EM Channel
116K subscribers
5.26K photos
533 videos
3 files
3.24K links
Translation Team
Download Telegram
Remarried Empress(Chapter 85 ) Season 1 End ❤️

နေဗီရာဟာ အင်ပါယာအတွက် စီမံခန့်ခွဲမှုအကောင်းဆုံးနဲ့ အုပ်ချုပ်ရေးမှာ ထူးချွန်ပြီး ပြီးပြည့်စုံတဲ့ ဧကရီတစ်ပါးဖြစ်ပေမယ့် ဧကရာဇ်ချစ်ရတဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူး~

ဧကရာဇ်က ဇနီးတစ်ယောက်ကိုသာ လိုချင်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို လိုချင်ခဲ့တာမဟုတ်တာကြောင့် သူချစ်ရတဲ့ ဖြူစင်ချင်ယောင်ဆောင်ပြီး လောဘကြီးလှတဲ့ ထွက်ပြေးနေတဲ့ကျွန်တစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ခဲ့တယ်

ဒီအခြေအနေထိ နေဗီရာဟာ လက်ခံပေးခဲ့ပေမယ့် တစ်နေ့ အရှင်မင်းကြီးက အဲ့ကျွန်ကို ဧကရီရာထူးပေးပါ့မယ်လို့ ကတိပေးလိုက်တာကို ကြားလိုက်ရတဲ့အချိန်မှာတော့ ခံစားခဲ့ရသမျှအားလုံးကို သေချာ စဥ်းစားကာ အိမ်နီးချင်းနိုင်ငံကမင်းသားတစ်ပါးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်


ဒီတော့ အရင်ခင်ပွန်းဟောင်းက နောင်တရလာမလားဆိုတာကို ကိုယ်လုပ်တော် အရှုပ်အထွေးတွေနဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းလှလှလေးကို ဖတ်ရှုကြည့်ကြပါနော်~~

Translated by Hnin and Lya

Solo Leveling နှင့် A Bad Person တို့ကို အခမဲ့ဖတ်ရှုရန်👋
https://t.me/emscanschannel/5154?single

Channel လေးJoin ရန်
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်
https://t.me/emscanschannel/4865
❤️


#EM_Channel
#Scarlett
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from DIAMOND 388 OFFICIAL
Please open Telegram to view this post
VIEW IN TELEGRAM
Law Of The Good Child | Ch-46 အထိ

Lookism,Manager Kim, How To Fight တို့နဲ့ universe တစ်ခုထဲပါ ⭐️

ဒီ manhwa လေးကတော့ မိဘမဲ့ဂေဟာလေးတစ်ခုကို အခြေတည်ထားတဲ့ ဇာတ်လမ်းလေးပါ

ရုရှားမှာအခြေတည်ထားတဲ့ မရဏအိမ်တော်ဆိုတဲ့ မိဘမဲ့ဂေဟာက မိဘမဲ့ကလေးတွေကို ငယ်စဉ်ကတည်းက ခေါ်ယူမွေးစားထားပြီး လူသတ်နည်းတွေ၊ လက်နက်အသုံးပြုပုံတွေ စတဲ့ထူးခြားတဲ့ ပညာရေးကိုသင်ကြားပေးပါတယ် ပြီးရင်တော့ သူတို့ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့အညီ ကလေးတွေကို သူတို့ရဲ့ အထူးဖောက်သည်တွေဆီ ပြန်ရောင်းပါတယ် 

ဒီမိဘမဲ့ဂေဟာမှာဆိုရင် ကလေးတွေ ခေါင်းထဲကို ငယ်စဉ်က‌တည်းက ရိုက်ထည့်ပေးထားတဲ့ဥပဒေသသုံးခုလည်း ရှိပါသေးတယ်

ဇာတ်ကြောင်းလေးကတော့ ရှီအွန်းနဲ့ ဟျွန်းဟို‌ဆိုတဲ့ ကလေးနှစ်ယောက်က “မိဘ” တွေဆီ ရောင်းစားခံလိုက်ရပြီးနောက်မှာ အကြောင်းအမျိုးမျိုးကြောင့် မရဏအိမ်တော်လက်အောက်ကနေ လွတ်မြောက်သွားပြီး အဲ့အိမ်တော်လက်အောက်က ရုန်းထွက်ဖို့ ကြိုးစားကြတာကို အက်ရှင်ခန်းများများ ဇာတ်ကြောင်းကောင်းကောင်းနဲ့ စိတ်၀င်စားဖွယ် ဖတ်ရှုရမှာဖြစ်ပါတယ် 

Translated and Review by Scarlett & Axel

Solo Leveling နှင့် A Bad Person တို့ကိုအခမဲ့ဖတ်ရှုရန်
https://t.me/emscanschannel/5154

Channel လေးJoin ရန်
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်😴
https://t.me/emscanschannel/4865


#EM_Channel
#James
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Lightning Degree | Chapter-183 အထိ


ငယ်ငယ်ရွယ်ရွယ်နဲ့ပန်းပုကျွမ်းကျင်တဲ့ကလေးတစ်‌ယောက်ကို သိုင်းဆရာကြီးတစ်ဦးမှ မျက်သိကျသွားကာ တပည့်အဖြစ်မွေးစားရာမှ အစပြုထားပါတယ်

ဆရာကြီးရဲ့သိုင်းသင်နည်းတွေက အများနှင့်မတူဘဲ အိမ်မှုကိစ္စတွေကြိအခြေခံပြီးသင်ပြပေးခြင်းဖြစ်ပြီး တပည့်ဖြစ်သူကမကျေနပ်ဘဲ ပြန်ပြောဆို

ဆရာတပည့်ကြားက ပြောဆိုတဲ့စကားတွေကအစ ရယ်ရပြီး တပည့်လေးရူယွန်းက တစ်ချိန်မှာ အသန်မာဆုံးသော သိုင်းသမားဖြစ်လာပုံကို မပျင်းရဘဲဖတ်ရမှာပါ


Solo Leveling နှင့် A Bad Person တို့ကိုအခမဲ့ဖတ်ရှုရန်😎
https://t.me/emscanschannel/5154?single

Channel လေးJoin ရန်🥰
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်👋
https://t.me/emscanschannel/4865


#EM_Channel
#Chaw
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Revenge Of The Sword Clans Hound | Ch-110
(Ongoing မီသွားပါပြီ)


ဘစ်ချားဆိုတဲ့​ကောင်​​လေးဟာ ​မွေးကတည်းက သူ့ဂိုဏ်းရဲ့အမဲလိုက်​ခွေးအ​နေနဲ့ပဲ ​နေခဲ့ရပြီး ​အဆုံးမှာ​တော့ မတရားအစွပ်စွဲခံရပြီး ​ဆုံးသွားခဲ့တယ်

သူ့ကို*တ်ခဲ့တဲ့ သခင်တဖြစ်လည်း အ​ဖေဖြစ်သူကို နာကျည်းခြင်းများစွာနဲ့ မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာ ​မွေးကင်းစအရွယ် ပြန်​ရောက်သွားမှန်း သိလိုက်ရတယ်

အရင်ဘဝမှာ မိသားစုအခွဲကဆိုပြီး နှိမ်ခံခဲ့ရ​ပေမဲ့ ဒီဘဝမှာ​တော့ သူ့ရဲ့အ​တွေ့အကြုံ​တွေကို အသုံးချပြီး လက်စား​ချေဖို့အတွက် စတင်ပြင်ဆင်​တော့တာ​ပေါ့

ဒါ​ပေမဲ့ သူသိထားတဲ့အရာ​တွေက တကယ်အမှန်​​ရော ဟုတ်ရဲ့လား

သူ့အတွက် စစ်မှန်တဲ့လက်စား​ချေမှု ကို​ရော ရနိုင်မှာလား

အပ်​ကြောင်းထပ်​နေတဲ့ Revenge plot ဆို​ပေမဲ့ တမူထူးခြားတဲ့ အ​လှည့်အ​ပြောင်း​လေး​တွေ ပါဝင်​နေတဲ့အတွက် ဖတ်လို့​ကောင်းမှာ ​သေချာပါတယ်

Review and translated by BunnyC

Solo Leveling နှင့် A Bad Person တို့ကိုအခမဲ့ဖတ်ရှုရန်😎
https://t.me/emscanschannel/5154?single

Channel လေးJoin ရန်🥰
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်👋
https://t.me/emscanschannel/4865


#EM_Channel
#James
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Mount Hua Sect's Genius Phantom Swordsman | Ch - 26 ထိ (Ongoing မီ)

သမာဓိဆန့်ကျင်ဘက်ခြမ်းရဲ့ ပြိုင်ဘက်ကင်းဆရာသခင်ဖြစ်သူ ဓားသရဲ ဒေါ့ဂိုဟွန်းနဲ့ ဟွာတောင်ဂိုဏ်းက ဆရာ ဟျွန်းဂျိုတို့ဟာ ဓားသွားချင်းယှဉ်တိုက်ကြရင်း မိတ်ဆွေတွေဖြစ်လာခဲ့ကြတယ်

ဒါပေမဲ့ နတ်ဆိုးဂိုဏ်းရဲ့ ရုတ်တရက် စီးဝင်တိုက်ခိုက်တာကြောင့် စိတ်မကောင်းစွာနဲ့ပဲ ဟျွန်းဂျိုရဲ့ဘဝဟာ အဆုံးသတ်သွားတယ်

သေရေးရှင်ရေးအခြေအနေတစ်ခုကြောင့် ဒေါ့ဂိုဟွန်းကလည်း ဟျွန်းဂျိုရဲ့တပည့်ဖြစ်သူ မူဟွီရဲ့ခန္ဓာကိုယ်ထဲကို ရောက်သွားတော့

…ဒီလိုနဲ့ပဲ မူဟွီတစ်ယောက် အခက်အခဲတွေကို ရင်ဆိုင်ရင်း သူ့သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ ဟွာတောင်ဂိုဏ်းကို ကယ်တင်ဖို့ စတင်လုပ်ဆောင်ရပါတော့တယ်

Solo Leveling နှင့် A Bad Person တို့ကိုအခမဲ့ဖတ်ရှုရန်😏
https://t.me/emscanschannel/5154?single

Channel လေးJoin ရန်😅
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်❤️
https://t.me/emscanschannel/4865


#EM_Channel
#Chaw
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Helmut: The Forsaken Child | Ch-89 အထိ (Ongoing မီ)🧋

လူသားတွေဟာ စွမ်းအင်တွေနဲ့ကာရံထားတဲ့ တောအုပ်ကြီးကို အပြစ်သားတွေ ရဲ့အပြစ်ဆေးကြောခြင်းပြုလုပ်တဲ့နေရာအဖြစ်အသုံးပြုလေရဲ့

အသက်ရှင်လျက်အဲ့ထဲကထွက်လာခဲ့ရင် ကျူးလွန်ခဲ့သမျှအပြစ်တွေကို သင်ပုန်းချေပေးမယ်ပေါ့

အမှောင်ထုမျိုးစေ့လိုခေါ်တဲ့အမြုတေနဲ့အတူမွေးဖွားလာတဲ့ကလေးတွေကိုလည်း မွေးမွေးချင်း ကိစ္စတုန်းတဲ့ဓလေ့ရှိတယ်

ဒါပေမယ့် ထုံးစံအတိုင်း ကျွန်တော်တိုရဲ့ MC မှာလည်းအဲ့အမြုတေလေးရှိနေပါလေရော

မျိုးရိုးမြင့်ထဲကမွေးဖွားလာတာမို ခွဲခြားခွဲခြားနဲ့ တောအုပ်ထဲကိုပိုလိုက်တယ်

MC တစ်ယောက်  တောအုပ်ကြီးထဲမှာ အသက်ရှင်အောင်ကြိုးစားပုံတွေ

တောအုပ်ရဲ့လျှိဝှက်ချက်...

သူ့ရဲ့မျိုးရိုး...

အကာအရံကနေလွတ်မြောက်လာပြီး အပြင်လောက ကလူတွေနဲ့ ဘယ်လိုကွာခြားနေမလဲဆိုတာကတော့ ....

zero to hero ကြိုက်တဲ့သူတွေသဘောတွေ့စေမှာပါ


Solo Leveling နှင့် A Bad Person တို့ကိုအခမဲ့ဖတ်ရှုရန်🎋
https://t.me/emscanschannel/5154

Channel လေးJoin ရန်😳
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်🔪
https://t.me/emscanschannel/4865


#EM_Channel
#Chaw
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Your Throne | Ch-140 အထိ👋

ငယ်စဥ်ကတည်းက ရည်မှန်းချက်ကြီးမားပြီး အိမ် ရှေ့စံနဲ့လည်း  စေ့စပ်ထားတဲ့ မြိုစားကြီးသမီး
မက်ဒီရာ ဆိုလွန်နဲ့

သိမ်မွေ့နူးညံ့ပြီး စိတ်သဘောထားဖြူစင်တဲ့
ရာထူးနိမ့်မြိုစားတစ်ဦးရဲ့သမီး ဆိုက်ခီ  ကော်လစ်စတာ

မက်ဒီရာဟာ အိမ်  ရှေ့စံမိဖုရားဖြစ်ဖို့ လက်မတင် လေးမှာပဲ ဆိုက်ခီထံရှုးသွားခဲ့တာကြောင့် ဆိုက်ခီကို မကောင်းကြံပြီး သတ်ဖို့ကြိုးစားတော့တာပေါ့

ပုံမှန် တွေ့ နေကျ ဗီလိန်နဲ့ ဇာတ် ဆောင် လို့ထင်ရ လောက် ပေမဲ့ ဒီ နေရာမှာ တော့ နှစ်ဦးဟာ
ဝိညာဥ်ချင်း လဲသွားကြပါတော့တယ်

ဆိုက်ခီဖြစ်သွားတဲ့မက်ဒီရာ နဲ့ မက်ဒီရာဖြစ်သွားတဲ့ဆိုက်ခီ တိုနှစ်ဦးဟာ သူတိုရဲ့ဘဝအသစ် တွေမှာ
ဘယ်လို နေထိုင်ကြမလဲ?

ဝိညာဥ်ချင်း  ပြန်လဲနိုင်ဖို့ လျှို့ဝှက်ချက်ကရော ဘာလဲ?

မက်ဒီရာနဲ့ လက်ထပ်ခါနီးမှ  စေ့စပ်ပွဲဖျက်လိုက်တဲ့ အိမ်ရှေ့စံရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲ?

ဇာတ်အိမ်အချိုးအကွေ့များစွာနဲ့ ရင်တထိတ်ထိတ်
ဖတ်ရှုရမယ့် Webtoon မျိုးကိုကြိုက်နှစ်သက်ရင် တော့  ပြေးဖတ်ကြည့်လိုက်ဖို့ပဲ  ပြောပါရ စေ


Solo Leveling နှင့် A Bad Person တို့ကိုအခမဲ့ဖတ်ရှုရန်😐
https://t.me/emscanschannel/5154?single

Channel လေးJoin ရန်🩵
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်
https://t.me/emscanschannel/4865


#EM_Channel
#Chaw
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM