Learning Focus Zone
1.73K subscribers
1.14K photos
69 videos
723 files
38 links
Home Learning Guide
Download Telegram
Learning Focus Zone Channel မှ ကလေးများအားလုံးကို 🌼🙏

မြန်မာနှစ်ဆန်း ၁ ရက်နေ့အခါသမယတွင်
နှစ်ဟောင်းမှ အညစ်အကြေးများ၊ အပြစ်အနာအဆာများအားလုံးကို
စိတ်နှလုံးသန့်ရှင်းစွာ ဆေးကြောသန့်စင်ပြီး နှစ်သစ်တွင် စိတ်သစ်၊ လူသစ်ဖြင့် ကောင်းမြတ်သော လမ်းကြောင်းများကို
အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေ။

ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများကို လိုက်နာကျင့်သုံးကာ
မိဘ၊ ဆရာသမားများအပေါ် လိမ္မာသိတတ်ပြီး ကောင်းမွန်သော အကျင့်သီလများဖြင့် နေထိုင်နိုင်ကြပါစေ။

G-12 ဖြေဆိုထားသော ကလေးများနှင့်
G-12 တက်ရောက်မည့် ကလေးများအားလုံးလည်း မိမိတို့ မျှော်လင့်ထားသော ပန်းတိုင်များကို
အခက်အခဲအတားအဆီးများမရှိဘဲ အောင်မြင်စွာ ရောက်ရှိနိုင်ကြပါစေ။

Learning Focus Zone Channel မှ
တီချယ်အနေနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်

#G12
#Myada@educationLearningFocusPlus
#Tr.chaw 🍀
#Lear@educationLearningFocusPlus
10
16
G-12 စနစ်သစ်ရဲ့ မေးခွန်းပုံစံကို ရင်းနှီးသွားအောင် ပြောပြပေးပါ့မယ်

English

I. ==> (1) to (10) , Initial (10-marks)

> initial သည် ငယ်ငယ်ကဖြေခဲ့ကြတဲ့ word form, verb form များအားလုံးပေါင်းပြီးစဉ်းစား ဖြေဆိုရမှာဖြစ်ပါတယ် , Read the passage, Vocabulary, Listening, Speaking, Writing ပိုင်းမှ စာလုံးများ (words) ကိုမေးပါတယ်

II. ==> (1) to (10) , multiple choice  (10-marks)

> (1) to (5) ထိက vocabulary, phrasal verbs, adjectivable phrases, phrasal adverbs တွေမေးသွားမှာပါ
> (6) to (10) ထိကတော့ Gramm‌ar သီးသန့်မေးမှာ ဖြစ်ပါတယ်

III. ==> (1) to (10), Grammar (10-marks)

> G12 unit 1 to 12 Grammar များအပြင် G10, G11 မှ Grammar များကိုလည်းမေးသွားမှာဖြစ်ပါတယ်
> Grammar  သည် စေ့စပ်တိကျ အမှားအယွင်းမခံသော အပိုင်းဖြစ်ပါတယ် comma "," ကျန်ခဲ့၊ ပိုခဲ့ရင်တောင် အမှတ်ဝက်ပေးမည်မဟုတ်ဘဲ ( 1 or 0 ) ပုံစံမျိုးဖြစ် သောကြောင့် သေချာလေး ပိုင်နိုင်မှ  1 မှတ်အပြည့်ရမှာဖြစ်ပါတယ်

IV.(A) ==> (1) to (5) , poem completion (ကဗျာ) (5-marks)

> ပထမနှစ် (2024) နှင့် ဒုတိယနှစ်(2025) မေးခွန်းများတွင် ကဗျာကွက်လပ်များကို စာလုံး (words) များသာအဓိက ထားမေးသွားပါတယ်
> လာမည့်နှစ်များတွင် ပုဒ်ဖြတ် ပုဒ်ရပ် (punctuation) များ ပါမေးလာနိုင်သောကြောင့် semicolon ( ; ), colon ( : ), comma ( , ), full stop ( . ), များကိုပါအသေအချာမှတ်စေလိုပါတယ်
> ထို့ပြင် လာမည့်နှစ်များတွင် G12 poem  များအပြင် G10,G11 များပါမေးလာနိုင်ခြေရှိသောကြောင့် ပြန်လည်လေ့လာစေလိုပါတယ်

IV.(B) ==> (6) to (10) , answer the questions in complete sentences. (5-marks)

> unit 1 to 12 လေ့ကျင့်ခန်းများမှ မေးခွန်းများဖြစ်ပါတယ်
> သို့သော် quiz (ဉာဏ်စမ်း) များလည်း ထည့်မေးသောကြောင့် Read the passage များကို ကြေညက်နေအောင်ဖတ်ထားမှ အမှတ်ပြည့်ရနိုင်မယ့်မေးခွန်းဖြစ်ပါတယ်

V. Read the passage (seen)  (10-marks)

> unit 1 to 12 မှ မေးမှာဖြစ်ပါတယ်

VI. Read the passage (unseen) (10-marks)

> seen နဲ့မတူတာက unseen မှာ bold faced word  တွေပေးထားပြီး similar (sometimes opposite) meaning တွေဖြေခိုင်းတာဖြစ်ပါတယ်

VII. (A) ==> Dialogue, (1) to (5) (5-marks)

> box ထဲက စာကြောင်းတွေကို သင့်တော်တဲ့ ကွက်လပ်မှာဖြည့်ပေးရတာဖြစ်ပါတယ် , G6 to G12 လေ့ကျင့်ခန်းများမှ Dialogue များမေးမှာဖြစ်ပါတယ်, Dialogue က တစ်ပုဒ်နဲ့ တစ်ပုဒ်ဆက်စပ်မှု ရှိပါတယ်

VII. (B) ==> Exchanges, (6) to (10) (5-marks)

> box ထဲက စာကြောင်းတွေကို သင့်တော်တဲ့ ကွက်လပ်မှာဖြည့်ပေးရတာဖြစ်ပါတယ် , G6 to G12 လေ့ကျင့်ခန်းများမှ Exchanges များမေးမှာဖြစ်ပါတယ်, Exchanges က တစ်ပုဒ်နဲ့ တစ်ပုဒ်ဆက်စပ်မှုရှိ မရှိပါ

VIII. letter ==> Do not write more than 300 words (10-marks)

> နှစ်ပုဒ်လာမှာဖြစ်ပြီး နှစ်သက်ရာတစ်ပုဒ်ဖြေဆိုနိုင်ပါတယ်

IX. Essay ==> Do not write more than 500 words (15-marks)

> သုံးပုဒ်လာမှာဖြစ်ပြီး နှစ်သက်ရာတစ်ပုဒ်ဖြေဆိုနိုင်ပါတယ်

#Tr.chaw 🍀
#Lear@educationLearningFocusPlus
#G12
5
» English စာအမှတ်ကောင်းကောင်းနဲ့ အောင်ရန်  guide

=> အင်္ဂလိပ်စာက unseen  အမေးများတဲ့အတွက် ကိုယ့်အတွက် လုံးဝအပိုင်ရမယ့် အမှတ်များကိုယူရမှာပါ

၁. unit 12 ခုလုံးရဲ့ Answer the questions တွေကို ကျက်ထားပါ ၄မှတ် အပိုင်ရရန်အတွက် ကျက်ရမှာဖြစ်ပါတယ်
၁၂ခုလုံးရဲ့ answer the questions  များရပါက read the passage များထဲမှ answer the question အတွက် မေးနိုင်တဲ့ စာကြောင်းများကို ကျက်ရမှာပါ

၂. POEM လုံးဝကျက်ရမယ့်အရာပါ ၅မှတ်အပြည့်ရမှာပါ  ခုကတည်းက poem တွေ နှုတ်တိုက်ရနေအောင် ကျက်ထားမှ နောက်ပိုင်းအတွက်အဆင်ပြေပါလိမ့်မယ်

၃. G10,G11,G12  မှ Grammar  များလေ့ကျင့်ပါ ထိုgrammar များထဲမှ multiple choice အတွက် ၅မှတ် ၊ grammar အတွက် ၁၀မှတ် အပိုင်ရရှိမှာပါ

၄. Read the passage (seen) ဖြေဆိုနိုင်ရန်အတွက် unit 12 ခုလုံးကို ကြေညက်နေအောင်ဖတ်ထားရပါ့မယ် အဲ့ကနေ ၁၀မှတ်ရရှိပါမယ်

၅. Initial  အတွက် အဓိက ကြည့်ရမှာက unit 12ခုလုံးရဲ့  read the passage များမှ စာလုံးများအပြင် vocabulary, listening, speaking,writing များမှ စာလုံးများကိုလည်းကြည့်ရမှာပါ Initial အတွက် ၁၀ မှတ်ပါ

၆. dialogue & exchange များအတွက် G10,G11,G12 များရဲ့ listening, speaking  မှာပါတဲ့ dialogues များကိုလေ့ကျင့်ရမှာပါ တတ်နိုင်ရင်တော့ G6  မှစပြီးလေ့လာသင့်ပါတယ် ဒီကနေ ၁၀မှတ်ရရှိမှာပါ

၇. essay and letter အတွက် G10,11,12 ဖတ်စာအုပ်ထဲမှ writing အတွက် ပါသော sample essay and letter  များကို ဖတ်ပါ ရေးပါ လေ့ကျင့်ပါ ကောင်းရင် ကောင်းသလို letter ကို ၇မှတ်ထိ၊ essay ကို ၉မှတ်လောက်ထိပေးပါတယ်

အထက်ပါ ဖော်ပြခဲ့တဲ့အတိုင်းလုပ်မယ်ဆိုရင်တော့ english ဘာသာရပ်ကို ရိုက်ချတောင် ကျစရာမရှိပါဘူး🤞🏻

#Tr.chaw 🍀
#Lear@educationLearningFocusPlus
#G12
#English
121
🫧Polar Molecules

polar molecules (ဝင်ရိုးစွန်းပါသော မော်လီကျူးများ) ဆိုတာ molecule တစ်ခုအတွင်းမှာရှိတဲ့ (Electron) တွေ ဖြန့်ဝေမှု မညီမမျှ ဖြစ်နေတာကြောင့် molecule မှာ အမြဲတမ်း လျှပ်စစ်စွန်းထွက်မှု (Net Dipole Moment) ရှိနေတဲ့ molecule တွေကို ဆိုလိုတာ

ဒီလို မညီမျှမှုဟာ electron ကို ဆွဲငင်အား (Electronegativity) မတူညီတဲ့ (Atom) တွေကြားမှာ ဓာတ်စည်း (Bond) ဖြစ်ပေါ်တဲ့အခါ တစ်ဖက်က electrons ကို ပိုဆွဲထားလို့ ဖြစ်ပေါ်လာတာပါ။
molecule ပုံသဏ္ဌာန် (Molecular Geometry) ကြောင့် ဒီဓာတ်စည်းတွေရဲ့ ဆွဲအား (Dipole Moment) တွေဟာ တစ်ခုနဲ့တစ်ခု အတိအကျ ပယ်ဖျက်ခြင်း မရှိတဲ့အတွက် ပေါင်းလဒ် Dipole Moment ဟာ သုည (Zero) မဖြစ်ဘဲ လျှပ်စစ်စွန်းထွက်မှု ကျန်ရှိနေပါတယ်။ ဥပမာ - ရေ (H2O) ဟာ ပုံစံမမှန်တဲ့ "V" ပုံသဏ္ဌာန် (Bent Shape) ကြောင့် Polar Molecule ဖြစ်ပါတယ်။

🫧Non-polar molecules

Non-polar Molecules (ဝင်ရိုးစွန်းမပါသော မော်လီကျူးများ) ဆိုတာကတော့ molecule တစ်ခုလုံးမှာ electron ဖြန့်ဝေမှုဟာ လုံးဝညီမျှ နေတဲ့အတွက် လျှပ်စစ်စွန်းထွက်မှု လုံးဝမရှိတဲ့ molecule တွေပါ။ ဒီ molecules တွေမှာ Polar Bond (ဝင်ရိုးစွန်းပါသော ဓာတ်စည်း) တွေ ရှိနေရင်တောင်မှ၊ သူတို့ရဲ့ မှန်ကန်တဲ့ ဂျီဩမေတြီပုံစံ (Symmetrical Geometrical Shape) ဟာ Polar Bond တွေရဲ့ Dipole Moment တွေကို တစ်ဖက်နဲ့တစ်ဖက် အတိအကျ ပယ်ဖျက်ပစ်နိုင်တဲ့ ပုံစံမျိုးနဲ့ စီစဉ်ထားပါတယ်။ ဒါကြောင့် ပေါင်းလဒ် Total Dipole Moment ဟာ သုည (Zero) ဖြစ်သွား ပါတယ်။
ဥပမာ - ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ဟာ တစ်ဖြောင့်တည်း (Linear) ပုံစံရှိပြီး ဗဟိုချက်ညီတဲ့အတွက် Non-polar

#G12
#Chemistry chapter 1
#Tr.Chaw
2
Polar Bond နဲ့ Non-polar Bond များ၏ ခြားနားချက်

Covalent Bond  အမျိုးအစားနှစ်ခုကို Atom နှစ်ခုရဲ့ Electron ဆွဲငင်အား (Electronegativity) ကွာခြားမှု ပေါ်မူတည်ပြီး ခွဲခြားထားပါတယ်။

🧩 Non-polar Bond ဆိုတာ ဖွဲ့စည်းထားတဲ့ Atom တွေရဲ့ Electronegativity ကွာခြားမှု လုံးဝမရှိ (သို့မဟုတ် သုညနီးပါး နည်းပါး) တာကြောင့် မျှဝေထားတဲ့ Electron အတွဲကို Atom နှစ်ခုလုံးက ညီမျှစွာ ဆွဲယူထားပြီး လျှပ်စစ်စွန်းထွက်မှု လုံးဝမဖြစ်ပေါ်တဲ့ Bond မျိုးပါ။ ဥပမာ - Atom အမျိုးအစားတူ တွေကြားက (H-H) Bond တွေ ဖြစ်ပါတယ်။

🧩ဆန့်ကျင်ဘက်အနေနဲ့ Polar Bond ဆိုတာ Atom နှစ်ခုကြားမှာ Electronegativity က သိသိသာသာ ကွာခြားနေ တာကြောင့် ဆွဲအားပိုများတဲ့ Atom က Electron တွေကို သူ့ဘက်ကို ပိုဆွဲယူ ထားပါတယ်။ ဒီလို မညီမမျှ မျှဝေခြင်း ကြောင့် Electron တွေ ပိုရောက်နေတဲ့ Atom ဘက်မှာ တစ်စိတ်တစ်ပိုင်း အနုတ် (delta-) နဲ့ Electron နည်းသွားတဲ့ Atom ဘက်မှာ တစ်စိတ်တစ်ပိုင်း အပေါင်း (delta+) လျှပ်စစ်အားတွေ ဖြစ်ပေါ်လာပြီး Bond Dipole တစ်ခုကို ဖြစ်ပေါ်စေပါတယ်။ ဥပမာ - (H-F) လို Bond မျိုးတွေ ဖြစ်ပါတယ်။

#G12
#Chemistry chapter 1
#Tr.Chaw 🍀
1
#G12
#Chemistry chapter 1
#Tr.Chaw 🍀
21
G 12 တတ်ရောက်မည့် ကလေးများ လေ့လာထားစေရန်. ရည်ရွယ်ပါတယ် ။
#Chemistry
#Tr.Chaw 🍀
#Lear@educationLearningFocusPlus
#Myada@educationLearningFocusPlus
2
Chemistry အတွက် ဉီးစားပေးကြည့်ရမယ့် အပိုင်းတွေကတော့

- Chapter 1

» ဒီအပိုင်းက အရေးကြီးဆုံးအပိုင်းဖြစ်သလို အမှတ်များများရနိုင်တဲ့အပိုင်းဖြစ်ပါတယ်
» chapter 1 မှာက အပိုင်းခွဲတွေတော်တော်များများပါသလို မှတ်ရတာများမယ့်အပိုင်းလည်းဖြစ်ပါတယ်
သေချာလေး စနစ်တကျ လေ့လာမယ်ဆိုရင်တော့ အပိုင်ရနိုင်တဲ့အခန်းဖြစ်ပါတယ်

- Chapter 6

» chapter 6 က  chapter ၁နဲ့ spin ဆွဲတာချင်း တူခြင်း
» transition element 10 လုံးလေးအကြောင်းကိုပဲ  မှတ်ရတာဖြစ်ခြင်း တို့ကြောင့် အမှတ်ရလွယ်တဲ့အပိုင်းဖြစ်ပါတယ်

- Chapter 8

» heavy အပိုင်းတွေဖြစ်တဲ့ chapter 1 တို့ chapter 6 တို့လို chapter 8 ကလည်း မှတ်ရတာများပါတယ်
» chapter 8 က  organic ခန်းဖြစ်တဲ့အတွက် G11 က organic အခြေခံလေးသာ ရမယ်ဆိုရင် easy-going သွားလို့ရပါတယ်
» chapter 8 မှာ organic compound နဲ့ macromolecules ဆိုပြီး ၂ပိုင်းပါဝင်ပါတယ် တစ်ပိုင်းချင်းစီကို စနစ်တကျ လေ့လာသွားမယ်ဆိုရင် အမှတ်သယ်မဲ့ အခန်းပဲဖြစ်ပါတယ်

- Chapter 2,3,4

» ဒီအခန်းလေးတွေက ပေါ့ပေါ့ပါးပါးအခန်းလေးတွေပါ chp 1,6,8 တို့သင်ပြီးရင် ဒီအခန်းတွေက စာလည်းနည်းပြီး လွယ်ပါတယ်

- Chapter 5

» တွက်စာအခန်းဖြစ်ပါတယ် ဒီအခန်းကနေ တွက်စာတွေပိုင်ပိုင်နိုင်နိုင်တွက်ထားသင့်ပါတယ်

- Chapter 7

» သူကတော့ အမှတ်ရနည်းပြီး စာများများကြည့်ရတဲ့အပိုင်းဖြစ်လို့ အခြားအခန်းအားလုံးပိုင်ပြီးမှ ကြည့်ရပါမယ် Bio လို ကျက်စာတွေပဲမို့ နောက်ဆုံးမှ ကြည့်သင့်ပါတယ် မကြည့်နိုင်ရင် လွှတ်လို့ရတဲ့အခန်းဖြစ်ပါတယ်။

#Tr.Chaw 🍀
#G12
#Chemistry
#Myada@educationLearningFocusPlus
21
This media is not supported in your browser
VIEW IN TELEGRAM
၅ လပိုင်း ၁ ရက်နေ့မှ စ၍ G 12 တတ်ရောက်မည့်ကလေးများ သင်ခန်းစာလေ့လာမူလေးတွေ စတင်ပါမည်။

#G12
#Myada@educationLearningFocusPlus
#Tr.Chaw
7🔥2
Chapter 1: Rotational Motion (Physics)
Anonymous Quiz
79%
True
21%
False
2
When an object, or a rigid body, rotates, it cannot slow down.
Anonymous Quiz
17%
True
83%
False
All particles of a rotating body move in a circle lying on a plane that is perpendicular to the axis.
Anonymous Quiz
88%
True
12%
False
The centre of rotation of all the particles of a rotating body lies on the axis.
Anonymous Quiz
75%
True
25%
False
The farther the point from the centre of rotation, the greater the angular displacement.
Anonymous Quiz
62%
True
38%
False
ညောင်ရမ်းကြီးသမီးစကားပြေသည်........တွင် ရေးထိုးခဲ့သော ကျောက်စာဖြစ်သည်။
Anonymous Quiz
91%
(က) ပုဂံခေတ်နှောင်းပိုင်း
7%
(ခ) ပုဂံခေတ်ဦးပိုင်း
2%
(ဂ) ပုဂံခေတ်လယ်.