EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.53K photos
184 videos
24 files
5.88K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာမြို့ထဲမှလာသော စခအိမ်စီးကား(၃)စီးဖြင့် ဇလုပ်အဝိုင်းပတ်သို့‌ရောက်ရှိ‌နေသောစခများသည် အသွားအလာ ပြည်သူကားများကို အစစ်ဆေးပြုလုပ်‌နေကြောင်းသတင်းရရှိ။ #EIO Jun 13, 8:50AM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာမြို့ထဲမှလာသော စခအိမ်စီးကား(၃)စီးဖြင့် ဇလုပ်အဝိုင်းပတ်သို့‌ရောက်ရှိ‌နေသောစခများသည် အသွားအလာ ပြည်သူကားများကို အစစ်ဆေးပြုလုပ်‌နေကြောင်းသတင်းရရှိ။

Update - မုံရွာမြို့တွင်းသို့ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Jun 13, 9:50AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

မုံရွာ၊အီကို‌ကျောင်းနှင့်မိန်းကျောင်းကြားတွင် စခကင်းများရှိနေဆဲဖြစ်ကြောင်းသတင်းရရှိ။

မိဘပြည်သူများအနေဖြင့် ဂရုစိုက်၍သွားလာကြပါရန်🙏

#EIO
Jun 13, 10:25AM
📬သတင်းပို့ရန် @EagleInformationOperator
🙏3
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခများသည် ကူတောကြာပိုင်လမ်းဆုံနှင့် တောင်ပုံရွာထိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။

Update - လက်နက်ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်းထပ်မံသိရ။

#EIO
Jun 13, 10:24AM
📬သတင်းပို့ရန် @EagleInformationOperator
🙏3👍1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခများသည် မြောက်ဘက် တန်ပိုဟောင်းသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jun 13, 11:02AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨ဆားလင်းကြီး🚨

နမခမှ ထွက်လာသော စခသံပြားကာကားတန်းနှင့် Acid tank trucker ယာဉ်တန်းသည် မြောက်ယမားတံတားဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jun 13, 11:04AM
📬သတင်းပို့ရန် @EagleInformationOperator
👍4
🚨မုံရွာ🚨

မုံရွာနယ်၊ပုလ္လင်ကုန်းရွာမှ ထွက်လာသောစခများသည် ကြီးဗဒုံရွာ‌သို့‌ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jun 13, 11:12AM
📬သတင်းပို့ရန် @EagleInformationOperator
👍31
Forwarded from Nationwide Air Scout (A12)
မိတ္ထီလာ

မိတ္ထီလာရှမ်းတဲလေတပ်မှ Y-8 Military Transport Aircraft (1)စီး တောင်အရပ်သို့ ပျံတက်။

#NAS
Jun 13, 11:10AM
📡သတင်းပို့ရန် @infonas
👍2🙏1
🚨စစ်ကိုင်း🚨

အုန်းတော တကရ( ၆၀၀၅)မှ စခများသည် ဟောင်ဝပ်ဇာ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jun 13, 11:15AM
📬သတင်းပို့ရန် @EagleInformationOperator
🙏5
Forwarded from Nationwide Air Scout (A12)
တောင်သာ

မိတ္ထီလာရှမ်းတဲလေတပ်တက် Y-8 Military Transport Aircraft (1)စီး တောင်သာနယ်အရှေ့ခြမ်းဖြက်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Jun 13, 11:19AM
📡သတင်းပို့ရန် @infonas
👍3
Forwarded from Nationwide Air Scout (A12)
မြိုင်

မိတ္ထီလာရှမ်းတဲလေတပ်တက် Y-8 Military Transport Aircraft (1)စီး မြိုင်နယ်အရှေ့တောင်ခြမ်းဖြက်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Jun 13, 11:27AM
📡သတင်းပို့ရန် @infonas
👍3
Forwarded from Nationwide Air Scout (A12)
မြိုင်

မိတ္ထီလာရှမ်းတဲလေတပ်တက် Y-8 Military Transport Aircraft (1)စီး မြိုင်နယ်အလည်ကြောဖြက်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Jun 13, 11:29AM
📡သတင်းပို့ရန် @infonas
👍3
Forwarded from Nationwide Air Scout (A12)
ပုလဲ

မိတ္ထီလာရှမ်းတဲလေတပ်တက် Y-8 Military Transport Aircraft (1)စီး ပုလဲနယ်အနောက်ခြမ်းဖြက်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Jun 13, 11:33AM
📡သတင်းပို့ရန် @infonas
👍3
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ စခများသည် မှန်လုံကား(1)စီးဖြင့် တောင်ဘက်သို့ ထွက်ခွာသွားကြောင်းသတင်းရရှိ။

#EIO
Jun 13, 12:40PM
📬သတင်းပို့ရန် @EagleInformationOperator
👍3
မုံရွာထောင်ပြောင်းတွေကို အိုးဘိုထောင် ရောက်တာနဲ့ ထောင်ဝန်ထမ်းတွေက တစ်ယောက်ကို တုတ် နှစ်ချောင်းကိုင်ပြီး ကားပေါ်က ဆင်းလာတဲ့ အကျဉ်းသားတွေကို တုတ် တွေ မွစာကျေတဲ့အထိ ရို၊က် တယ်လို့ သိရပါတယ်။ခွေလဲ သွားတဲ့သူ အပြင်းအထန် ဒဏ်ရာ ရတဲ့သူတွေရှိပေမယ့် ဆေးကုသခွင့် ရမရ မသိရသေးပါဘူး။ စုံစမ်းပြီး ဝန်းရံပေးကြပါဦး

#နိုင်ကျဉ်း
#မုံရွာထောင်
#အိုးဘိုထောင်

#EIO
Jun 13, 6:00PM
📬သတင်းပို့ရန် @EagleInformationOperator
🙏21😢1
ကိုဝေမိုးနိုင်ကို အိုးဘိုထောင်ဘူးဝမှာတင် အကျဥ်းဝန်ထမ်းတွေ ဝိုင်းရိုက်

ဇွန်-၁၃၊၂၀၂၅။ဇေအောင်/People's Spring

မုံရွာထောင်ကနေပြောင်းရွှေ့လာတဲ့ ကိုဝေမိုးနိုင်ကို မန္တလေးအိုးဘိုအကျဥ်းထောင်က ဝန်ထမ်းတွေက ထောင်ဘူးဝမှာတင် ဝိုင်းရိုက်ခဲ့ကြောင်းအကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇွန်လ(၁၂)ရက်မနက်ပိုင်းက မုံရွာအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အိုးဘိုအကျဥ်းထောင်ရောက်တဲ့အချိန် ထောင်ဘူးဝမှာတင် အကျဥ်းဦးစီးဝန်ထမ်းတွေက ကိုဝေမိုးနိုင်ကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့အကျဥ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။

"ထောင်ဘူးဝမှာပဲ အကျဥ်းဝန်ထမ်းတွေက ကိုဝေမိုးနိုင်ကို ဝိုင်းပြီးရိုက်ကြနှက်ကြထိုးကြကြိတ်ကြ လုပ်ကြတယ်။ မျက်ခုံးကွဲသွားတဲ့ ဒဏ်ရာတွေရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။"လို့ အကျဥ်းထောင်နဲ့နီးစပ်တဲ့ အမည်မဖော်လိုသူအမျိုးသားတဦးက ပြောပါတယ်။

ကိုဝေမိုးနိုင် ရိုက်နှက်ခံရတဲ့ဖြစ်စဥ်ကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

မုံရွာအကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသားများအား မန္တလေးထောင်သို့ပို့ပြီး ရိုက်နှက်နှိပ်စက်ပြီးနောက် မြင်းခြံအကျဥ်းထောင်သို့ ထပ်ပို့လေ့ရှိကြောင်း၊အခုလည်း မန္တလေးထောင်သို့ ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်ကိုရှင်းသန့်က ဇွန်
၁၂ ရက်နေ့ကတည်းက ပြောခဲ့ပါတယ်။

"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်
တော်လေးကို စိုးရိမ်ပါတယ်။အဲဒါကြောင့်ပြည်သူ
လူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမ
ပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"လို့ ကိုရှင်းသန့်က တောင်းဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်မုံရွာမြို့မှာငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်တပ်ကနေ ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ် နှစ်
(၇၀) ကျော် ချမှတ်ထားပါတယ်။

မနေ့က ကိုဝေမိုင်းနိုင်နဲ့ တခြားနိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား နှစ်ရာခန့်ကို မန္တလေး၊ မကွေးနဲ့ မြင်းခြံထောင်တွေကို ပို့ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း
သားများကွန်ရက်(PPNM)ကသတင်းထုတ်ပြန်ထားပါတယ်။

(ကိုဝေမိုးနိုင်ကို ဆန္ဒပြပွဲတခုမှ တွေ့ရစဥ်။ ဓာတ်ပုံ-Wai Moe Naing's FB )
😢4
(ကိုဝေမိုးနိုင်ကို ဆန္ဒပြပွဲတခုမှ တွေ့ရစဥ်။ ဓာတ်ပုံ-Wai Moe Naing's FB )
2👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «မုံရွာထောင်ပြောင်းတွေကို အိုးဘိုထောင် ရောက်တာနဲ့ ထောင်ဝန်ထမ်းတွေက တစ်ယောက်ကို တုတ် နှစ်ချောင်းကိုင်ပြီး ကားပေါ်က ဆင်းလာတဲ့ အကျဉ်းသားတွေကို တုတ် တွေ မွစာကျေတဲ့အထိ ရို၊က် တယ်လို့ သိရပါတယ်။ခွေလဲ သွားတဲ့သူ အပြင်းအထန် ဒဏ်ရာ ရတဲ့သူတွေရှိပေမယ့် ဆေးကုသခွင့် ရမရ မသိရသေးပါဘူး။…»
🚨မုံရွာ🚨

မုံရွာတောင်မှလာသော စခအအအပြည့် မှန်လုံကား(1)စီးသည် စွမ်းရည်ထက်ဂိတ် ရပ်ထားကြောင်းသတင်းရရှိ။

#EIO
Jun 13, 6:07PM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာ မှ စခပခများသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jun 13, 7:10PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
🚨မုံရွာ🚨

မုံရွာမြို့ထဲမှလာသော စခအိမ်စီးကား(၂)စီးသည် မအူဂိတ် ရပ်ထားကြောင်းသတင်းရရှိ။

#EIO
Jun 13, 7:59PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
လတ်တလော အပြောများနေကြတဲ့ Sexual Harassment အကြောင်းကို အသိပညာပေးဖို့ဆိုရင် PSEA ကို အရင်ရှင်းပြဖို့ လိုပါလိမ့်မယ်။

🔹PSEA ဆိုတာဘာလဲ

PSEA (Protecting from Sexual Exploitation and Abuse) ကို မြန်မာလို အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံး ဘာသာပြန်ရမယ်ဆိုရင် "လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ ကာကွယ်ခြင်း" လို့ ပြောလို့ရပါတယ်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့သူတွေ (ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ပံ့ပိုးကူညီသူတွေ) က သူတို့ကူညီပံ့ပိုးပေးနေတဲ့သူတွေကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာ ဒါမှမဟုတ် အလွဲသုံးစားပြုတာမျိုး မလုပ်ရအောင် ကာကွယ်တားဆီးဖို့ ချမှတ်ထားတဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို ဆိုလိုတာပါ။

အဓိကရည်ရွယ်ချက်ကတော့ အကူအညီလိုနေတဲ့သူတွေ၊ အားနွဲ့သူတွေကို အကာအကွယ်ပေးဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ၊ အလွဲသုံးစားလုပ်တာတွေ မဖြစ်အောင် တားဆီးဖို့ပဲ ဖြစ်ပါတယ်။

ဆိုတော့ PSEA ရဲ့ sexual exploitation and abuse ဆိုတဲ့အထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုလို့ ခေါ်တဲ့ (Sexual Harassment - SH) လည်း အပါအဝင်ဖြစ်ပါတယ်။

"လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခြင်း" SH ဆိုတာ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒမပါဘဲ၊ ခွင့်ပြုချက်မပါဘဲ လိင်ပိုင်းဆိုင်ရာ သဘောသက်ရောက်တဲ့ စကားလုံးတွေ၊ အပြုအမူတွေ၊ ကိုယ်ထိလက်ရောက် ထိပါးနှောင့်ယှက်တာမျိုးကို ဆိုလိုပါတယ်။ ဒါတွေက အလုပ်ခွင်မှာဖြစ်စေ၊ ပညာရေးနယ်ပယ်မှာဖြစ်စေ၊ လူမှုပတ်ဝန်းကျင်မှာဖြစ်စေ ဖြစ်ပွားနိုင်ပါတယ်။

ဥပမာအားဖြင့်

စကားလုံးနဲ့ စော်ကားတာ (Verbal Harassment)
မသင့်လျော်တဲ့ လိင်ပိုင်းဆိုင်ရာ မှတ်ချက်တွေပေးတာ၊ နောက်ပြောင်တာ၊ မလိုလားအပ်တဲ့ ချီးကျူးစကားတွေနဲ့ ထိကပါးရိကပါး ပြောဆိုတာ။

အမူအရာနဲ့ စော်ကားတာ (Non-verbal Harassment ) ညစ်ညမ်းတဲ့ပုံတွေ၊ ဗီဒီယိုတွေ ပြသတာ၊ မသင့်လျော်တဲ့ အမူအရာတွေ လုပ်ပြတာ။

ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ပွတ်သပ်ပြီး စော်ကားတာ (Physical harassment)
ခွင့်ပြုချက်မရှိဘဲ ထိကိုင်တာ၊ ပွတ်သပ်တာ၊ ဖက်တာ၊ နမ်းတာ။

Others forms of harassment
အမြဲတမ်း နှောင့်ယှက်နေတာ၊ မကြိုက်ဘူးလို့ ပြောထားတာတောင် လိင်ပိုင်းဆိုင်ရာ ဆက်ဆံဖို့ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေအကြောင်း မကြာခဏ ပြောဆိုနှောင့်ယှက်နေတာ၊ ကိုယ်ရေးကိုယ်တာကို နှောင့်ယှက်တဲ့အထိ နောက်ကနေ တကောက်ကောက်လိုက်တာ။

Gender harassment
လူတစ်ဦးချင်းစီရဲ့ လိင် (ကျား/မ) ဒါမှမဟုတ် လိင်စိတ်ခံယူမှု (ဥပမာ - အမျိုးသား၊ အမျိုးသမီး၊ လိင်တူချစ်သူ၊ လိင်ပြောင်းလဲသူ စသဖြင့်) ကို အခြေခံပြီး ခွဲခြားဆက်ဆံတာ၊ မထီမဲ့မြင်ပြုတာ၊ ပြက်ရယ်ပြုတာ၊ မသက်မသာဖြစ်အောင် လုပ်ဆောင်တာ စတာတွေ ပါဝင်ပါတယ်။

မုဒိမ်းကျင့်မှု (Rape case) မှ မဟုတ်ပါဘူး ဒါတွေဟာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်းတွေပါပဲ။

ဒီလိုမျိုး စော်ကားနှောင့်ယှက်မှုတွေဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လုပ်ငန်းခွင် (သို့မဟုတ်) ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်တွေကိုပါ အဘက်ဘက်က ထိခိုက်ကျဆင်းစေပါတယ်။

ကျွန်မတို့နိုင်ငံမှာတော့ ဒီလိုမျိုးကိစ္စတွေ ဖြစ်လာပြီဆိုရင် ကျူးလွန်ခံရသူကို အပြစ်တင်တာက အရင်စပါတယ်။ အပြင်လောကနဲ့ လူမှုကွန်ရက်တွေမှာ "အဲဒီလောက်လေးဖြစ်တာ အသားပါသွားလို့လား"၊ "ဘာဖြစ်သွားမှာမို့လို့လဲ"၊ "သူကရော ဘယ်လိုနေလို့လဲမှ မသိတာ" ဆိုတဲ့ ဝေဖန်အပြစ်တင်တဲ့ စကားလုံးတွေက ဒုနဲ့ဒေးပါ။ ခေတ်အဆက်ဆက် အသိပညာပေးမှုတွေ အားနည်းခဲ့တာလည်း ပါတာပေါ့။

အဲဒီလိုမျိုးတွေ ကြားရတဲ့အခါ ကျူးလွန်ခံရတဲ့သူရဲ့ရင်ထဲမှာ ဘယ်လောက်တောင် နာကျင်ခံစားရမလဲဆိုတာ စဉ်းစားကြည့်ဖူးကြပါသလား။

တချို့ဆိုရင် "ဘယ်သူက ခံရတာလဲ"၊ " ဘယ်လိုလုပ်ခံရတာလဲ" ဆိုပြီး ခရေစေ့တွင်းကျ မေးကြ၊ ဖော်ထုတ်ချင်ကြပါ‌သေးတယ်။ တကယ်တော့ ဒါတွေဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ အင်မတန်မှဆိုးရွားတဲ့ အပြုအမူပါပဲ။
...
....

🔺ဘာလို့ ဒီလိုမေးခွန်းတွေ မမေးသင့်တာလဲ။

PSEA (Protecting from Sexual Exploitation and Abuse) လို့ခေါ်တဲ့ "လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ ကာကွယ်ခြင်း" ဆိုင်ရာ မူဝါဒတွေမှာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာ၊ အလွဲသုံးစားပြုတာကို ခွင့်မပြုပါဘူးတဲ့။

လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုဆိုတာ ဒီအထဲမှာ အတိအကျ အကျုံးဝင်ပါတယ်။

"အသားပါသွားတာလား" ဆိုတဲ့ မေးခွန်းက အဆိုးဆုံး မေးခွန်းလို့တောင် ပြောလို့ရပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုဆိုတာ ကိုယ်ထိလက်ရောက် ကျူးလွန်တာမှ မဟုတ်ပါဘူး။ မျက်လုံးအကြည့်နဲ့ နှောင့်ယှက်တာ၊ စကားလုံးနဲ့ နှောင့်ယှက်တာ၊ မလိုလားအပ်တဲ့ အပြုအမူတွေနဲ့ နှောင့်ယှက်တာ... ဒါတွေအားလုံးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေပါပဲ။
👍2