နေ့ရက်တွေက ပိုပြီးများနေတတ်ပါတယ်။ ဒီလိုမျိုးခက်ခဲရတဲ့ ဘဝအခြေအနေတွေဆီကနေပဲ ပျော်ရွှင်မှုကို ရှာဖွေတတ်ဖို့လိုပါတယ်။
ပထမအချက်ကတော့ ကိုယ့်ကိုယ်ကိုယ်မေတ္တာထားပါ။ ကိုယ့်ကိုယ်ကိုယ်အရင်ဂရုစိုက်ပါ။ သူတစ်ပါးတွေကို လိုက်ဂရုစိုက်ပြီး သူတစ်ပါးမလိုတဲ့ မေတ္တာတွေ လိုက်ပေးနေမယ့်အစား ကိုယ့်ကိုယ်ကိုယ်အရင် မေတ္တာထားနိုင်အောင် ကြိုးစားပါ။ ဒီလိုဆိုရင်ဘဝမှာ ပျော်ရွှင်ရပါလိမ့်မယ်။ သူတစ်ပါးတွေကို ဂရုမစိုက်နေဘဲ ကိုယ်လုပ်စရာရှိတာကိုသာ ဆက်လုပ်ပြီး ပန်းတိုင်ကို ရောက်အောင်သွားနိုင်ပါလိမ့်မယ်။
ဒုတိယအချက်ကတော့ အစွဲအလမ်းမထားပါနဲ့၊မတွယ်တာပါနဲ့၊ စွန့်လွှတ်တတ်အောင်ကြိုးစားပါ။
လောကမှာဘယ်အရာကမှမတည်မြဲတာကြောင့် ဘယ်အရာကိုမှ မတွယ်တာဖို့အရေးကြီးပါတယ်။ ဒါမှ ဘဝမှာ ပျော်ရွှင်နိုင်မှာပါ။
တတိယအချက်ကတော့ ကိုယ့်ကို ပျော်ရွှင်စေသူ၊ ကိုယ့်ကိုတန်ဖိုးထားသူတွေနားမှာပဲနေပါ။ ကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေက အမြဲကိုယ့်ကို ပျော်ရွှင်အောင်ထားပါလိမ့်မယ်။
ပျော်ရွှင်မှုဟာ အောင်မြင်မှုကိုလည်း ဦးတည်စေပါတယ်။ ရခဲတဲ့လူ့ဘဝခဏတာလေးကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါ။

虚无之灵😊😊🌟🌈
CapCut တွင် ဤအံ့ဩဖွယ် နမူနာပုံစံကို ကျွန်ုပ်ရှာတွေ့ထားသည်။ စမ်းကြည့်ရန် လင့်ခ်ကို နှိပ်ပါ။ https://www.capcut.com/tv2/ZSDLs6HWD/