EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
❝Airstrike Report for Myanmar - ARM❞ ကို ၂၀၂၄ခုနှစ်တွင် စစ်​ကောင်စီ၏ စစ်ရာဇဝတ်မှု​မြောက်​သော ​လေ​ကြောင်းတိုက်ခိုက်မှုများအား ၂၄နာရီမပြတ် ​လေ့လာ​စောင့်ကြည့်ခြင်းနှင့် ရရှိလာ​သော ​လေ​ကြောင်းသတင်းအချက်လက်များအား ကြိုတင်သတိ​ပေးစနစ် (Early Warning) ကို အဓိကလုပ်​ဆောင်​နေကြ​သော Enemy Air Route (EAR) နှင့် Nationwide Air Scout (NAS) တို့မှ collaboration team အဖြစ်ပူးပေါင်းပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအား အထူးပြုလေ့လာတင်ပြနိုင်ရန် ရည်ရွယ်၍ စတင်ခဲ့သည်။

၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ခဲ့သော ၂၀၂၄ ဇွန်လမှ ၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများအား အထူးပြုလေ့လာနိုင်ရန်နှင့် တွေ့ရှိချက်များအား တော်လှန်ရေးအင်အားစုများထံ အကြံပြုမျှဝေနိုင်ရန် ရည်ရွယ်၍ မိမိတို့ လေကြောင်းကင်းထောက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြသော မြေပြင်တော်လှန်ရေးအင်အားစုများမှ ပေးပို့ထားသည့် အချက်အလက်များအား အဓိကအခြေခံကာ စုစည်း သုံးသပ် တင်ပြထားသည့်အတွက် မြေပြင်နှင့်နီးစပ်သောအချက်အလက်များဖြစ်သော်လည်း အနည်းငယ်ကွာခြားမှုရှိနိုင်ပြီး မြေပြင်တွင် ယခုထက်ပို၍ လေကြောင်းတိုက်ခိုက်မှုပိုမိုများပြားနိုင်ပါသည်။

လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေအား ရေတွက်ရာတွင် လေတပ်စခန်းတစ်ခုမှတက်၍ ပစ်မှတ်တည်နေရာအား တိုက်ခိုက်ပြီးနောက် လေတပ်စခန်းတစ်ခုသို့ ပြန်လည်ဆင်းသက်ခြင်းကို တစ်ကြိမ်ဟု သတ်မှတ်ကာ ကောက်ယူပြုစုထားသည်။

https://www.facebook.com/share/165qmoRM4j/