𝙏𝙤 𝘼𝙣𝙮𝙤𝙣𝙚
5.49K subscribers
233 photos
646 videos
620 links
ကြော်ငြာထည့်သွင်းလိုပါက @nitook2001
Download Telegram
မေတ္တာတရားဟာ ကိုယ့်ဆီကလာပြီး
မင်းဆီမှာဆုံးမယ်
အိပ်မက်တွေကအစ ကျန်းမာပါစေကွယ် ။

▪️ခွန်းညိုသွေး
❤18🥰1
လူနှစ်‌ယောက်အတူရှိနေတာဟာ အနှစ်သာရမဟုတ်ပဲ အတူရှိနေတဲ့အခါ ရရှိတဲ့ အေးချမ်းမှုကသာ အနှစ်သာရအစစ်ပါ။

သိလား။ငါတို့က အတူရှိတိုင်း ပျော်နေကြတာ
မဟုတ်ဘူး။တယောက်ကိုယ်တ‌ယောက် ချုပ်နှောင်
ထားတဲ့ဆက်ဆံရေးတွေမှာ ဘယ်သူမှကြာကြာ
မနေချင်ကြဘူး။

အတူရှိနေပြီး လွတ်လပ်ချင်ဝာ၊နားလည်မှုရချင်ဝာ၊
ယုံကြည်မှုပေးချင်တာ။အဲ့ဒါကမှ တယောက်အနား
တယောက်ကပ်ထိုင်ချင်နေတဲ့ အကြောင်းတရားပဲ။

အချစ်ကိုရှာပြီးကျန်တာကိုဆုံးရှုံးစရာမှမလိုတာ။
မျှတတဲ့အခြေအနေတိုင်းဟာ ပိုကောင်းတဲ့ ရလဒ်တွေကို
ပေးနိုင်တယ်။

ပင်ပန်းရမဲ့အချစ်ရေးတွေကို
ငါတို့မလိုချင်ကြဘူးမလား။ 🖤🍀

#hsulubeaindray
❤10🥰1
အမျိုးသမီးတစ်ယောက်အနေနဲ့
ရုပ်ရည်ချောတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

ဘာလို့လဲဆိုတော့ တချို့က ရုပ်လှတိုင်း စိတ်မလှတာမို့
ကြာကြာပေါင်းကြည့်ရင် အဆင်မပြေဘူး။

တစ်ချို့ကျတော့လည်း ရုပ်လှပေမဲ့ စိတ်မပျော်တာမို့
တစ်ချိန်လုံး စိတ်ညစ်စိတ်ဓါတ်ကျနေတယ်။

သူနဲ့ကြာကြာပေါင်းကြည့်ရင် လောကကြီးက
အမြဲတမ်း မုန်တိုင်းထန် နေသလိုပဲ သာယာမနေဘူး။
သူတို့က စိတ်ညစ်စရာတွေပဲ တွေးနေလို့လေ။

ဒါကြောင့် ကျွန်မတို့ဘ၀မှာ ရုပ်ရည်ချောတာလေးနဲ့မလုံလောက်ဘူး
စိတ်လှဖို့၊ ပျော်နေဖို့ အရမ်းအရေးကြီးတယ်။ 🤍🖤
❤30👍1
ခံနိုင်ရည်မရှိတော့တဲ့ တစ်နေ့ပြိုကွဲရတာပဲ
တိမ်တွေ ။

▪️စစ်ငြိမ်း
😢18❤7🥰1🍓1😭1
စိတ်ကလေးညှိုး လာရင်
အမိုးလို အကာလို လူမျိုးတွေလိုတယ်
ဘာကိုမှ ရင်မဆိုင်ရဲတဲ့အခါ
ဝင်ပုန်းစရာနောက်ကျောလေးဖြစ်ဖြစ်လေ
တစ်ယောက်တည်းဖြစ်မနေဘူးဆိုတဲ့
ယုံကြည်ချက်မျိုး။
ဒါဟာ အနွေးဓာတ်ဆိုလည်းဟုတ်တယ်။

#LionelSn
❤36😢6👍1🥰1
ဘ၀မှာ အမေလိုချင်တာတွေ
၀ယ်ပေးနိူင်လောက်တဲ့ထိတော့
ချမ်းသာချင်ပါသေးတယ်။
❤56❤‍🔥4🥰3
ပျော်နေစေချင်တာ စေတနာဖြစ်ပြီး
မင်းပျော်တာကိုပဲ မြင်ချင်နေတာက
ချစ်ခြင်းမေတ္တာဖြစ်ပါတယ် ။

💭 || 17.3.2026
❤23🥰6❤‍🔥2🍓2👍1💘1
လူကြိုက်နည်းတဲ့ကောင်
နာကျင်တဲ့အခါ မအော်ပဲ
ပျော်ရွှင်တဲ့အခါ
ရယ်မောဖို့ နောက်မကျခဲ့ဘူး ။

▪️မောင်ချောနွယ်
❤‍🔥8❤8🍓1
ဒီနေ့ဘာနေ့လဲ
မင်းကိုပဲသတိရတယ်

ဒီလဘာလလဲ
မင်းကိုပဲသတိရတယ်

အပြင်မှာမိုးတွေရွာနေလား
မင်းကိုတအားသတိရတယ်

နေပူပူဆောင်းအေးအေး
မင်းအကြောင်းပဲတွေးမိတယ်

ငေးကြည့်စရာတွေများတဲ့ခေတ်ထဲမှာ
ဘာဆိုဘာမှစိတ်မဝင်စားဘဲ
မင်းကိုပဲသတိရတယ်

တကယ်ချစ်လွန်းတော့
တကယ်နစ်မွန်းတာဘာထူးလဲ
ငါရူးလည်းရူးပါစေ
အခါခါစူးလည်း စူးပါစေ

ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်
မင်းကို သိပ်ချစ်တယ်ဆိုတဲ့စကား

ဘုရားဟောနဲ့ညီမျှတယ်။ ။

▪️သစ္စာပိုင်စိုး ( နှလုံးသားတရား )
❤20❤‍🔥1
လာမယ်ဆိုတော့လည်း
ဖွင့်ထားမိတာပဲ

မလာဘူးဆိုတော့လည်း
ပိတ်မထားခဲ့ပါဘူး ။

▪️ဝင်းမြင့် ( မျှော်စင် )
❤14💔8👍2🥰1🍓1
မိသားစုတိုင်းမှာ ဆင်းရဲမွဲတေမှု
ကွင်းဆက်ကို ဖြတ်ပေးမဲ့
သူတစ်ယောက်တော့ ပါလာစမြဲပဲတဲ့

အဲဒီလူဟာ မင်းဖြစ်နေပါစေ...
❤39👍4🍓3
မင်း မပေးချင်တဲ့ အရာမှန်သမျှ
တခြားလူဆီက ရခဲ့ရင်
အဲ့လူကို ငါ တန်ဖိုးထားရမှာပဲ ။

▪️လင်းမာအို
❤23❤‍🔥2🥴2💔1🍓1🍾1
ပိုကောင်းတဲ့နေရာတွေက

ပိုပြီး လူနည်းတယ်
ပိုပြီး Respect ရှိကြတယ်
ပိုပြီး အသံတိုးကြတယ်
ပိုပြီး လှကြတယ်
ပိုပြီး Humble ဖြစ်ကြတယ်
ပိုပြီး လေ့လာသင်ယူကြတယ်
ပိုပြီး Focus ကောင်းကြတယ်
ပိုပြီး Attitude ကောင်းကြတယ်
ပိုပြီး ဝင်ငွေကောင်းကြတယ်

ပိုကောင်းတဲ့နေရာတွေကို ရောက်အောင်သွားပါ

အကြွေစေ့လိုအသံဆူလို့ လူသိရုံနဲ့ အလုပ်မဖြစ်တာတွေလောကမှာအများကြီး လူထင်ကြီးအောင်လုပ်ပြရှင်းပြနေမှ အမှန်တရားဖြစ်တာမဟုတ် လောကမှာ ပိုကောင်းတဲ့နေရာမှာရှိဖို့ ပတ်ဝန်းကျင်ကောင်းကိုကိုယ်တိုင်ရွေးရတယ်
လူရွေးပေါင်းတတ်ရတယ် နေရာအရွေးမှားရင် ဘယ်လောက်ဘဲကြိုးစားကြိုးစားဘယ်လောက်စေတနာထားထား ကျေးဇူးတင်မခံရဘူး အသိမှတ်ပြုမခံရဘူး အဲ့စကားကိုမှတ်ထားပီး

ပိုကောင်းတဲ့နေရာကိုရောက်အောင်သွားပါ ♥️🍀

—
❤35🥰3
ချစ်ခြင်းမေတ္တာ အဟောင်းလေးရှိရင်
ချန်ထားပေးပါလား
အမှတ်တရတွေနဲ့
အလဲအထပ်လုပ်ချင်ပါတယ် ။

-ဂန္ဓမာ
❤18❤‍🔥2
မင်းလောက် ဘယ်အရာမှ မလှသလို
မင်းနဲ့အတူရှိနေရရင်
ငါ့လောက် ပျော်စရာကောင်းတဲ့လူ မရှိဘူး။
❤21🍓3👍2
ဘယ်အရာမှ မမြဲဘူးဆိုပေမယ့်
မင်းကို သတိရနေခြင်းကတော့ မြဲခဲ့တယ်။

💭 || 24.3.2026
❤19👍2🥰1
တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့
သက်ဝင်နေရင်
ကိုယ်က မငြိတွယ်မိအောင်နေရမယ် ။

အတင်းတိုးမဝင်ရဘူး တဲ့
ချစ်ခြင်းမေတ္တာမှာလည်း ယဥ်ကျေးမှုရှိရတယ် ။

ရိပ်ငြိမ်
❤16👍4🥰2
ကိုယ်ကချစ်နေတဲ့သူကို မျှော်နေမယ့်အစာ:
ကိုယ့်ကို ချစ်နေတဲ့သူကိုရွေးပါ။🤍🌻
❤23👍1
ကိုယ့်ကို မွေ:ထားတဲ့ မိဘတောင်
စကားလုံးတွေနဲ့ နာအောင်ပြောရင်မကြိုက်ကြတဲ့ဟာ
ဘာလို့ တခြားသူရဲ့ စကားလုံးတွေက
ကိုယ့်ကို နာကျင်စေရင် သီးခံရမှာလဲ
ငါက ဒီလိုပဲ ပြောတတ်တာဆိုရင်
သီးခံနိုင်တဲ့လူနဲ့ပဲ ဆက်ပြောပါ
စိတ်ရင်းကောင်းပေမဲ့
ဒီလိုအကျင့်ရှိနေရင် ကျနော်ကတော့ ရှောင်ပါတယ်
သူများအကျင့်ကို သီးခံပေးစရာ
ဘာတာဝန်မှမရှိနေလို့ပါ..♥🍀

—
#kira
❤19❤‍🔥4
သူတပါးကို ကူညီလိုက်ပြီး
ကိုယ်ကြပ်တည်းသွားတာတွေ ရှိတယ်
ကိုယ်ကြပ်တည်းခံပြီး
ကူညီလို့မဖြစ်ဘူးဆိုတဲ့အတွေးရှိတာတောင်
တကယ် လက်တွေ့မှာ သနားတဲ့စိတ်
အားနာတဲ့စိတ် ကူညီလိုက်ချင်တဲ့စိတ်က
တွန်းပို့နေတော့
အသက်ကို မနည်းရှူလိုက်ရတဲ့ လတွေ ရှိတယ်

ဒါပေမယ့် တစ်ချို့က နားမလည်ပါဘူး
သူအဆင်ပြေနေတာပဲ
သူအတွက်ကမပြောပလောက်ပါဘူးဆိုပြီး
မလေးစာသ တန်ဖိုးမထားလုပ်သွားကြတာမှ အများကြီး ။
❤18😢5
ငါတို့တစ်ခါကရခဲ့ပြီး

ငါတို့ဘယ်တော့မှပြန်မရပြီ။

▪️အောင်ချိမ့်
❤17😢7👍1