EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.95K links
Download Telegram
🚨မုံရွာ🚨

မုံရွာနမခမှ ထွက်လာသော စခသံပြားကာကား (၃)စီးသည် စွမ်းရည်ထက်ဆီဆိုင်ဂိတ်တွင်ရပ်ထားကြောင်းသတင်းရရှိ။

#EIO
Jun 10, 5:35Am
📬သတင်းပို့ရန် @EagleInformationOperator
👍4
🚨မုံရွာ🚨

မုံရွာ‌တောင်၊ မအူဂိတ်မှ ထွက်လာသောလမ်းကင်း စခများသည် မအူဆီတန်းနှင့်တံတားဖြူတွင်ရောက်ရှိနေပြီး စွမ်းရည်ထက်ဂိတ်မှ စခများသည် မြန်မာ့မဏ္ဍိုင်ဆီဆိုင်နှင့် တောင်ဘက်သို့ လမ်းကင်းထွက်နေကြောင်းသတင်းရရှိ။

စွမ်းရည်ထက်ဆီဆိုင်ဂိတ်တွင်ရပ်ထားသော မုံရွာနမခ ထွက်စခသံပြားကာကား (၃)စီးတွင် (၂)စီးသည်အအပြည့်ပါပြီး၊ကျန်(၁)စီးသည် အအအနည်းငယ်ဖြင့် မြေနဲဖြတ်၍ မုံရွာမြို့ဘက်ပြန်လည်ဦး‌တည်‌နေ ကြောင်းသတင်းရရှိ။

#EIO
Jun 10, 5:48Am
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨

မုံရွာ‌တောင်၊ စွမ်းရည်ထက်ဂိတ်မှ စခခမ အအ (15)ကောင်ခန့်သည်၊အထုပ်ပိုးပါ၊လက်ပတ်နီများဝတ်ဆင်၍ ကူတောရွာထိပ်သို့ လမ်းကင်းထွက်နေကြောင်းသတင်းရရှိ။

Update - စွမ်းရည်ထက်ဂိတ်မှ စခအအ များသည် တောင်ပုံရွာထိပ်သို့ ရောက်ရှိနေကြောင်းထပ်မံသိရ။(အအပမာဏ မသိရသေးပါ။(6:34 AM)

Update -စခများသည် တောင်ပုံရွာဖြတ်၍ တောပုပျူရွာသို့ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။(6:46AM)

Update - တောပုပျူရွာသို့စတင်ဝင်ရောက်နေကြောင်းသတင်းရရှိ။(6:52AM)

#EIO
Jun 10, 6:31Am
📬သတင်းပို့ရန် @EagleInformationOperator
👍5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨မုံရွာ🚨 မုံရွာ‌တောင်၊ စွမ်းရည်ထက်ဂိတ်မှ စခခမ အအ (15)ကောင်ခန့်သည်၊အထုပ်ပိုးပါ၊လက်ပတ်နီများဝတ်ဆင်၍ ကူတောရွာထိပ်သို့ လမ်းကင်းထွက်နေကြောင်းသတင်းရရှိ။ Update - စွမ်းရည်ထက်ဂိတ်မှ စခအအ များသည် တောင်ပုံရွာထိပ်သို့ ရောက်ရှိနေကြောင်းထပ်မံသိရ။(အအပမာဏ မသိရသေးပါ။(6:34…»
#EIO (Eagle Information Operator)
ပြည်သူ့အကျိုးပြု မြေပြင်/လေကြောင်း {ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး}

(စစ်အာဏာရှင်စနစ်အား ပုဂ္ဂိုလ်အစွဲ၊အဖွဲ့အစည်းအစွဲ၊‌ဒေသအစွဲ မထားဘဲနည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်) ဆောင်ပုဒ် ဖြင့် မိမိတို့ #EIO {ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး} သည် ကျင့်ဝတ်စည်းကမ်းနှင့်အညီကိုယ်ထူကိုယ်ထ ရပ်တည်နေခြင်းဖြစ်ပါသည်။

မိဘပြည်သူများဘေးကင်းစေရေး နှင့် တော်လှန်ရေးရဲဘော်များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်အတွက် စခ ကားတန်းများ၊(စခ+ပခ)များ၏ တပ်တည်၊တပ်လှုပ် သတင်းများ၊မြေပြင်လှုပ်ရှားမှု သတင်းများနှင့် နေ့စဉ်ယုတ်မာရက်စက်‌နေသော စခများ၏ လေကြောင်းဖြတ်သန်းမှုများကို ပြန်လည်ဝေမျှပေးနိုင်ရန်အတွက် ယနေ့အချိန်ထိ ယုံကြည်စိတ်ချစွာ သတင်းများပေးပို့နေသော မိဘပြည်သူများနှင့် သတင်းပို့၊သတင်းယူ တော်လှန်ရေးရဲဘော်များအား အထူးကျေးဇူးတင်ပါသည်။

Be safe, Be strong, Be of help !

#EIO
#Admin (Founder)

သတင်းချန်နယ်ကြည့်ရှုရန် https://t.me/eagleinformation

သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်
http://t.me/EagleInformationOperator

သတင်းစကားဝိုင်း Chat group- https://t.me/+tsDZ-XpH__g0MjA9
5
🚨ပခုက္ကူ🚨

ပခုက္ကူ၊တမခ (101)မှ ထွက်လာခဲ့သော စခသံပြားကာကားများနှင့် ရိက္ခာကားတန်းများသည် ကမ္မ မှ အနောက်အရပ်သို့ စတင်ထွက်ခွာ‌နေကြောင်းသတင်းရရှိ။

#EIO
Jun 10, 7:13Am
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ တောင်သို့ လမ်းပိုင်းကင်းထွက်‌သော စခများသည် မအူဂိတ်သို့ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Jun 10, 8:20Am
📬သတင်းပို့ရန် @EagleInformationOperator
👍4
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာရောက် စခများသည် တောင်ဘက်စထွက်နေကြောင်းသတင်းရရှိ။

#EIO
Jun 10, 8:26Am
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨ကန့်ဘလူ🚨

ကန့်ဘလူမြောက်ခြမ်းပေါက်စိန်ကုန်းရွာမှ စခပခများသည် ကားလမ်းတလျောက်ခြေလျင် တောင်ဘက်သို့စထွက်နေကြောင်းသတင်းရရှိ။

#EIO
Jun 10, 8:12Am
📬သတင်းပို့ရန် @EagleInformationOperator
👍4
🚨မုံရွာ🚨

မုံရွာတောင်၊‌ ညောင်ဖြူပင်မှ စခများသည် အရှေ့အရပ်သို့ ဦးတည်ထွက်နေကြောင်းသတင်းရရှိ။အအ ပမာဏ မသိရသေးပါ။(8:39)AM

မုံရွာတောင်၊‌ ညောင်ဖြူပင်မှ စခများသည် ညောင်ဖြူပင်အရှေ့ဘက်တောတိုက်မှ အရှေ့အရပ်သို့ ဦးတည်ထွက်နေကြောင်းသတင်းရရှိ။ စခပခ အအ ခမ(100)ခန့်ဟု သိရ။။(8:39)AM

တောပုပျူရွာထွက်‌စစ်ကြောင်း နှင့် ညောင်ဖြူပင်ခွေးခြံထွက်စစ်ကြောင်း သည် မင်းဇရပ်အနောက်‌တောင်ဘက်တွင်(၂)ဖွဲ့ ပေါင်းသွားကြောင်း သတင်းရရှိ။(8:58)AM

တောပုပျူရွာထွက်စစ်ကြောင်းနှင့်ညောင်ဖြူပင်ထွက်စစ်ကြောင်းသည်မင်းဇရပ်တွင်ပေါင်းပြီး တောင်သို့ပြန်လည်ဦးတည်နေ။(9:04)AM

တောပုပျူရွာထွက်စစ်ကြောင်းနှင့်ညောင်ဖြူပင်ထွက်စစ်ကြောင်းသည်မင်းဇရပ်တွင်ပေါင်းပြီး တောပုပျူရွာသို့ စစ်ကြောင်း(1)ကြောင်းပြန်လည်ဝင်ရောက်ပြီးညောင်ဖြူပင်စခန်းသို့ စစ်ကြောင်း(1)ကြောင်းပြန်လည်ဝင်‌ရောက်ကြောင်းသိရ ။(9:50)AM


#EIO
Jun 10,
📬သတင်းပို့ရန် @EagleInformationOperator
👍5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ကန့်ဘလူ🚨 ကန့်ဘလူမြောက်ခြမ်းပေါက်စိန်ကုန်းရွာမှ စခပခများသည် ကားလမ်းတလျောက်ခြေလျင် တောင်ဘက်သို့စထွက်နေကြောင်းသတင်းရရှိ။ #EIO Jun 10, 8:12Am 📬သတင်းပို့ရန် @EagleInformationOperator
🚨ကန့်ဘလူ🚨

ကန့်ဘလူမြောက်ခြမ်းပေါက်စိန်ကုန်းရွာမှ စခပခများသည် ကားလမ်းတလျောက်ခြေလျင် တောင်ဘက်သို့ထွက်လာရာ ကံကြီးရွာဘက်သို့‌ဦးတည်နေကြောင်းသတင်းရရှိ။

Update - ကံကြီးရွာအတွင်းသို့ဝင်ရောက်‌ကြောင်းသိရ ။

#EIO
Jun 10, 8:45Am
📬သတင်းပို့ရန် @EagleInformationOperator
👍2🙏21
*သတိပေးထုတ်ပြန်ချက်*

မိမိတို့တပ်ရင်းမှ ထွက်သွားပြီးသော်လည်း တပ်ရင်းဓာတ်ပုံများအသုံးပြုကာအလှူခံခြင်း၊ တပ်ရင်းမှရဲဘော်ဖြစ်သေးကြောင်း လိမ်လည်အလှူခံခြင်းများ ပြုလုပ်သူများအား ပထမအကြိမ် သတိပေးမည်ဖြစ်ကာ သတိပေးပြီးနောက် ထပ်မံကျူးလွန်ပါက ပြည်သူ့အလှူငွေများ လိမ်လည်အလှူခံနေသော ရဲဘော်အမည်စာရင်းများအား ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

#96 Soldiers PDF - အညာတပ်ခွဲ

https://www.facebook.com/share/16ZwNs7EfL/
7👍5
🚨ရန်ကုန်🚨

ဆယ်မိုင်ကုန်းမီးပွိုင့်မှ ကျောက်ရေတွင်း သွားသည့်လမ်းဘက်တွင် ဆိုင်ကယ်(၁)စီးဖြင့် ဘဲဥ(၁)ကောင် ချောင်းနေ။

ဆယ်မိုင်ကုန်း မီးပွိုင့် ကင်းထဲတွင် ဘဲဥရှိ။

(၉)မိုင် အိုးရှင်း မီးပွိုင့်ထောင့် လင့်စင့်ကင်းအပေါ်တွင် စခ လက်နက်ပါ စောင့်ကြည့်နေ။

စွယ်တော်ဘုရားလမ်း၊ ရခ ဝင်းရှေ့တွင် ရခတစ်ကောင် ကင်းရှိနေကြောင်းသတင်းရရှိ။

နဝဒေးရုပ်ရှင်ရုံနား၊ ကျိုက်ဝိုင်းဘုရားလမ်း နှင့် စွယ်တော် လမ်းဆုံ အုတ်ပုံဆိပ် မီးပွိုင့်တွင် ဘဲဥ ချောင်းနေကြောင်းသတင်းရရှိ။ထပ်တိုး ဘဲဥ(၂)ကောင် ဘန်ကာအရှေ့တွင်ရှိ။

#EIO
Jun 10, 10:00Am
📬သတင်းပို့ရန် @EagleInformationOperator
2👍1
Forwarded from People's Spring
■Breaking News

ပုလဲမြို့နယ်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးကို ​တော်လှန်​ရေးတပ်​တွေပစ်ချ

ဇွန်-၁၀၊ ၂၀၂၅။​​နေ့သစ်/ People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့ ​မြေပြင်ကရဲ​ဘော်တွေဆီကသိရပါတယ်။

ပုလဲမြို့တွင်ရှိနေတဲ့ ရဲဘော်တစ်ဦးက"ပွိုင့် ၅ နဲ့ ပစ်ချနိုင်ခဲ့တာ"လို့​ပြောပါတယ် ။

လေယာဥ်မောင်းသူတွေလည်း သေဆုံးတယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

"၁၂နာရီ ၁၀မိနစ် လောက်မှာ ပျက်ကျတဲ့အသံကို ကြားလိုက်တယ်။ ကျတာကတော့ စပါးစီးနဲ့ လက်ပန်းကန်ကြားထဲမှာ ကြားထဲမှာလား။ စပါးစီးရွာထဲမှာလားမသိဘူး။ အိမ်တအိမ်မီးလောင်​နတယ်"လို့
တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတ‌ယ်။

စပါးစီးရွာဟာ မင်းတိုင်ပင်ရွာရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာလို့ သိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က
ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာစစ် ကောင်စီရဲ့ ဂျက်ဖိုက်တာ တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။
အသေးစိတ်အချက်အလက်​တွေကို ဆက်လက်ဖော်ပြပေးမယ်လို့လည်း​ဖော်ပြထားပါတယ်။

အဲဒီလေယာဉ်ဟာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာဖြစ်ပြီး ဒီနေ့မနက်မှာ ကျေးနင်း၊ ဇီးဖြူကုန်း၊ အင်မထီးရွာတွေကို လှည့်လည်ပစ်ခတ်နေတဲ့ ဂျက်ဖိုက်တာလို့ သိရပါတယ်။

ပုလဲ မြို့နယ်တိုက်ပွဲမှာရှိ​နေတဲ့အခြား ရဲဘော်တစ်ဦးကလည်း "ဂျက်ဖိုက်တာတစီး ပေါင်ငါးရာနှစ်လုံးချပြီး စပါးစေ့ရွာပေါ် ပျက်ကျတာ"လို့ လူထုနွေဦးကို​ပြောပါတယ် ။

"သူတစီးထဲကို ပတ်ပစ် နေတာဗျ။ ကျွန်တော်တို့ကာကင်းတွေ ပစ်ချလိုက်လို့လား၊ ရာသီဥတုကြောင့်လားတော့ မသိဘူး။ သူပျက်ကြချိန်မှာ မိုးလည်းနည်းနည်းရွာတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

"ဇီးဖြူကုန်းစခန်းသိမ်းတိုက်ပွဲကို ဒီမနက် ၅နာရီမှာ ချတာ။ MiG 29က လာပစ်ပြီး အင်အားဖြည့်တာကို ပစ်ချတာ။ စပါးကျီရွာဘက်ကို ကျသွားတယ်"လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ် ။

ပုလဲမြို့ရဲ့ အဓိကစခန်းတစ်ခုဖြစ်တဲ့ ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲကိုPLA ဦး​ဆောင်ပြီးပူး​ပေါင်းတပ်​တွေက ဇွန်လ၂ရက်၌ စတင်ပြီးတိုက်ခိုက်နေတာပါ ။ဇွန် ၁၀ ရက် နံနက်ပိုင်းမှာ​တော့ ကျန်စခန်းသိမ်းတိုက်ပွဲ​တွေကိုပါ ခရိုင် PDF တပ်ရင်း​တွေ နဲ့ ပူးပေါင်းတပ်​တွေ ကဦးဆောင် တိုက်ခိုက်နေပြီး ​တော့တိုက်​တွေအလွန်ပြင်းထန်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​စစ်​ကောင်စီကို ခုခံ​တော်လှန်​နေတဲ့ တော်လှန်​ရေးတပ်​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ်စုစု​ပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။

ရုပ်သံ -ပေးပို့
👍63
🚨မုံရွာ🚨

မုံရွာ၊နမခ မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jun 10, 2:30PM
📬သတင်းပို့ရန် @EagleInformationOperator
🙏5
🚨ဘုတလင်🚨

ဘုတလင်မြို့၊မိုး အဆောင်တွင်အထိုင်ချတပ်စွဲထားသော စခများသည် ဘုတလင်မြို့တွင်းသို့ အသွားအလာပြုလုပ်နေသော ပြည်သူ ယောက်ျားလေးများကို ဖမ်းဆီးနေကြောင်းသတင်းရရှိထားပါသည်။

မိဘပြည်သူများအားလုံး ဂရုစိုက်၍သွားလာကြပါရန်🙏

#EIO
Jun 10, 4:39PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊မုံရွေးတိုးဂိတ်မှ စခခမ အအ(၁၀)ခန့်သည် ဝါဆိုကျောင်းမှ အရှေ့တက်သွားကြောင်းသတင်းရရှိ။

#EIO
Jun 10, 4:54PM
📬သတင်းပို့ရန် @EagleInformationOperator
👍21
ပခုက္ကူနယ်မှာ စစ်အုပ်စု စက်တပ်လေထီးနဲ့ဗုံးကြဲလို့ အမျိုးသားတစ်ဦး သေဆုံး
‌ရိက္ခာယာဉ်တန်းရှေ့ဆက်နိုင်ဖို့ စစ်အုပ်စုက လေကြောင်းပစ်ကူအဖြစ် ကျေးရွာတွေကို ဗုံးသီးတွေ ကြဲချ တိုက်ခိုက် နေတာဖြစ်

အီသာရမ်/MFP ၊ ဇွန်-၁၀

ပခုက္ကူနယ် ကမ္မမြို့နဲ့မြစ်ခြေမြို့ကြားက ဆုံကုန်းကျေးရွာကို စစ်အုပ်စု စက်တပ်လေထီးနဲ့ဗုံးကြဲလို့ အမျိုးသားတစ် ဦးနေရာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ပခုက္ကူမြို့ အထိုင်တပ် တပ်မ ၁၀၁ ကနေ တက်လာတဲ့ စစ်အုပ်စု စက်တပ်လေထီးနှစ်စင်းက ကမ္မမြို့ပေါ်ကို ရောက် ရှိနေတဲ့ စစ်အုပ်စုစစ်ကြောင်းရှေ့ဆက်တတ်နိုင်ဖို့ လေကြောင်းပစ်ကူအဖြစ် ဇွန်လ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ ကျေးရွာတွေကို ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ အိမ်သာတတ်နေရင်း အပေါ်က ‌ဗုံးချတော့ သေသွားတာပေါ့။ ဒဏ်ရာရတဲ့တစ်ယောက်က ထန်းပင်ပေါ်တက် နေ တာတဲ့။ သူကတော့ ခိုက်မိတာပေါ့။ ပြုတ်တော့မကျဘူး ထန်းပင်ပေါ်တတ်နေတဲ့သူက မသေဘူး။ သေတာကအ မျိုးသား အိမ်ထောင်သည်ပေါ့။ ကလေးတစ်ယောက်ရှိတယ်” လို့ ‌ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းက ဆက်တိုက်ပျံဝဲနေသလို မြေပြင်မှာလည်း စစ်အုပ်စု စစ်ကြောင်းရှိနေတဲ့အတွက် စက်တပ်လေထီး နဲ့ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသွားတဲ့ အမျိုးသားကို ဒီနေ့မနက်မှာပဲ နယ်မြေအနေအထားအရ ဈာပ န အ ခမ်းအ နားမလုပ်နိုင်ဘဲ ချက်ချင်းသင်္ဂြိုဟ်လိုက်ရတယ်လို့ဆိုပါတယ်။

“လေကြောင်းကဆက်တိုက်ဝဲနေတော့ တစ်ခါတည်း သင်္ဂြိုဟ်ရတာ။ လူကတော့ စုတ်ပြတ်နေတာ မဟုတ်ဘူး။ မိ သားစုဝင်တွေကလည်း တအားကြေကွဲတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ ထန်းသမားတစ်ယောက်ကိုတော့ ဆေးကုသမှုပေးနေရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တဲ့ ဆုံကုန်းကျေးရွာမှာ ကမ္မမြို့နဲ့အနီးတစ်ဝိုက်က စစ်ဘေးရှောင်တွေရှိနေပြီး အဲဒီစစ်ဘေးရှောင်တွေကို စစ်အုပ်စုက ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ကမ္မဒေသတော်လှန်ရေး တပ် ပေါင်းစုကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ကမ္မမြိုပေါ်မှာ ပခုက္ကူတပ်မ ၁၀၁ ကနေ ပေါက်မြို့နယ်ကို သွားမယ့် စစ်အုပ်စုရိက္ခာယာဉ်တန်းရှိနေပြီး ရှေ့ပြေးစစ် ကြောင်းက ရှေ့ဆက်မတတ်ရဲတာကြောင့် ‌Y12 လေယာဉ်နဲ့ ဒီနေ့မနက် ကမ္မဒေသက မန်ကျည်းသုံးပင်၊ သံဘိုနဲ့ သစ်ပုလွေကုန်းကျေးရွာတွေကို ဗုံးသီး ၃၀ ကျော်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ကမ္မဒေသတော်လှန်ရေးတပ် ပေါင်း စုက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ကလည်း ကမ္မမြို့အနောက်ဘက်က ကျေးရွာတွေကို Y12 လေယာဉ်နဲ့ ဗုံးသီး ၃၀ ကျော်ကြဲချ တိုက်ခိုက်ကာ ပစ်ကူပေးခဲ့တာဖြစ်ပြီး ကျေးရွာနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တွေ နဲ့ ထ ရန်စဖော်‌မာတွေ ပျက်စီးခဲ့တယ်လို့ ‌ဆိုပါတယ်။

#Mandalay_Free_Press_MFP
2👍1😢1
ဆုတောင်း

ဝမ်းနည်းစရာတွေများတော့
ထပ်ပြီးဝမ်းနည်းဖို့ရာတောင် ဝမ်းနည်းနေမိ
ငိုစရာတွေများတော့
မျက်ရည်ကိုယ်တိုင်တောင် ထပ်ငိုနေမိ။

အဆိုးဆုံးဆိုတာတွေ
ကမ္ဘာပေါ် ရှိချင်ရှိပါလိမ့်ဦးမယ်
ဒီဝမ်းနည်းခြင်းတိုင်းပြည်မှာတော့
ဝမ်းနည်းခြင်းကိုပဲ
ဈေးမဆစ်နိုင်ဘဲ ဝမ်းနည်းခဲ့ရ။

နှစ်ရာထောင်ချီ
ဝမ်းနည်းခြင်းတွေသာ စိုက်ပျိုးခဲ့မှတော့
ဝမ်းနည်းခြင်းသီးပင်တွေပဲ
ပွင့်ခဲ့သီးခဲ့ရ။

ပျော်ရွှင်ခြင်းသစ်ပင်များ
မျိုးဆက်အဆက်ဆက်
ထွန်းကား စည်ပင် ပြန့်ပွားပါစေ။

ထူးညို
#တယ်လီကျန်းမာကဗျာ
👍2🫡1