သီရိလင်္ကာတွင် ဗုဒ္ဓမြတ်စွယ်တော်ကို ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံ လူမှုမီဒီယာ၌ ပျံ့နှံ့နေမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ
သီရိလင်္ကာနိုင်ငံတွင် လုံခြုံရေးအလွန် တင်းကျပ်စွာ ပြသလေ့ရှိသသည့် ဗုဒ္ဓ၏ မြတ်စွယ်တော်ကို ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံသည် လူမှုမီဒီယာတွင် ပျံ့နှံ့နေသဖြင့် ထိုဖြစ်စဉ်ကို ရဲတပ်ဖွဲ့က ဧပြီ ၂၀ ရက်တွင် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။
လူမှုမီဒီယာတွင် ပျံ့နှံ့နေသည့် ထိုဓာတ်ပုံသည် ဗုဒ္ဓ၏ ဓာတ်တော်မွေတော် တစ်ခုဖြစ်သည့် စွယ်တော် ဟုတ်၊ မဟုတ် လေ့လာဆုံး ဖြတ်ရန် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနအား ညွှန်ကြားထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဗုဒ္ဓ၏ မြတ်စွယ်တော်ကို အများပြည်သူအား ဖွင့်လှစ်ပြသသည့် ကာလအတွင်း ဓာတ်ပုံရိုက်ကူးခွင့်ကို တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားသည်။
■ Read More - - - >>>https://news-eleven.com/article/302145
စစ်ကိုင်းမြို့တွင် မလေးရှားနိုင်ငံမှ ယာယီကုသရေးစင်တာ ဖွင့်လှစ်ကာ အခမဲ့ကုသမှုများ စတင်ပြုလုပ်

စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ နှစ် ၇၀၀ ကွင်းအတွင်းတွင် မလေးရှားနိုင်ငံမှ ယာယီကုသရေးစင်တာ(ဆေးရုံ)ကို ဧပြီလ ၂၁ ရက်က စတင်ဖွင့်လှစ်ကာ အခမဲ့ ဆေးကုသမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည် ။.

မလေးရှားနိုင်ငံ MALAYSIA FIELD HOSPITAL (MFH) မှ ယခုကဲ့သို့ အခမဲ့ကုသရေးစင်တာကို အဖွဲ့ဝင် ၆၉ ဦးဖြင့် လာရောက်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရက်သတ္တပတ် နှစ်ပတ်မှ လိုအပ်ပါက အချိန်တစ်လကြာအထိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများကို လိုအပ်သည့် ဆေးကုသမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း MFH မှ Commander မစ္စတာ Farhan က Daily Eleven သို့ ပြောကြားခဲ့သည် ။
အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ်တွင် မီးလောင်ခဲ့ရာ ဒေသလေးခုမှတက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများပျက်စီးခဲ့သဖြင့် ပြန်လည်ဖြေဆိုရမည်

အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ်တွင် မီးလောင်ခဲ့ရာ ဒေသလေးခုမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများပျက်စီးခဲ့သဖြင့် ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

တက္ကသိုလ်ဝင်တန်းအဖြေလွှာများ မီးလောင်ပျက်စီးခဲ့သည့် ဒေသများမှာ မန္တလေးတိုင်း၊ ကချင်ပြည် နယ်၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်ဒေသများမှ ဖြစ်သည်။

အဆိုပါ ဒေသများ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇွန် ၁၆ ရက်မှ ဇွန် ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇွန် ၁၆ ရက်တွင် မြန်မာစာ၊ ၁၇ ရက်တွင် အဂ်လိပ်စာ၊ ၁၈ ရက်တွင် သချာ်၊ ၁၉ ရက်တွင် ဓာတု ဗေဒ/ ပထဝီဝင်၊ ၂၀ ရက်တွင် ရူပဗေဒ/သမိုင်း၊ ၂၁ ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စာမေးပွဲ ဖြေဆိုရမည့်သူများအနေဖြင့် သက်ဆိုင်ရာ ဖြေဆိုခွင့်ကတ်များကို တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများထံတွင် ဇွန် ၁ ရက်မှ ၁၅ ရက်အတွင်း ထုတ်ယူရမည်ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။
Media is too big
VIEW IN TELEGRAM
ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )

- လားရှိုးမြို့တွင် မူးယစ်ဆေးသုံးစွဲသူများနှင့် ပစ္စည်းဟောင်းများ လိုက်လံယူနေသူများက တိုက်ပွဲကျန်ပစ္စည်းများရှာဖွေစဉ် တစ်ရက် တည်း တိုက်ပွဲလက်ကျန်မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်
- ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မန္တလေးအဆင့်မြင့်ဈေးချိုတော် တောင်/ မြောက်တိုက်တန်းများကို ဖျက်သိမ်းမည် ဖြစ်ပြီး ဈေးရုံကြီးပင်မအဆောက်အအုံမှာ ကြံ့ခိုင်မှုရှိသဖြင့် ဧပြီ ၂၄ ရက်မှစ၍ ဈေးပြန်လည်ဖွင့်လှစ်မည်
- ဘန်ကောက်အဆောက်အအုံပြိုကျမှုနှင့် ဆက်နွှယ်၍ အမှုဆောင်တစ်ဦးကို ဖမ်းဆီး
- ရုရှားသမ္မတပူတင်က အီစတာပွဲတော်ကာလ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည့်တိုင် ရုရှားတပ်ဖွဲ့များ က လက်နက်ကြီးများဖြင့် ဆက်လက်တိုက်ခိုက်နေဟု ယူကရိန်းသမ္မတ ပြောကြား
- အာနိုးလ်နေရာ အစားထိုးရန် ကစားသမား(၅)ဦးကို လီဗာပူးလ်အသင်း ရည်ရွယ်ထား
တာချီလိတ်မြို့တွင် ကျပ် ၁ ဒသမ ၁၈ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျပ် ၁ ဒသမ ၁၈ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဧပြီ ၁၉ ရက် ညနေ ၃ နာရီခွဲအချိန် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်ရန် ရောက်ရှိလာသော ညီကတ် (ခ) လောန၊ အိုက်ပလိတ်၊ ဆမ်ချင်းနှင့် ဆိုင်ခမ်တို့ လေးဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၆၀၂၀၀၀ ပြား၊ Vigo၊ LEXUS၊ CROWN မော်တော်ယာဉ် သုံးစီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

■ Eleven Website: https://news-eleven.com/article/302150
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup