💭 𝐒𝐩𝐫𝐢𝐧𝐠 𝐓𝐫𝐞𝐞 (Knowledge Hub) 🌳
1.73K subscribers
3.06K photos
114 videos
29 files
1.35K links
စိတ်ဝင်စားစရာ ထူးဆန်းထွေလာများ၊ စိတ်ပညာနှင့် လူနေမှုဘဝ ဗဟုသုတများကို တစ်နေရာတည်းမှာ စုစည်းတင်ဆက်ပေးနေပါသည်။ ✨📚

ဗဟုသုတဆိုတာ စိုက်ပျိုးရမယ့် အပင်တစ်ပင်ပါ။ 🌳
Download Telegram
ဒီနေ့ကတော့ ဒီ​လောက်ပါပဲ။

မနက်ဖြန်ကျရင် Family Manipulate Tactics and How to Respond အ​ကြောင်းတင်​ပေးပါမယ်။ 📚

Goodnight everyone 😴

#Moe
😴3❤2😁1🏆1
မိသားစုဆိုတဲ့ ခေါင်းစဉ်အောက်က အသံတိတ် စိတ်ဒဏ်ရာများ (Family Manipulation & How to Respond) 🏠💔


"သွေးသည် ရေထက် ပစ်သည်" ဆိုတဲ့ စကားနောက်မှာ ငြင်းဆန်ဖို့ ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု (Manipulation) တွေ ပုန်းကွယ်နေလေ့ ရှိပါတယ်။ 🎭

အပြင်လူဆိုရင် အလွယ်တကူ စွန့်ခွာနိုင်ပေမဲ့ မိသားစုဝင်တွေဆီက လာတဲ့အခါ ချစ်ခြင်း၊ ကျေးဇူးတရားနဲ့ အပြစ်ရှိစိတ်တွေ ရောထွေးနေတာကြောင့် ကျွန်ုပ်တို့ဟာ ဇာတ်ညွှန်းအတိုင်း ကရတဲ့ ရုပ်သေးရုပ်တစ်ရုပ်လို ခံစားကြရပါတယ်။ 🧵🥀

ချစ်ခြင်းမေတ္တာအမည်တပ်ထားသော စိတ်ပညာဆိုင်ရာ ထိန်းချုပ်မှု (5) မျိုး​🧠


မိသားစုတွင်း Manipulation ဟာ ရိုင်းစိုင်းတဲ့ ဆဲဆိုကြိမ်းမောင်းမှုတွေထက် သိမ်မွေ့ပြီး စိတ်ထိခိုက်စေတဲ့ နည်းလမ်းတွေကို သုံးလေ့ရှိပါတယ်။🥀

​Guilt-Tripping (ကျေးဇူးတရားကို လက်နက်လုပ်ခြင်း)​ 💔


​"ငါတို့က မင်းအတွက် ဘာတွေစွန့်လွှတ်ခဲ့ရလဲ..." 💬

😞 ​သူတို့ဟာ သင့်ဆီက လိုချင်တဲ့ အပြုအမူရဖို့အတွက် သင့်ကို "ကျေးဇူးမသိတတ်တဲ့သူ"၊ "မသနားတတ်သူ" ဆိုတဲ့ အပြစ်ရှိစိတ် (Guilt) ကို စိတ်ထဲ ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

⚖️ သင်ဟာ ကိုယ့်ဆန္ဒကို ဦးစားပေးလိုက်တာနဲ့တင် သာသနာဖျက်အပြစ်သားတစ်ယောက်လို စိတ်ဆင်းရဲသွားရအောင် ပုံဖော်တာ ဖြစ်ပါတယ်။

​🌀 ​Gaslighting (သင့်ကိုယ်သင် သံသယဝင်အောင်လုပ်ခြင်း)


​"မင်းက အမြဲ စိတ်ကြီးဝင်ပြီး လျှောက်တွေးနေတာ..." 🗣️

​သူတို့လွန်ခဲ့တဲ့ အမှားတွေကို ငြင်းဆိုရာမှာ သင့်ရဲ့ မှတ်ဉာဏ်နဲ့ စိတ်အခြေအနေကို ပြန်ပြီး သံသယဝင်လာအောင် လုပ်ဆောင်တာဖြစ်ပါတယ်။ 🌫️

ကြာလာတဲ့အခါ "ငါပဲ အ​တွေးလွန်နေတာလား၊ ငါပဲ မှားနေတာလား" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လုံးဝပျောက်ဆုံးသွားရပါတယ်။ ❓

​🎭 ​Playing the Victim (သနားစရာအဖြစ် ဟန်ဆောင်ခြင်း)


​"ငါက မင်းတို့ အဆင်ပြေဖို့ အပင်းပန်ခံပြီး လုပ်ပေးခဲ့တာပါ..." 🥺

💧 ​သူတို့ဘက်က မှားနေသော်လည်း အခင်းဖြစ်ပွားပုံကို လှည့်ပြောင်းပြီး တစ်ဖက်လူကြောင့် မိမိမှာ စိတ်ဆင်းရဲရသလို၊ ဒဏ်ရာရသူ (Victim) ဖြစ်နေသလို ပုံဖော်တာဖြစ်ပါတယ်။

သင့်မှာ သူတို့ကို ပြန်မငြင်းနိုင်ဘဲ သနားစိတ်နဲ့ အလျှော့ပေးလိုက်ရအောင် ဖိအားပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ 🙏

​❄️ ​The Silent Treatment (သွေးအေးအေးဖြင့် စိတ်ဒဏ်ရာပေးခြင်း)


🔇 စကားမပြောဘဲ ဥပေက္ခာပြုထားခြင်းဟာ မိသားစုတွင်းမှာ အရက်စက်ဆုံး ဒဏ်ခတ်မှုတစ်ခုဖြစ်ပါတယ်။

သင့်ကို တောင်းပန်လာအောင်၊ အလျှော့ပေးလာအောင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ရုပ်သိမ်းလိုက်တာဖြစ်ပြီး စိတ်ပညာအရ ဒါဟာ Emotional Abandonment (စိတ်ပိုင်းဆိုင်ရာ စွန့်ပစ်ခြင်း) ဖြစ်ပါတယ်။ 🚪💔

​📐 ​Triangulation (စိတ်ဝမ်းကွဲအောင် ဖိအားပေးခြင်း)


တိုက်ရိုက်မပြောဘဲ အခြားမိသားစုဝင်တစ်ယောက်ကို ကြားခံထားပြီး "ဟိုမှာ မင်းအကြောင်း ဘာပြောနေလဲသိလား" ဟု စာရင်းရှင်းတာ သို့မဟုတ် နှိုင်းယှဉ်တာဖြစ်ပါတယ်။👥

သင့်ကို အထီးကျန်သွားစေပြီး မိသားစုအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုရဖို့ သူတို့စကား နားထောင်လာအောင် အကွက်ချတာ ဖြစ်ပါတယ်။🕸️

​(ဒီလို အခြေအနေတွေကြုံလာရရင် မိမိကိုယ်တိုင် စိတ်အေးချမ်းမှုကို ဘယ်လိုပြန်လည်ရယူမလဲဆိုတဲ့ တုံ့ပြန်နည်းတွေကိုတော့ Final-Part မှာ ဆက်လက်ဖော်ပြပေးပါမယ်ရှင့်... 🕊️)

#Moe
​#Family_Manipulation
#Toxic_Family
#Mental_Health
#Psychology_Fact
#Forward_only
😍2❤‍🔥1❤1🔥1🥰1👏1🕊1
မိသားစုဆိုတဲ့ ခေါင်းစဉ်အောက်က အသံတိတ် စိတ်ဒဏ်ရာများ (Final-Part) (How to Respond)


​Part-1 မှာ မိသားစုတွင်း ကြုံတွေ့ရလေ့ရှိတဲ့ Manipulation Tactics (5) မျိုးအကြောင်း တင်ပြခဲ့ပြီးပါပြီ။ ဒီလို ထိန်းချုပ်မှုတွေကြားထဲမှာ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုကို ဘယ်လို ပြန်လည်ရယူမလဲ... စိတ်ပညာအမြင်ဖြင့် တုံ့ပြန်နည်းများကို မျှဝေပေးချင်ပါတယ်။ 🛡️✨

ကိုယ့်ရဲ့ စိတ်အေးချမ်းမှုကို ဘယ်လို ပြန်လည်ရယူမလဲ... (စိတ်ပညာအမြင်ဖြင့် တုံ့ပြန်နည်းများ)


မိသားစုကို ပြောင်းလဲဖို့ ကြိုးစားခြင်းဟာ ရေအောက်မှာ လေရှူဖို့ ကြိုးစားတာနဲ့ တူပါတယ်။ ပြောင်းလဲရမှာက အခြားသူ မဟုတ်ဘဲ သင့်ရဲ့ တုံ့ပြန်ပုံ (Response) ဖြစ်ပါတယ်။ ⚓

​Gray Rock Method (ကျောက်တုံးတစ်တုံးလို ငြိမ်သက်ခြင်း)​ 🪨


⚡Manipulator တွေရဲ့ အဓိကလောင်စာဟာ သင့်ရဲ့ စိတ်လှုပ်ရှားမှု (ဒေါသ၊ ဝမ်းနည်းမှု၊ ဆင်ခြေပေးမှု) ဖြစ်ပါတယ်။

သူတို့ ဘာပဲပြောပြော ကျောက်တုံးတစ်တုံးလို "အင်း..."၊ "ဟုတ်ကဲ့..."၊ "ဒီလိုပဲ ဖြစ်မှာပါ..." ဆိုတဲ့ ခံစားချက်မပါတဲ့ ငြိမ်သက်မှုနဲ့ပဲ တုံ့ပြန်ရမယ်။

သင့်ဆီက တုံ့ပြန်မှု (Drama) မရတော့တဲ့အခါ သူတို့ရဲ့ ထိန်းချုပ်မှု လောင်စာ မီးငြိမ်းသွားပါလိမ့်မယ်။ 🤫

​"အပြစ်ရှိစိတ်" ဆိုတဲ့ အဆိပ်ကို လက်မခံခြင်း 🚫


🛑 "ငါ့ကြောင့် သူတို့ ဝမ်းနည်းသွားရတာ" ဆိုတဲ့ စိတ်ကို ရပ်တန့်ရမယ်။ သူတို့ ဝမ်းနည်းတာ၊ ဒေါသထွက်တာဟာ သင့်ကြောင့်မဟုတ်ဘဲ သူတို့မျှော်လင့်သလို သင့်ကို ထိန်းချုပ်လို့မရတော့လို့ ဖြစ်ပါတယ်။ အခြားသူရဲ့ ခံစားချက်အတွက် သင့်မှာ တာဝန်မရှိပါဘူး။ ☕

​Unshakable Boundaries (ရွေ့လျားလို့မရသော စည်းများထားရှိခြင်း)​ 🧱


🛡️ စည်းတားတယ်ဆိုတာ ရိုင်းစိုင်းတာ မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်​စောင့်ရှောက်တာဖြစ်ပါတယ်။

စကားဝိုင်းက သင့်ကို စိတ်ဒဏ်ရာပေးတဲ့ဘက် ရောက်လာရင် "ဒီအကြောင်းအရာကိုတော့ ကျွန်တော်/ကျွန်မ နောက်မှ အေးအေးဆေးဆေး ပြောချင်ပါတယ်။

အခုတော့ စကားဝိုင်းကို ဒီမှာပဲ ခေတ္တနားရအောင်" ဆိုပြီး အေးဆေးစွာ ပွဲဖြတ်ကာ အဆုံးသတ်လိုက်ခြင်းမျိုး ဖြစ်ပါတယ်။🚪🌿

​သတိထားရမယ့် စိတ်ပညာအသိ 💭


​မိသားစုဆိုတာ ချစ်ခြင်းတရားရဲ့ မှီခိုရာဖြစ်သင့်ပြီး စိတ်ဒဏ်ရာတွေ ပေးရာနေရာ မဖြစ်သင့်ပါဘူး။ 🙅‍♀

ကိုယ့်ရဲ့ လွတ်လပ်ခွင့်၊ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုနဲ့ ကိုယ့်ရဲ့ တန်ဖိုးကို ကာကွယ်ဖို့ စည်းတားတာဟာ မိသားစုကို မချစ်လို့မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချစ်မြတ်နိုးဖို့ သင်ယူနေခြင်း သာ ဖြစ်ပါတယ်။ ❤️‍🩹✨

#Moe
​#How_To_Respond
#Set_Boundaries
#Self_Love
#Mental_Health_Awareness
#Forward_only
❤5❤‍🔥2🔥1🙏1
This media is not supported in your browser
VIEW IN TELEGRAM
🔥2😁2❤1⚡1👏1
Forwarded from Ads Burma 📢
မင်္ဂလာပါရှင့် 🖤

လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေ​ပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။

အစုံ


Spring Tree

စာတို/စာစု/ကဗျာ


Melody By Kim

𝙈𝙞𝙙𝙣𝙞𝙜𝙝𝙩 𝙇𝙚𝙩𝙩𝙚𝙧𝙨 ☾⋆

Snow Novel

Knowledge


Youth's Area (Music and Knowlegde)

Ascend Society

MotiMate

Series/Movie


Kim The Series

Anime


Anime Fan Only

Gaming


Kim In Your Days

Spv - Kim
Total Ch - 10
Total Type - 6
New channel - ⭕️
Version - 2.0
@TheAdsBurma #DayM1
💯2
ဒီ​နေ့မီးပျက်ပြီး ​ဒေတာနည်းလို့ဘာမှမတင်ဖြစ်ဘူး။
မနက်ဖြန်ကျမှတင်​ပေးပါမယ်။

Goodnight everyone

#Moe
❤4😴3😍1💯1
မုန်တိုင်းက ည၁၂လောက် ရန်ကုန်ဝင်မယ်တဲ့ အနီအဆင့်ဖြစ်နေပြီ။ ⚠️

အားလုံးပဲ ဂရုစိုက်ကြနော်။ 🛡️

ပြင်ဆင်စရာရှိရင် ပြင်ဆင်ထားကြနော်။

အစားအသောက်မုန့်တွေလည်း ကြိုတင်ဝယ်ထားကြပါနော်။ 🍞🥫

#Moe
❤9❤‍🔥3🔥1😁1🕊1😘1
မုန်တိုင်းက ရန်ကုန်က​နေ ဘားအံဘက်​ပြောင်းသွားပါပြီ။ 🌪️

ဘားအံဘက်ကလူ​တွေရှိရင် ဂရုစိုက်ကြ​နော်။ ⚠️

ကျန်တဲ့တိုင်း​ဒေသကြီး​တွေမှာ မုန်တိုင်းမရှိ​တော့ပါဘူး။ ✅

#Moe
❤‍🔥4❤2🔥1😁1🕊1
Hello October, 🍂

​အောက်တိုဘာတစ်လလုံး လုပ်သမျှအရာအားလုံးအဆင်​ပြေ​ချော​မွေ့ပါ​စေ။ ✨

ကံ​ကောင်းခြင်း​တွေယူ​ဆောင်လာ​ပေးပါရှင့်။ 🍀

#Moe
#Welcome_October
#Forward_only
🐳4❤3🕊1💔1
Forwarded from Ads Burma 📢
မင်္ဂလာပါရှင့် 🖤

လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေ​ပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။

အစုံ


Spring Tree

စာတို/စာစု/ကဗျာ


Melody By Kim

𝙈𝙞𝙙𝙣𝙞𝙜𝙝𝙩 𝙇𝙚𝙩𝙩𝙚𝙧𝙨 ☾⋆

Snow Novel

Knowledge


Youth's Area (Music and Knowlegde)

Ascend Society

MotiMate

Series/Movie


Kim The Series

Anime


Anime Fan Only

Gaming


Kim In Your Days

Fiction


⭕️ The Final Divas

Spv - Kim
Total Ch - 11
Total Type - 7
New channel - ⭕️
Version - 2.0
@TheAdsBurma #DayM1
❤1🕊1
ယနေ့ ကျရောက်သော ကမ္ဘာ့ဆရာနေ့တွင် တပည့်များအား ပညာအလင်းပြပေးခဲ့သော ဆရာ၊ ဆရာမများအားလုံးကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨

ဘဝတစ်လျှောက်လုံး လမ်းပြပေးခဲ့သော ကျေးဇူးတရားများကို အစဉ်အမြဲ သတိရ လေးစားလျက်ရှိပါတယ်။ 📚🌟

#Moe
#Word_Teachers_Day
​#Appreciate_Teachers
#Forward_only
❤2🕊2🙏1
🇲🇭 ကမ္ဘာ့အချမ်းသာဆုံးကနေ ဒေဝါလီခံလက်ရတဲ့ “နော်ရူး” (Nauru) နိုင်ငံအကြောင်း 🏝️


တစ်ချိန်က ကမ္ဘာပေါ်မှာ တစ်ဦးချင်းဝင်ငွေ အမြင့်ဆုံးနဲ့ အချမ်းသာဆုံး ဖြစ်ခဲ့ဖူးပေမဲ့ အခုချိန်မှာတော့ အားလုံးပျက်စီးသွားခဲ့တဲ့ ပစိဖိတ်သမုဒ္ဒရာထဲက နိုင်ငံငယ်လေးတစ်နိုင်ငံအကြောင်း သိကြပါသလား...❓

🇳🇷 ဒီနိုင်ငံလေးရဲ့ နာမည်ကတော့ “နော်ရူး” (Nauru) ဖြစ်ပါတယ်။

🇸🇲 ဧရိယာ ၈ စတုရန်းမိုင်ခွဲပဲ ရှိပြီး စိန့်မာရီနိုနဲ့ ဗာတီကန်ပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက် အသေးဆုံး နိုင်ငံဖြစ်ပါတယ်။ 🇻🇦🌍

ပင်လယ်ငှက်များကြောင့် ချမ်းသာခဲ့ပုံ 💰✨


🐦 နော်ရူးကျွန်းဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ပင်လယ်ငှက်တွေ လာရောက် စွန့်ပစ်ခဲ့တဲ့ အစို့အကောက် (Guano) တွေကြောင့် အရည်အသွေးမြင့် “ဖော့စဖိတ်” (Phosphate) သတ္တုသိုက်ကြီး ပေါ်မှာ တည်ရှိနေခဲ့တာဖြစ်ပါတယ်။

👑 💸 ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ ဖော့စဖိတ်တွေကို တူးဖော်ရောင်းခဲ့ရင်း နော်ရူးပြည်သူတွေဟာ ရွှေပုံပေါ် ထိုင်ခဲ့ရပါတယ်။

🏠 🏥 အစိုးရက အခွန်လွတ်ပေးရုံတင်မကဘဲ အိမ်၊ ဆေးကုသမှု၊ ပညာရေးနဲ့ လျှပ်စစ်မီးတွေကိုပါ အခမဲ့ ပေးခဲ့ပါတယ်။ 🎓 🆓💡

လောဘနောက်ကို လိုက်ရင် ပျက်စီးသွားခြင်း ⚠️ 🚧


💎 သဘာဝသယံဇာတဆိုတာ ကုန်ခမ်းတတ်မှန်း မသိဘဲ လွန်လွန်ကဲကဲ တူးဖော်ခဲ့ကြတဲ့အတွက် ၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ ဖော့စဖိတ်တွေ လုံးဝ ကုန်သလောက် နီးပါး ဖြစ်သွားခဲ့ပါတယ်။ ⛔

🗿🏭 အဆိုးဆုံးကတော့ သတ္တုတူးဖော်မှုတွေကြောင့် ကျွန်းရဲ့ ၈၀ ရာခိုင်နှုန်း မှာ သစ်ပင်ဝါးပင် လုံးဝ မပေါက်နိုင်တော့ဘဲ ထုံးကျောက်တုံးကြီးတွေပဲ ကျန်ခဲ့တဲ့ မြေရိုးပြင်ကြီး ဖြစ်သွားခဲ့ပါတယ်။ စီးပွားရေး လုံးဝပြိုလဲသွားပြီး နိုင်ငံရဲ့ ဘဏ္ဍာရေးဟာလည်း ဒေဝါလီခံလက်ရပါတယ်။ 🏚️🚫

အံ့ဩဖွယ် ဆန်းပြားတဲ့ အချက်များ 💡


✨ မြို့တော်မရှိတဲ့ နိုင်ငံ: နော်ရူးမှာ တရားဝင် မြို့တော် ရယ့်လို့ လုံးဝ မရှိပါဘူး။ 🏙️❓

✨ မိနစ် ၃၀ နဲ့ တစ်နိုင်ငံလုံးအနှံ့


နိုင်ငံပတ်လမ်းအတိုင်း ကားမောင်းရင် မိနစ် ၃၀ ဆို တစ်နိုင်ငံလုံးကို ပတ်လို့ပြီးသွားပါတယ်။ 🚗 ⏱️

✨ ဩစတြေးလျရဲ့ ဒုက္ခသည့်စခန်း


🇦🇺🛳️ စီးပွားရေး ပျက်စီးသွားချိန်မှာ ဩစတြေးလျကို ပင်လယ်ရေကြောင်းကလာတဲ့ ဒုက္ခသည့်တွေကို လက်ခံထိန်းသိမ်းပေးတဲ့ စခန်းဖွင့်ပြီး အစိုးရထံမှ ထောက်ပံ့ကြေးနဲ့ ရပ်တည်ခဲ့ရပါတယ်။ ⛺

သမိုင်းပေးတဲ့ သင်ခန်းစာ 📖


🔄 ရေရှည်စီမံကိန်းမရှိဘဲ ခဏတာ စည်းစိမ်းနောက်ကိုပဲ လိုက်ခဲ့ကြရင် ဘယ်လောက်ပဲ ကြွယ်ဝပါစေ နောက်ဆုံးမှာ ပျက်စီးခြင်းနဲ့ပဲ ရင်ဆိုင်ရတတ်တယ်ဆိုတာ နော်ရူးနိုင်ငံရဲ့ သမိုင်းက သက်သေပြနေပါတယ်။ ⌛

#Moe
#Nauru
#History_Facts
#Geography
#Forward_only
❤3
💭 𝐒𝐩𝐫𝐢𝐧𝐠 𝐓𝐫𝐞𝐞 (Knowledge Hub) 🌳
🇲🇭 ကမ္ဘာ့အချမ်းသာဆုံးကနေ ဒေဝါလီခံလက်ရတဲ့ “နော်ရူး” (Nauru) နိုင်ငံအကြောင်း 🏝️ တစ်ချိန်က ကမ္ဘာပေါ်မှာ တစ်ဦးချင်းဝင်ငွေ အမြင့်ဆုံးနဲ့ အချမ်းသာဆုံး ဖြစ်ခဲ့ဖူးပေမဲ့ အခုချိန်မှာတော့ အားလုံးပျက်စီးသွားခဲ့တဲ့ ပစိဖိတ်သမုဒ္ဒရာထဲက နိုင်ငံငယ်လေးတစ်နိုင်ငံအကြောင်း သိကြပါသလား...❓…
စာရှည်​နေလို့ပုံမဆန်လို့ rp ပြန်ပြီးတင်လိုက်တာပါရှင့်။

#Moe
❤1🔥1