Edu Hub
1.69K subscribers
199 photos
9 videos
122 links
Edu Hub aims to provide educational information, scholarship opportunities and job opportunities for young people, to create a modern and smart digital online learning environment, to effectively study languages ​​and to stay in touch with education.
Download Telegram
Finance & Accounting ဘာသာရပ်ကို ထိုင်းနိုင်ငံမှာ လေ့လာလိုတဲ့ကျောင်းသားကျောင်းသူများအတွက်
တက္ကသိုလ်အချို့ကို မျှဝေပေးပါရစေ 🇹🇭

စီးပွားရေးတိုးတက်နေတဲ့ ခေတ်ကြီးမှာ Finance & Accounting ဘာသာရပ်ဟာလည်း အရေးပါတဲ့နေရာကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ အလုပ်အကိုင်အနေနဲ့ကတော့ လုပ်ငန်းတခု​၏ financial statements နှင့် reports တွေကို ပြင်ဆင်ပေးရပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးရတဲ့ အလုပ်လည်းဖြစ်ပါတယ်။

Finance & Accounting ဘာသာရပ်ဟာ ဘွဲ့ရပြီးသည်နှင့် အလုပ်အကိုင်အခွင့်အလမ်းပေါများသည့်အပြင် ရရှိသော လခနှုန်းထားလည်းများပြားတာကြောင့် ကျောင်းသားကျောင်းသူများကြားမှာ ရေပန်းစားနေတဲ့ ဘာသာရပ်လည်းဖြစ်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများအနေနှင့် Public Accountant,
Finance Managers, Financial Controllers,Financial and Management Accountant, Investment and Portfolio Managers,Financial Planner,Financial Analyst
Investor Relations Associate,Budget Analyst,Actuary,
Accountant, Credit Analyst, Commercial Real Estate Agent စသဖြင့် အလုပ်အကိုင်အများအပြားအတွက် လျှောက်ထားနိုင်မှာပါ။

ဒါ့ကြောင့် Finance & Accounting ဘာသာရပ်ကို ထိုင်းနိုင်ငံရှိ ဘယ်တက္ကသိုလ်တွေမှာ သင်ယူနိုင်မလဲဆိုတာ သိနိုင်ဖို့ စာလေးကို အဆုံးထိဖတ်ပေးကြပါဦးနော်။ 🥰

ထိုင်းနိုင်ငံတွင် ~
✴️ Raffles International College
✴️ Rangsit University
✴️ Assumption University
✴️ Asian Institute of technology
✴️ Thammasat university
✴️ Chulalongkorn University
✴️ Mahidol university
✴️ Mae fah Laung University
✴️ Burapha University
✴️ Standford University
✴️ King Mongkut’s Institute of Technology Ladkrabang ✴️ National Institue of Development Administration
✴️ The University of the Thai Chamber of Commerce (UTCC) စတဲ့ တက္ကသိုလ်အသီးသီး၊ကောလိပ်အသီးသီးမှာ
Finance & Accounting ဘာသာရပ်ကို သင်ယူနိုင်ပါတယ်။

အထက်ဖော်ပြပါ တက္ကသိုလ်များအနက် Raffles International College, Rangsit University, Assumption University, Asian Institute of technology, Standford University, The University of the Thai Chamber of Commerce (UTCC) တို့မှာ Private University များဖြစ်ပြီး ကျန်တက္ကသိုလ်များမှာ Public University များဖြစ်ပါတယ်။

Raffles International College ဟာ Local rank 165 အဆင့်
ရရှိထားပါတယ်။ Raffles International College တွင် 2နှစ်ခွဲ Program ကို တက်ရောက်ရမှာဖြစ်ပြီး Bachelor of Business(Accountary) ရရှိမှာပါ။ဒါ့အပြင် Diploma in Business studies, Advanced Diploma in Finance တို့ကိုလည်း တက်ရောက်နိုင်ပါတယ်။ Tution fee အနေနဲ့ $20797 နီးပါးကုန်ကျနိုင်ပါတယ်။

Rangsit University ဟာ Local rank 19 ရှိပြီး ထိုင်းနိုင်ငံရှိ နာမည်ကြီး Private University တခုဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာကျောင်းသားကျောင်းသူအများစု တက်ရောက်ကြတဲ့ တက္ကသိုလ်လည်းဖြစ်ပါတယ်။
Rangsit University တွင် International Business Program ကို 4နှစ် တက်ရောက်ရမှာဖြစ်ပြီး Bachelor of Business Administration ရရှိမှာဖြစ်ပါတယ်။
Tution feeကတော့ $15,746နီးပါး ကုန်ကျနိုင်ပါတယ်။

Chulalongkorn University ဟာ ထိုင်းနိုင်ငံရှိ နံပတ်တစ်ကျောင်းနေရာမှာ 14နှစ်ကြာနေရာယူထားခဲ့တဲ့ နာမည်ကြီး Public University ဖြစ်ပါတယ်။
Chulalongkorn University မှာတော့ faculty of commerce and accountancy program ကို 4နှစ်တက်ရောက်ရမှာဖြစ်ပါတယ်။Tution fee အနေနဲ့ semester တခုကို Baht 65,500နီးပါးကုန်ကျနိုင်ပါတယ်။

Mae fah Laung University ဟာ ထိုင်းနိုင်ငံတွင်း Local rank 25 အဆင့်ရရှိထားသောတက္ကသိုလ်တခုဖြစ်ပါတယ်။
4နှစ် Program တက်ရောက်ရမှာဖြစ်ပြီး Bachelor of Accounting(BAcc) ရရှိမှာပါ။

ထိုင်းနိုင်ငံရှိ တက္ကသိုလ်များကို လျှောက်ထားဖို့အတွက် အခြေခံ လိုအပ်ချက်များကတော့ ~

🔸 Application form completed
🔸 high school diploma - GED or IGCSE or SAT (to apply for a Bachelor's)
🔸 Bachelor's diploma (to apply for a Master's)
🔸 transcript of records.
🔸 proof of English proficiency - IELTS or TOEFL
🔸 proof of financial resources (to live and study there)
🔸 Letter of motivation or statement of intent
🔸 Two recommendation letters စသည်တို့ကို လိုအပ်ပါမယ်။

မိမ်ိတို့လျှောက်ထားသောတက္ကသိုလ်အလိုက် လိုအပ်ချက်များမှာ ကွဲပြားနိုင်ပါတယ်ရှင်။ 🥰

Tution fee များမှာလည်း မိမိတို့လျှောက်ထားသော တက္ကသိုလ်နှင့် Program ပေါ်မူတည်၍ ကွဲပြားမှုများရှိနိုင်ပါတယ်ရှင်။ 🥰

ကဲ…ဒီလောက်ဆိုရင် ထိုင်းနိုင်ငံမှာ Finance & Accounting တက်ရောက်လိုသူများအတွက် အထောက်အကူပြုမယ် လို့မျှော်လင့်ပါတယ်။ 🥰

ထိုင်းနိုင်ငံရှိ တက္ကသိုလ်များကိုတက်ရောက်လိုပါက
ကျွန်မတို့ Corner တွင်
👍1
(1) ကျောင်းလျှောက်ရာတွင်ကူညီပေးခြင်း
(2) ကျောင်းလခသွင်းပေးခြင်း
(3) တက်ရောက်သင့်သော Program များအကြောင်း အတွေ့အကြုံရှိ mentors များနှင့် ဆွေးနွေးနိုင်ခြင်း
(4) OEC နှင့်ပတ်သက်ပြီး သိလ်ိုသမျှကို မေးမြန်းဆွေးနွေးနိုင်ခြင်း
(5) Notary ပြန်ပေးခြင်း စသော ဝန်ဆောင်မှုများကို ရယူနိုင်ပါပြီရှင်။🥰

Edu Corner မှ ဝန်ဆောင်မှုများနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုပါက chat box မှတဆင့် လာရောက်မေးမြန်းနိုင်သလို အောက်ပါဖုန်းနံပတ်များကိုလည်း
ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Contact us:
09796158900 ☎️

📌 ထိုင်းနိုင်ငံမှာ ပညာသင်ယူလိုသူများအတွက် ဗဟုသုတရဖွယ်ရာ အကြောင်းအရာများကို မျှဝေပေးနေတာကြောင့် Telegram Communityလေးကို
join ထားနိုင်ပါတယ်။
https://t.me/+T-gLqFUBRPU1YmNl

📌 ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို
အချိန်နဲ့တစ်ပြေးညီသိရဖို့ Telegram Channel လေးကို
join ထားနိုင်ပါတယ်။

Our Telegram Channel 👇🏻
https://t.me/eduhubmm

#Edu_Hub
#Edu_Corner
#Finance&accounting
#universityinthailand
#thailand
👍1
🤔ဘာကြောင့် EDU HUB ရဲ့ GED Preparation(Special) အတန်းကိုတက်ရောက်သင့်လဲ⁉️

ရပ်တန့်နေတဲ့ ပညာရေးကိုအဆုံးသတ်ရန် ဒီနှစ်အတွင်းမှာ GED ဖြေဆိုဖို့ စီစဉ်ထားတဲ့သူတွေ၊ဖြေဆိုဖို့ စဉ်းစားနေတဲ့သူတွေအတွက် EDU HUB ကနေ Program အသစ်လေးတစ်ခုနဲ့ မကြာခင်မှီအတွင်းမှာ စတင်မိတ်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်😍

🎓EDU HUB ရဲ့ ဒီ special အတန်းတွေကို ဘယ်သူတွေတက်ရောက်နိုင်သလဲ?
***************************************

📌မြန်မာအစိုးရသင်ရိုး Grade 10 New System ပြီးထားတဲ့သူတွေကနေ စပြီး တက္ကသိုလ် ဒုတိယနှစ်မပြီးသေးတဲ့သူတွေ၊ Pre-IGCSE ပြီးထားတဲ့သူတွေ၊ Pre-GED သင်ပြီးထားတဲ့သူတွေ အဓိကတက်ရောက်သင့်ပါတယ်။
📌GED သင်ရိုးကိုလေ့လာထားပြီးပေမယ့် စာမေးပွဲအတွက် အဆင်သင့်မဖြစ်သေးတဲ့သူတွေ၊ လူနည်းနည်း နဲ့ exam practice ကို ဦးစားပေးပြီးသွားချင်တဲ့သူများ တက်ရောက်သင့်ပါတယ်။
📌Special Class တက်ပြီးတာနဲ့ တိကျသေချာတဲ့ exam plan ရှိပြီးသူတွေ၊university admission အတွက် လိုအပ်သော Target score ရချင်သူများ ပိုပြီးတက်ရောက်သင့်ပါတယ်။
📌နယ်မြို့များမှ ကျောင်းသားများအတွက်ရည်ရွယ်ထားတာကြောင့် Internet Accessရတဲ့ နေရမှ ကျောင်းသားများတက်ရောက်သင့်ပါတယ်
📌Weekday program ဖြစ်တာကြောင့် စနေ၊တနင်္ဂနွေ မအားလပ်သူများတက်ရောက်သင့်ပါတယ်။

🎓ဘာကြောင့် EDU HUB မှာ special အတန်းတွေကို တက်ရောက်သင့်တာလဲ?
***************************************

📌Digital Campus တစ်ခုချင်းစီမှာ ကျောင်းသားဆယ်ယောက်သာထားရှိပေးမှာ ဖြစ်တာကြောင့် ထိရောက်စွာသင်ကြားမှုအတွက် အာမခံပါတယ်
📌ကျောင်းသားတစ်ဦးချင်းစီရဲ့ student improvement များအား monitoring လုပ်ကာ မိဘ၊ဆရာ ဆွေးနွေးတိုင်ပင်ပြီး လစဉ် student grading report များ ပို့ပေးခြင်း
📌College preparation level ဖြစ်တာကြောင့် Digital Learning နဲ့ အကျွမ်းတဝင် ရှိလာစေရန်learning management system ဖြင့်သင်ကြားပေးခြင်း
📌Professional Development Training များပေးခြင်း
📌 Exam ဖြေဖို့ fee သွင်းခြင်း၊ ကျောင်းလျှောက်ပေးခြင်း စသော လိုအပ်ချက်များက်ိုလည်း ကူညီဆောင်ရွက်ပေးပါတယ်။
📌Exam practice ကို အဓိကထားသင်ကြားပေးမှာဖြစ်ပြီး PBL Teaching method အားအဓိကသင်ကြားပေးနေတာကြောင့် ကျောင်းသား၊သူ များ၏ ကိုယ်ပိုင်အတွေးအခေါ်များ အယူအဆများ လွပ်လပ်စွာတွေးခေါ်လာနိုင်ပြီး critical thinking အပိုင်းမှာ သိသိသာသာတိုးတက်လာပါမည်
📌သင်ကြားရေးအတွေ့အကြုံရှိပြီးဘာသာရပ်အလိုက် ထူးချွန်ထက်မြက်သည့်ဆရာ/ဆရာမများမှ သင်ကြားပေးတာကြောင့် လိုချင်သော target score များရရှိစေဖို့ အာမခံပါတယ်။
📌 EDU HUB ရဲ့အဓိက သင်ကြားရေးစနစ်မှာ ကျောင်းသားကျောင်းသူများ​၏ critical thinkingအပိုင်းများတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ကျောင်းသားဗဟိုပြုသင်ကြားနည်းစနစ်ဖြင့် သင်ကြားပေးပါတယ်။
📌သင့်တင့်မျှတသော သင်တန်းကြေးနှုန်းထားဖြင့်
quality education တစ်ခုကို ဖန်တီးပေးထားတာကြောင့် ကျောင်းသားကျောင်းသူများအတွက်သာမက မိဘများအတွက်ပါ အဆင်ပြေစေပါတယ်။

🎓ဒါဆို ဒီ Special အတန်းတွေကို joinဖို့ ဘာတွေပြင်ဆင်ထားရမလဲ?
***************************************

📌Exam Preparation အတန်းဖြစ်တာကြောင့် grade 10 New system နှင့် Pre-GED မဖြစ်မနေပြီးထားဖို့လိုပါတယ်

📌ဒီSpecial အတန်းများကို တက်ရောက်ဖို့အတွက် placement test ဖြေဆိုရမှာပဲ ဖြစ်ပါတယ်။ placement test ရဲ့ grading ကောင်းမှသာ special အတန်း လေးကို တက်ရောက်လို့ရမှာပဲဖြစ်ပါတယ်။

📌Digital Online Learning ကို အဓိကထားသင်ကြားပေးမှာ ဖြစ်ပြီး Digital Online ကျောင်းအဖြစ်ပုံဖော်နေတာကြောင့်ကျောင်းသားများအနေဖြင့် computer နှင့် အခြား digital deviceများလိုအပ်မှာပဲဖြစ်ပါတယ်

📌ကျောင်းသား၊သူများအနေနဲ့ ကျောင်းဘက်ကပေးသော storage 1TB ရှိတဲ့ Microsoft team အကောင့်တစ်ခုကို ကိုယ်ပိုင် Domain နဲ့ သင်ကြားရမှာပဲဖြစ်ပါတယ်

📌သက်တောင့်သက်သာရှိပြီး ဆူညံမှုကင်းမဲ့ကာစာသင်ကြားနိုင်သည့် နေရာတစ်ခုစီစဉ်ထားရမည်

📌Internet Connection ကောင်းဖို့အထူးလိုအပ်ပါသည်

‼️ဒါဆိုရင်တော့ မကြာခင်မှာ EDU HUB ကနေ ပိုမိုကောင်းမွန်တဲ့ Programအသစ်တွေ လာတော့မှာမို့ page လေးကိုစောင့်ကြည့်ပေးဦးနော်😍

ပညာရေး နဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို အချိန်နဲ့တစ်ပြေးညီတင်ပေးနေတာဖြစ်လို့
Edu Hub Page ကို Like လုပ်ထားပြီး Telegram Channel ကိုလည်း Join ထားလို့ရပါတယ်။
https://t.me/eduhubmm

Contact us:
☎️09796158900

#Edu_Hub
#GED
#preged
#GEDPreparationOnlineClass
#OnlineClass
👍1
🥳 မြန်မာနိုင်ငံမှ ကျောင်းသားများအဓိကလျှောက်ထားနိုင်တဲ့ KMUTTရဲ့ Multi-Intellectuals Scholarship 🥳

King Mongkut’s University of Technology Thonburi မှာ တက်ရောက်ပညာသင်ကြားလိုသူကျောင်းသားကျောင်းသူများအတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကြီးပဲဖြစ်ပါတယ်။🤩

Multi-Intellectuals Scholarship မှာ Bachelor's Degree ရော Master Degree အတွက်ပါ ပေးမှာဖြစ်ပါတယ်။

Bachelor's Degree အတွက်
🔹 Faculty of Engineering
🔹 School of Information Technology
🔹 School of Architecture and Design တို့အတွက် Scholarship ပေးအပ်မှာဖြစ်ပါတယ်။

Master Degree အတွက်
🔹 Faculty of Engineering, School of Architecture and Design
🔹 School of Bioresources and Technology, School of Information Technology
🔹 JGSEE, Faculty of Science, School of Liberal Arts စသော ဘာသာရပ်များအတွက် Scholarship ပေးအပ်မှာဖြစ်ပါတယ်။

Program တခုချင်းစီအတွက် IELTS သို့မဟုတ်
TOEFL အမှတ်များကို တင်ပြပေးဖို့ လိုအပ်ပါတယ်။

Bachelor's Degree အတွက် Tution fee, Study Equipment 10,000 THB , Monthly living expenses 8,000 THB per month, Health insurance fee 2,300 THB တို့ကို ပေးအပ်မှာဖြစ်ပါတယ်။

Master Degree အတွက် Tution fee, Thesis Defense fee, Study Equipment 10,000 THB , Monthly living expenses 10,000 THB per month, Health insurance fee 2,300 THB တို့ကို ပေးအပ်မှာဖြစ်ပါတယ်။

Deadline ကတော့ May 31,2023 ဖြစ်တာကြောင့် အချိန်မီလျှောက်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။

Scholarship လျှောက်ထားကြမယ့်လူငယ်များအနေနဲ့
ကျွန်မတို့ Edu Corner တွင်

(1) ကျောင်းလျှောက်ရာတွင်ကူညီပေးခြင်း
(2) ကျောင်းလခသွင်းပေးခြင်း
(3) တက်ရောက်သင့်သော Program များအကြောင်း အတွေ့အကြုံရှိ mentors များနှင့် ဆွေးနွေးနိုင်ခြင်း
(4) OEC နှင့်ပတ်သက်ပြီး သိလ်ိုသမျှကို မေးမြန်းဆွေးနွေးနိုင်ခြင်း
(5) Notary ပြန်ပေးခြင်း
(6) One-on-one Essay guidance လုပ်ပေးခြင်း စသော ဝန်ဆောင်မှုများကို ရယူနိုင်ပါပြီရှင်။🥰

Scholarship လျှောက်ထားကြမယ့် ကျောင်းသားကျောင်းသူများလည်း ကံကောင်းကြပါစေလို့ Edu Cornerမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ 🥰

Edu Cornerမှ တခြားသောဝန်ဆောင်မှုများအကြောင်း သိလိုပါကchat box မှတဆင့် လာရောက်မေးမြန်းနိုင်သလို
အောက်ပါ ဖုန်းနံပတ်ကိုလည်း ဆက်သွယ်နိုင်ပါတယ် ☎️

Contact us:
09796158900 ☎️

Office Address 📌
Room.212 , Level 2, Tower B , Myaing Hay Wun Condo (Junction8, Kyaik Wine Pagoda Rd, Mayangone , Yangon)

📌 ထိုင်းနိုင်ငံမှာ ပညာသင်ယူလိုသူများအတွက် ဗဟုသုတရဖွယ်ရာ အကြောင်းအရာများကို မျှဝေပေးနေတာကြောင့် Telegram Channel လေးကို
join ထားနိုင်ပါတယ်။
https://t.me/+T-gLqFUBRPU1YmNl

📌 ဒါ့အပြင် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို
အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့ Telegram Channel လေးကို
join ထားနိုင်ပါတယ်။
Our Telegram Channel
https://t.me/eduhubmm

#MultiIntellectualsScholarship
#Edu_Hub
#Edu_Corner
#KMUTT
1👍1
2
GED ဖြေပြီး ဂျပန်နိုင်ငံရှိ Ritsmeikan Asia Pacific University ကို ကျောင်းလျှောက်ကြမယ်🥳 🇯🇵

GED exam ကိုဖြေဆိုပြီးတာနဲ့ ဂျပန်နိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့်ကိုလျှောက်ထားနိုင်ပါတယ်။
Japan နိုင်ငံဟာ နည်းပညာတိုးတက်တာကြောင့်
နည်းပညာပိုင်းနဲ့ပတ်သက်ပြီး လေ့လာချင်သူလူငယ်များအတွက် အခွင့်အလမ်းများပြားပါတယ်။ 📌
ဒါ့အပြင် နိုင်ငံဟာ ဘေးကင်းလုံခြုံပြီး အချိန်ပိုင်းအလုပ်တွေလည်း များပြားတာကြောင့်
အလုပ်လုပ်ရင်း ကျောင်းတက်ချင်သူလူငယ်များအတွက်
ရွေးချယ်စရာ နိုင်ငံတခုအဖြစ် ရေပန်းစားလျက်ရှိပါတယ်။

ဂျပန်နိုင်ငံမှ တက္ကသိုလ်အများစုက GED အမှတ်ပေါင်း
600 (or) 680 အထက်ကို လက်ခံကြပါတယ်။

📌 မိမိတို့ရွေးချယ်ထားသော တက္ကသိုလ်အပေါ်မူတည်ပြီး
GED scores နဲ့ လိုအပ်ချက်တွေက ကွဲပြားနိုင်ပါတယ်ရှင်။

Ritsmeikan Asia Pacific University ဟာ ဂျပန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များထဲမှ တခုဖြစ်တဲ့အပြင်QS World Ranking မှာလည်း နေရာကောင်းရထားတာဖြစ်ပါတယ်။

Ritsmeikan Asia Pacific University သို့ လျှောက်ထားလိုပါကလိုအပ်သောအချက်အလက်များမှာ ~

🔹 Undergraduate Application Form
🔹 Application Essay
🔹 Certificate of Eligibility / Resident Status Questionnaire
🔹 Academic transcripts for most recent 3 years
(If you are currently in high school, the most recent 2-2.5 years are acceptable) [Original or Certified Document]
🔹 Mandatory or standardized national test results to enter university
🔹 standardized test result certificates [Original or Certified Document]
🔹 Letter of Recommendation [Original ONLY]
🔹 Passport copy
🔹 Two identical photographs
🔹 Copy of Alien Registration Card / Residence Card
(Applicants who already have a valid Japanese resident status ONLY)
🔹 Checklist တို့ကို တင်ပြပေးရပါမယ်။

Language Proficiency Test Scores များအနေနဲ့ ~

🔹 English-basis students: TOEFL (iBT)Test(or)
TOEFL (PBT) Test (or) IELTS
🔹 Japanese-basis students: JLPT/ EJU Japanese တို့ကိုလိုအပ်ပါမယ်။

Tution fee များအနေနှင့် မိမိတို့လျှောက်ထားသော ပညာသင်နှစ်အပေါ်ကွဲပြားတာကြောင့် အသေးစိတ်သိလိုပါက အောက်ပါ Link မှတဆင့် ကြည့်ရှုနိုင်ပါတယ်။
https://en.apu.ac.jp/home/life/content9/AY2021_Tuition_Fees_EnrolledSinceAY2020_E.pdf

🇯🇵 Japan နိုင်ငံရဲ့ ကျောင်းများဟာ GED အပြင် EJU
(examination for Japanese University Admission) သို့မဟုတ် IELTS or TOEFL သို့မဟုတ် SAT ACT တို့ကိုလည်း လိုအပ်ပါတယ်။
ဂျပန်ဘာသာစကားအဓိကအသုံးပြုပြီး သင်ကြားပေးတဲ့တက္ကသိုလ်တွေမှာတော့ EJU မှာ
အမှတ် 250 ရရမယ့်အပြင် ဂျပန်ဘာသာစကား N1 or N2 level အထိပြီးမြောက်ထားဖို့လိုအပ်ပါတယ်။
ဒါ့ကြောင့် Ritsmeikan Asia Pacific University ကို လျှောက်ထားဖို့ ဆုံးဖြတ်ထားတယ်ဆ်ိုရင် GED ပြင်ဆင်ရမည့်အပြင် ဂျပန်ဘာသာစကားတတ်ကျွမ်းဖို့လည်း ပြင်ဆင်ထားရပါမယ်။

Ritsmeikan Asia Pacific University တွင် တက်ရောက်နိုင်မည့် Programs များမှာ ~
College of International Management (BBA)
•Accounting and Finance
•Marketing
•Strategic Management and Leadership
•Entrepreneurship and Operations Management

College of Asia Pacific Studies (B.Soc.Sc)
•International Relations
•Culture, Society, and Media
•Global Economy

College of Sustainability and Tourism (ST)
•Environmental Studies
•Resource Management
•International Development
•Tourism Studies
•Tourism Industry Operations
•Hospitality Operation
•Regional Development
•Social Entrepreneurship
•Data Science & Information System Learning

✴️ Japan နိုင်ငံမှာ ပညာသင်ယူဖို့ဆိုရင် GED အပြင်
language proficiency လည်း ကောင်းဖို့လိုအပ်ပါတယ်။
GED ဖြေဆိုဖို့ကတော့ ၄လမှ ၆လအထိ အချိန်ယူပြင်ဆင့်ပါတယ်။
GED မှာ အမှတ်မြင့်မြင့်နဲ့ အောင်မြင်ဖို့က self study လုပ်ရမယ့်အပြင် သင်တန်းရောတက်မှ အဆင်ပြေပါလိမ့်မယ်။

ကျွန်မတ်ို့ Edu Hub မှလည်း GED ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများကို အကောင်းဆုံးလေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်ရှင်။

Edu Hub မှာ GED Special Class ကို April လတွင်စတင်ပြီးဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
အတန်းတွေဟာ လူဦးရေအကန့်အသတ်ရှိလို့ အမြန်ဆုံးအပ်နှံထားမှ စိတ်ချရမယ်နော် 🙋🏻‍♀️

အတန်းများနှင့်ပတ်သက်ပြီး အသေးစိတ်ကိုထပ်မံသိရှိလိုပါက chat box မှတဆင့် လာရောက်မေးမြန်းနိုင်သလို အောက်ပါဖုန်းနံပတ်များကိုလည်း
ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Contact us:
09796158900 ☎️

Office Address📌
Room.212 , Level 2, Tower B , Myaing Hay Wun Condo (Junction8, Kyaik Wine Pagoda Rd, Mayangone , Yangon)

📌 ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို
အချိန်နဲ့တစ်ပြေးညီသိရဖို့ Telegram Channel လေးကို
join ထားနိုင်ပါတယ်။
👍1
🎓ဆယ်တန်းအောင်မြင်ပြီးတာနဲ့ တက်ရောက်လို့ရပြီး ထိုင် နိုင်ငံရဲ့ THE Young University Ranking မှာ နံပတ် တစ် နေရာကနေ ရပ်တည် နေ့တဲ့ Mae Fah Luang University မှာ August Intake အမှီကျောင်းလျှောက်ကြရအောင်

🏫Mae Fah Luang University(MFU) လို့ပြောလိုက်ရင် လှပတဲ့တောင်တန်းကြီးတွေ၀န်းရံထားတဲ့ နယ်စပ်မြို့လေးမှာ ရှိတဲ့ public university တစ်ခု ဆိုတာ မြန်မာကျောင်းသား တွေသိထားပြီးဖြစ်ကြမှာပါ။ နှစ်ပေါင်း ၂၅ နှစ်ကြာမြင့်ပြီး THE Young University Ranking 1st ရရှိထားတဲ့ MFU ဟာဆိုရင် international student တွေအတွက် ရွှေးချယ်စရာ program များခြင်း၊ကျောင်းစရိတ်သက်သာခြင်းတို့ကြောင့် မြန်မာကျောင်းသားတွေအတွက် ထိုင်းနိုင်ငံမှာကျောင်းတက်တော့မယ်ဆိုရင် ရွှေးချယ်သင့်တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
နိုင်ငံတကာမှအလုပ်အကိုင်အခွင့်အလှမ်းများအတွက် အာမခံချက်ရှိတဲ့ အောက်ပါInternational program များကို တက်ရောက်နိုင်ပါတယ်👇

🎓Bachelor’s Degree Programs For International Student
******************************************

Innovative Food Science and Technology
Postharvest Technology and Logistics
Postharvest Technology and Logistics and Bachelor of Business Administration in Logistics and Supply Chain Management (Dual Bachelor's Degree Programmes; 4 years)
Beauty Technology
Cosmetic Science
Public Health
Environmental Health
Occupational Health and Safety
Sports and Health Science
Computer Engineering
Digital and Communication Engineering
Software Engineering
Digital Technology for Business Innovation
Multimedia Technology and Animation
Applied Thai Traditional Medicine
Physical Therapy
Traditional Chinese Medicine
Laws
Business Law and Chinese Communication
English
Thai Language and Culture for Foreigners
Accounting
Business Administration
Economics Programme
Nursing Science
Applied Chemistry
Biosciences
Materials Engineering
Business Chinese
Chinese Language and Culture
Chinese Studies
Teaching Chinese Language
International Development

🎓Master’s Degree Programs For International Studen
******************************************

English for Professional Development
Applied Chemistry
Biological Science
Computational and Data Science
Materials Innovation for Sustainability
Business Administration
International Logistics and Supply Chain Management
Computer Engineering
Digital Transformation Technology
Innovative Food Science and Technology
Postharvest Technology and Innovation
Laws
Cosmetic Science
Creative Innovation in Cosmetic Science
Border Health Management
Health and Biomedical Analytics
Anti-Aging and Regenerative Medicine
Anti-Aging and Regenerative Science
Dermatology
International Development စသည့် program တွေကို သင်ကြားနိုင်မှာပဲဖြစ်ပါတယ်

‼️August Intake အတွက် admission Round 3 ကို 31th,March 2023 နောက် ဆုံးထားပြီး ကျောင်းလျှောက်နိုင်ပါပြီ

📃Admission Requirements For Undergraduate
*****************************************

ဆယ်တန်းအောင်လက်မှတ်နဲ့ အမှတ်စာရင်း(Notary ပြန်ပေးရန်)
GED Certificate and transcripts
Passport (at least 1 year validity)
English Proficiency Test Score(IELTS 4.5/TOEFL(iBT) 32-34/TOEFL(iPT) 400/TOEFL(CBT)97-103)
English Proficiency Test မရှိတဲ့သူတွေအနေနဲ့ MFU ရဲ့ Placement test ကို ဖြေဆိုလို့ရပါတယ်
Thai Language Requirements(လျှောက်ထားသူအနေနဲ့ Physical Therapy/Laws/Business Law and Chinese Communications/Nursing Science တို့ကို လျှောက်ထားပါက ထိုင်ဘာသာစကားလိုအပ်ချက်ကိုပေးရမှာပဲဖြစ်ပါတယ်)

📃Admission Requirements For Master’s Degree
******************************************

သက်ဆိုင်ရာဘွဲ့တစ်ခုခုရရှိထားရမှာပဲဖြစ်ပါတယ်တယ်
Passport (at least 1 year validity)
English Proficiency Test Score(IELTS 6/TOEFL(iBT) 72/TOEFL(iPT) 543/CU-TEP 70/MFU-TEP B2 60
English Proficiency Test မရှိတဲ့သူတွေအနေနဲ့ MFU ရဲ့ Placement test ကို ဖြေဆိုလို့ရပါတယ်
Thai Language Requirements(လျှောက်ထားသူအနေနဲ့ Physical Therapy/Laws/Business Law and Chinese Communications/Nursing Science တို့ကို လျှောက်ထားပါက ထိုင်ဘာသာစကားလိုအပ်ချက်ကိုပေးရမှာပဲဖြစ်ပါတယ်)

Exchange program များကို လည်းpage messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်😍

ဒါဆိုရင် Auguest Intake အမှီကျောင်းလျှောက်ကြမယ် သူများအတွက် EDU Corner ကနေ
(1) ကျောင်းလျှောက်ရာတွင်ကူညီပေးခြင်း
(2) ကျောင်းလခသွင်းပေးခြင်း
👍2
(3) တက်ရောက်သင့်သော Program များအကြောင်း အတွေ့အကြုံရှိ mentors များနှင့် ဆွေးနွေးနိုင်ခြင်း
(4) OEC နှင့်ပတ်သက်ပြီး သိလ်ိုသမျှကို မေးမြန်းဆွေးနွေးနိုင်ခြင်း
(5) Notary ပြန်ပေးခြင်း၊ကျောင်းလျှောက်ရာတွင် လိုအပ်သောစာရွက်စာတမ်းများပြင်ဆင်ပေးခြင်း
(6)Visa process များနှင့် departure stage အထိကူညီလုပ်ကိုင်ပေးခြင်း
စသော ဝန်ဆောင်မှုများကို ရယူနိုင်ပါပြီရှင်။🥰

Edu Corner မှ ဝန်ဆောင်မှုများနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုပါက chat box မှတဆင့် လာရောက်မေးမြန်းနိုင်သလို အောက်ပါဖုန်းနံပတ်များကိုလည်း
ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Contact us:
☎️09957437423
☎️09796158900

📌 ထိုင်းနိုင်ငံမှာ ပညာသင်ယူလိုသူများအတွက် ဗဟုသုတရဖွယ်ရာ အကြောင်းအရာများကို မျှဝေပေးနေတဲ့community လေးကို
join ထားနိုင်ပါတယ်။
https://t.me/+T-gLqFUBRPU1YmNl

📌 ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို
အချိန်နဲ့တစ်ပြေးညီသိရဖို့ Telegram Channel လေးကို
join ထားနိုင်ပါတယ်။

Our Telegram Channel 👇🏻
https://t.me/eduhubmm

#Edu_Hub
#Edu_Corner
#MaeFahLuangUniversity
#MFU
#thailand
#univetsity
2