EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
🚨မုံရွာ🚨

မုံရွာမြို့ထဲမှထွက်လာသော စခ အိမ်စီးကား(၄)စီးသည် ကားလေးကွင်းဖြတ်၍ တောင်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jul 3, 7:53PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
“အခက်ခဲဆုံး အပြောင်းအလဲ ၂ ခု”

🔳 ပြောင်းလဲရတာကိုက ခက်ပါတယ်။ တစ်ဖက်မှာလည်း မပြောင်းလဲလို့ မရဘူး။ မကောင်းတဲ့ အမူအကျင့်တွေကို ပြောင်းရတယ်။ ကောင်းတဲ့ အမူအကျင့်တွေကို ပျိုးထောင်ရတယ်။ ရက်တွေ လတွေ ပြောင်းလာသလို၊ အသက်တွေလည်း ပြောင်းလာတယ်။ ဘဝအတွေ့အကြုံတွေ၊ ရင့်ကျက်မှုတွေ၊ နုပျိုမှုတွေ၊ အကုန်လုံးကလည်း ပြောင်းနေကြတာပဲ ဖြစ်တယ်။

သဘာဝကိုက ခက်ခဲတာမို့ စဖို့လည်း ခက်တယ်။ ဆုံးဖို့ကတော့ ပိုတောင်မှ ခက်သေးတယ်။ လမ်းခုလတ်တင် ရပ်တန့်သွားတာတွေ တပုံကြီး။

🔳 အဲဒီထဲမှာမှ အခက်ဆုံး ၂ ခု ရှိတယ်။

📌 ပထမတစ်ခုက - အဆိုးနွံထဲကနေ ရုန်းထွက်ရတာ။

🩶 လူဆိုးဂိုဏ်းထဲကနေ၊ အကျင့်ပျက်ကြတဲ့ လူအုပ်စုထဲကနေ၊ မူးယစ်ဆေး သုံးကြသူ၊ လောင်းကစား လုပ်ကြသူတွေ ကြားထဲကနေ ရုန်းထွက်ရတာမျိုးပေါ့။

ဒီဘဝ၊ ဒီအခြေအနေ၊ ဒီလိုလုပ်နေရတာတွေကို ကိုယ်မကြိုက်တော့ဘူး။ ရပ်တန့်ချင်လာတယ်။ ပြောင်းလဲချင်လာတယ်။ ပြုပြင်ချင်လာတယ်။

တစ်ကိုယ်စာက ဘယ်လောက်ပဲ ပြောင်းလဲချင် ပြောင်းလဲချင်၊ တခြားလူတွေက ပြောင်းလဲခွင့် မပေးဘူး။ ရုံးအဖွဲ့အစည်းတွေမှာ တော်တဲ့ဝန်ထမ်းမို့ လက်မလွှတ်ချင်လို့ ဆွဲထားတာမျိုးတော့ မဟုတ်ဘူး။ သူ သိထားတဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်မှာစိုးလို့ ထွက်မသွားစေချင်တာမျိုးပဲ။

🩶 အဖွဲ့ထဲက တခြားလူတွေအတွက် စိတ်မလုံခြုံမှုကို ဖြစ်စေတယ်လေ။ အကြောင်းသိထားတဲ့ လူတစ်ယောက် အပြင်ရောက်သွားခြင်းက။ ဘယ်လောက်ပဲ နှုတ်လုံပါတယ်၊ သစ္စာရှိပါတယ် ပြောပြောပေါ့။ အဲဒါကြောင့် ပေးမထွက်ရုံတင်မက ရန်ပါမူတတ်သေးတာ။

မူးယစ်ဆေးတို့၊ လောင်းကစားတို့ကျ စွဲလမ်းတတ်တဲ့သဘော ရှိတယ်။ အတူတူ သုံးဖူးသူတွေနဲ့ ပြန်တွေ့လိုက်ခြင်းက စိတ်ကို နှိုးဆွပေးတယ်။ ပြန်သုံးမိဖို့ ဖြစ်လာစေတယ်။

📌 ဒုတိယတစ်ခုကတော့ - လူတွေကို စိတ်ချမ်းသာအောင်ပဲ အမြဲနေပေးခဲ့ရာကနေ Boundary ထားလာတာ၊ ကိုယ့်အတွက် ရပ်တည်လာတာပဲ။

🩶 People-pleaser တွေအကြောင်း မကြာခဏ ရေးဖူးတယ်။ သူတို့ဟာ လူတွေကို စိတ်ကျေနပ်စေချင်တယ်။ ကိုယ့်ကို မမုန်းစေချင်ဘူး။ ကိုယ့်ကြောင့် ထိခိုက်မှာကို မလိုလားဘူး။

အဲဒီတော့ ဘယ်အရာမဆို တပါးသူအတွက်ပဲ အလိုလိုက်၊ အကြိုက်ဆောင်။ သူ ဘာဖြစ်ချင်လဲ လုပ်ပေးလိုက်။ ကိုယ် ဘာဖြစ်ချင်တယ် ဘယ်တော့မှမပြော။ အဆင်ပြေချင်ယောင်ဆောင်။ ခံစားချက်တွေအားလုံးကို မြိုသိပ်။

🩶 ကြာတော့ သူလည်း လူပဲ။ မပျော်တော့ဘူး။ မွန်းကြပ်လာတယ်။ ပိတ်လှောင်လာတယ်။

အဆိုးဆုံးက သူ့ကိုယ်သူ ဘာမှန်းမသိတော့တာပဲ။ သူ ဘာဖြစ်ချင်တယ်၊ သူ့အတွက် ပျော်ရွှင်မှုက ဘာလဲ၊ သူကိုယ်တိုင်တောင် မသိတော့ဘူး။ သူ့ကိုယ်သူ ပျောက်ဆုံးလာတယ်။

🩶 ဒီလိုနဲ့ စပြောင်းလဲဖို့ ကြိုးစားတော့တယ်။ No လို့ ပြောတတ်အောင် လေ့ကျင့်တယ်။ ငြင်းတတ်အောင် သင်ယူတယ်။ သူဖြစ်ချင်တာကို အားတင်းပြီး ပြောကြည့်လာတယ်။

အဲဒီမှာတင် သူ့ပတ်ဝန်းကျင်နဲ့ ပြဿနာ စတက်တော့တာပဲ။ တစ်သက်လုံး လိုက်လျောခဲ့တဲ့သူ၊ ကိုယ်တွေကိုပဲ ဦးစားပေးခဲ့သူက အခု ဘယ်လိုဖြစ်ရတာလဲပေါ့။

🩶 မြင်သာအောင် ပြောရရင် အမြဲဖိနှိပ်လို့ရနေခဲ့တဲ့၊ ကိုယ့်ဖိနပ်အောက် ပြားပြားဝပ်နေခဲ့ရတဲ့ ပြည်သူလူထုက ဟိုဟာတောင်းဆို၊ ဒီဟာတောင်းဆို၊ မရရင် ဆန္ဒထုတ်ဖော်၊ လုပ်လာကြတာကို မကြိုက်တဲ့ အာဏာရှင်တွေလိုပဲ။ သူတို့ကတော့ အဲဒီလောက် မဆိုးဘူးပေါ့။ သို့သော် မကြိုက်တာချင်းတော့ တူတယ်။

လေသံတွေ မာလာတယ်၊ စကားလုံးတွေ ခက်ထန်လာတယ်လို့ မြင်ကြတယ်။ တကယ်က ပုံမှန်ပါပဲ။ သူ့ကို မြင်နေကျပုံစံအတိုင်း မမြင်ရတော့တာလေးပဲ။ ဒါပေမဲ့ စကားလုံးတွေနဲ့ တံဆိပ်ကပ်တော့တယ်။ စိတ်ထိခိုက်အောင် ပြောတော့တယ်။ ဆက်ဆံရေးတွေ ပြောင်းလဲလာတော့တယ်။

အဲဒီအဆင့်ကို မဖြတ်နိုင်ရင် ကိုယ်ဟာ People-pleaser ဘဝကို ပြန်ရောက်သွားတော့မှာပဲ။ အသည်းမာမာနဲ့ ဖြတ်ကျော်နိုင်ဖို့တော့ လိုမယ်။

🩶 “The way people treat you is the reflection of your personality.”

လူတွေ မင်းကို ဘယ်လိုဆက်ဆံသလဲ ဆိုတာ မင်းကိုယ်ရည်ကိုယ်သွေးရဲ့ ရောင်ပြန်ဟပ်မှုပဲ။

🩶 ကိုယ်က စိတ်ပျော့မှန်း သိနေတော့ ကိုယ်တစ်ခုခုပြောလိုက်ရင် လက်မခံဘူး။ သူတို့ဖြစ်ချင်တာပဲ ရွေးသွားတယ်။ လုပ်သွားတယ်။ ကိုယ့်ဆန္ဒ၊ ကိုယ့်စကားဆို လေးစားမှု မရှိဘူး။ သူက ရပါတယ် ဆိုတာမျိုး မြင်ထားကြတယ်။

အခု ကိုယ်က ကြိုးစားပြီး ပြောင်းလဲနေပြန်တော့လည်း ဒီအညှာကို သိထားကြပြန်တော့ လွယ်လွယ်နဲ့ ခေါင်းမညိမ့်ပြန်ဘူး။

ကိုယ့်အတွက်ကလည်း ဒီလိုတွေ ငြင်းဆိုရတာ၊ ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း ပြောရတာက သိပ်ပင်ပန်းစေတာ။ တစ်ခါ တစ်ခါ လုပ်ရဖို့ကို တအားကြိုးစားရတယ်။ တအားလည်း အချိန်ယူရတယ်။ နှစ်ခါကနေ သုံးခါလောက် ဖြစ်လာတော့ မပြောချင်တော့ဘူး။ အင်း အင်း ဆိုပြီး ခေါင်းညိမ့်လိုက်ရော။ ပြောရရင် လမ်းခုလတ်မှာ ကျရှုံးသွားပြန်တာပေါ့။

🩶 တစ်ခါတလေကျ လူတွေဟာ အဖိနှိပ်ခံ ပြည်သူတွေကို လူ့အခွင့်အရေး ပြန်ပေးသင့်တယ် ဆိုပြီးသာ အာဏာရှင်တွေကို အော်နေကြတာ။ ကိုယ်အနိုင်ယူလို့ ရနေခဲ့တဲ့ လူတစ်ယောက်ရဲ့ ပြောင်းလဲလိုစိတ်ကိုတော့ ပံ့ပိုးမပေးကြဘူး။ ကိုယ်နိုင်လို့ရတဲ့ လူအဖြစ်ပဲ တစ်သက်လုံး ရှိစေချင်ကြတာ။
👍1
ဘယ်လိုအခြေအနေဖြစ်ဖြစ် ချစ်တယ် ဆိုတဲ့ Unconditional Love မျိုး မရှိဘူးလို့ ကျွန်တော်ကတော့ ခံယူတယ်။ ဒါကြောင့် ဒီလို People-pleaser တစ်ယောက်ကို ချစ်တယ် ဆိုတာမှာလည်း သူက အမြဲအလျှော့ပေးလို့၊ သည်းခံလို့၊ အလိုလိုက်လို့၊ ကြင်နာတတ်လို့ စသဖြင့် ဖြစ်နေနိုင်တော့ အခု အဲဒီလိုလည်း မဟုတ်တော့ရော၊ အချစ်တွေပါ ခမ်းခြောက်သွားတာမျိုး ဖြစ်တတ်တယ်။ ကိုယ်တစ်သက်လုံး သိထားခဲ့တဲ့လူက မရှိတော့ဘဲ နောက်လူအသစ်တစ်ယောက် ရောက်လာသလိုမျိုး ခံစားရတတ်တယ်။

🩶 ဒါကြောင့် ဆက်ဆံရေးတစ်ခုကို အဆုံးသတ်ပစ်နိုင်မလား ဆိုတာလောက်ထိ အလဲအထပ်၊ အလျော်အစား လုပ်ရတဲ့ ပြောင်းလဲမှုမျိုး ဖြစ်ပါတယ်။ ထင်သလောက် မလွယ်ပါဘူး။

People-pleaser တစ်ယောက်ရဲ့ မွန်းကြပ်မှုတွေ၊ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမှုတွေကို တစ်ဖက်က နားလည်ပေးနိုင်မယ်၊ မြင်အောင်ကြည့်ပေးနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ သူ့ကို ပျော်ရွှင်စေချင်တဲ့ မေတ္တာတရားသာ အခြေခံထားရင် မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူးလို့တော့ မြင်ပါတယ်။ Boundary ထားတတ်လာအောင်၊ Balance ကို ရှာဖွေနိုင်အောင်ပါ ကူညီပေးနိုင်လာလိမ့်မယ်။

🩶 တကယ်တော့ လူတွေကို ကျေနပ်စေချင်တယ်၊ စိတ်ချမ်းသာစေချင်တယ် ဆိုတာ ကိုယ့်အတွက်တင်မကဘူး၊ ကိုယ်ချစ်တဲ့ လူတွေအတွက်ပါ မကောင်းပါဘူး။ ဘာလို့ဆိုတော့ ရေရှည်လုပ်ပေးနိုင်မှာ မဟုတ်လို့ပါ။ တကယ်ချစ်ရာလည်း မရောက်ဘူးလို့ ထင်တယ်။ တချိန် ကိုယ်ပြောင်းလဲချင်လာပြီ ဆိုတဲ့အခါကျ ကိုယ်လည်း ပင်ပန်းသလို၊ သူတို့လည်း တအံ့တသြ ဖြစ်ရတယ်။

အပေါ်အပိုဒ်မှာ ရေးခဲ့သလို နားလည်ပေးနိုင်တဲ့သူ ဆိုတာကလည်း တွေ့ဖို့ သိပ်ခက်ပါတယ်။ ကိုယ် အရင်လို People-pleaser ဘ၀ ပြန်ရောက်ရင် ရောက်။ မရောက်ရင် Relationship အဆုံးသတ်။ ဒီနှစ်ခုထဲက တစ်ခုခုပဲ ဖြစ်ဖို့များပါတယ်။

🩶 ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖို့ဟာ သိပ်အရေးကြီးတာမို့ ဘယ်လောက်ခက်ခဲခက်ခဲ ပြောင်းလဲယူရမှာပဲ ဆိုတဲ့ သတ္တိမျိုးသာ မွေးကြစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၃.၇.၂၀၂၅
1👍1
🚨မုံရွာ🚨

မုံရွာတောင်၊GTC မှ စခများသည် လက်နက်ငယ်များရမ်းသမ်းပစ်ဖောက် နေကြောင်းသတင်းရရှိ။

#EIO
Jul 3, 9:10PM
📬သတင်းပို့ရန် @EagleInformationOperator
1👍1🙏1
🚨ပခုက္ကူ🚨

တမခ.၁၀၁ မှထွက်လာသော စခအအ အပြည့်ပါ ကားကြီး( ၂)စီးသည် အနောက်သို့ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jul 3, 9:15PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ် မှ စခများသည် လက်နက်ငယ်များ ဆက်တိုက်ရမ်းသမ်းပစ်ဖောက် နေကြောင်းသတင်းရရှိ။

#EIO
Jul 3, 9:13PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မြင်းမူ🚨

(၁၀:၁၅)အချိန်တွင် မြင်းမူမြို့နယ်၊ညောင်ရင်းကျေးရွာတွင် စခစများရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jul 3, 10:35PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator
🙏4
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
9
🚨မုံရွာ🚨

မုံရွာတောင်၊တောင်ကုန်းရွာထိပ် ၁ ဖွဲ့ ၊ မြောက်ကုန်းရွာထိပ် ၁ ဖွဲ့ ၊ သီတာရုံ ထိပ် ၁ ဖွဲ့၊ စခ များ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jul 4, 8:45AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် အလုံဖြတ်၍ တောင်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jul 4, 9:44AM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွာတောင်၊တောပုပျူရွာမှ ပျူခွေးများသည် တောပုအနောက်ဘက် တောရကျောင်းအရှေ့ဘက်ရှိချုံများမီးရှို့နေကြောင်းသတင်းရရှိ။

#EIO
Jul 4, 9:38AM
📬သတင်းပို့ရန် @EagleInformationOperator
👍4
🚨မြင်းမူ🚨

မြင်းမူမြို့ထဲမှထွက်လာ‌သောစခအိမ်စီးကား(၃)စီးသည် ဝမ်းပြည့်ဖြတ်၍အနောက်သို့ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jul 4, 10:29AM
📬သတင်းပို့ရန် @EagleInformationOperator
👍2
‼️မိဘ ပြည်သူများအား အသိပေးနှိုးဆော်ချက်‼️

ဒါတွေက နေ့စဉ် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအပေါ် လေကြောင်းမှဒုက္ခပေးတိုက်ခိုက်နေသော လေယာဉ်အမျိုးအမည်နဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေပါ။ အကယ်၍ မိမိတို့ခေါင်းပေါ် ရောက်နေတဲ့၊ကြားနေရတဲ့ အသံက သာမာန်ခရီးသွားလား၊ မိမိနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေးနေတဲ့ လဒပျံတွေလားကွဲပြားသိနိုင်ဖို့ပါ။

မိတ်ဆွေတို့၏ သတင်းပေးပို့မှုကို ကျွန်ုပ်တို့ အလေးနက်ထားပါသည်။

မိဘပြည်သူများ လုံခြုံဘေးကင်းကြပါစေ။ 🙏

#EIO
#Admin Team
📬သတင်းပို့ရန်
@EagleInformationOperator
🙏3