Edulingo
3.75K subscribers
480 photos
3 videos
179 files
150 links
Edulingo သည် နိုင်ငံတကာ ဘွဲ့ရ ဆရာ/မများဖြင့် ဖွဲ့စည်းထားသည့် English Language and Teacher Training သင်တန်း ဖြစ်သည်။
Download Telegram
May the Fourth be with You!
16
🤣26😁1😭1
Interactive Videos for
Speaking practice
7
She takes ..... her mother. They look very similar.
Anonymous Quiz
21%
off
11%
out
68%
after
6
Weak in vs Weak at

👉Weak at
skills, activities, or tasks ဆို weak at ကိုသုံးပါ။

I’m weak at math.

She’s weak at public speaking.

He’s weak at remembering names.


နေ့စဉ်ပြောဆိုတဲ့နေရာမှာ weak at ကပိုအသုံးများတယ်။

👉Weak in

subjects, areas, or fields တွေဆို weak in ကိုသုံးပါ။

He is weak in English grammar.

The team is weak in defense.

She is weak in science.


နှိုင်းယှဉ်ကြည့်ပါ။

He is weak at solving equations. → skill/task

He is weak in mathematics. → subject/field

ကျောင်းဘာသာရပ်တွေကတော့ နှစ်မျိုးစလုံးသုံးလို့ရပါတယ်။

weak at math

weak in math


စွမ်းဆောင်ရည်နဲ့ပတ်သက်ရင် weak at သုံးတာများပါတယ်။ ကျောင်းစာနဲ့ဆိုင်တာ ပို formal ဆန်တာဆို weak in ကို သုံးပါတယ်။
23
ဟော
🤣22😁3
ငလျင် safe ဖြစ်ကြရဲ့လား
19
Speaking မှာ Band 8.5 ရအောင် ဘယ်လိုလုပ်ခဲ့လဲ။

Overall band 8.5 ရဖို့ထက် Speaking မှာ individual band 8.5 ရဖို့က ပိုခက်ပါတယ်။ မကြာသေးမီကပဲ ကိုယ်သင်တဲ့ ကျောင်းသူတစ်ယောက် 8.5 ရတယ်။

👉ကိုယ်နဲ့ speaking ပြင်တဲ့အချိန်တည်းက သူ့language level တော်တော်ကောင်းတာက တန်းသိသာတယ်။ လေ့ကျင့်ပေးတာကတော့ speaking part three မှာပိုအဆင်ပြေအောင် critical thinking ပါအောင် well-rounded answers ပေးတတ်အောင်ပြင်ပေးတယ်။ part II မှာ အချိန်ကိုက်ဖြေတတ်အောင် လုပ်ပေးတယ်။

အတုယူချင်သူတွေယူရအောင် သူကိုယ်တိုင်ရော ဘယ်လိုကြိုးစားဖြစ်တာလဲဆိုတာလေး မေးကြည့်ထားပေးတယ်။

👉Speaking မှာ Band 8.5 ရအောင် ဘယ်လိုလုပ်ခဲ့လဲ။

💁အားရင် Cambridge မေးခွန်းဟောင်းတွေကိုပြောကြည့်တယ် စုစုပေါင်းခြောက်စုံလောက်ပေါ့။

💁ပြီးတော့ YouTube video တွေကြည့်တယ် band 9 ရတဲ့သူတွေဘယ်လိုပြောတယ်ဆိုတာ နမူနာယူတယ်။

💁Tips and tricks video တွေကြည့်တယ်။

👉အသံထွက်ကောင်းအောင်၊ language ကောင်းအောင်ဘယ်လ်ုလုပ်ခဲ့လဲ။

💁အဲ့တာကကျတော့ငယ်ငယ်ထဲကလုပ်တာနဲ့ဆိုင်မယ်။ အိမ်မှာအကုန် အင်္ဂလိပ်လိုပြောတတ်တယ်ဆရာ။ အဲ့တော့အိမ်မှာက အမြဲညှပ်ပြောနေကြတာပဲ သူငယ်ချင်းတွေကလည်းပြောတတ်နေတာပဲဆိုတော့။
သေချာစလုပ်တာကတော့ ရှစ်နှစ်မှာ အင်္ဂလိပ်စာဆရာမတစ်ယောက်နဲ့ နေ့တိုင်းစာလုပ်ရတာ တစ်နေ့တစ်နာရီ။
နောက်တော့ ပြိုင်ပွဲတွေဝင်ပြိုင်ဖြစ်တယ်

💁Taylor Swift သီချင်းတွေ အများကြီနားထောင်တယ် Harry Potter လည်းတအားကြိုက်တယ်။ အဲ့တာ‌ေတွအားလုံး‌ေပါင်းလိုက်တာပဲ ဆရာ။

💁အဓိကကတော့ ဘာသာစကားသင်ရတာကိုကြိုက်တာပဲနဲ့တူတယ်။
မြန်မာစာသင်တုန်းကလိုပဲစိတ်ထဲထားပြီး ဘာသာစကားက ကိုယ်နဲ့ တစ်သားထဲဖြစ်နေရင် native တစ်ယောက်လိုပဲပြောနိုင်သွားမယ်ထင်တယ်။

💁သမီးစိတ်ထဲမှာ အင်္ဂလိပ်စာပဲ မြန်မာစာပဲ ပြင်သစ်စာပဲ အဲ့လိုကွဲမနေဘူး
အကုန်စကားတွေချည်းပဲ သူများပြေတာနားထောင်ပြီး အဲ့လိုပြန်‌ေပြာလိုက်တာပဲ ငယ်ငယ်ထဲက အဲ့တိုင်းပဲ
တစ်လုံးကြားလာရင် အဲ့တစ်လုံးကို ချက်ချင်းပြန်သုံးလိုက်တာပဲ။

👉သူ့အဖြေကို ပြန်အနှစ်ချုပ်ရရင် ဘာသာစကားအခြေခံကောင်းဖို့နဲ့ ဘာသာစကားသင်ယူရတာ ကြိုက်ဖို့က အရေးကြီးပါတယ်။ YouTube က sample answers တွေရယ် tips and tricks videos တွေဟာလည်း အထောက်အကူပြုတယ်ဆိုတာတွေ့ရပါမယ်။
27
Speaking တိုးတက်စေမယ့် self-talk

Speaking တိုးတက်စေတဲ့
strategy တွေထဲက
တစ်ခုကတော့ self-talkပါ။

Self- talk ဆိုတဲ့အတိုင်း
ကိုယ့်ဘာသာ စကားပြောရတာပါ။

ကိုယ်လုပ်နေတဲ့အလုပ်ကို
အသေးစိတ်ပြောတာ
မြင်နေတာတွေကို လိုက်ပြောတာမျိုး
လုပ်လို့ရပါတယ်။

အတွေးမှန်သမျှကို
thinking out loud
လုပ်လို့လည်းရပါတယ်။

တစ်ယောက်တည်း
နှစ်ကိုယ်ခွဲပြောတာမျိုးလည်း
‌လုပ်လို့ရပါတယ်။
ကိုယ်ပဲမေး
ကိုယ်ပဲဖြေပေါ့။

Self- talk ရဲ့အားသာချက်ကတော့
Partner မလိုတာ
ကြိုက်တဲ့အချိန်‌လေ့ကျင့်လို့ရ၊
စကားလုံးအသစ်တွေရလာရင်
တန်းပြောပစ်လို့ရ၊
Fluencyအတွက်ကောင်း။

မကောင်းတာကတော့
မှားရင်ပြင်ပေးမယ့်သူ မရှိတာပေါ့။
Accuracy အတွက်သိပ်မကောင်း။

အသံသွင်းထားပြီး
ကိုယ့်အသံကိုယ်
ပြန်နားထောင်လို့လည်းရတယ်။
လိ‌ုနေတာတွေကို
ပြန်ပြင်ပြောကြည့်လို့ရတယ်။

ဒီက အမျိုးတို့ရော
Self-talk လုပ်ဖြစ်ကြလား။
24
Speaking ကိုလေ့လာတဲ့အခါ ဘယ်နည်းလမ်းတွေကို သုံးဖြစ်ကြလဲ။ 🤔🤔🤔

1.ဝါကျများ၊ patternများကို တိုင်ပေးသည်ကိုနားထောင်၍ လိုက်ရွတ်ဆိုလေ့ကျင့်ခြင်း

2. အသံထွက်ကောင်းအောင် listening နားထောင်ခြင်း

3.စာပိုဒ်များကို အလွတ်ကျက်မှတ်ရွတ်ဆိုခြင်း

4. အတုယူပြောဆိုခြင်း

5.ပုံပြင်များကို ပြန်ပြောခြင်း

6.စာကိုအသံထွက်ဖတ်ခြင်း

7.စကားပြောရင် အသုံးဝင်မယ့် ဝေါဟာရနှင့် သဒ္ဒါတွေသိအောင် စာဖတ်ခြင်း

8. သူငယ်ချင်းများ၊ ဆရာများနှင့် အင်္ဂလိပ်စကားပြောသူများနှင့် ဆက်သွယ်ပြောဆိုကြည့်ခြင်း

9. တစ်ယောက်တည်း တွေးခြင်း (သို့) ပြောခြင်း

10.ရုပ်ရှင်များ၊ တီဗီအစီအစဉ်များကြည့်ခြင်း

11.Lecture များနားထောင်ခြင်း

12. စာဖတ်ခြင်း နှင့် listening လုပ်ရတွင် ဆိုလိုသည့် အကြောင်းအရာကို အဓိကနားလည်အောင်လုပ်ခြင်း

တကယ်လို့ 8 ကနေ 12 ကို သုံးတယ်ဆိုရင်တော့ သင်ဟာလမ်းမှန်‌ေပါ်မှာရှိပါတယ်။ အဲ့တာဟာ ပိုတော်တဲ့ ကျောင်းသားတွေက သုံးလေ့ရှိတဲ့နည်းတွေပါတဲ့။ (Haung and van Naerssen, 1987)

1ကနေ 7 ဆိုရင်တော့ သင့်လေ့လာပုံတွေကို ပြောင်းဖို့လိုပါတယ်။ 1-7ကို လုံးဝမလုပ်သင့်ဘူးလို့ မဆိုလိုပါဘူး။ သူတို့ဟာလည်း သူတို့အကျိုးကျေးဇူးနဲ့ သူတို့ရှိပါတယ်။ ဒါပေမယ့် 8-12 ကတော့ ပိုထိရောက်ပါတယ်တဲ့။

နည်းလမ်းကောင်းတွေကို ဒုတိယအကြိမ်ပြန်ဖတ်ကြည့်ပါအုံး။speaking မကောင်းသေးတဲ့သူကလည်း ကိုယ်ဘာကြောင့်မကောင်းသေးတာဆိုတာ ရိပ်စားသွားမယ်လို့ထင်ပါတယ်။

🚫 အဓိကအားဖြင့်တော့ ဘာသာစကားပြောတာကောင်းဖို့ဆိုရင် သဒ္ဒါ၊ အသံထွက်နဲ့ ဝေါဟာရ ဆိုတဲ့ "အကာ" တွေကို မဆုပ်ကိုင်ပါနဲ့။

လက်တွေ့အသုံးပြုခြင်း၊ ပြောဆိုဆက်ဆံခြင်း၊ အဓိပ္ပါယ် ဖြစ်တဲ့ "အနှစ်" ကို ဆုပ်ကိုင်ပါ။

🌼 မှားမှာကြောက်တဲ့စိတ်ကိုလျှော့လိုက်ပါ။ လမ်းလျှောက်တဲ့အခါ ခလုပ်တိုက်တတ်တာ သဘာဝပါ။
23
Who are you rooting for?
Anonymous Poll
45%
Arsenal
61%
PSG
2
To root for someone means to express active support, cheer them on, and hope for their success. It implies an emotional investment in their outcome, whether you are backing a sports team, a contestant in a competition, or a friend facing a difficult challenge.
7
ဒေါင် ဒေါင်‌ ဒေါင်
သင်တန်းတွေအပ်ဖို့အချိန်ရောက်ပါပြီ
🔔🔔🔔
12
Free Conversation Club
Edulingo က တီချယ်နဲ့ Lingo English က တီချယ်တို့ ပူးပေါင်းပြီးစီစဉ်ထားပါတယ်။ စကားပြောတိုးတက်ချင်သူများအတွက် အလွန်ကောင်းတဲ့ အခွင့်အရေးပါ။
မနက်ဖန်မို့ မြန်မြန်လေး စာရင်းပေးပေးနော်။ https://www.facebook.com/share/p/1Ctu8QQJHV/
18
General English အပြင်
တက်‌ေရာက်နိုင်တဲ့ သင်တန်းများ
IELTS
Speaking Special
Basic Speaking
Business English
Intermediate Writing
4 Skills Classes for Young Learners တို့ပဲဖြစ်ပါတယ်။
2
IELTS Classes at Edulingo
4
We drove to the airport to ——— our cousin before her flight."
Anonymous Quiz
27%
set off
21%
see out
40%
see off
12%
set out
4
Level test မစစ်ဘဲ ဒီတိုင်းတက်လို့ရလား
Page မှာ ဒီလိုလာလာမေးတာကို တွေ့ရတတ်တယ်။

တချို့က အခြေခံကပဲ
စချင်တာမို့ level test မစစ်ချင်ဘူးတဲ့
တကယ်တန်းစစ်ကြည့်တော့ A1 မဟုတ်ဘဲ
A2/ B1 ဖြစ်နေတာမျိုးရှိတတ်ကြတယ်။
သင်ရတဲ့ ဆရာ/မ လည်းဂွကျ
သူနဲ့ သင်ရတဲ့ အခြားသူလည်း
စိတ်ဓာတ်ကျဖြစ်တတ်တယ်။

တချို့ကျ intermediate ပဲတက်ချင်တယ်။
Level test မစစ်ချင်ဘူးတဲ့။
တချို့ကျ တခြားမှာ intermediate ပြီးလာလို့
ဒီမှာ B2 တန်းတက်လို့ရလားတဲ့။
အဲ့လိုလည်းဘယ်ရပါ့မလဲ
သင်တန်းပြီးတိုင်း level တက်ပါပြီ
ပြောလို့ရတာမှ မဟုတ်တာ။

Level test စစ်တယ်ဆိုတာ
ကိုယ့်အတွက် ထိရောက်တဲ့ level ကို
တက်နိုင်ဖို့အတွက်ပါ။

တချို့အတွက်ကျလည်း
Level test စစ်တာ level ကနိမ့်နေတယ်
သူက NGO မှာလုပ်နေတာမို့
ဒီ levelကိုမတက်နိုင်ဘူးတဲ့
Level တိုးပေးပါတဲ့။

Level test နဲ့ အမှတ်နိမ့်ပေမယ့် သူ့အတွက် သင်နေတဲ့ vocab တွေ Grammar တွေက တကယ်လွယ်နေတာလည်းဖြစ်နိုင်ပါတယ်။

အပြင်မှာ သူထင်သလိုပြောဆိုအလုပ်လုပ်နေရတော့ သူါကိုယ်သူ အတော်ပြောနိုင် လုပ်နိုင်တယ်ထင်ထားတာမျိုး
အခြေခံက ပြန်ပြီးမှန်အောင်မပြင်ချင်တော့ဘူး
သူလိုလူမျိုးကျ အတန်းနဲ့တက်လို့ အဆင်မပြေတော့ဘူး
တစ်ဦးချင်းတက်မှပဲ အဆင်ပြေတော့မယ်

တချို့ရှိတယိလေ အင်္ကျီက ပုခုံးလည်းအတော်ပဲ၊ လက်လည်းအတော်ပဲ၊ ဗိုက်ပဲ ကွက်ကျပ်နေတယ်ဆိုတာမျိုး
Ready Made တွေဝတ်လို့မရဘူး။ တိုင်းချုပ်မှ ရတော့မှာ။
26👍2