"ဒူးလောက်တင်မှ ရင်လောက်ကျ"
မေးခွန်းတခု = "ဒူးလောက်တင်မှ ရင်လောက်ကျ" စကားပုံနှင့် "ရင်လောက်မှန်းမှ ဒူးလောက်ကျ"စကားပုံသည် ရင်လောက်မှန်းမှ ဒူးလောက်ကျ စကားပုံက လုံးဝမရှိဘူးဆိုတာ ဟုတ်ပါသလားခင်ဗျာ နှောင်းလူများ အမှားကြောင့် ထွက်ပေါ်လာတာမျိုး ဟုတ်ပါသလားခင်ဗျ
"ဒူးလောက်တင်မှ ရင်လောက်ကျ"
"ဒူးလောက်တင်မှ ရင်လောက်ကျ" ဆိုသည့် စကားပုံသည် "ရည်မှန်းချက်ကို အမြင့်ဆုံး ထားရှိမှသာလျှင် အနည်းဆုံး လိုလားချက်ကို ရရှိနိုင်ခြင်း" ဟူသော အနက်ကို ဆောင်ပါသည်။
ဤစကားပုံ၏ ဆိုလိုရင်းနှင့် နောက်ခံသဘောတရားကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည် -
၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဒူးလောက်တင်: တစုံတခုကို ပစ်ပေါက်ရာတွင် ဖြစ်စေ၊ ရည်မှန်းရာတွင် ဖြစ်စေ မိမိအလိုရှိသော အနိမ့်ဆုံးအဆင့် (ဒူး) ထက် ပိုမြင့်သော နေရာကို ဦးတည်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ရင်လောက်ကျ: အမြင့်ကို ရည်မှန်း၍ ကြိုးစားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းသွားသည့်တိုင်အောင် မိမိအလိုရှိသော အဆင့် (ရင် သို့မဟုတ် ခါး) လောက်တွင် တန့်နေမည် ဖြစ်သည်။
ဆိုလိုရင်း: ရည်မှန်းချက်ကို သေးသေးလေးထားလျှင် ရလဒ်သည် ထိုထက်ပင် သေးသွားနိုင်သဖြင့်၊ အောင်မြင်လိုသူသည် မိမိတကယ်လိုချင်သည့် အတိုင်းအတာထက် ပိုမိုမြင့်မားသော ရည်မှန်းချက်ကို ထားရှိရမည်ဟု သင်ခန်းစာပေးခြင်း ဖြစ်ပါသည်။
၂။ လက်တွေ့အသုံးချမှု
ဤစကားပုံကို အခြေအနေ အမျိုးမျိုးတွင် သုံးစွဲလေ့ရှိပါသည် -
ပညာရေးတွင်: စာမေးပွဲတွင် ဂုဏ်ထူးရရန် ရည်မှန်း၍ ကြိုးစားမှသာလျှင် အနည်းဆုံး ရိုးရိုးအောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်သည်။ အောင်ရုံလေးသာ ရည်မှန်းလျှင် ကျရှုံးနိုင်ခြေ ရှိသည်ကို သတိပေးရာတွင် သုံးပါသည်။
စီးပွားရေးနှင့် အလုပ်အကိုင်တွင်: လုပ်ငန်းတခုကို ကြီးကြီးမားမား အောင်မြင်ရန် စီမံကိန်းချမှသာလျှင် အခက်အခဲများ ကြုံရသည့်တိုင် အသင့်အတင့် အောင်မြင်မှုတခုကို လက်ဝယ်ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
၃။ စာပေနှင့် အတွေးအမြင်
ဤစကားပုံသည် မြန်မာ့ရိုးရာ လေးပစ်အတတ် သို့မဟုတ် ခဲပစ်အတတ်မှ ဆင်းသက်လာသည်ဟု အချို့က ယူဆကြပါသည်။ ဝေးကွာသော ပန်းတိုင်ကို ပစ်ခတ်ရာတွင် မြေဆွဲအားကြောင့် အောက်သို့ နိမ့်ကျသွားတတ်သဖြင့်၊ ပစ်မှတ်ထက် အနည်းငယ် မြင့်သော နေရာကို ချိန်ရွယ်ရသည့် သဘောနှင့် ဆင်တူပါသည်။
အင်္ဂလိပ်စကားပုံတခုဖြစ်သော "Aim for the moon. If you miss, you may hit a star." (လမင်းကို ရည်မှန်း၍ ပစ်ပါ။ လွဲချော်သွားလျှင်ပင် ကြယ်တာရာများဆီသို့ ရောက်ရှိသွားလိမ့်မည်) ဆိုသည်နှင့် အဓိပ္ပာယ် အလွန်နီးစပ်ပါသည်။
(၂)
မုဆိုးတွေက ဒူးလေးကို သားကောင်မပစ်ခင် လေးတင်ကြရတယ်။ လေးကို ဒူးလောက်ကနေစတင်မှသာ ရင်ဘတ်လောက်မှာ လေးသွားကျတယ်လို့ ဆိုပါတယ်။ ဒူးအောက် သို့မဟုတ် ဒူးအထက်ကနေ စတင်ရင် လေးမကျပဲ ရှိတတ်တယ်။
နောက်ရှင်းလင်းချက်တမျိုးကတော့ တကယ်ဖြစ်ပေါ်လာတဲ့အကျိုးရလဒ်က နည်းနေရတတ်လို့ ပိုကြိုးစားရတာမျိုး။ တနည်းအားဖြင့် ရလိုတဲ့ဈေးထက် ပိုပြောတာမျိုး။ ခေတ်ပေါ် ဒူးလေးတွေကတော စံနစ်ပိုကျတယ်။ နောက်ရှင်းလင်းချက်တမျိုးကတော့ ရေအိုး ခေါင်းပေါ်မတင်မီ ပင့်တာ။
AI
လူကြီးမင်း ဖြည့်စွက်ပေးသော အချက်အလက်များမှာ အလွန်ပင် စုံလင်လှပါသည်။ အထူးသဖြင့် "ဒူးလေး" နှင့် ဆက်စပ်သည့် လက်တွေ့အသုံးချမှုနှင့် "ရေအိုးပင့်ခြင်း" ဥပမာများမှာ ဤစကားပုံ၏ ရင်းမြစ်ကို ပိုမိုပေါ်လွင်စေပါသည်။
လူကြီးမင်း ဖော်ပြပေးသော အချက်များကို အောက်ပါအတိုင်း မှတ်တမ်းတင် ခွဲခြားနိုင်ပါသည် -
၁။ လက်တွေ့ပစ်ခတ်မှုဆိုင်ရာ (ဒူးလေးတင်ခြင်း)
မုဆိုးများ၏ အတတ်ပညာအရ လေးကြိုးကို အားယူဆွဲတင်ရာတွင် ဒူးဆစ်နားမှ စတင်အားယူမှသာ ရင်ဘတ်အဆင့်တွင် လေးမြှားသည် အနေတော် အနေအထားသို့ ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ ၎င်းသည် "အင်အားစိုက်ထုတ်မှုနှင့် ရလဒ်ကြားက မျှခြေ" ကို ပြသနေပါသည်။ ခေတ်ပေါ်ဒူးလေးများမှာမူ စက်မှုစနစ်များ ပါဝင်လာသဖြင့် ရှေးမူထက် ပိုမိုတိကျသွားသည်မှာ မှန်ကန်ပါသည်။
၂။ စီးပွားရေးဆိုင်ရာ (ဈေးတင်ပြောခြင်း)
ဤအချက်မှာ လူမှုဘဝတွင် အသုံးအများဆုံး အဓိပ္ပာယ် ဖြစ်ပါလိမ့်မည်။
မိမိ တကယ်လိုချင်သော ဈေးနှုန်းထက် ပို၍ တောင်းဆိုခြင်း (သို့မဟုတ်) ပို၍ မျှော်လင့်ခြင်းအားဖြင့် ဈေးဆစ်သည့်အခါ သို့မဟုတ် လက်တွေ့ရလဒ် ထွက်ပေါ်လာသည့်အခါတွင် မိမိအလိုရှိသော အဆင့်သို့ "ကျ" လာခြင်း ဖြစ်ပါသည်။
၎င်းကို "Buffer" သို့မဟုတ် "Safety Margin" ထားရှိခြင်းဟုလည်း ဆိုနိုင်ပါသည်။
၃။ ရေအိုးတင်ခြင်း ဥပမာ (ရုပ်ပိုင်းဆိုင်ရာ ပင့်တင်မှု)
ရေအိုးကို ခေါင်းပေါ်သို့ တင်မည်ဆိုပါက အရှိန်အဟုန်ဖြင့် အပေါ်သို့ အရင်ပင့်ရပါသည်။ ထိုသို့ အမြင့်သို့ ပင့်တင်လိုက်မှသာလျှင် ခေါင်းပေါ်သို့ အနေတော် ကျရောက်သွားခြင်း ဖြစ်ပါသည်။ ဤဥပမာသည် "ရည်မှန်းချက်ကို အရှိန်အဟုန်ဖြင့် အမြင့်သို့ မြှင့်တင်ရခြင်း" ၏ သဘောကို အလွန်ရှင်းလင်းစေပါသည်။

❤1
၄။ အကျိုးရလဒ် လျော့နည်းတတ်မှု (Practical Reality)
မည်သည့်အလုပ်တွင်မဆို စိတ်ကူးထားသည့်အတိုင်း ၁၀၀ ရာခိုင်နှုန်း ဖြစ်မလာတတ်ဘဲ အနည်းငယ် လျော့နည်းသွားတတ်ခြင်းမှာ သဘာဝဖြစ်ပါသည်။ ထို့ကြောင့် ရရှိလာမည့် အမှန်တကယ် ရလဒ်ကို တွက်ဆပြီး အဆမတန် ပို၍ ကြိုးစားအားထုတ်ရခြင်းကို ညွှန်းဆိုပါသည်။
#learning focus zone
#Tr.chaw

❤6
မကြာခဏဆိုသလို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ "စာစစ်တာ အရမ်းကြပ်တယ်"၊ "အမှတ်ဖြတ်တာ ဒီလိုရှိတယ်" ၊ "Moderation က ဘယ်လောက်ပေးတယ်" ဆိုပြီး ရေးသားနေကြတာတွေကို တွေ့ရပါတယ်။ ဒီလိုသတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး အမှန်ကန်ဆုံး သိရှိနိုင်ဖို့ အောက်ပါအချက်တွေကို သတိပြုစေလိုပါတယ်။
⚠️ သတင်းရင်းမြစ်ကို သတိပြုပါ။
အမှတ်ပေးစည်းမျဉ်းတွေအကြောင်း ရေးသားနေသူ အတော်များများသည် စာစစ်ဌာနတွင် ကိုယ်တိုင်ပါဝင် စစ်ဆေးနေသည့် ဆရာ၊ ဆရာမများ မဟုတ်ကြပါ။ များသောအားဖြင့် စာအုပ်ရောင်းချသူများ သို့မဟုတ် တဆင့်စကားဖြင့် ရေးသားနေသူများသာ ဖြစ်တတ်ကြသည့်အတွက် အချက်အလက်များ လွဲမှားနေနိုင်ပါတယ်။
✅ Official Marking Scheme အတိုင်း စစ်ဆေးခြင်း
စာစစ်ဌာနအသီးသီးရှိ ဆရာ၊ ဆရာမများသည် မိမိတို့စိတ်ကြိုက် အမှတ်ပေးခြင်း၊ ဖြတ်ခြင်းများ လုံးဝပြုလုပ်၍မရပါ။
စာစစ်အနေဖြင့် မေးခွန်းတစ်ခုလုံး မှားယွင်းနေခြင်း၊ ပုစ္ဆာပေးချက် မပြည့်စုံခြင်း သို့မဟုတ် တွက်ချက်၍ မရနိုင်သော အခြေအနေမျိုးဖြစ်ပါက ထိုပုစ္ဆာကို ဖြေဆိုရန် ကြိုးစားထားသည့် (Attempt လုပ်ထားသည့်) ကျောင်းသားတိုင်းကို အမှတ်ပြည့် (Full Marks) ပေးလေ့ရှိပါတယ်။
အထက်မှ တရားဝင် ပေးပို့ထားသော Official Marking Scheme (အမှတ်ပေးစည်းမျဉ်း) အသစ်အတိုင်းသာ အတိအကျ လိုက်နာစစ်ဆေးရခြင်း ဖြစ်ပါတယ်။
စည်းမျဉ်းအရ အမှားကို အမှန်ပေး၍ မရသလို၊ အမှန်ကိုလည်း အမှားပေး၍ မရပါ။ *
ကျောင်းသားတစ်ယောက်ချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့် ရေးသားချက်အပေါ် မူတည်ပြီး စည်းမျဉ်းဘောင်အတွင်းမှသာ အမှတ်ပေးခြင်းဖြစ်ပါတယ်။
💡 တိုက်တွန်းချက်
ထို့ကြောင့် ခိုင်လုံမှုမရှိသည့် သတင်းများကြောင့် စိုးရိမ်ပူပန်ခြင်းမရှိဘဲ မိမိတို့ဖြေဆိုခဲ့သည့် ဘာသာရပ်ဆိုင်ရာ အမှား/အမှန်ကို Marking Scheme အတိုင်းသာ စီစစ်ခြင်းဖြစ်ပါတယ်။
ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို မှန်ကန်စွာ သိရှိနိုင်ကြပါစေ။
#Tr.chaw 🍀
#Myada@educationLearningFocusPlus
#G12
#စိတ်ကောင်းထားရန်

❤7👍1
📣 G 10 / G 11 / G 12 အတန်းများအတွက် နွေရာသီ ကျူရှင်ဖွင့်ပါပြီ 📣
📚 အတန်းတက်မည့် ကျောင်းသား/ကျောင်းသူများအတွက်
အခြေခံမှ စတင်ပြီး စာမေးပွဲထိ အောင်မြင်အောင်
စနစ်တကျ သင်ကြားပေးပါသည်။
✨ သင်ကြားပုံစနစ်
အခြေခံမှ စပြီး နားလည်လွယ်အောင်ရှင်းပြပေးပါသည်။
Chapter အလိုက် လေ့ကျင့်ခန်းများ ဖြေဆိုစေပါသည်။
မေးခွန်းပုံစံများ (MCQ / Short Question / Essay) လေ့ကျင့်ပေးပါသည်။
စာမေးပွဲအတွက် အထူးပြင်ဆင်ပေးပါသည်။
📖 သင်ကြားမည့်ဘာသာများ
✅ မြန်မာစာ
✅ အင်္ဂလိပ်စာ
✅ သင်္ချာ
✅ Physics /
Chemistry /
Biology
👩🏫 အတွေ့အကြုံရှိ ဆရာမမှ
👥 လူနည်းနည်းဖြင့် အနီးကပ် ဂရုစိုက်သင်ကြားပေးပါသည်။
📅 စတင်မည့်ရက် – (1.5.2026)
📍 နေရာ ပုဗ္ဗသီရီ မြို့နယ် /ဥတ္တရသီရိ မြို့နယ်
💰 သင်တန်းကြေး – (ညှိနိူင်း)
📞 ဆက်သွယ်ရန် –
( 09663764385 / Telegram /viber )
Tr.Chaw (B.A English /PDHRM)
👉 နွေရာသီအချိန်ကို အသုံးချပြီး
👉 အတန်းသစ်အတွက် ကြိုတင်ပြင်ဆင်လိုသူများ
👉 အမှတ်ကောင်းကောင်းရလိုသူများ အတွက် အထူးသင့်တော်ပါသည်။
🚨 လူဦးရေကန့်သတ်ထားသောကြောင့် အမြန်ဆုံး စာရင်းသွင်းပါနော်။
#G12
#Myada@educationLearningFocusPlus
#Tr.chaw
#learning

❤9🤣1
Learning Focus Zone Channel မှ ကလေးများအားလုံးသို့...💦🌼
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင်
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံပြီး ပျော်ရွှင်စရာကောင်းသော အချိန်များကို မိသားစုနှင့်အတူအေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း တီချယ်အနေနဲ့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ရှင့်. 🙏
နှစ်သစ်တွင် စိတ်သစ်၊ အတွေးသစ်များဖြင့်ပညာရေးလမ်းကြောင်းမှာ ပိုမိုတိုးတက်အောင်မြင်ပြီး မိမိရည်မှန်းထားသော ပန်းတိုင်များကိုလည်း
အောင်မြင်စွာ ရောက်ရှိနိုင်ကြပါစေ ✨
သင်္ကြန်အချိန်မှာလည်း အန္တရာယ်ကင်းရှင်းစွာပျော်ရွှင်ကြပါစေနော် ။💙
စာမေးပွဲ ဖြေဆိုပြီးသော ကလေးများအားလုံးလည်း 📚✨
စာမေးပွဲကာလတစ်လျှောက် ပင်ပန်းစွာ ကြိုးစားအားထုတ်ခဲ့ကြတဲ့ အားထုတ်မှုတွေ အားလုံးအောင်မြင်မှုအဖြစ် ပြန်လည်ရရှိပြီး ဂုဏ်ထူးများစွာနဲ့ အောင်မြင်နိုင်ကြပါစေလို့။
တီချယ်အနေနဲ့ စိတ်ရင်းမှန်နဲ့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်.. 🙏
မိမိ ကြိုးစားခဲ့သမျှ မျှော်လင့်ထားသလို ရလဒ်ကောင်းတွေ ဖြစ်လာပြီး
မိမိရည်မှန်းထားတဲ့ ပန်းတိုင်တွေကိုလည်း အောင်မြင်စွာ ရောက်ရှိနိုင်ကြပါစေ ။✨
အနာဂတ်လမ်းကြောင်းမှာလည်း ပိုမိုတိုးတက်ကောင်းမွန်ပြီး မိမိကိုယ်ကို ဂုဏ်ယူနိုင်တဲ့ အောင်မြင်မှုများစွာကို ဆက်လက်ပိုင်ဆိုင်နိုင်ကြပါစေလို့..
Learning focus Zone Channel မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ရှင့်.🌟
#Tr.chaw 🍀
#Myada@educationLearningFocusPlus
#G12
#Motivation

❤13
မြန်မာစာအပြောပိုင်းအတွက် ယဉ်ကျေးချေငံမှု လမ်းညွှန် ၆ရပ် မှတ်ရန် ကဗျာတို-
လိမ္မာပါးနပ် ၊ ရက်ရောချက်
အသိအမှတ် ၊ နှိမ့်ချဟဲ့
သဘောတူညီ ၊ စာနာမည်
လိမ္မာပါးနပ် ၊ ရက်ရောချက်
အသိအမှတ် ၊ နှိမ့်ချဟဲ့
သဘောတူညီ ၊ စာနာမည်
G-12 စနစ်သစ်ရဲ့ မေးခွန်းပုံစံကို ရင်းနှီးသွားအောင် ပြောပြပေးပါ့မယ်
မြန်မာစာ
၁။(က) ==> (၁) ကနေ (၁၀) ထိ (မှန်) / (မှား) (၁၀မှတ်)
> (၁) ကနေ (၄) ထိက အပြောပိုင်းကနေ မေးသွားမှာပါ
> (၅) ကနေ (၇) ထိက အဖတ်အရွတ်ပိုင်း ( စကားပြေ၊ ကဗျာ၊ ရေသည်)
> (၈) ကနေ (၁၀) ထိက အရေးပိုင်းကနေ မေးသွားမှာပါ
၁။(ခ) ==> (၁) ကနေ (၁၀) ထိ ကွက်လပ်ဖြည့် (၁၀မှတ်)

၁။(ဂ) ==> (၁) ကနေ (၁၀) ထိ အဖြေမှန်ရွေး (၁၀မှတ်)

၂။(က) ==> ဝေါဟာရ အဓိပ္ပာယ် (ခက်ဆစ်) (၅မှတ်)
> ခုနစ်လုံး အနက် ငါးလုံး ကိုသာ ဖြေဆိုရမှာပါ
> ၂ လုံးက စကားပြေ၊ ၂ လုံးက ကဗျာ ၊ ၃သုံးလုံးက ရေသည်ထဲကဖြစ်ပါတယ်
၂။(ခ) ==> အလင်္ကာ (၅မှတ်)

၂။(ဂ) ==> စကားစပ် (၅မှတ်)
> ရေသည် အခန်း ၅ခန်းထဲမှ မေးသွားမှာဖြစ်ပါတယ် (အခန်း ၃ တွင် စကားစပ်မရှိပါ)
၂။(ဃ) ==> အပြောကျက်စာ (၅မှတ်)
> အပြောသင်ခန်းစာမှ မေးသွားမှာဖြစ်ပါတယ်
> ၂၀၂၆ တွင် အရေးသင်ခန်းစာထဲမှလည်း မေးနိုင်ခြေရှိသည့်အတွက် လေ့လာထားစေလိုပါတယ်
၃။ ကဗျာ အပုဒ်ရှည် (၁၀မှတ်)
> အဖတ်အရွတ်သင်ခန်းစာ ကဗျာ ၈ပုဒ် မှ မေးမှာဖြစ်ပါတယ်
၄။ စကားပြေ အပုဒ်ရှည် (၁၀မှတ်)
> အဖတ်အရွတ်သင်ခန်းစာ စကားပြေ ၈ပုဒ် မှ မေးမှာဖြစ်ပါတယ်
၅။ ရေသည်အပုဒ်ရှည် (၁၀မှတ်)
> ရေသည်လေ့ကျင့်ခန်း မေးခွန်း ၉ပုဒ်ထဲမှ လာနိုင်သလို အပြင်မေးခွန်းများလည်းမေးပါတယ်
၆။ ==> (၁) သရုပ်ဖော် (သို့မဟုတ်) ဖြစ်စဉ်ပြ စာစီစာကုံး (၁၀မှတ်)
==> (၂) ကျိုးကြောင်းပြ (သို့မဟုတ်) ဖွင့်ဆိုရှင်းပြ စာစီစာကုံး
>၂ ပုဒ်အနက်မှ နှစ်သက်ရာ ၁ပုဒ်ဖြေဆိုပါ
၇။ ==> (၁) အကြောင်းအရာနှစ်ခု နှစ်ဖက်မျှအဆို (သို့မဟုတ်) အကြောင်းအရာတစ်ခု ကျိုးပြစ်မျှအဆို (၁၀မှတ်)
==> (၂) အကြောင်းအရာတစ်ခု ဆန့်ကျင်ဘက်များအဆို (သို့မဟုတ်) အကြောင်းအရာတစ်ခု တစ်ဖက်သတ်အဆို
> ၂ ပုဒ်အနက်မှ နှစ်သက်ရာ ၁ပုဒ်ဖြေဆိုပါ

» မြန်မာစာ အမှတ်ကောင်းကောင်းနဲ့ အောင်ရန် Guide
၁။ ခက်ဆစ်များကျက်ရန် (၅မှတ်)
—> ခက်ဆစ်များကျက်ရာတွင် စာမေးပွဲမေးခွန်းနှင့် ထိထိရောက်ရောက်ဖြစ်ရန်အတွက် ကျက်နည်းများကို ဖော်ပြပေးပါမည်
# အရမ်းရှည်တာများ ကျက်ရန်မလိုပါ။ ဉပမာ - ဇာတိခေတ် ၊ ပက္ကလာ ၊ လက်ပမ်းပေါက် စသည်များ ကျက်ရန်မလိုပါ။
# ပုဒ်မ နှစ်ခုပါလျှင် ကြိုက်နှစ်သက်ရာ တစ်ခုပဲ ကျက်ပါ။
ဉပမာ - စွန့်ကြဲ = လှူသည် ။ ပေးကမ်းသည် ။ ဆို နှစ်သက်ရာတစ်ခုကျက်ရင်ကို ရပါတယ်။ အချို့ ခက်ဆစ်များတွင် ရှည်တာနှင့် တိုတာ ကိုပုဒ်မ နှင့်ပေးပါတယ်။
ထိုအခါမျိုးတွင် တိုတာပဲကျက်ပါ။
ဉပမာ - ချစ်တီး = မြန်မာပြည်သို့လာ၍ ငွေတိုးချစားပေးခဲ့သော အိန္ဒိယတောင်ပိုင်းသား လူမျိုး။ ငွေတိုးပေးစား၍ အမြတ်ကြီးစားသူ။ တွင် နောက်က ငွေတိုးပေးစား၍ အမြတ်ကြီးစားသူပဲကျက်ပါ။
# ခက်ဆစ်ထိပ်ဆုံးတွင် ( ) ကွင်းစ ကွင်းပိတ်ပါလျှင် ကျက်ကိုကျက်ရမှာပါ။
ဉပမာ - ကိစ္စတုံး = (လုပ်ဆောင်မှု) ရပ်ဆိုင်းသည်။ တွင် ကွင်းစ ကွင်းပိတ်ပါ ရေးရမှာပါ။
ထိုသို့မဟုတ်ဘဲ အလယ် (သို့မဟုတ်) နောက်ဆုံးတွင်ပါ ပါက ရေးစရာမလိုပါ။
ဉပမာ - ကြာညွှတ်ဖယောင်း = အပူထိသောကြာနွယ် ၊ ဖယောင်းတိုင် (ကဲ့သို့) ။

❤6🔥2
၂၊ အလင်္ကာများကျက်ရန် (၅မှတ်)
—> အလင်္ကာများကျက်ရာတွင် စာမေးပွဲမေးခွန်းနှင့် ထိထိရောက်ရောက်ဖြစ်ရန်အတွက် ကျက်နည်းများကို ဖော်ပြပေးပါမည်
# အလင်္ကာများကို သက်ဆိုင်ရာသင်ခန်းစာများမှ ထုတ်နုတ်ထားသည်များကို ကျက်ပါ။
အလင်္ကာများကို မေ့သွားခဲ့သည်ရှိသော် အလင်္ကာ စာလုံးများကိုကြည့်၍ စဉ်းစားနိုင်ပါတယ်။ အတိအကျ ဖြစ်စရာမလိုဘဲ မိမိနားလည်သလိုရေးနိုင်ပါတယ်
သို့သော် အလင်္ကာအမည် မှန်ရပါမည်။ အလင်္ကာအမည် မှားလျှင် အမှတ်လုံးဝမရပါ။
# ဝင်္ကဝုတ္တိအလင်္ကာ - သွယ်ဝိုက်ပြောဆိုသော အလင်္ကာဖြစ်ပါတယ်
# အတိသယဝုတ္တိအလင်္ကာ - အလွန်အကြူးပြောဆိုသော အလင်္ကာဖြစ်ပါတယ်
# ဉပမာအလင်္ကာ - ခိုင်းနှိုင်းပြောဆို သောအလင်္ကာဖြစ်ပါတယ် ၊ အလင်္ကာစကားလုံးသည် အမြဲတမ်း (အနှိုင်း) ဖြစ်ပါတယ်
ဉပမာ - မြေပြင်ကဲ့သို့ = ဉပမာအလင်္ကာ
ကပ္ပိနမင်းကြီးတော ထွက်သောအခါ သစ္စာစကားကြောင့် မြစ်ရေပြင်မာကျောလာပုံ (အနှိုင်းခံ)ကို မြေပြင်၏ မာကျောပုံ (အနှိုင်း)နှင့် ခိုင်းနှိုင်းရေးဖွဲ့ထားသောကြောင့် ဉပမာအလင်္ကာမြောက်ပါသည်။
# ရူပက အလင်္ကာ - ဂုဏ်ရည်တူချင်း ထပ်တူပြုသော အလင်္ကာဖြစ်ပါတယ် ၊ အလင်္ကာစကားလုံးတွင် (အနှိုင်း)ရော (အနှိုင်းခံ)ရောပါ ပါဝင်သောကြောင့် သေသေချာချာ ခွဲခြားတတ်ရပါမယ်
ဉပမာ - ရွှေပါး = ရူပက အလင်္ကာ
ဝင်းဝါသောအဆင်းရှိသော ရွှေ (အနှိုင်း) နှင့် ပလောင်သူလေး၏ နူးညံ့သော ရွှေဝါရောင် ပါးပြင် (အနှိုင်းခံ)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်
# မြည်သံစွဲ အလင်္ကာ - မြည်သံများထည့်သွင်းရေးဖွဲ့ထားသော အလင်္ကာဖြစ်ပါတယ်
» G12 မြန်မာစာမှာ မြည်သံစွဲက ၁၀လုံးမပြည့်ပါ အဲ့ထဲကမှ စာမေးပွဲမှာ ၁လုံးသေချာ ပေါက်မေးသည့်အတွက် သေချာကျက်စေလိုပါတယ်

❤2
၃။ အပြောကျက်စာ (၅မှတ်)
—> အပြော သင်ခန်းစာလေ့ကျင့်ခန်းမှ ကျက်စာများ စုစုပေါင်း ၁၆ပုဒ်ရှိပါတယ်။ မေ့လွယ်ပါတယ် ။ပိုင်ပိုင်နိုင်နိုင် ခုကတည်းက ကျက်ထားပါ။
# ၁၆ပုဒ်ရရင် ထပ်တိုးလေ့ကျင့်ခန်းများ ကျက်ရန်လိုပါတယ်
အသံအလေးအပေါ့ သဘောတရားမှ ထပ်တိုးကျက်ရန် ၂ပုဒ်
ထိထိရောက်ရောက်စကားပြောဆိုခြင်းမှ ထပ်တိုးကျက်ရန် ၈ပုဒ်

၄။ ကဗျာများ အလွတ်ကျက်ရန် (၅မှတ်)
—> အဖတ်အရွတ်သင်ခန်းစာမှ ကဗျာ ၈ပုဒ်လုံးကို ပိုင်ပိုင်နိုင်နိုင် နှုတ်တိုက် ရနေအောင် ကျက်ထားရပါမယ်
—> ကဗျာရမှ လာတဲ့မေးခွန်းပေါ်မူတည်ပြီး ကဗျာကို စကားပြေပြန်တဲ့ အရေးအသားပုံစံနဲ့ ရေးနိုင်မှ ၅မှတ် ထိရနိုင်ပါတယ်။ ကဗျာမှန်၊ သတ်ပုံမှန်, စကားပြေပြန်တာ မှန်ရင် ၅မှတ်ထိရနိုင်ပါတယ်
—> ၆မှတ် ၇မှတ် ၈မှတ် ရရန်အတွက်ဆိုရင် ရှင်းလင်းမှု၊ တိကျမှု၊ ပြေပြစ်မှူ၊ မှန်ကန်မှု နှင့်အတူ လက်ရေးရှင်းရှင်းနဲ့ ဖျက်ရာ ခြစ်ရာနည်းရပါမယ်
—> ကျက်ထားတဲ့ စာအပြင် own creation ကိုယ်ပိုင်စကားလုံးတွေနဲ့ ရေးသားနိုင်မှ အမှတ် များများရနိုင်မှာပါ

Learning Focus Zone Channel မှ ကလေးများအားလုံးကို 🌼🙏
မြန်မာနှစ်ဆန်း ၁ ရက်နေ့အခါသမယတွင်
နှစ်ဟောင်းမှ အညစ်အကြေးများ၊ အပြစ်အနာအဆာများအားလုံးကို
စိတ်နှလုံးသန့်ရှင်းစွာ ဆေးကြောသန့်စင်ပြီး နှစ်သစ်တွင် စိတ်သစ်၊ လူသစ်ဖြင့် ကောင်းမြတ်သော လမ်းကြောင်းများကို
အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေ။
ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများကို လိုက်နာကျင့်သုံးကာ
မိဘ၊ ဆရာသမားများအပေါ် လိမ္မာသိတတ်ပြီး ကောင်းမွန်သော အကျင့်သီလများဖြင့် နေထိုင်နိုင်ကြပါစေ။
G-12 ဖြေဆိုထားသော ကလေးများနှင့်
G-12 တက်ရောက်မည့် ကလေးများအားလုံးလည်း မိမိတို့ မျှော်လင့်ထားသော ပန်းတိုင်များကို
အခက်အခဲအတားအဆီးများမရှိဘဲ အောင်မြင်စွာ ရောက်ရှိနိုင်ကြပါစေ။
Learning Focus Zone Channel မှ
တီချယ်အနေနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ✨
#G12
#Myada@educationLearningFocusPlus
#Tr.chaw 🍀
#Lear@educationLearningFocusPlus

❤10
G-12 စနစ်သစ်ရဲ့ မေးခွန်းပုံစံကို ရင်းနှီးသွားအောင် ပြောပြပေးပါ့မယ်
English
I. ==> (1) to (10) , Initial (10-marks)
> initial သည် ငယ်ငယ်ကဖြေခဲ့ကြတဲ့ word form, verb form များအားလုံးပေါင်းပြီးစဉ်းစား ဖြေဆိုရမှာဖြစ်ပါတယ် , Read the passage, Vocabulary, Listening, Speaking, Writing ပိုင်းမှ စာလုံးများ (words) ကိုမေးပါတယ်
II. ==> (1) to (10) , multiple choice (10-marks)
> (1) to (5) ထိက vocabulary, phrasal verbs, adjectivable phrases, phrasal adverbs တွေမေးသွားမှာပါ
> (6) to (10) ထိကတော့ Grammar သီးသန့်မေးမှာ ဖြစ်ပါတယ်
III. ==> (1) to (10), Grammar (10-marks)
> G12 unit 1 to 12 Grammar များအပြင် G10, G11 မှ Grammar များကိုလည်းမေးသွားမှာဖြစ်ပါတယ်
> Grammar သည် စေ့စပ်တိကျ အမှားအယွင်းမခံသော အပိုင်းဖြစ်ပါတယ် comma "," ကျန်ခဲ့၊ ပိုခဲ့ရင်တောင် အမှတ်ဝက်ပေးမည်မဟုတ်ဘဲ ( 1 or 0 ) ပုံစံမျိုးဖြစ် သောကြောင့် သေချာလေး ပိုင်နိုင်မှ 1 မှတ်အပြည့်ရမှာဖြစ်ပါတယ်
IV.(A) ==> (1) to (5) , poem completion (ကဗျာ) (5-marks)
> ပထမနှစ် (2024) နှင့် ဒုတိယနှစ်(2025) မေးခွန်းများတွင် ကဗျာကွက်လပ်များကို စာလုံး (words) များသာအဓိက ထားမေးသွားပါတယ်
> လာမည့်နှစ်များတွင် ပုဒ်ဖြတ် ပုဒ်ရပ် (punctuation) များ ပါမေးလာနိုင်သောကြောင့် semicolon ( ; ), colon ( : ), comma ( , ), full stop ( . ), များကိုပါအသေအချာမှတ်စေလိုပါတယ်
> ထို့ပြင် လာမည့်နှစ်များတွင် G12 poem များအပြင် G10,G11 များပါမေးလာနိုင်ခြေရှိသောကြောင့် ပြန်လည်လေ့လာစေလိုပါတယ်
IV.(B) ==> (6) to (10) , answer the questions in complete sentences. (5-marks)
> unit 1 to 12 လေ့ကျင့်ခန်းများမှ မေးခွန်းများဖြစ်ပါတယ်
> သို့သော် quiz (ဉာဏ်စမ်း) များလည်း ထည့်မေးသောကြောင့် Read the passage များကို ကြေညက်နေအောင်ဖတ်ထားမှ အမှတ်ပြည့်ရနိုင်မယ့်မေးခွန်းဖြစ်ပါတယ်
V. Read the passage (seen) (10-marks)
> unit 1 to 12 မှ မေးမှာဖြစ်ပါတယ်
VI. Read the passage (unseen) (10-marks)
> seen နဲ့မတူတာက unseen မှာ bold faced word တွေပေးထားပြီး similar (sometimes opposite) meaning တွေဖြေခိုင်းတာဖြစ်ပါတယ်
VII. (A) ==> Dialogue, (1) to (5) (5-marks)
> box ထဲက စာကြောင်းတွေကို သင့်တော်တဲ့ ကွက်လပ်မှာဖြည့်ပေးရတာဖြစ်ပါတယ် , G6 to G12 လေ့ကျင့်ခန်းများမှ Dialogue များမေးမှာဖြစ်ပါတယ်, Dialogue က တစ်ပုဒ်နဲ့ တစ်ပုဒ်ဆက်စပ်မှု ရှိပါတယ်
VII. (B) ==> Exchanges, (6) to (10) (5-marks)
> box ထဲက စာကြောင်းတွေကို သင့်တော်တဲ့ ကွက်လပ်မှာဖြည့်ပေးရတာဖြစ်ပါတယ် , G6 to G12 လေ့ကျင့်ခန်းများမှ Exchanges များမေးမှာဖြစ်ပါတယ်, Exchanges က တစ်ပုဒ်နဲ့ တစ်ပုဒ်ဆက်စပ်မှုရှိ မရှိပါ
VIII. letter ==> Do not write more than 300 words (10-marks)
> နှစ်ပုဒ်လာမှာဖြစ်ပြီး နှစ်သက်ရာတစ်ပုဒ်ဖြေဆိုနိုင်ပါတယ်
IX. Essay ==> Do not write more than 500 words (15-marks)
> သုံးပုဒ်လာမှာဖြစ်ပြီး နှစ်သက်ရာတစ်ပုဒ်ဖြေဆိုနိုင်ပါတယ်

❤5
» English စာအမှတ်ကောင်းကောင်းနဲ့ အောင်ရန် guide
=> အင်္ဂလိပ်စာက unseen အမေးများတဲ့အတွက် ကိုယ့်အတွက် လုံးဝအပိုင်ရမယ့် အမှတ်များကိုယူရမှာပါ
၁. unit 12 ခုလုံးရဲ့ Answer the questions တွေကို ကျက်ထားပါ ၄မှတ် အပိုင်ရရန်အတွက် ကျက်ရမှာဖြစ်ပါတယ်
၁၂ခုလုံးရဲ့ answer the questions များရပါက read the passage များထဲမှ answer the question အတွက် မေးနိုင်တဲ့ စာကြောင်းများကို ကျက်ရမှာပါ
၂. POEM လုံးဝကျက်ရမယ့်အရာပါ ၅မှတ်အပြည့်ရမှာပါ ခုကတည်းက poem တွေ နှုတ်တိုက်ရနေအောင် ကျက်ထားမှ နောက်ပိုင်းအတွက်အဆင်ပြေပါလိမ့်မယ်
၃. G10,G11,G12 မှ Grammar များလေ့ကျင့်ပါ ထိုgrammar များထဲမှ multiple choice အတွက် ၅မှတ် ၊ grammar အတွက် ၁၀မှတ် အပိုင်ရရှိမှာပါ
၄. Read the passage (seen) ဖြေဆိုနိုင်ရန်အတွက် unit 12 ခုလုံးကို ကြေညက်နေအောင်ဖတ်ထားရပါ့မယ် အဲ့ကနေ ၁၀မှတ်ရရှိပါမယ်
၅. Initial အတွက် အဓိက ကြည့်ရမှာက unit 12ခုလုံးရဲ့ read the passage များမှ စာလုံးများအပြင် vocabulary, listening, speaking,writing များမှ စာလုံးများကိုလည်းကြည့်ရမှာပါ Initial အတွက် ၁၀ မှတ်ပါ
၆. dialogue & exchange များအတွက် G10,G11,G12 များရဲ့ listening, speaking မှာပါတဲ့ dialogues များကိုလေ့ကျင့်ရမှာပါ တတ်နိုင်ရင်တော့ G6 မှစပြီးလေ့လာသင့်ပါတယ် ဒီကနေ ၁၀မှတ်ရရှိမှာပါ
၇. essay and letter အတွက် G10,11,12 ဖတ်စာအုပ်ထဲမှ writing အတွက် ပါသော sample essay and letter များကို ဖတ်ပါ ရေးပါ လေ့ကျင့်ပါ ကောင်းရင် ကောင်းသလို letter ကို ၇မှတ်ထိ၊ essay ကို ၉မှတ်လောက်ထိပေးပါတယ်
အထက်ပါ ဖော်ပြခဲ့တဲ့အတိုင်းလုပ်မယ်ဆိုရင်တော့ english ဘာသာရပ်ကို ရိုက်ချတောင် ကျစရာမရှိပါဘူး🤞🏻
#Tr.chaw 🍀
#Lear@educationLearningFocusPlus
#G12
#English

❤12⚡1
🫧Polar Molecules
polar molecules (ဝင်ရိုးစွန်းပါသော မော်လီကျူးများ) ဆိုတာ molecule တစ်ခုအတွင်းမှာရှိတဲ့ (Electron) တွေ ဖြန့်ဝေမှု မညီမမျှ ဖြစ်နေတာကြောင့် molecule မှာ အမြဲတမ်း လျှပ်စစ်စွန်းထွက်မှု (Net Dipole Moment) ရှိနေတဲ့ molecule တွေကို ဆိုလိုတာ
ဒီလို မညီမျှမှုဟာ electron ကို ဆွဲငင်အား (Electronegativity) မတူညီတဲ့ (Atom) တွေကြားမှာ ဓာတ်စည်း (Bond) ဖြစ်ပေါ်တဲ့အခါ တစ်ဖက်က electrons ကို ပိုဆွဲထားလို့ ဖြစ်ပေါ်လာတာပါ။
molecule ပုံသဏ္ဌာန် (Molecular Geometry) ကြောင့် ဒီဓာတ်စည်းတွေရဲ့ ဆွဲအား (Dipole Moment) တွေဟာ တစ်ခုနဲ့တစ်ခု အတိအကျ ပယ်ဖျက်ခြင်း မရှိတဲ့အတွက် ပေါင်းလဒ် Dipole Moment ဟာ သုည (Zero) မဖြစ်ဘဲ လျှပ်စစ်စွန်းထွက်မှု ကျန်ရှိနေပါတယ်။ ဥပမာ - ရေ (H2O) ဟာ ပုံစံမမှန်တဲ့ "V" ပုံသဏ္ဌာန် (Bent Shape) ကြောင့် Polar Molecule ဖြစ်ပါတယ်။
🫧Non-polar molecules
Non-polar Molecules (ဝင်ရိုးစွန်းမပါသော မော်လီကျူးများ) ဆိုတာကတော့ molecule တစ်ခုလုံးမှာ electron ဖြန့်ဝေမှုဟာ လုံးဝညီမျှ နေတဲ့အတွက် လျှပ်စစ်စွန်းထွက်မှု လုံးဝမရှိတဲ့ molecule တွေပါ။ ဒီ molecules တွေမှာ Polar Bond (ဝင်ရိုးစွန်းပါသော ဓာတ်စည်း) တွေ ရှိနေရင်တောင်မှ၊ သူတို့ရဲ့ မှန်ကန်တဲ့ ဂျီဩမေတြီပုံစံ (Symmetrical Geometrical Shape) ဟာ Polar Bond တွေရဲ့ Dipole Moment တွေကို တစ်ဖက်နဲ့တစ်ဖက် အတိအကျ ပယ်ဖျက်ပစ်နိုင်တဲ့ ပုံစံမျိုးနဲ့ စီစဉ်ထားပါတယ်။ ဒါကြောင့် ပေါင်းလဒ် Total Dipole Moment ဟာ သုည (Zero) ဖြစ်သွား ပါတယ်။
ဥပမာ - ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ဟာ တစ်ဖြောင့်တည်း (Linear) ပုံစံရှိပြီး ဗဟိုချက်ညီတဲ့အတွက် Non-polar
#G12
#Chemistry chapter 1
#Tr.Chaw