EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
🚨ပခုက္ကူ🚨

တမခ.၁၀၁ မှထွက်လာသော စခအအ အပြည့်ပါ ကားကြီး( ၂)စီးသည် အရှေ့ချောက်ကန်ရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jun 29, 9:36PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
“ခန္ဓာကိုယ်ဆိုတာ လှုပ်ရှားဖို့၊ နှလုံးသားဆိုတာ ကြင်နာဖို့”

🔳 ဒီကာလမှာ စိတ်ကြည်လင်ချင်ရင်၊ ပျော်ရွှင်ချင်ရင်၊ အဓိပ္ပါယ်ရှိသလို ခံစားရချင်ရင် ဒီစာသားလေးကို သတိရလိုက်။

The body is meant to move. The heart is meant to be kind.

🔳 သဘာဝတရားကြီးက ကျွန်တော်တို့ ခန္ဓာကိုယ်ကို လှုပ်ရှားစေချင်တယ်။ အဲဒါကြောင့် လှုပ်ရှားပြီဆို ဦးနှောက်ကနေ Feel-good hormones လို့ ခေါ်တဲ့၊ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးတယ်။ ဒီတော့ လူက ပျော်လာတယ်။ နေလို့ကောင်းလာတယ်။

စဉ်းစားကြည့်။ ခန္ဓာကိုယ် လှုပ်ရှားလို့ စိတ်သာ ပိုပင်ပန်းရမယ်ဆို ဘယ်သူမှတောင် လုပ်ချင်ကြတော့မှာ မဟုတ်ဘူး။ လူကလည်း ပင်ပန်းရသေးတာကို။

လုပ်ချင်အောင်လို့ စိတ်ပျော်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးတာ။ ဒါကြောင့် လူတွေက လုပ်ကြတာ။ လုပ်တော့မှ အသက်ရှင်သန်ဖို့၊ ကျန်းမာဖို့ ဖြစ်လာတာ။ ဒီလူသားမျိုးနွယ် တည်တံ့တာ။

🔳 လိင်ဆက်ဆံရတာ၊ အစားစားရတာကို တပ်မက်အောင် လုပ်ထားသလိုမျိုးပဲ။ ဒါတွေကိုသာ မတပ်မက်တော့ရင် မျိုးသုဉ်းပျောက်ကွယ်သွားတာ ကြာလှပြီပေါ့။ (ဘာသာရေးအမြင်အရတော့ လျှော့သင့်၊ ရှောင်သင့်တာ တစ်ပိုင်းပေါ့နော်)

ဒါကြောင့် စိတ်တွေ ညစ်ညူးနောက်ကျိနေပြီဆို လှုပ်လှုပ်ရှားရှား ထလုပ်လိုက်။ စိတ်တွေ ကြည်လင်သွားမယ်။ ပုံမှန်သာ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ဖြစ်အောင် နေကြည့်။ စိတ်ညစ်ညူးဖို့ အချိန်တောင် ကျန်တော့မှာ မဟုတ်ဘူး။

🔳 နောက်တစ်ပိုင်းက “The heart is meant to be kind.”

မနုဿဗေဒ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Margaret Mead ဆိုတဲ့ အမျိုးသမီးကြီးကို လူတစ်ယောက်က မေးပါတယ်။ လူသားယဉ်ကျေးမှု (Civilization) ရဲ့ ပထမဆုံး သက်သေ ဆိုရင် ဘာဖြစ်မလဲတဲ့။ လက်နက်တွေ တီထွင်လာနိုင်တာလား။ ကိုးကွယ်ယုံကြည်စရာတွေ ရှိလာတာလား စသဖြင့်ပေါ့လေ။

အဲဒီမှာ Margaret Mead က ခဏစဉ်းစားပြီး ပြန်ဖြေပါတယ်။ နှစ်တစ်သောင်းခွဲ သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ နေရာတစ်ခုကနေ ရှာဖွေတွေ့ရှိထားတဲ့၊ ကျိုးပြီး ပြန်ဆက်ထားတဲ့ လူ့ပေါင်ရိုးပါတဲ့။

🔳 သူက ဆက်ရှင်းပြတယ်။ တိရစ္ဆာန်တွေမှာဆို အားကြီးသူ အနိုင်ရတဲ့၊ လျင်သူ စားစတမ်း ယဉ်ကျေးမှုမျိုး ဖြစ်တဲ့အတွက် ခြေထောက်ကျိုးသွားရင် အစာမရှာနိုင်တော့ဘူး။ ရေမသောက်နိုင်တော့ဘူး။ သူ့ကိုယ်သူ မကာကွယ်နိုင်တော့ဘူး။ ဒီတော့ ခြေထောက်ကျိုးသွားပြီဆိုတာနဲ့ ပြန်ဆက်ဖို့ အချိန်မရဘဲနဲ့ကို သေသွားရမှာပါ။

လူသားတစ်ယောက်မှာ အဲ့ဒီလို ခြေထောက်ကျိုးပြီး ပြန်ဆက်ဖို့ အချိန်ရခဲ့တယ် ဆိုတဲ့ အဖြစ်အပျက်က ဘာကို ပြနေလဲဆိုတော့ သူ နားနေရတဲ့အချိန်မှာ သူ့ကို ကူညီပေးမယ့်၊ အစာရေစာ ရှာပေးမယ့်၊ အကာအကွယ်ပေးမယ့်သူ တစ်ယောက်ယောက် ရှိနေခဲ့တယ် ဆိုတာပါပဲ။

ဒါကြောင့် သူက “အဲ့ဒီလို တစ်စုံတစ်ယောက်ကို ကူညီပေးတတ်လာခြင်းသည် လူသားယဉ်ကျေးမှု စတင်တဲ့ အချိန်ပါပဲ” ဆိုပြီး ဖြေသွားပါတယ်။

🔳 ဟိုးရှေးခေတ်လူသားတွေရဲ့ အနေအထားဟာ ဒီနေ့လို မလွယ်ကူပါဘူး။ သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်၊ သဘာဝဘေးအန္တရာယ်တွေကြား ရှင်သန်အောင် နေကြရတာ။

ဒါကြောင့် အစုအဖွဲ့နဲ့ နေကြရတယ်။ တစ်ဦးကိုတစ်ဦး ကူညီကြရတယ်။ စောင့်ရှောက်ကြရတယ်။ ဒါမှပဲ ဒီအန္တရာယ်တွေကို ရင်ဆိုင်နိုင်ကြတာ ဖြစ်တယ်။

🔳 အသင်းအဖွဲ့နဲ့ အံဝင်လိုတဲ့ ပင်ကိုယ်ဗီဇစိတ်ကလည်း အဲဒီကနေ စပြီး သန္ဓေတည်တာလို့ ပြောကြတယ်။ အများနဲ့ စုပေါင်းနေထိုင်မှ ရှင်သန်နိုင်တာကိုး။ တစ်ယောက်တည်း သင်းကွဲနေကြည့်ပါလား။ အသက်သေသွားမှာပေါ့။

ဆိုလိုတာက အကြင်နာတရားဟာ လူသားတွေရဲ့ ယဉ်ကျေးမှုအဖြစ်သာမက ခက်ခဲတဲ့၊ အန္တရာယ်များတဲ့ ကာလတွေကို ကျော်ဖြတ်ရှင်သန်နိုင်ဖို့မှာလည်း သိပ်အရေးကြီးတယ် ဆိုတာပဲ။

🔳 တစ်ဦးကိုတစ်ဦး ကြင်နာမှ အစုအဖွဲ့လိုက် ရှင်သန်နိုင်မှာ ဖြစ်လို့ သဘာဝတရားကြီးက ကြင်နာစေချင်ပြန်တယ်။ အဲဒီအခါ ကြင်နာမှုတစ်ခုခု လုပ်လိုက်တာနဲ့ ကိုယ့်ဦးနှောက်ကနေ Feel-good hormones တွေ ထွက်လာစေပြန်ရော။

နေလို့ကောင်းသွားတယ်။ စိတ်ကြည်လင်သွားတယ်။ ရှင်သန်ရတာ အဓိပ္ပါယ်ရှိသလို ခံစားလာရတယ်။ တစ်ဦးနဲ့တစ်ဦးကြား နှောင်ဖွဲ့မှု ပိုအားကောင်းလာတယ်။ လုံခြုံတဲ့ ခံစားချက် ပိုရလာတယ်။ ဒီအခက်အခဲတွေကနေ ငါတို့လွန်မြောက်နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်လည်း ပိုခိုင်မာလာတယ်။

🔳 ပြဿနာက လောဘ၊ ဒေါသ၊ မာန်မာန၊ မနာလိုစိတ်၊ ရာထူး၊ အာဏာ၊ ငွေကြေး၊ နာမည်ကျော်ကြားမှုတို့အပေါ် တပ်မက်စိတ်၊ ဒါတွေနောက်ကို လိုက်မိရင်း တစ်ဦးကိုတစ်ဦး ကြင်နာရမယ့်အစား ချနင်းနေကြတာပဲ။

ကိုယ်အနိုင်ရတုန်းတော့ ပျော်သလို ရှိပေမဲ့ တကယ်တမ်း အတွင်းကျကျ စဉ်းစားကြည့်။ အထဲမှာ လစ်ဟာနေတာ၊ ကြောက်ရွံ့နေတာ၊ ထိတ်လန့်နေတာကို တွေ့ရလိမ့်မယ်။ လူ့အဖွဲ့အစည်းအတွက်လည်း ဆိုးရွားတဲ့ အရာတွေကိုပဲ ယူဆောင်လာမှာ ဖြစ်ပါတယ်။

🔳 ဒါကြောင့် ပြန်ချုပ်ရရင် -

💙 အမူအကျင့်ကောင်းတစ်ခု မွေးမြူချင်သလား။ တစ်ယောက်တည်း မလုပ်နဲ့။ သိပ်ခက်တယ်။ အမူအကျင့်ကောင်းတွေ ရှိတဲ့သူတွေနဲ့ များများပေါင်းလိုက်။ ပတ်ဝန်းကျင်နဲ့ အံဝင်လိုတယ် ဆိုတဲ့ လူရဲ့ ပင်ကိုယ်ဗီဇစိတ်ကို အသုံးချလိုက်တာပေါ့။ အလိုလိုနေရင်း ကိုယ်ပါ လိုက်လုပ်ဖြစ်သွားရော။ “You are the average of five people you spend the most time with.” ဆိုတဲ့စကားက
အဲဒီ Concept ကနေ လာတာ။

💙 ကျန်းမာချင်သလား။ အထိုင်မများစေနဲ့။ လှုပ်လှုပ်ရှားရှား လုပ်။ လှုပ်စေချင်လို့ကို လှုပ်ရင် ပျော်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးတာ။ ဒီတော့ များများလှုပ်ပေး။

💙 ရှင်သန်ရတာ အဓိပ္ပါယ်ရှိချင်သလား။ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူး ထင်နေတဲ့စိတ်တွေ ပျောက်သွားချင်သလား။ စိတ်လုံခြုံမှု ရချင်သလား။ အကြင်နာတရား ထား။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အကြင်နာတရားကလေးနဲ့ ဆက်ဆံ။ ကူညီနိုင်တာ ကူညီပေး။ ဒီလိုလုပ်စေချင်လို့ကို ပျော်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးထားတာ။

🔳 စိတ်ညစ်လို့၊ စိတ်ဖိစီးလို့၊ လမ်းပျောက်နေလို့ စသဖြင့် စသဖြင့် ပြဿနာတွေအတွက် အဖြေကို တခြားမှာ မရှာပါနဲ့။ မူးယစ်ဆေးမှာလည်း မရှိပါဘူး။ အရက်မှာလည်း မရှိသလို၊ ကလပ်တွေ၊ ဘားတွေမှာလည်း မရှိပါဘူး။

သဘာဝတရားက ကျွန်တော်တို့ ခန္ဓာကိုယ်ထဲတင် ထည့်ထားပေးပြီးသားပါ။ ကိုယ်က ထုတ်ယူသုံးစွဲနိုင်ဖို့ပဲ လိုတာပါ။

ဒေါက်တာ ဖြိုးသီဟ
၂၉.၆.၂၀၂၅
5
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#EIO
#Admin Team
📬သတင်းများပေးပို့ရန် @EagleInformationOperator
🙏41
🚨မြင်းမူ🚨

မြင်းမူနယ်၊‌မြောင်လမ်းခွဲမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jun 30, 7:45PM
📬သတင်းပို့ရန် @EagleInformationOperator
🙏31
🚨စစ်ကိုင်း🚨

စစ်ကိုင်းနယ်၊အုန်း‌တော တကရ(၆၀၀၅) မှ စခများသည် ဟောင်ဝပ်ဇာ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jun 30, 8:03PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨စစ်ကိုင်း🚨 စစ်ကိုင်းနယ်၊အုန်း‌တော တကရ(၆၀၀၅) မှ စခများသည် ဟောင်ဝပ်ဇာ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘ…
🚨စစ်ကိုင်း🚨

စစ်ကိုင်းနယ်၊အုန်း‌တော တကရ(၆၀၀၅) မှ စခများသည် ထပ်မံ၍ ဟောင်ဝပ်ဇာ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jun 30, 8:06PM
📬သတင်းပို့ရန် @EagleInformationOperator
🙏3
🚨မြင်းမူ🚨

မြင်းမူနယ်၊ထီးဆောင်းခြံမှ စခများသည် အရှေ့အရပ်သို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jun 30, 8:18PM
📬သတင်းပို့ရန် @EagleInformationOperator
🙏4
🚨မုံရွာ🚨

မုံရွာမြို့ထဲမှထွက်လာသော စခသံပြားကာကား(၁)စီးသည် ကားကြီးကွင်းဖြတ်၍ တောင်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jun 30, 8:28PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မြင်းမူ🚨

မြင်းမူနယ်၊‌မြောင်လမ်းခွဲမှ စခများသည် ထပ်မံ၍ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jun 30, 10:35PM
📬သတင်းပို့ရန် @EagleInformationOperator
🙏21
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#EIO
#Admin Team
📬သတင်းများပေးပို့ရန် @EagleInformationOperator
🙏31
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
4🥰1
🚨ဘုတလင်🚨

ဘုတလင်မြို့တွင်းမှထွက်သွားသောစခများသည် လွှဲတဲရွာအတွင်းသို့ရောက်ရှိနေ ကြောင်းသတင်းရရှိ။

#EIO
July 1, 6:56AM
📬သတင်းပို့ရန် @EagleInformationOperator
👍2🙏1
🚨မုံရွာ🚨

မုံရွာတောင်၊ပုရစ်ကုန်းမြောက်ရွာထိပ်ရောက်ရှိနေသော စခများသည်ပုရစ်ကုန်း‌မြောက်ရွာ ကျောင်းသစ်ကျောင်း နှင့် တောင်ကုန်းရွာထိပ်တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်းသတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် အသွားအလာအထူးဂရုစိုက်ကြပါရန်🙏

#EIO
Jul 1, 6:56AM
📬သတင်းပို့ရန် @EagleInformationOperator
🙏21👍1
‼️အသိပေးထုတ်ပြန်ချက်‼️

#EIO တယ်လီဂရမ်ချန်နယ်နှင့် Fb Page သည် Nation Wide Air Scout #NAS လေကြောင်းရန်ကြိုတင်သတိပေးချန်နယ်နှင့် အချိန်ကာလတစ်ခုအထိ မဟာမိတ်ချန်နယ်အနေအဖြစ်သော်လည်းကောင်း၊#NAS ၏ Admin တစ်ဦးအ‌နေအဖြစ်ပါအတူတကွလက်တွဲ၍ နေ့မနား၊ညမနားတာဝန်‌ထမ်းဆောင်ခဲ့ပြီး ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ သဘောထားခြင်းမတိုက်ဆိုင်သဖြင့် မဟာမိတ်ချန်နယ်အနေဖြင့်သော်လည်းကောင်း၊#NAS Admin တစ်ဦးအနေဖြင့်ပါ ယနေ့အချိန်မှစ၍ တရားဝင်နှုတ်ထွက်လိုက်ပါသည်။တရားဝင်ရပ်နားလိုက်ပြီးဖြစ်သည့်အတွက်‌ကြောင့် နောက်နောင် #NAS ချန်နယ်နှင့် ပတ်သတ်၍ မည်သည့်အကြောင်းကိစ္စမှ မပါတ်သတ်၊မသက်ဆိုင်တော့ပါကြောင်း အသိပေးထုတ်ပြန်လိုက်ပါသည်။

#EIO Founder #BG
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
2🙏1
‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️

#EIO တယ်လီဂရမ်ချန်နယ်နှင့် Fb page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်အတွက် မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ၊ခရိုင်ပေါင်းစုံမှ အိုင်အိုများ၊ပြန်ကြားရေးများ၊အဖွဲ့အစည်းတာဝန်ခံများသည် (သတင်းပေးပို့၊သတင်းယူ)ခြင်းဖြင့် ကိုယ်ထူကိုယ်ထ ပါ၀င်လုပ်ကိုင်နေကြခြင်းသာဖြစ်ပါသည်။

#EIO သည် မည်သည့်ပုဂ္ဂိုလ်၊မည်သည့်တလရအဖွဲ့အစည်းများ၏ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းမဟုတ်သလို၊မည်သည့်အကြောင်းကိစ္စမှ အလှူခံခြင်းလည်း(လုံးဝလုံးဝ)အလျင်းမရှိပါ။ #EIO logo များအသုံးပြု၍သော်လည်းကောင်း၊ #EIO အမည်နာမသုံးစွဲ၍ အလှူငွေကောက်ခံခြင်းများကိုလည်း လုံးဝ၊လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

(စစ်အာဏာရှင်အား ပုဂ္ဂိုလ်အစွဲ၊အဖွဲ့အစည်းအစွဲ၊‌ဒေသအစွဲ မထားဘဲနည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်)ဆောင်ပုဒ်အတိုင်းရပ်တည်နေခြင်းဖြစ်ပါသည်။

#EIO မှတင်ထားသော သတင်းအချက်အလက် အကြောင်းအရာ၊အချိန်များကို ကူးယူ၍ ပြန်လည်ဖြန့်ဝေသည့်အခါတွင်လည်း ပြင်ဆင်ဖြည့်စွက်ခြင်း မပြုဘဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပေးပါ။

လေယာဥ်ဖြတ်ကြောင်းများ၊စခ ကားတန်းများ၊စခပခ မြေပြင်လှုပ်ရှားမှုများကို မိဘပြည်သူများနှင့်တလရရဲ‌ဘော်များအနေဖြင့်လည်း ယုံကြည်စိတ်ချစွာ သတင်းများပေးပို့နိုင်ပါသည်။

Be safe, be strong, be of help !

#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬မြေပြင်သတင်းပေးပို့ရန်
@EagleInformationOperator
3🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️ #EIO တယ်လီဂရမ်ချန်နယ်နှင့် Fb page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်အတွက် မြို့နယ်…»
မိုးရာသီအတွင်း မိုင်းအန္တရာယ် ပိုများနိုင်ပါတယ်‼️

မိုးများပြီး မြေပြင်ပြောင်းလဲမှုကြောင့် မြေမြှုပ်မိုင်းတွေနဲ့ အခြားသော ပေါက်ကွဲလက်နက်ပစ္စည်း တွေဟာ တခြားနေရာတွေကိုရွှေ့သွားနိုင်ပါတယ်။

အရင်က မိုင်းအန္တရာယ်ရှိတယ်လို့ အမှတ်အသားပြုထားတဲ့ နေရာတွေကို မသွားပါနဲ့။ အမှတ်အသားတွေဟာ ရှိခဲ့ဖူးသည့်တိုင် ပျောက်ပျက်သွားတာ၊ မရှိတာ (သို့မဟုတ်) မိုးရေတွေနဲ့ မျောပါ ပျောက်ဆုံးနေနိုင်တယ် ဆိုတာကို သတိပြုပါ။

တိုက်ပွဲတွေဖြစ်ဖူးတဲ့ နေရာအနီးတဝိုက်က ရေကြီး ရေလျှံဖြစ်ဖူးတဲ့ လမ်းငယ်တွေ၊ လယ်ကွင်းတွေ (သို့မဟုတ်) အဲ့ဒီနေရာအနီးတဝိုက် နေရာတွေကို ရှောင်ရှားပါ။ ပေါက်ကွဲလက်နက်ပစ္စည်းတွေဟာ ရေနဲ့ရွှံ့နွံတွေ၊ အမှိုက်တွေ အောက်မှာ ဖုံးကွယ်နေနိုင်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ အခြားသော ပေါက်ကွဲလက်နက်ပစ္စည်းတွေဟာ နေအိမ်၊ အိမ်ခြံဝင်း (သို့မဟုတ်) အများသုံးနေရာတွေထဲကို ရွေ့လျားသွားနိုင်တာကြောင့် အပျက်အစီး/အမှိုက်သရိုက်တွေ ဖယ်ရှားတဲ့အခါ သတိပြုကြရမှာဖြစ်ပါတယ်။

မိသားစု လုံလုံခြုံခြုံနေဖို့ အခုကစပြီး သတိထားကြပါစို့။

#EORE
🚨ပေါက်ကွဲလက်နက်ပစ္စည်းအန္တရာယ်သတိပေးမှု
🚨မိုးရာသီသတိထားစို့

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်-

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏21
#EORE
🚨ပေါက်ကွဲလက်နက်ပစ္စည်းအန္တရာယ်သတိပေးမှု
🚨မိုးရာသီသတိထားစို့

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်-

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
2🙏2