Forwarded from MMWeather
သိသာထင်ရှားသော အာကောင်းသည့်လေဖိအားနည်းရပ်ဝန်း UPDATE
ဧပြီလ ၉ ရက် နေ့လည် ၁ နာရီ ခွဲ
====
ဧပြီလ ၁၁ ရက် ညပိုင်းမှာ အခုဖြစ်ပေါ်နေတဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း-အနောက်အလယ်ပိုင်းက အားကောင်းသော/သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်း(Well-marked Low Pressure Area)သည် ...
အိန္ဒိယနိုင်ငံ မိုးလေဝသဌာန(IMD)မှ ဒီနေ့ ဧပြီ ၉ ရက်နေ့မှာ ထွက်လာတဲ့ ထုတ်ပြန်ချက်အရ ပြောင်းလဲမှုမရှိပဲ မနေ့က ထုတ်ပြန်ချက်အတိုင်းရှိနေဆဲဖြစ်ပါတယ်။
IMD ထုတ်ပြန်ချက်အရ -
🔸 ဒီနေ့ မနက် ၉ နာရီမှ နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှတဆင့် မြောက်-အနောက်မြောက်ကို ဆက်ရွေ့မယ်၊ နောက် ၂၄ နာရီအတွင်းမှာတော့ မြောက်-အရှေ့မြောက်ဘက်ကို ချိုးကွေ့ပြီးတာနဲ့ နောက်တရက်အတွင်းမှာ တဖြည်းဖြည်းအားလျော့သွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
🔸 MJO Phase status including equatorial waves, Wind shear, Multi-models(ECMWF, NCEP, GFS, IMD-GFS မော်ဒယ်များ)ရဲ့ ခန့်မှန်းချက်အပါအဝင် Technical details တွေကိုတော့ ဒီမှာ ရှင်းမပြတော့ပါ၊ သိချင်ရင် ဖတ်နိုင်အောင် ပုံ တွဲပေးထားပါမယ်။
🔸 အိန္ဒိယမိုးလေဝသဌာနပြီးတော့ ECMWF model ကြိုတင်ခန့်မှန်းအရ ဧပြီလ ၁၁ ရက ည ၁၀ နာရီ ခန့်မှာ Well-marked LPA သည် စစ်တွေအနောက်ဘက် ၁၃၀ မိုင်ခန့်အထိရောက်လာနိုင်တာကြောင့် အဲ့ဒီ လေဖိအားနည်းရပ်ဝန်းရဲ့ ညာဘက် က မြန်မာနိုင်ငံမှာ နေရာအနှံ့ မိုးရွာနိုင်၊ နေရာကွက်ပြီး မိုးများနိုင်မဲ့ အခြေအနေတွေ တွေ့ရပါတယ်။
🔸 ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ဧရာဝတီတိုင်း-အနောက်ဘက် ကမ်းရိုးတန်းဒေသတွေမှာ လေ/မိုးပြင်းထန်နိုင်ပါတယ်။
🔸 မြန်မာနိုင်ငံအလယ်ပိုင်းက ငလျင်ဒဏ်သင့်ဒေသတွေမှာတော့ ဧပြီလ ၁၁ ရက် ည ၁၀ နာရီမှ နောက် ၂၄ နာရီအတွင်း မိုးများနိုင်ပါမယ်၊ ရွာသွန်းနိုင်တဲ့မိုးရေချိန် ၂၄ နာရီအတွင်း ၆၀ မီလီမီတာ(၂.၃၆ လက်မ)အထိ ရွာနိုင်ပါမယ်။
🔸 ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ မြောက်ဦး နဲ့ မင်းပြားဒေသတွေမှာလဲ ဧပြီလ ၁၁ ရက် ည ၁၀ နာရီမှ နောက် ၂၄ နာရီအတွင်း မိုးများနိုင်ပါမယ်၊ ရွာသွန်းနိုင်တဲ့ မိုးရေချိန် ၃၇ မီလီမီတာ(၁.၄၆ လက်မ)အထိ ရွာနိုင်ပါမယ်။
🔸 ကျန်ပြည်နယ်/တိုင်းဒေသတွေမှာတော့ မိုးအနည်းငယ်မှအသင့်အတင့်သာရွာနိုင်ကြောင်းခန့်မှန်းရပေမဲ့ ရွေ့လျားဝင်ရောက်လာတဲ့ မိုးတိမ်များလမ်းကြောင်းနဲ့ ထပ်တူကျတိုက်ဆိုင်ရင်တော့ နေရာကွက်ပြီး မိုးများနိုင်၊ လေပြင်းကျနိုင်မဲ့ အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်။
အထူးအသိပေးချင်တာ(Special warning)တခုကတော့ ငလျင်ဒဏ်သင့်ဒေသတွေမှာ နေထိုင်သော ပြည်သူများနဲ့ ကူညီကယ်ဆယ်ရေးအလုပ် လုပ်နေကြတဲ့ အဖွဲ့တွေအတွက်ပါဘဲ။
⚠️ ရေဘေး/လေဘေး/မီးဘေး နဲ့ ငလျင်ဘေး မတူပါဘူး၊
⚠️ ရေဘေး/လေဘေး/မီးဘေး ဆိုတာတွက မုန်တိုင်း၊ ရေကြီးတာနဲ့ မီးလောင်ပြီးသွားရင် ကယ်ဆယ်ရေးတွေကို မြေကြီးပေါ်မှာ ခြေနှစ်ချောင်း ရဲရဲဝံဝံ့ ရပ်တည်ပြီး အလုပ်လုပ်နိုင်ပါတယ်၊
⚠️ ငလျင်ဘေးကတော့ မြေကြီးထဲက မမြင်နိုင်တဲ့ ပြောင်းလဲမှုတွေရယ်၊ ဖယ်ရှားရှင်းလင်းခြင်းမပြုရသေးတဲ့ အဆောက်အဦတွေရယ် တကယ်ကို ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်သွားနိုင်ပါတယ်။
ခြေလှမ်းတိုင်းမှာ "SAFETY FIRST" ပါ

Forwarded from NAS-နပ်စ် လေကြောင်းရန်
Forwarded from MMWeather
Well-marked LPA အားကောင်းပြီး သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်း အခြေအနေ update
(ဧပြီ ၉ ရက် နေ့လည်၂ နာရီခွဲ)
🔸 နံနက် ၆ နာရီ ၃၀ မှ နေ့လည် ၁၂ နာရီ ၃၀(၆ နာရီအတွင်း မြောက်ဘက်သို့ ၁၁ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားသည်
🔸 အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကိုလ်ကတ္တားမြို့တောင်ဘက် မိုင် ၆၀၀ န့်၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဗဟိုပြုလျှက်ရှိသည်
🔸 ဗဟိုချက်အနီး လေတိုက်နှုန်း 25 knots(တနာရီ ၂၈.၈ မိုင်နှုန်းခန့်)ရှိသည်(DMINT, DPRINT latest 21 knots)
🔸 ဗဟိုဖိအား ၁၀၀၈ ဟက်တိုပါစကယ် ရှိနေသည်(၉ ရက်နေ့မနက် ၀၀၃၀ နာရီကထက် အနည်းငယ် ပြန်တက်သည်)

🚨 အရာတော် 🚨
(၃း၅၅) အချိန်တွင် အရာတော်နယ် ဆိပ်ဖူးကြီးရွာကိုရောက်ရှိနေသော စခ ပခများမှ ရွာထဲရှိပြည်သူနေအိမ်များကို ထပ်မံ၍မီးရှို့ဖျက်စီးနေကြောင်းသတင်းရရှိ။
#EIO
Apr 9, 4:27 Pm
📬သတင်းပို့ရန် @EagleInformationOperator

👍1
Forwarded from NAS-နပ်စ် လေကြောင်းရန်
👍1
Forwarded from NAS-နပ်စ် လေကြောင်းရန်
Forwarded from NAS-နပ်စ် လေကြောင်းရန်
Forwarded from NAS-နပ်စ် လေကြောင်းရန်
Forwarded from NAS-နပ်စ် လေကြောင်းရန်
ကနီ⚠
နမခတက် Paramotor အင်ဂျင်တပ်လေထီး (1) စီး ကနီနယ်တောင်ခြမ်းဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။
#NAS
Apr 9, 5:14PM
📡သတင်းပို့ရန် @infonas

၂၀၂၅ ခုနှစ် - စစ်ကိုင်းပြတ်ရွေ့ပေါ်မှ 7.7M ငလျင်ကြီး လှုပ်ပြီးသည့်နောက် ဧပြီလ ၉ ရက်၊ ညနေ ၅ နာရီ အထိ update အချက်အလက်များကို၊ ထိုင်းမိုးလေဝသဌာန၊ ငလျင်ဌာနမှ ရယူပါသည်၊ နောက်ဆက်တွဲငလျင်အကြိမ်ရေ ၄၁၇ ကြိမ် ရှိပြီဖြစ်ပါတယ်။
ပြင်းအား 1.0 မှ 2.9 = ၁၅၇ ကြိမ်
ပြင်းအား 3.0 မှ 3.9 = ၁၈၂ ကြိမ်
ပြင်းအား 4.0 မှ 4.9 = ၆၆ ကြိမ်
ပြင်းအား 5.0 မှ 5.9 = ၁၁ ကြိမ်
ပြင်းအား 6.0 မှ 6.9 = ၀ ကြိမ်
ပြင်းအား 7.0 = ၁ ကြိမ်
====
Post link https://www.facebook.com/tmd.go.th/posts/pfbid0WbKy4ai1e8m3uGguu8T4tKrBZhSXSAjjkYEkzsAmQCmc8LqTpaD5aFeCG7bA2BDl

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ပြည်သူ့အာဏာကို မတရားလုယူရန် ကြိုးစားခဲ့သည့်အချိန်မှစ၍ ပြည်သူ့အာဏာ ပြည်သူပြန်ရရေး အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည့် ပြည်သူလူထုသည် စစ်တပ်၏ နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နင်းမှုများကို နိုင်ငံအနှံ့အပြားတွင် ယနေ့အချိန်အထိ ကြုံတွေ့ ခံစားနေကြရပါသည်။
၂။ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ အင်အား (၇.၇) ပမာဏရှိသည့် ငလျင်ကြီး နှင့် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့မှုများကြောင့် များစွာသော ရဟန်းရှင်လူ ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြခြင်း နှင့် ဘုရားကျောင်းကန်၊ စေတီပုထိုးများ၊ ဘာသာရေးအဆောက်အအုံများနှင့် ပြည်သူပိုင် နေအိမ်အဆောက်အဦးများစွာ ပြိုကျပျက်စီးခဲ့သည့် အတွက် သဘာဝဘေးအန္တရာယ်ကပ်ဆိုး ကြုံတွေ့ခံစားနေကြရသည့် အချိန်ကာလဖြစ်ပါသည်။
၃။ လက်ရှိ သဘာဝဘေး ကြုံတွေ့ခံစားနေရသည့် အချိန်ကာလတွင်ပင် အကြမ်းဖက်စစ်ကောင်စီ သည် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကို နေ့စဉ်ရက်ဆက် လူသားမဆန်စွာ လုပ်ဆောင်နေဆဲဖြစ်ပါသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လက်ရှိကာလ ပူဆွေးဝမ်းနည်းနေရမှုများအတွက် ပြည်သူ မှ ပြည်သူ သို့ အချင်းချင်း အားပေးနှစ်သိမ့်ရန် ၁၃.၄.၂၀၂၅ မှ ၂၀.၄.၂၀၂၅ နေ့အထိ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပါသည်။
၅။ ငလျင်ဒဏ် နှင့် စစ်အာဏာရှင် ၏ မတရားညှင်းပန်းနှိပ်ဆက်ဒဏ်ကို ခံစာနေရသော နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများနှင့် အတူတကွရပ်တည်ကြောင်း၊ ဆုံးရှုံးမှုများအတွက် စာနာကြောင်းကို ပြသသည့်အနေဖြင့် မုံရွာမြို့နယ်အတွင်းရှိ ကာကွယ်ရေးအဖွဲ့ဝင်များ၊ ကာကွယ်ရေးအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ နှင့် ပြည်သူလူထု အနေဖြင့် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်တွင် ရေကစားမဏ္ဍပ်များပြုလုပ်၍ အသံချဲ့စက်များ ကျယ်လောင်စွာဖွင့်ခြင်း၊ ကခုန်သီဆိုပျော်ပါးခြင်းများ နှင့် ပျော်ပွဲရွှင်ပွဲများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် နှင့် အသက်ဆုံးပါးသွားသည့် ပြည်သူများ နှင့် ကျန်ရစ်သူ မိသားစုများအတွက် အောက်မေ့သတိရ ခွန်အားယူ ဆုတောင်းမှုများ ပြုလုပ်ခြင်း၊ ရေစက်ချ အမျှဝေခြင်း၊ သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သခြင်း နှင့် ကုသိုလ်ကောင်းမှုများ ရည်စူးပြုလုပ်ခြင်း စသည့် လူသားချင်းစာနာမှုဖြင့် ကျော်ဖြတ်နိုင်ကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
လေးစားမှုဖြင့်
မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးဦးဆောင်အဖွဲ့

EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ပြည်သူ့အာဏာကို မတရားလုယူရန် ကြိုးစားခဲ့သည့်အချိန်မှစ၍ ပြည်သူ့အာဏာ ပြည်သူပြန်ရရေး အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည့် ပြည်သူလူထုသည် စစ်တပ်၏ နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နင်းမှုများကို…»
Forwarded from NAS-နပ်စ် လေကြောင်းရန်