EMPO
432 subscribers
349 photos
25 videos
12 files
142 links
Unlock the Future
Download Telegram
💬Report တွေ Proposal တွေ ရေးရတာ အချိန်ကုန်လွန်းလို့ စိတ်ညစ်နေတဲ့ NGO/CSO Professional တိုင်း မဖြစ်မနေ ဖတ်ကြည့်သင့်တဲ့ Alumni တစ်ဦးရဲ့ လက်တွေ့စကားသံ ✨

မြေပြင်မှာ နေ့စဉ်အလုပ်တွေနဲ့ အလုပ်ရှုပ်နေရတဲ့ကြားက အချိန်ပေးတက်ရောက်ခဲ့ပြီး အခုအခါမှာ AIကို ထိရောက်စွာ ကိုင်တွယ်မောင်းနှင်နိုင်နေပြီဖြစ်တဲ့

🧑‍💻 Logistics Officer တစ်ဦးဖြစ်တဲ့ ဆရာ Khun Dominic ရဲ့ Applied AI for NGOs and CSOs အတန်းလေးကို တက်ရောက်ခဲ့တဲ့ စကားသံကို အားလုံးနဲ့ အတူ မျှဝေချင်ပါတယ်။

“Applied AI အတန်းကို တက်ရောက်ပြီးတဲ့နောက်... လုပ်ငန်းခွင်မှာ နေ့စဉ် ရင်ဆိုင်နေရတဲ့ Report ရေးသားရတဲ့အပိုင်း မှာပဲဖြစ်ဖြစ်၊ Proposal ရေးသားရတဲ့အပိုင်း မှာပဲဖြစ်ဖြစ် AI ကို ဘယ်လိုမျိုး ထိထိရောက်ရောက်နဲ့ ကောင်းမွန်စွာ အသုံးချရမလဲဆိုတာကို လက်တွေ့ သိရှိသွားခဲ့ရပါတယ်။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီလေ့လာသင်ယူမှုကြောင့်ပဲ မိမိအဖွဲ့အစည်းကိုလည်း ပိုမို ကောင်းမွန်စွာနဲ့ အချိန်တိုအတွင်း ကူညီပံ့ပိုးပေးသွားနိုင်တော့မှာလို့ ယုံကြည်ကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီ Applied AI for NGOs and CSOs အတန်းလေးကို ကိုယ်တိုင်တက်ရောက်ခဲ့သူတစ်ဦးအနေနဲ့

“ယနေ့ခေတ်ဟာ AI ဆိုတာ မရှိမဖြစ်၊ မသိမဖြစ် တကယ်လိုအပ်တဲ့ အရာတစ်ခု ဖြစ်နေပါပြီ။ ဒါကြောင့် NGOs and CSOs နယ်ပယ်ကသူတွေသာမကဘဲ နယ်ပယ်အသီးသီးမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေ၊ ကျောင်းသား/ကျောင်းသူတွေအားလုံး မဖြစ်မနေ အထူး သိထားအပ်တဲ့အရာ ဖြစ်တဲ့အတွက်ကြောင့် ယခုလို EMPO မှာ ဖွင့်လှစ်ထားတဲ့ သင်တန်းလေးကို လူတိုင်း အချိန်ပေးပြီး တက်ရောက်စေချင်ပါတယ်။" လို့ ခိုင်မာစွာ ညွှန်းဆိုသွားခဲ့ပါသေးတယ်။

🚀အခု နည်းပညာခေတ်ရဲ့ ရှေ့ဆုံးမှာ အမြဲရှိနေဖို့ အခွင့်အရေးက ရှေ့မှောက်ကို ရောက်လာပါပြီ။

Khun Dominic မျှဝေပေးထားသလိုပဲ... အလုပ်ခွင်မှာ နာရီပေါင်းများစွာ ပေးနေရတဲ့ Report ရေးသားခြင်း၊ Data Analysis ပြုလုပ်ခြင်းနဲ့ Proposal Draft ထုတ်ခြင်းတွေကို မိနစ်ပိုင်းအတွင်း အကောင်အထည်ဖော်နိုင်ဖို့ AI က အဓိက သော့ချက်ပါပဲ။

စာအုပ်ကြီးအတိုင်း သီအိုရီသက်သက်မဟုတ်ဘဲ NGO\CSO မြေပြင်လုပ်ငန်းခွင်နဲ့ ကွက်တိကိုက်ညီမယ့် AI အသုံးချနည်းစနစ်တွေကို လက်တွေ့ကျကျ လေ့လာရမယ့် Applied AI for NGOs and CSOs (Batch 2) သင်တန်းမှာ စာရင်းပေးသွင်းနိုင်ပါပြီ။

ဒါ့အပြင် EMPO အနေနဲ့ မြေပြင်မှာ ဒေသဖွံ့ဖြိုးရေးအတွက် ကြိုးစားပမ်းစား တာဝန်ထမ်းဆောင်နေကြပေမယ့် ဘတ်ဂျက်နှင့် အခွင့်အလမ်း အကန့်အသတ်ရှိနေတဲ့

အဖွဲ့အစည်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်ကာ

သင်တန်းကြေး ၃၈၀,၀၀၀ ကျပ် တန်ဖိုးရှိတဲ့ သင်တန်း (၂) နေရာစာကို အခမဲ့ တက်ရောက်ခွင့်ရရှိမယ့် Full Scholarship (၂) ခု ပေးသွားဖို့လည်း ရှိသေးတာမို့ အတန်းနဲ့ ပက်သက်ပြီး စိတ်ဝင်စားရင်

📩 Comment တွင် "AI" လို့ ရေးခဲ့ပေးပါနော်။

📞 Viber မှတစ်ဆင့် အသေးစိတ်မေးမြန်းလိုပါက - 09 250 326 876
🌐 အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူများအတွက်  မြန်မာတစ်ဝန်းလုံးမှ NGO/CSO & Humanitarian အလုပ်ခေါ်စာများ

August လအတွက် NGO, INGO နှင့် CSO နယ်ပယ်မှာ MEAL, Finance, Project Management နဲ့ Program Leadership ရာထူးများအတွက် ခေါ်ယူလျက် ရှိပါတယ်။

🚀NGO/INGO နဲ့ CSO နယ်ပယ်မှာ မိမိရဲ့ Career ကို တည်ဆောက်လိုသူတွေ၊

🚀သက်ဆိုင်ရာ ကဏ္ဍအလိုက် အတွေ့အကြုံသစ်တွေ ရယူချင်သူတွေအတွက် နိုင်ငံတစ်ဝန်း ခေါ်ယူနေတဲ့ အလုပ်အကိုင် အခွင့်အလမ်း အသစ်များကို EMPO မှ စုစည်း မျှဝေပေးလိုက်ပါတယ်။

📌 Finance Officer

👉Location - Rakhine State

👉Deadline - 20 August 2026

👉Job Description - https://themimu.info/sites/themimu.info/files/jobs/08072026_VA_Finance_Officer_2_Posts.pdf

👉Apply Link - https://docs.google.com/forms/d/1-qN4jkpCsR2oOmQPq7Be4_mZwOeLVYgpbGJ1c3Pma5Q/viewform?edit_requested=true

——————————————

📌 Finance Coordinator

👉Location - Yangon

👉Deadline - 21 August 2026

👉Job Description - https://themimu.info/sites/themimu.info/files/jobs/VA_FC_07_Aug_2026.pdf

——————————————

📌 Finance Officer

👉Location - Mandalay

👉Deadline - 17 August 2026

👉Job Description - https://themimu.info/sites/themimu.info/files/jobs/06082026_MTA_Vacancy_Finance_Officer.pdf

——————————————

📌 Project Coordinator

👉Location - Sittwe-Rakhine State

👉Deadline - 21 August 2026

👉Job Description - https://themimu.info/sites/themimu.info/files/jobs/VA_PC_Sep_2026.docx

——————————————

📌Business Development Assistant

👉Location -Yangon

👉Deadline - 31 August 2026

👉Job Description - https://themimu.info/sites/themimu.info/files/jobs/Business_Development_Assistant_Full_October_2026.pdf

——————————————

📌Finance & Administrative Secretary

👉Location - Lewe, Pyinmana (Nay Pyi Taw)

👉Deadline - 21 August 2026

👉Job Description - https://themimu.info/sites/themimu.info/files/jobs/Finance_Administrative_Secretary_Job_Announcement_in_Myanmar_Peoples_Hope_Japan.pdf

——————————————

📌Water & Habitat Project Manager

👉Location - Yangon

👉Deadline - 19 August 2026

👉Job Description - https://themimu.info/sites/themimu.info/files/jobs/33014_YAN_WatHab_Project_Manager.pdf

👉Apply Link - https://careers.icrc.org/job/Yangon-%28YAN%29-WatHab-Project-Manager-33014/1423296033/

——————————————

📌Assistant M&E and Project Accountability

👉Location - Yangon

👉Deadline - 9 August 2026

👉Job Description - https://themimu.info/sites/themimu.info/files/jobs/Assistant_ME_and_Project_Accountability.pdf

👉Apply Link - https://careers.icrc.org/job/Yangon-%28YAN%29-WatHab-Project-Manager-33014/1423296033/

——————————————

📌MEAL Officer

👉Location - Kachin State

👉Deadline - 18 August 2026

👉Job Description - https://themimu.info/sites/themimu.info/files/jobs/MEAL_Officer_KC.zip

👉Apply Link - https://forms.gle/xmAAaRprPYx4kZ318

——————————————

📌MEAL Officer (Humanitarian)

👉Location - Yangon, Head Office

👉Deadline - 11 August 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/ACANCY_ANNOUNCEMENT_for_MEAL_Officer.pdf

👉Apply Link - https://hcri.fa.em2.oraclecloud.com/hcmUI/CandidateExperience/en/sites/CX_1/job/17284/?utm_medium=jobshare&utm_source=External%2BJob%2BShare

——————————————

📌Junior Finance Officer

👉Location - Yankin Township, Yangon

👉Deadline - 10 August 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/089._Junior_Finance_Officer_new_template-.pdf

👉Apply Link - https://forms.cloud.microsoft/Pages/ResponsePage.aspx?id=XmaRkHEuZkazMfwF1n2kC6ckOXcRrK5IgoJx3DVwYKZURU5HUzZaTkoxVUZGQzZQUjlXQjBMRDI4VS4u

💡 NGO/CSO Sector မှာ လျှောက်လွှာ မတင်မီ Skills များကို အဆင်သင့် ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

NGO/CSO နယ်ပယ်မှာ အလုပ်အကိုင်လျှောက်ထားတဲ့အခါမှာ အခွင့်အလမ်းတွေ ပိုမို ရရှိစေရန်အတွက် Data Analysis, Project Management Systems, Donor-compliant Reporting နဲ့ Professional English Communication စတဲ့ Skill များက Position တိုင်းအတွက် မရှိမဖြစ် လိုအပ်လျက် ရှိပါတယ်။

🚀အခုလို လိုအပ်နေတဲ့ Skills များကို  EMPO ကလည်း သင်တန်းများနဲ့ အကောင်းဆုံး ပံ့ပိုးပေးလျက်ရှိပါတယ်။

သင်တန်းများအကြောင်း အသေးစိတ် စုံစမ်းလိုပါက Comment တွင် စာပို့ အကူအညီ ရယူနိုင်ပါတယ်။
🌟 ၉၀% ကျော် က ယုံကြည်စိတ်ချစွာ တခဲနက် ထောက်ခံပေးခဲ့တဲ့ Applied AI for NGO, CSO သင်တန်း။

ယနေ့ခေတ်မှာ AI ဆိုတာ သာမန် နည်းပညာတစ်ခု မဟုတ်တော့ဘဲ NGO/CSO နယ်ပယ်မှစလို့  နယ်ပယ်အသီးသီးမှာ အလုပ်လုပ်နေသူများ၊ ကျောင်းသူ/ကျောင်းသားများအထိ မရှိမဖြစ်၊ မသိမဖြစ် လိုအပ်လာတဲ့ Core Skill တစ်ခု ဖြစ်နေပါပြီ။

ဒီ Core Skill တစ်ခုကို စနစ်တကျ သင်ကြားနိုင်ဖို့  NGO, CSO နယ်ပယ်က ဝန်ထမ်းတွေကတော့ EMPO ရဲ့ Applied AI for NGO, CSO အတန်းကို ယုံကြည်စိတ်ချစွာ ရွေးချယ်ခဲ့ကြပါတယ်။

ဒါတင်မကသေးပဲ တက်ရောက်သူရဲ့ ၈၀% ကျော် ကလည်း မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများကိုပါ ဒီသင်တန်းကို မဖြစ်မနေ တက်ရောက်ရန် သေချာပေါက် အကြံပြုပေးခဲ့ကြပါသေးတယ်။ 💯✨

Applied AI for NGO, CSO ရဲ့ Batch 1 မှာ တက်ရောက်ခဲ့ကြတဲ့ Alumni တွေကဒီအတန်းကို ဘယ်လိုမြင်ကြပါသလဲ?

💬 Alumni ရဲ့ ရင်တွင်းစကားသံများ

"AI ကို ပိုမိုကောင်းမွန်တဲ့ Research နဲ့ Results တွေရဖို့ Right Prompts တွေ သုံးပြီး Train ပေးဖို့ ဘယ်လောက်အရေးကြီးကြောင်း သိခဲ့ရတယ်။ AI ဆိုတာ ကိုယ့်ရဲ့ Co-pilot သို့မဟုတ် Cowork Associate သာဖြစ်ပြီး မိမိကိုယ်တိုင်ကသာ ကိုယ့်အလုပ်ရဲ့ Captain ဖြစ်တယ် ဆိုတာကို သဘောပေါက်သွားပါတယ်။"

"ဒီသင်တန်းကနေတစ်ဆင့် AI တွေရဲ့ အလုပ်လုပ်နိုင်စွမ်း၊ Prompts ရေးရင် စဉ်းစားရမယ့်အရာတွေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ ဘယ်လို ထိထိရောက်ရောက် အသုံးပြုရမလဲဆိုတာ တကယ် သိလာရပါတယ်။"

"IT နည်းပညာ တိုးတက်နေတဲ့ ခေတ်မှာ AI Tools တွေကို နားလည်ပြီး လက်တွေ့မှာ ကောင်းမွန်စွာ အသုံးချတတ်ဖို့ အားလုံး EMPO မှာ သင်ယူကြဖို့ တိုက်တွန်းချင်ပါတယ်။"

“သင်တန်းအတောအတွင်းမှာ လေ့လာသင်ယူခဲ့တဲ့ အကြောင်းအရာနှင့်ပတ်သက်ပြီးတော့ လက်ရှိကိုယ်လုပ်နေတဲ့ လုပ်ငန်းနယ်ပယ်အလိုက် လိုအပ်သလို အသုံးပြုသွားမှာပါ။ ပြီးတော့ သူငယ်ချင်းများကိုလည်း ဒီသင်တန်းလေးကို တက်ရောက်လေ့လာသင့်ကြောင်း မျှဝေပေးဦးမှာပါ။”

“အလွန်ကောင်းပြီး အသုံးဝင်ကြောင်းကတော့ ကိုယ်တိုင် ဒီသင်တန်းကို တက်ကြည့်တာနဲ့ သေချာပေါက် သိနိုင်မှာပါ။”

🚀 အခုအချိန်မှာတော့ အခုလို Feedback ကောင်းတွေရရှိထားတဲ့ Applied AI for NGO,CSO သင်တန်းကြီးကို Batch 2 ထပ်မံဖွင့်လှစ်တော့မှာပဲ ဖြစ်ပါတယ်။

အခွင့်အရေး ရှိတုန်းမှာ လက်မလွှတ်ရစေဖို့၊

လုပ်ငန်းခွင် အချိန်နဲ့ စွမ်းအင်တွေကို သက်သာစေပြီး AI ကို အထိရောက်ဆုံး ခိုင်းစေတတ်တဲ့ Captain တစ်ယောက် ဖြစ်လာဖို့...

အချိန်ပေးပြီး တက်ရောက်ရတာနဲ့ ထိုက်တန်စေမယ့် EMPO ရဲ့ Applied AI for NGO,CSO Class မှာ အတူတူ လေ့လာ သင်ယူလိုက်ရအောင်နော်။

📩 သင်တန်းအပ်နှံရန် သို့မဟုတ် အသေးစိတ် သင်ရိုး Outline ကို သိရှိလိုပါက Comment မှာ "AI" ဟု စာတိုလေး ပေးပို့စုံစမ်းနိုင်ပါပြီ။

📞 Viber မှတစ်ဆင့် အသေးစိတ်မေးမြန်းလိုပါက - 09 250 326 876
Field Visit ရောက်လာတဲ့ Donor/Partner တွေကို Confidence ရှိရှိ မိတ်ဆက် စကားပြောဆိုနိုင်ဖို့ Basic Workplace Vocabulary 💬

Field Visit တွေမှာ Donor ဒါမှမဟုတ် Partner တွေ မြေပြင်ဆင်းလာတဲ့အခါ အဖွဲ့အစည်းရဲ့ စီမံကိန်းလုပ်ဆောင်ချက်တွေကို တိကျပြီး Professional ဆန်ဆန် ရှင်းပြနိုင်ဖို့ဟာ အလွန် အရေးကြီးပါတယ်။

ဒါပေမယ့် အခုလို အင်္ဂလိပ်လို ပြောဆိုတဲ့အခါ စကားလုံး အကြီးကြီးတွေ သိမှ ရမှာလားဆိုရင်တော့ မဟုတ်ပါဘူး။

Basic Workplace Vocabulary လေးတွေ သိထားရုံနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့ရာ အဆင်ပြေနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ Field Work မှာ မရှိမဖြစ် လိုအပ်ပြီး Confidence ရှိရှိ အသုံးပြုနိုင်မယ့် Basic Workplace Vocabulary (10) မျိုး နဲ့ ၎င်းတို့ကို အသုံးပြုနိုင်မယ့် စာကြောင်း နမူနာများကို စုစည်းဖော်ပြပေးသွားချင်ပါတယ်။

🔑 Community-led (ပြည်သူ/အသိုက်အဝန်း ဦးဆောင်သော)

💬 "Our activities are community-led to ensure long-term sustainability."*

(ကျွန်မတို့ရဲ့ လှုပ်ရှားမှုတွေဟာ ရေရှည် တည်တံ့ခိုင်မြဲဖို့အတွက် ဒေသခံ အသိုက်အဝန်းကိုယ်တိုင် ဦးဆောင်ဆောက်ရွက်တာ ဖြစ်ပါတယ်။)

🔑Beneficiaries (စီမံကိန်း အကျိုးခံစားခွင့်ရှိသူများ)

💬 "We are currently supporting over 500 beneficiaries in this township."*

(ကျွန်တော်တို့ လက်ရှိမှာ ဒီမြို့နယ်က အကျိုးခံစားခွင့်ရှိသူ ၅၀၀ ကျော်ကို ကူညီထောက်ပံ့ပေးနေပါတယ်။)

🔑Implementation / Implement (စီမံကိန်း အကောင်အထည်ဖော်ခြင်း)

💬 "We implement this project in close collaboration with local partners."*

(ကျွန်တော်တို့ ဒီစီမံကိန်းကို ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ နီးကပ်စွာ ပူးပေါင်း အကောင်အထည်ဖော်နေပါတယ်။)

🔑 Ground Challenges (မြေပြင် စိန်ခေါ်မှုများ)

💬 "Despite some ground challenges, the team managed to deliver the supplies on time."*

(မြေပြင် စိန်ခေါ်မှုအချို့ ရှိခဲ့ပေမဲ့ အဖွဲ့အနေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အချိန်မီ အရောက်ပို့ဆောင်နိုင်ခဲ့ပါတယ်။)

🔑Impact (အကျိုးသက်ရောက်မှု/ပြောင်းလဲမှု)

💬 "We want to show you the direct impact of this water supply project on the community."*

(ဒီသောက်သုံးရေ ရရှိရေး စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်အပေါ် ဖြစ်ပေါ်လာတဲ့ တိုက်ရိုက် အကျိုးသက်ရောက်မှုကို ပြသလိုတာပဲ ဖြစ်ပါတယ်။)

🔑Feedback Mechanism (တုံ့ပြန်ချက် ရယူသည့် စနစ်)

💬 "We have an active feedback mechanism where community members can share their suggestions."*

(ဒေသခံတွေအနေနဲ့ အကြံပြုချက်တွေ မျှဝေနိုင်ဖို့ တုံ့ပြန်ချက် ရယူတဲ့ စနစ်တစ်ခု စနစ်တကျ တည်ဆောက်ထားပါတယ်။)

🔑Local Context (ဒေသတွင်း အခြေအနေ/အကြောင်းတရား)

💬 "We adapted our training materials to fit the local context."*

(ကျွန်မတို့ သင်တန်းပို့ချချက်တွေကို ဒေသတွင်း အခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။)

🔑Target Group (အဓိက ရည်ညွှန်းထားတဲ့ အုပ်စု)

💬 "Our primary target group for this session includes youth and women-led households."*

(ဒီဆွေးနွေးပွဲရဲ့ အဓိက ရည်ညွှန်းထားတာကတော့ လူငယ်တွေနဲ့ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုတွေ ဖြစ်ပါတယ်။)

🔑Sustainability (ရေရှည် တည်တံ့ခိုင်မြဲမှု)

💬 "To ensure sustainability, we train local community champions to manage the facility."*

(ရေရှည် တည်တံ့စေဖို့အတွက် ဒီနေရာကို စီမံခန့်ခွဲနိုင်အောင် ဒေသခံ ခေါင်းဆောင်တွေကို သင်တန်းပေး လေ့ကျင့်ပေးထားပါတယ်။)

🔑Success Story (အောင်မြင်မှု ဖြစ်စဉ်/ဇာတ်လမ်း)

💬 "Let us introduce you to Daw Aye, who has a wonderful business success story from our Livelihood Program."*

(ကျွန်မတို့ အသက်မွေးဝမ်းကျောင်း စီမံကိန်းကနေတစ်ဆင့် စီးပွားရေးတစ်ခု စတင်ပြီး အောင်မြင်မှု ရရှိခဲ့တဲ့ ဒေါ်အေးနဲ့ မိတ်ဆက်ပေးပါရစေ။)

🚀ဒီစကားလုံးလေးတွေကတော့ NGO/CSO အလုပ်ခွင်မှာ Workplace English အနေနဲ့ အသုံးများတဲ့ စကားလုံးလေးတွေပဲ ဖြစ်ပါတယ်။

NGO Workplace English ဟာ သာမန် General English နဲ့ ကွဲပြားတဲ့အတွက် အခုလို လုပ်ငန်းခွင်မှာ အသုံးဝင်နိုင်တဲ့ Vocabulary လေးတွေကို သိထားတာက  စာရေးရာမှာရော၊ စကားပြောရာမှာပါ Confidence ရှိရှိ အသုံးပြုနိုင်ဖို့...အထောက်အကူ ဖြစ်မှာ အသေအချာပါပဲ။

အခုလို လုပ်ငန်းခွင်မှာ အသုံးဝင်စေမယ့် စိတ်ဝင်စားစရာ ဗဟုသုတများနဲ့ NGO, CSO နယ်ပယ်မှ ဝန်ထမ်းများအတွက် အခွင့်အလမ်းတွေကို သိရှိနိုင်ဖို့ EMPO ကို အမြဲမပြတ် စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။
❤1
🚨ကိုယ့်အလုပ်ကို ကိုယ်မပါပဲ အစအဆုံး လုပ်ပေးနိုင်တဲ့ System တစ်ခု တည်ဆောက်ဖို့ အခုချိန်ထိ ခက်ခဲနေတုန်းပဲလား?

Field က ရလာတဲ့ Survey တွေ၊ Notes တွေကို စာပိုဒ်လိုက် ဖတ်ပြီး Report အနှစ်ချုပ် ရေးရတာနဲ့ပဲ တစ်နေကုန်သွားတယ်။

Donor ဆီ ပို့ရမယ့် Proposal Draft တစ်ခု ရေးဖို့ သီတင်းပတ်နဲ့ချီပြီး မပြီးနိုင်မစီးနိုင် ဖြစ်နေတယ်။

M&E Qualitative Data တွေကို Theme ခွဲပြီး Insights ထုတ်ရတာ ခေါင်းရှုပ်လွန်းလို့ အမြဲ အချိန်ဆွဲမိနေတယ်။

ဒီလိုမျိုး Manual အလုပ်တွေထဲမှာတင် တစ်နေကုန် အချိန်တွေ ကုန်နေပြီလား?

ဒါဆို á€Ąá€á€ťá€­á€”်က္ဏ လူကော သက်သက်သာသာနဲ့ ကိုယ်တိုင် ပါဝင်စရာ မလိုဘဲ အစအဆုံး အလိုအလျောက် လုပ်ပေးနိုင်မယ့် AI System တစ်ခုတည်ဆောက်ဖို့ လိုအပ်နေပါပြီ။

တကယ်တော့  AI ဆိုတာ သာမန် Prompt ရိုက်ပြီး စာမေးရုံတင် မဟုတ်ပါဘူး။ 🙅‍♂️

မိမိ ရောက်ရှိနေတဲ့ Context ကို နားလည်ပြီး အလုပ်တွေကို အလိုအလျောက် ဆောင်ရွက်ပေးမယ့် Autonomous Co-pilot / System တစ်ခုအဖြစ် တည်ဆောက်ယူလို့ ရပါတယ်။

ဘယ်လိုတည်ဆောက်ကြမလဲ? ဘာတွေကို သုံးပြီး တည်ဆောက်ကြမလဲ? ဘာတွေ တည်ဆောက်နိုင်မလဲ ဆိုတဲ့ မေးခွန်းတွေအတွက်တော့
EMPO ရဲ့ "Applied AI for NGOs & CSOs (Batch- 2)" အတန်းမှာ အဖြေတွေ အကုန်ရှိနေပါပြီ။ 🔔🔔

ဒီအတန်းတက်ရောက်ပြီးရင် ဘာတွေ လုပ်နိုင်သွားမလဲ?

🤖 Systematic Prompting & Custom AI Systems:
မကြာခဏ ရေးရတဲ့ Activity Reports၊ Field Summaries နဲ့ Proposal Structures များကို တစ်ကြိမ်ခိုင်းရုံဖြင့် Instant Output ထွက်လာမယ့် Custom AI Prompts & Workflows များကို ကိုယ်တိုင် တည်ဆောက်နိုင်သွားမယ်။ ✅

🤖 Humanitarian Standards & Do No Harm Compliance:
AI သုံးလိုက်လို့ Local Context လွဲသွားမှာ၊ Beneficiary Data Privacy ကျိုးပေါက်သွားမှာ စိုးရိမ်စရာ မလိုဘဲ Sector-specific Ethics များနှင့်အညီ ဘေးကင်းစွာ အသုံးပြုနိုင်မယ်။ ✅

🤖Preserving your time & energy
AI က အချိန်ကုန်သက်သာစေမယ့် Raw Draft များ၊ Structure များကို အစအဆုံး ကူညီပေးတဲ့အတွက် အချိန်ကုန်၊ လူပင်ပန်း သက်သာစေမယ်။ ✅

ဒါကြောင့် အလုပ်လုပ်ချိန်ကို ထက်ဝက်ကျော် လျှော့ချပြီး Impact ပိုမို ဖန်တီးနိုင်မယ့် Digital Co-pilot ကို စနစ်တကျ တည်ဆောက်ချင်တယ်ဆိုရင်တော့
Comment မှာ “AI B2”လို့ ရေးခဲ့ပေးပါ။

📞 Viber မှတစ်ဆင့် အသေးစိတ်မေးမြန်းလိုပါက - 09 250 326 876
❤1
"လုပ်ငန်းခွင်မှာ Boundary သတ်မှတ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ?" 🛑

NGO, INGO နဲ့ CSO နယ်ပယ်မှာ အလုပ်လုပ်ကြသူအများစုဟာ Community Mindset ရှိကြသူများ ဖြစ်ကြပါတယ်။

ဒါပေမဲ့ အရာရာကို "ရပါတယ်၊ အဆင်ပြေပါတယ်၊ ဆောင်ရွက်ပေးပါမယ်" ဆိုပြီး အမြဲ လက်ခံနေလို့ရော အဆင်ပြေနိုင်ပါသလား?

Humanitarian Aid Sector တွေမှာ အခုလိုမျိုး အတွေးတွေကြောင့် အလုပ်များ တောင်လိုပုံလာပြီး မူလတာဝန်များ မပြီးစီးတော့ခြင်း၊ စိတ်ရော ခန္ဓာပါ နွမ်းနယ်ကာ Burnout ဖြစ်လာခြင်းနဲ့ အလုပ်အရည်အသွေး ကျဆင်းလာခြင်းများကို ကြုံတွေ့ရတတ်ပါတယ်။

လုပ်ငန်းခွင်မှာ မိမိရဲ့ စွမ်းဆောင်ရည် တွေနဲ့ ကိုယ်ပိုင် Boundary ကို သတ်မှတ်ပြီး မနိုင်ဝန်များကို Professional ဆန်ဆန် ယဉ်ကျေးစွာ ငြင်းပယ်တတ်ခြင်း ဟာလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့  မရှိမဖြစ် အရည်အသွေး ဖြစ်ပါတယ်။

💡 ဒါဆို အလုပ်ခွင်မှာ Saying 'NO' ကို Professional ဆန်ဆန် ဘယ်လိုမျိုး ပြောဆိုနိုင်မလဲ?

📊 Priority ကို ပြန်လည် ညှိနှိုင်းပါ။

လက်ရှိမှာ လုပ်ကိုင်နေတဲ့ အရေးတကြီး Report တွေ၊ Task တွေ ရှိနေတယ်ဆိုတဲ့အကြောင်းကို ရှင်းပြပေးဖို့ လိုပါတယ်။ Urgent အနေနဲ့ ကြားဖြတ်ဝင်လာမယ့် Assigned Task တွေ ရှိမယ်ဆိုရင်လည်း လက်ရှိလုပ်နေတဲ့ အလုပ်အတွက် Deadline Extend လုပ်လို့အဆင်ပြေမပြေတွေပါ ကြိုတင် ညှိနှိုင်းထားသင့်ပါတယ်။

💡 Alternative Solution အကြံပြုပါ။

ကိုယ်တိုင်အနေနဲ့ မကူညီနိုင်ဘူးဆိုရင်တောင် ကူညီပေးနိုင်မယ့် တခြားသူနဲ့ ချိတ်ဆက်ပေးတာမျိုး၊ အသုံးပြုခဲ့တဲ့ Template လေးတွေရှိမယ်ဆိုရင် Reference အနေနဲ့ လေ့လာနိုင်ဖို့ မျှဝေပေးတာမျိုးတွေ လုပ်ဆောင်လို့ရပါတယ်။

⏳ Timeline အသစ် ပြန်သတ်မှတ်ပါ။

လက်ရှိအချိန်မှာ အကူအညီမပေးနိုင်သေးတဲ့အတွက် ကိုယ့်အနေနဲ့ ကူညီပေးနိုင်မယ့် အချိန်ကို ပွင့်ပွင့်လင်းလင်းပြောဆို ဆက်သွယ်သင့်ပါတယ်။

ဒါဆို အခုလို Boundaries တွေ သတ်မှတ်တာက ဘယ်လို အကျိုးသက်ရောက်မှုတွေရှိနေမလဲ?

✅မိမိရဲ့ အဓိက တာဝန်ယူထားတဲ့ စီမံကိန်း ရလဒ်များကို အချိန်မီနှင့် အရည်အသွေးပြည့်မီစွာ ပြီးစီးစေခြင်း။

✅စိတ်ရော ခန္ဓာပါ ရေရှည် ကျန်းမာစွာဖြင့် အဖွဲ့အစည်းမှာ ကိုယ့်ရဲ့  စွမ်းဆောင်ရည် ထိန်းသိမ်းနိုင်ခြင်း။

✅မိမိရဲ့ အချိန်နဲ့ လုပ်နိုင်စွမ်းကို စနစ်တကျ စီမံခန့်ခွဲတတ်သူအဖြစ် လုပ်ဖော်ကိုင်ဖက်များနှင့် အထက်လူကြီးများ၏ လေးစားမှုကို ရရှိစေခြင်း။

ဒါကြောင့် အလုပ်တစ်ခုကို 'NO' ဟု ငြင်းပယ်လိုက်ခြင်းက မိမိမှာ ရှိနေသည့် မူလ အဓိက တာဝန်များကို 'YES' ဟု အပြည့်အဝ တာဝန်ယူလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှု ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်မှာ ကျင်လည်နေရသူတွေအတွက် ကိုယ့်ရဲ့ အလုပ်တာဝန်တွေမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့အတွက် Boundary က အရေးကြီးတာပဲဖြစ်ပါတယ်။
❤1
"AI သုံးရင် ငါတို့ရဲ့ စီမံကိန်း ရေးသားချက်တွေက 'Human Touch' ပျောက်သွားမှာလား?" 🤖💭

NGO/CSO နယ်ပယ်မှာ Proposal Draft တွေ၊ Impact Stories တွေနဲ့ Field Reports တွေ ရေးသားတဲ့အခါ အများဆုံး မေးလေ့ရှိကြတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။

အကူအညီ လိုအပ်နေတဲ့ အသိုက်အဝန်းတွေရဲ့ အသံ၊ Field က ဒေသခံတွေရဲ့ ခံစားချက်နဲ့ စီမံကိန်းရဲ့ တကယ့် မြေပြင် ပုံရိပ်တွေကို စက်ရုပ်ဆန်ဆန် စာသားတွေနဲ့ အစားထိုးလိုက်ရမှာကို စိုးရိမ်တာဟာ အလွန် သဘာဝကျပါတယ်။

ဒါပေမဲ့ အမှန်တကယ်တော့... AI ဆိုတာ "Human Touch" ကို ဖျက်ဆီးပစ်မယ့် အရာ မဟုတ်ဘဲ၊ ထို Human Touch ကို ပိုမို ပေါ်လွင်အောင် ပံ့ပိုးပေးနိုင်တဲ့ "Drafting Partner" ဖြစ်အောင် အသုံးချနိုင်ဖို့ကပဲ အရေးကြီးတာဖြစ်ပါတယ်။

💡 Human Touch မပျောက်ဘဲ AI ကို စနစ်တကျ ဘယ်လို သုံးမလဲ?

📌AI ကို Author အဖြစ် မသုံးပါနဲ့၊ Co-pilot အဖြစ်သာ သုံးပါ။

AI က မြေပြင် အခြေအနေများ၊ Local Context နဲ့ Beneficiaries များရဲ့ ခံစားချက်ကို မသိပါဘူး၊ ကွင်းဆင်းလေ့လာထားတဲ့ ကိုယ်တိုင်လောက် မသိနိုင်၊ မခံစားနိုင်ပါဘူး။ ဒါကြောင့် Data များကို Structure ကျအောင် စီစဉ်ခိုင်းခြင်းနဲ့ Format, Draft ပြင်ခိုင်းခြင်းများတွင်သာ AI ကို သုံးပြီး Core Narrative နှင့် Storytelling အပိုင်းကို မိမိကိုယ်တိုင် ထိန်းချုပ်ဖို့ လိုပါတယ်။

📌Draft ကို  Human Check ပြုလုပ်ပါ

AI က ထုတ်ပေးလိုက်တဲ့ Draft ကို အဆင်သင့် Copy-Paste မလုပ်ဖို့ သတိပြုသင့်ပါတယ်။

Humanitarian Standards များနဲ့ ကိုက်ညီမှု ရှိ/မရှိ၊ Do No Harm Principle များနှင့် ညီ/မညီ စတာတွေကို လူကိုယ်တိုင် အမြဲ စိစစ်ရပါမယ်။

🌿AI က အချိန်ကုန်သက်သာအောင် Structure နဲ့ Draft ကို ကူညီဆွဲပေးနိုင်ပေမယ့်

စီမံကိန်းတစ်ခုရဲ့ အသက်ဖြစ်တဲ့ စာနာနားလည်မှု (Empathy) နဲ့ မြေပြင်အမှန်တရား (Field Reality) ကိုတော့ ရရှိနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် AI အသုံးပြုလိုက်တိုင်း ကိုယ့်ရဲ့ Human Touch ပျောက်ကွယ်သွားမလား စိုးရိမ်မနေရစေဖို့

စနစ်တကျ အသုံးပြုနိုင်ဖို့အကြံပြုချင်ပါတယ်။

🚀 ဒီထက်ပို စနစ်တကျပြီး Humanitarian Standards များနဲ့ ကိုက်ညီတဲ့ AI အသုံးပြုမှု ဖြစ်စေဖို့

Applied AI for NGO,CSO  သင်တန်းမှာ ဂရုတစိုက်နဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✨ ဒီသင်တန်းမှာ ဘာတွေ လေ့လာရမလဲ?

🛡️ Data Privacy & Ethics

📑 Proposals & Reports Drafting

📊 M&E Data & Qualitative Analysis စတာတွေနဲ့ အတူ

ကိုယ်မပါပဲ Run နိုင်တဲ့ System တစ်ခုကို တည်ဆောက်နိုင်ဖို့၊

အလုပ်လုပ်ချိန်ကို ထက်ဝက်ကျော် လျှော့ချပြီး Impact ပိုမို ဖန်တီးနိုင်မယ့် Digital Co-pilot ဖြစ်လာဖို့  á€œá€™á€şá€¸á€Šá€˝á€žá€”်ပ္းသွဏးမသဏ ဖြစ်ပါတယ်။

INGO မြေပြင်လုပ်သက်ရင့် နည်းပြကိုယ်တိုင် (၁၀) ရက်တာအတွင်း ZOOM မှ တစ်ဆင့် တိုက်ရိုက် စနစ်တကျ လမ်းညွှန်ပြသပေးသွားမှာ ဖြစ်တာမို့ လုံးဝ လက်လွှတ်မခံသင့်ပါဘူးနော်။

💡 AI ကို သာမန် သုံးရုံတင် မဟုတ်ဘဲ အဖွဲ့အစည်းအတွက် ဘေးကင်းပြီး ထိရောက်တဲ့ Co-pilot တစ်ခုအဖြစ် EMPO နဲ့ အတူ ပြောင်းလဲလိုက်ပါ။

📥 သင်တန်း တက်ရောက်လိုပါက သို့မဟုတ် အသေးစိတ် မေးမြန်းလိုပါက Comment မှ တစ်ဆင့် "AI" လို့ ပေးပို့လိုက်ရုံပါပဲ။

📞 Viber မှတစ်ဆင့် အသေးစိတ်မေးမြန်းလိုပါက - 09 250 326 876
❤1
EMPO pinned Deleted message