Forwarded from Nationwide Air Scout
မုံရွာ နမခ⚠️
နမခမှ Paramotor အင်ဂျင်တပ်လေထီး(1)စီး ပျံတက်။
အရှေ့တောင်အရပ်သို့ပျံသန်း။
#NAS
Jun 29, 11:02AM
📡သတင်းပို့ရန် @infonas

👍1🙏1
Forwarded from Nationwide Air Scout
ကန့်ဘလူ
ကန့်ဘလူ တကရ ၆၀၀၆မှ Mi-17 Military Transport Helicopter (1)စီး အရှေ့မြောက်အရပ်သို့ ပျံတတ်။
#NAS
Jun 29, 11:05AM

👍2
Forwarded from Nationwide Air Scout
တံတားဦး⚠️
တံတားဦးလေတပ်မှ Y-12 Military Transport Aircraft (1)စီး အရှေ့မြောက်အရပ်သို့ ပျံတတ်။
#NAS
Jun 29, 11:14AM

ချောင်းဦး⚠️
Y-12 Military Transport Aircraft (1)စီး ချောင်းဦးနယ်အရှေ့တောင်ခြမ်းဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။
#NAS
Jun 29, 11:18AM

မိတ္ထီလာ⚠️
မိတ္ထီလာနယ်ဖြတ်၍ Y-12 Military Transport Aircraft (1)စီး အနောက်မြောက်အရပ်သို့ ပျံသန်း။
#NAS
Jun 29, 11:12AM

❐ ရဲဘော်တို့ မဖြေနဲ့ သတိ၊ မလုပ်နဲ့ သတိ၊ သတင်းမပေးမိစေနဲ့ သတိ
• ရန်သူဟာ မိတ်ဆွေယောင် ဆောင်တတ်သည်
• ငါတို့ကို ဝတ်စုံဖိုးပေးမယ်၊ ထမင်းဖိုးပေးမယ်၊ လိုတာလေးတွေအတွက် နည်းသည်များသည် ပံ့ပိုးပေးမယ်
• တကယ်စိတ်ရင်းနဲ့ပေးတဲ့ တော်လှန်အကျိုးကိုပဲ ကြည့်တဲ့သူတွေရှိသလို အချို့က ရန်သူပါ၊ အဲ့လို ပံ့ပိုးပေးပြီး အပြီးအပိုင် မင်းတို့ငါတို့ကို ဝယ်ထားသလို လုပ်သွားမယ်
• မင်းတို့ငါတို့ကို သူပေးထားတော့ သူသတင်းတွေ မေးမယ် လက်နက်ကြီး ဘယ်မှာကျ၊ လေယာဉ်ဘယ်မှာကြဲ၊ ဘယ်နှစ်ယောက်သေ၊ စသဖြင့် သူတို့လုပ်ရပ်ကို ပြန်ထောက်လှမ်းတာ
• အဲ့တော့ မင်းတို့ ငါတို့ကလဲ ကိုယ့်ကို ပံ့ပိုးနေတဲ့သူပဲဆိုပြီး အကုန်ဖြေ၊ အဲ့နားမှာ ဘယ်လူကြီးနေတာ ဘယ်တပ်ရင်းရှိတာ ဘယ်အဖွဲ့နဲ့နီးတာ ဗုံးကျတာက မီတာ ၅၀ လောက်၊ မီတာ ၁၀၀ လောက် ကျော်သွားလို့ ဘာညာ အဲ့မှာ သတင်းပေါက်ပြီ
• ရန်သူက သိသွားပြီး နောက်တစ်ခါ တိုက်ခိုက်ရော၊ ထပ်ပြီး ထိခိုက်ကြရော
• ထောက်ရဲဘော်တွေလည်း သတိရှိပါ၊ ကိုယ့်တပ်ရင်းက ရှေ့တန်းသွားရမယ် မိုးကာလေး ဖိနပ်လေးလိုတော့ လူတွေကို လိုက်အကူအညီတောင်း၊ မိမိတပ်ရင်းက လူဘယ်နှစ်ယောက် ဘယ်တော့ ဘယ်မှာ စစ်သွားတိုက်ရမှာမလို့ ဘာလိုလို့ ညာလိုလို့ အဲ့မှာ သတင်းကပေါက်
• အချို့က လာလိမ့်မယ်၊ ရှေ့တန်းဘယ်နေရာအတွက် ဟင်းလေးလှူချင်လို့ ထမင်းကျွေးချင်လို့ လူဦးရေ ဘယ်လောက်ရှိလဲဆိုပြီး မင်းတို့ငါတို့ကလည်း ရှေ့မှာ ထမင်းဟင်းမကောင်းတော့ ဝမ်းသာပြီး ဘယ်နေရာ ရှေ့တန်းမှာတော့ လူဘယ်လောက်ရှိတယ် နွားတစ်ကောင်မှလောက်မှာ ဝက်တစ်ကောင်မှလောက်မှာဆိုပြီးလုပ်၊ အဲ့မှာ သတင်းကပေါက် အချို့ဆို စားနေတဲ့ ဓာတ်ပုံတောင် တောင်းလိမ့်မယ်
• မင်းတို့ငါတို့ဟာ ကိုယ့်ရဲဘော် ထိခိုက်တဲ့အခါ ကျတဲ့အခါ ဝမ်းနည်းပြီး ပုံတွေတင် စာတွေတင် ရန်သူက ဝမ်းနည်းချင်ယောင်ဆောင်ပြီး ဘယ်နှစ်ယောက်ကျသွားလဲ ထိသွားလဲမေး၊ မင်းတို့ငါတို့ကဖြေ အဲ့ပေါ်မှာမူတည်ပြီး ရှေ့တန်းရန်သူက တန်ပြန်လှုပ်ရှား ငါတို့လုပ်နေတာတွေ လိုသလောက်ခရီးမရောက် အဲ့လိုတွေဖြစ်
• ရန်သူဟာ သိန်းပေါင်းများစွာသုံးနိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတာ မမေ့နဲ့၊ သူက သတင်းရဖို့ မင်းတို့ငါတို့ကို သိန်း ၅၀ လဲ လှူနိုင်တယ် သိန်း ၅၀၀ လဲ ပေးနိုင်တယ်
• မင်းတို့ငါတို့က ကိုယ့်ကို ၁၀ ဂဏန်းလောက် ပေးလိုက်တာနဲ့ တော်တော်ရင်းရင်းနှီးနှီး လုပ်ကြတယ် တအားကို ခင်ပလိုက်တယ် အချို့ဆို အရာရာတွေတိုင်း အဲ့လူတွေကို ပြောပြတိုင်ပင်ကြဖြစ်ကုန်တယ် အဲ့လိုနဲ့ ရန်သူက မင်းတို့ငါတို့ကို ဝယ်သွားပြီ
• ဘယ်လောက်များများ ပံ့ပိုးထားတဲ့သူမလို့ဆိုပြီး ငါတို့က ဘာမှ ပြောပြစရာမလိုဘူး
• တကယ်လူထု သိသင့်သိထိုက်တာတွေဆိုရင် နည်းနည်းပဲဖြစ်ဖြစ် ဘာမှ မပံ့ပိုးပေးသူတွေပဲဖြစ်ဖြစ် အသိပေးရမှာပဲ ပြောပြရမှာပဲ
• အဲ့တော့ မေးသူတွေကော ဖြေသူတွေကော သတိရှိကြပါ၊ ကိုယ့်ပါးစပ်ကြောင့် ကိုယ့်လုပ်ရပ်ကြောင့် သတင်းတွေ မပေါက်ပါစေနဲ့ တော်လှန်ရေးကို မထိခိုက်ပါစေနဲ့
• အပေါ်မှာ ရေးထားတာတွေက အမှန်တကယ် တော်လှန်စိတ်ရင်းရှိကြသူတွေကို မဆိုလိုပါဘူး
• တကယ်ဆို အမှန်တော်လှန်ထောက်ပံ့နေသူတွေကိုတောင် စည်းအဆင့်ဆင့်နဲ့ ပြောသင့်သလောက်ပဲ ပြသင့်သလောက်ပဲ ပြောရပြရမှာ ဖြစ်ပါတယ်
• နောက်တစ်ခုက တိုက်ပွဲက မပြီးသေးဘူး လိုင်းပေါ်မှာ ကိုယ်ပစ်နေတဲ့ဗီဒီယိုတွေ ကိုယ်နေတဲ့နေရာတွေမှာ တစ်တော့ဆော့တာတွေ ကိုယ်ဘယ်လိုစားနေရ အိပ်နေရတာတွေကို တင်တာတွေ သတိရှိပါ
• ရန်သူက အဲ့ဒါတွေကို သေချာလိုက်ကြည့်ပြီး ဒီနေရာကို ဘယ်လိုတိုက်ရင်ရတယ်၊ ဘယ်ဗုံးနဲ့ ကြဲမှ ပြိုမယ်၊ လူဘယ်လောက်နဲ့ ထိုးမှရမယ် ဆိုတာမျိုး ပြန်တွက်ချက်နိုင်ပါတယ်
• အချို့နာမည်ရထားပြီးသား ရန်သူကလည်း စောင့်ကြည့်နေတဲ့သူအချို့ဆို ပိုပြီး သတိထားရပါမယ်၊ ပေါ့ပေါ့လေး မဟုတ်ဘူး
• ခင်ဗျားက မြေပြင်မှာကော လိုင်းပေါ်မှာကော လူတွေ ရိပ်စားမိနေတဲ့သူတစ်ယောက် ဆိုပါတော့.. ပြီးတော့ တိုက်ပွဲတိုင်းလည်းပါ အရေးကြီးတဲ့ အခမ်းအနား event တွေလည်း ခဏခဏရောက်ဆိုရင် ကိုယ့်အသွားအလာကို လိုင်းပေါ် လုံးဝ မတင်ပါနဲ့၊ အရိပ်အမြွက်တောင် မတင်ပါနဲ့ ရန်သူဟာ အဲ့ဒါတွေအပေါ်လိုက်ပြီး သတင်းသုံးသပ်ချက်တွေ လုပ်သွားနိုင်လို့ပါ
• ကျနော်တို့အားလုံး ကိုယ့်ကိုယ်ကိုယ်တောင်မသိပဲ ရန်သူသတင်းပေးတွေ မဖြစ်ဖို့ ကျနော် တင်ပြတာတွေ လုပ်မိနေရင် ရပ်ပေးပါ ဆင်ခြင်ပေးပါ။
မာဝီ
ဒုစစ်ဦးစီးချုပ်၊ KNDF
https://www.facebook.com/share/p/158BDcSUGU/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
🫡3
🚨မြင်းမူ🚨
မြင်းမူဘက်မှလောသာ Light truck (၂)စီးသည်ထီးဆောင်းသို့ရောက်ရှိပြီး(၁)စီးသည်ထီးဆောင်းဖြတ်၍ ပျော့ရွာဘက်သို့ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Jun 29, 12:35PM
📬သတင်းပို့ရန် @EagleInformationOperator

👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မြင်းမူ🚨 မြင်းမူဘက်မှလောသာ Light truck (၂)စီးသည်ထီးဆောင်းသို့ရောက်ရှိပြီး(၁)စီးသည်ထီးဆောင်းဖြတ်၍ ပျော့ရွာဘက်သို့ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Jun 29, 12:35PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မြင်းမူ🚨
Light truck (၂)စီးသည် ထီးဆောင်းဖြတ်၍ မြင်းမူမြို့ဘက်သို့ပြန်လည်ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Jun 29, 12:41PM
📬သတင်းပို့ရန် @EagleInformationOperator
Light truck (၂)စီးသည် ထီးဆောင်းဖြတ်၍ မြင်းမူမြို့ဘက်သို့ပြန်လည်ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Jun 29, 12:41PM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မြင်းမူ🚨
မြင်းမူ၊ထီးဆောင်းခြံမှLight truck (၁)စီး၊အာရာဖတ်(၁)စီးသည် မြင်းမူမြို့ဘက်သို့ ထွက်ခွာသွားကြောင်းသတင်းရရှိ။
#EIO
Jun 29, 1:03PM

🚨ပခုက္ကူ🚨
ပခုက္ကူမြို့နယ်၊ လက်ပြရွာဦးမင်းကျောင်းမှထွက်ခွာလာသော စခ ခမ အအ(၆၀)ခန့်သည် ic ဘော်ဒါသို့ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Jun 29, 1:07PM
📬သတင်းပို့ရန် @EagleInformationOperator
ပခုက္ကူမြို့နယ်၊ လက်ပြရွာဦးမင်းကျောင်းမှထွက်ခွာလာသော စခ ခမ အအ(၆၀)ခန့်သည် ic ဘော်ဒါသို့ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Jun 29, 1:07PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
Forwarded from Nationwide Air Scout
တံတားဦး
တံတားဦးလေတပ်သို့ သပိတ်ကျင်းနယ်တွင် (4:29PM & 4:34PM) အချိန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော Yak-130 Fighter Jet (1) စီး အရှေ့မြောက်အရပ်မှ ဆင်းသက်။
#NAS
Jun 29, 4:55PM
📡သတင်းပို့ရန် @infonas
တံတားဦးလေတပ်သို့ သပိတ်ကျင်းနယ်တွင် (4:29PM & 4:34PM) အချိန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော Yak-130 Fighter Jet (1) စီး အရှေ့မြောက်အရပ်မှ ဆင်းသက်။
#NAS
Jun 29, 4:55PM
📡သတင်းပို့ရန် @infonas
😢3❤1
‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️
#EIO တယ်လီဂရမ်ချန်နယ်နှင့် Fb page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်အတွက် မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ၊ခရိုင်ပေါင်းစုံမှ အိုင်အိုများ၊ပြန်ကြားရေးများ၊အဖွဲ့အစည်းတာဝန်ခံများသည် (သတင်းပေးပို့၊သတင်းယူ)ခြင်းဖြင့် ကိုယ်ထူကိုယ်ထ ပါ၀င်လုပ်ကိုင်နေကြခြင်းသာဖြစ်ပါသည်။
#EIO သည် မည်သည့်ပုဂ္ဂိုလ်၊မည်သည့်တလရအဖွဲ့အစည်းများ၏ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းမဟုတ်သလို၊မည်သည့်အကြောင်းကိစ္စမှ အလှူခံခြင်းလည်း(လုံးဝလုံးဝ)အလျင်းမရှိပါ။ #EIO logo များအသုံးပြု၍သော်လည်းကောင်း၊ #EIO အမည်နာမသုံးစွဲ၍ အလှူငွေကောက်ခံခြင်းများကိုလည်း လုံးဝ၊လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
(စစ်အာဏာရှင်အား ပုဂ္ဂိုလ်အစွဲ၊အဖွဲ့အစည်းအစွဲ၊ဒေသအစွဲ မထားဘဲနည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်)✊ဆောင်ပုဒ်အတိုင်းရပ်တည်နေခြင်းဖြစ်ပါသည်။
#EIO မှတင်ထားသော သတင်းအချက်အလက် အကြောင်းအရာ၊အချိန်များကို ကူးယူ၍ ပြန်လည်ဖြန့်ဝေသည့်အခါတွင်လည်း ပြင်ဆင်ဖြည့်စွက်ခြင်း မပြုဘဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပေးပါ။
လေယာဥ်ဖြတ်ကြောင်းများ၊စခ ကားတန်းများ၊စခပခ မြေပြင်လှုပ်ရှားမှုများကို မိဘပြည်သူများနှင့်တလရရဲဘော်များအနေဖြင့်လည်း ယုံကြည်စိတ်ချစွာ သတင်းများပေးပို့နိုင်ပါသည်။
Be safe, be strong, be of help !
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬မြေပြင်သတင်းပေးပို့ရန် @EagleInformationOperator

🫡4👍3
🚨မုံရွာ🚨
မုံရွာနယ်၊ဇလုပ်အဝိုင်းပတ်တွင် စခတချို့ရောက်ရှိနေပြီး ဇလုပ်အနောက်ရွာတွင်အိမ်စီးကား(၂)စီးဖြင့် ကင်းပတ်နေကြောင်းသတင်းရရှိ။
#EIO
Jun 29, 8:25PM
📬သတင်းပို့ရန် @EagleInformationOperator
မုံရွာနယ်၊ဇလုပ်အဝိုင်းပတ်တွင် စခတချို့ရောက်ရှိနေပြီး ဇလုပ်အနောက်ရွာတွင်အိမ်စီးကား(၂)စီးဖြင့် ကင်းပတ်နေကြောင်းသတင်းရရှိ။
#EIO
Jun 29, 8:25PM
📬သတင်းပို့ရန် @EagleInformationOperator
👍2🙏1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
‼️အသိပေး၊သတိပေး နှိုးဆော်ချက်‼️
Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည် အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိတယ်လီဂရမ် အကောင့် ဆက်တင်ထဲတွင်(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့် အချိန်တွင် ကျရောက်သည့် နေရာအတိအကျများ နှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊ လိုင်းပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ မိဘပြည်သူများအား အထူးသတိပေး တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏
#EIO ပြည်သူ့အကျိုးပြု မြေပြင်/လေကြောင်း(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပေးပို့ရန် -@EagleInformationOperator

👍3🙏3
🚨ပခုက္ကူ🚨
တမခ.၁၀၁ မှထွက်လာသော စခအအ အပြည့်ပါ ကားကြီး( ၂)စီးသည် အရှေ့ချောက်ကန်ရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Jun 29, 9:36PM
📬သတင်းပို့ရန် @EagleInformationOperator
တမခ.၁၀၁ မှထွက်လာသော စခအအ အပြည့်ပါ ကားကြီး( ၂)စီးသည် အရှေ့ချောက်ကန်ရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Jun 29, 9:36PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
“ခန္ဓာကိုယ်ဆိုတာ လှုပ်ရှားဖို့၊ နှလုံးသားဆိုတာ ကြင်နာဖို့”
🔳 ဒီကာလမှာ စိတ်ကြည်လင်ချင်ရင်၊ ပျော်ရွှင်ချင်ရင်၊ အဓိပ္ပါယ်ရှိသလို ခံစားရချင်ရင် ဒီစာသားလေးကို သတိရလိုက်။
The body is meant to move. The heart is meant to be kind.
🔳 သဘာဝတရားကြီးက ကျွန်တော်တို့ ခန္ဓာကိုယ်ကို လှုပ်ရှားစေချင်တယ်။ အဲဒါကြောင့် လှုပ်ရှားပြီဆို ဦးနှောက်ကနေ Feel-good hormones လို့ ခေါ်တဲ့၊ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးတယ်။ ဒီတော့ လူက ပျော်လာတယ်။ နေလို့ကောင်းလာတယ်။
စဉ်းစားကြည့်။ ခန္ဓာကိုယ် လှုပ်ရှားလို့ စိတ်သာ ပိုပင်ပန်းရမယ်ဆို ဘယ်သူမှတောင် လုပ်ချင်ကြတော့မှာ မဟုတ်ဘူး။ လူကလည်း ပင်ပန်းရသေးတာကို။
လုပ်ချင်အောင်လို့ စိတ်ပျော်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးတာ။ ဒါကြောင့် လူတွေက လုပ်ကြတာ။ လုပ်တော့မှ အသက်ရှင်သန်ဖို့၊ ကျန်းမာဖို့ ဖြစ်လာတာ။ ဒီလူသားမျိုးနွယ် တည်တံ့တာ။
🔳 လိင်ဆက်ဆံရတာ၊ အစားစားရတာကို တပ်မက်အောင် လုပ်ထားသလိုမျိုးပဲ။ ဒါတွေကိုသာ မတပ်မက်တော့ရင် မျိုးသုဉ်းပျောက်ကွယ်သွားတာ ကြာလှပြီပေါ့။ (ဘာသာရေးအမြင်အရတော့ လျှော့သင့်၊ ရှောင်သင့်တာ တစ်ပိုင်းပေါ့နော်)
ဒါကြောင့် စိတ်တွေ ညစ်ညူးနောက်ကျိနေပြီဆို လှုပ်လှုပ်ရှားရှား ထလုပ်လိုက်။ စိတ်တွေ ကြည်လင်သွားမယ်။ ပုံမှန်သာ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ဖြစ်အောင် နေကြည့်။ စိတ်ညစ်ညူးဖို့ အချိန်တောင် ကျန်တော့မှာ မဟုတ်ဘူး။
🔳 နောက်တစ်ပိုင်းက “The heart is meant to be kind.”
မနုဿဗေဒ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Margaret Mead ဆိုတဲ့ အမျိုးသမီးကြီးကို လူတစ်ယောက်က မေးပါတယ်။ လူသားယဉ်ကျေးမှု (Civilization) ရဲ့ ပထမဆုံး သက်သေ ဆိုရင် ဘာဖြစ်မလဲတဲ့။ လက်နက်တွေ တီထွင်လာနိုင်တာလား။ ကိုးကွယ်ယုံကြည်စရာတွေ ရှိလာတာလား စသဖြင့်ပေါ့လေ။
အဲဒီမှာ Margaret Mead က ခဏစဉ်းစားပြီး ပြန်ဖြေပါတယ်။ နှစ်တစ်သောင်းခွဲ သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ နေရာတစ်ခုကနေ ရှာဖွေတွေ့ရှိထားတဲ့၊ ကျိုးပြီး ပြန်ဆက်ထားတဲ့ လူ့ပေါင်ရိုးပါတဲ့။
🔳 သူက ဆက်ရှင်းပြတယ်။ တိရစ္ဆာန်တွေမှာဆို အားကြီးသူ အနိုင်ရတဲ့၊ လျင်သူ စားစတမ်း ယဉ်ကျေးမှုမျိုး ဖြစ်တဲ့အတွက် ခြေထောက်ကျိုးသွားရင် အစာမရှာနိုင်တော့ဘူး။ ရေမသောက်နိုင်တော့ဘူး။ သူ့ကိုယ်သူ မကာကွယ်နိုင်တော့ဘူး။ ဒီတော့ ခြေထောက်ကျိုးသွားပြီဆိုတာနဲ့ ပြန်ဆက်ဖို့ အချိန်မရဘဲနဲ့ကို သေသွားရမှာပါ။
လူသားတစ်ယောက်မှာ အဲ့ဒီလို ခြေထောက်ကျိုးပြီး ပြန်ဆက်ဖို့ အချိန်ရခဲ့တယ် ဆိုတဲ့ အဖြစ်အပျက်က ဘာကို ပြနေလဲဆိုတော့ သူ နားနေရတဲ့အချိန်မှာ သူ့ကို ကူညီပေးမယ့်၊ အစာရေစာ ရှာပေးမယ့်၊ အကာအကွယ်ပေးမယ့်သူ တစ်ယောက်ယောက် ရှိနေခဲ့တယ် ဆိုတာပါပဲ။
ဒါကြောင့် သူက “အဲ့ဒီလို တစ်စုံတစ်ယောက်ကို ကူညီပေးတတ်လာခြင်းသည် လူသားယဉ်ကျေးမှု စတင်တဲ့ အချိန်ပါပဲ” ဆိုပြီး ဖြေသွားပါတယ်။
🔳 ဟိုးရှေးခေတ်လူသားတွေရဲ့ အနေအထားဟာ ဒီနေ့လို မလွယ်ကူပါဘူး။ သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်၊ သဘာဝဘေးအန္တရာယ်တွေကြား ရှင်သန်အောင် နေကြရတာ။
ဒါကြောင့် အစုအဖွဲ့နဲ့ နေကြရတယ်။ တစ်ဦးကိုတစ်ဦး ကူညီကြရတယ်။ စောင့်ရှောက်ကြရတယ်။ ဒါမှပဲ ဒီအန္တရာယ်တွေကို ရင်ဆိုင်နိုင်ကြတာ ဖြစ်တယ်။
🔳 အသင်းအဖွဲ့နဲ့ အံဝင်လိုတဲ့ ပင်ကိုယ်ဗီဇစိတ်ကလည်း အဲဒီကနေ စပြီး သန္ဓေတည်တာလို့ ပြောကြတယ်။ အများနဲ့ စုပေါင်းနေထိုင်မှ ရှင်သန်နိုင်တာကိုး။ တစ်ယောက်တည်း သင်းကွဲနေကြည့်ပါလား။ အသက်သေသွားမှာပေါ့။
ဆိုလိုတာက အကြင်နာတရားဟာ လူသားတွေရဲ့ ယဉ်ကျေးမှုအဖြစ်သာမက ခက်ခဲတဲ့၊ အန္တရာယ်များတဲ့ ကာလတွေကို ကျော်ဖြတ်ရှင်သန်နိုင်ဖို့မှာလည်း သိပ်အရေးကြီးတယ် ဆိုတာပဲ။
🔳 တစ်ဦးကိုတစ်ဦး ကြင်နာမှ အစုအဖွဲ့လိုက် ရှင်သန်နိုင်မှာ ဖြစ်လို့ သဘာဝတရားကြီးက ကြင်နာစေချင်ပြန်တယ်။ အဲဒီအခါ ကြင်နာမှုတစ်ခုခု လုပ်လိုက်တာနဲ့ ကိုယ့်ဦးနှောက်ကနေ Feel-good hormones တွေ ထွက်လာစေပြန်ရော။
နေလို့ကောင်းသွားတယ်။ စိတ်ကြည်လင်သွားတယ်။ ရှင်သန်ရတာ အဓိပ္ပါယ်ရှိသလို ခံစားလာရတယ်။ တစ်ဦးနဲ့တစ်ဦးကြား နှောင်ဖွဲ့မှု ပိုအားကောင်းလာတယ်။ လုံခြုံတဲ့ ခံစားချက် ပိုရလာတယ်။ ဒီအခက်အခဲတွေကနေ ငါတို့လွန်မြောက်နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်လည်း ပိုခိုင်မာလာတယ်။
🔳 ပြဿနာက လောဘ၊ ဒေါသ၊ မာန်မာန၊ မနာလိုစိတ်၊ ရာထူး၊ အာဏာ၊ ငွေကြေး၊ နာမည်ကျော်ကြားမှုတို့အပေါ် တပ်မက်စိတ်၊ ဒါတွေနောက်ကို လိုက်မိရင်း တစ်ဦးကိုတစ်ဦး ကြင်နာရမယ့်အစား ချနင်းနေကြတာပဲ။
ကိုယ်အနိုင်ရတုန်းတော့ ပျော်သလို ရှိပေမဲ့ တကယ်တမ်း အတွင်းကျကျ စဉ်းစားကြည့်။ အထဲမှာ လစ်ဟာနေတာ၊ ကြောက်ရွံ့နေတာ၊ ထိတ်လန့်နေတာကို တွေ့ရလိမ့်မယ်။ လူ့အဖွဲ့အစည်းအတွက်လည်း ဆိုးရွားတဲ့ အရာတွေကိုပဲ ယူဆောင်လာမှာ ဖြစ်ပါတယ်။
🔳 ဒါကြောင့် ပြန်ချုပ်ရရင် -
💙 အမူအကျင့်ကောင်းတစ်ခု မွေးမြူချင်သလား။ တစ်ယောက်တည်း မလုပ်နဲ့။ သိပ်ခက်တယ်။ အမူအကျင့်ကောင်းတွေ ရှိတဲ့သူတွေနဲ့ များများပေါင်းလိုက်။ ပတ်ဝန်းကျင်နဲ့ အံဝင်လိုတယ် ဆိုတဲ့ လူရဲ့ ပင်ကိုယ်ဗီဇစိတ်ကို အသုံးချလိုက်တာပေါ့။ အလိုလိုနေရင်း ကိုယ်ပါ လိုက်လုပ်ဖြစ်သွားရော။ “You are the average of five people you spend the most time with.” ဆိုတဲ့စကားက

အဲဒီ Concept ကနေ လာတာ။
💙 ကျန်းမာချင်သလား။ အထိုင်မများစေနဲ့။ လှုပ်လှုပ်ရှားရှား လုပ်။ လှုပ်စေချင်လို့ကို လှုပ်ရင် ပျော်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးတာ။ ဒီတော့ များများလှုပ်ပေး။
💙 ရှင်သန်ရတာ အဓိပ္ပါယ်ရှိချင်သလား။ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူး ထင်နေတဲ့စိတ်တွေ ပျောက်သွားချင်သလား။ စိတ်လုံခြုံမှု ရချင်သလား။ အကြင်နာတရား ထား။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အကြင်နာတရားကလေးနဲ့ ဆက်ဆံ။ ကူညီနိုင်တာ ကူညီပေး။ ဒီလိုလုပ်စေချင်လို့ကို ပျော်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးထားတာ။
🔳 စိတ်ညစ်လို့၊ စိတ်ဖိစီးလို့၊ လမ်းပျောက်နေလို့ စသဖြင့် စသဖြင့် ပြဿနာတွေအတွက် အဖြေကို တခြားမှာ မရှာပါနဲ့။ မူးယစ်ဆေးမှာလည်း မရှိပါဘူး။ အရက်မှာလည်း မရှိသလို၊ ကလပ်တွေ၊ ဘားတွေမှာလည်း မရှိပါဘူး။
သဘာဝတရားက ကျွန်တော်တို့ ခန္ဓာကိုယ်ထဲတင် ထည့်ထားပေးပြီးသားပါ။ ကိုယ်က ထုတ်ယူသုံးစွဲနိုင်ဖို့ပဲ လိုတာပါ။
ဒေါက်တာ ဖြိုးသီဟ
၂၉.၆.၂၀၂၅

❤5
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#EIO
#Admin Team
📬သတင်းများပေးပို့ရန် @EagleInformationOperator

🙏4❤1