EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.75K photos
193 videos
27 files
6.12K links
Download Telegram
မုံရွာ⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး မုံရွာနယ်အနောက်ခြမ်းဖြတ်၍ တောင်အရပ်သို့ ပျံသန်း။

#NAS
Apr 4, 7:22PM
📡သတင်းပို့ရန် @infonas
👍1
ငလျင်ဖြစ်ပြီရနောက် စကားမပြောနိုင်ခြင်း (Earthquake Mutism) သို့မဟုတ်
စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ခြင်း (Traumatic Mutism)

ငလျင်ကြီးလိုမျိုး အပြင်းအထန် တုန်လှုပ်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ ကလေးငယ်တွေ စကားမပြောနိုင်တော့တာက တကယ်ဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါပဲ
ဒါကို "စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ခြင်း (Traumatic Mutism)" လို့ ခေါ်ကြပါတယ်။
အခုကတော့ ငလျင်ပြီးနောက်ဖြစ်တာမို့ "Post-earthquake Mutism " လို့ သတ်မှတ်ပါတယ် ။

ဒီ Topic ဟာ ကျွန်မ မရေးချင်ဆုံး ခေါင်းစဉ်တွေထဲက တစ်ခုပါ ။ ဒီလိုငယ်ရွယ်နုနယ်လှတဲ့ ကလေးငယ်တွေကို ကြီးမားတဲ့စိတ်ဒဏ်ရာတွေ မ‌ရစေချင်သလို အခုလို mutism ဖြစ်တဲ့အခါ မိဘဖြစ်သူတွေမှာ အလွန်ကို စိုးရိမ်သောက များရတာကို ကိုယ်ချင်းစာမိလို့ပါပဲ ။
အချို့က တီတီတာတာ စကားတတ်စကနေမှ လုံးဝကို အသံမထွက်တော့တာမျိုးရှိသလို ၊ အချို့က စကားပြောတတ်ရင်းကာနေမှပဲ တစ်ခွန်းစနှစ်ခွန်းစပဲပြောတော့တာ လုံးဝမပြောတော့တာမျိုးတွေ ဖြစ်တတ်ကြပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် မိဘအုပ်ထိန်းသူတွေအဖို့ အရူးမီးဝိုင်းခံစားရကြပါတယ် ။ 

Mutism ဘာကြောင့် ဖြစ်ရသလဲ?

-ကလေးတွေဟာ ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဖိစီးမှုဒဏ်ကြောင့် စကားပြောတာ ရုတ်တရက်ရပ်သွားတတ်ပါတယ်။ အထူးသဖြင့်
- ငလျင်လို ရုတ်တရက် ကြောက်စရာအခြေအနေမျိုး  
- အော်ဟစ်ငိုယိုမှုတွေ၊ အရမ်းထိတ်လန့်သွားမှုတွေ ကြုံရတဲ့အခါ  
- မိသားစုဝင်တစ်ဦးဦး ဒဏ်ရာရတာ (သို့) ပျောက်ဆုံးသွားတာ 
ဒီလို ကြောက်ရွံ့မှုတွေက စိတ်ထဲမှာ အကြီးအကျယ် စွဲကျန်နေပြီး စကားပြောဖို့ကိုတောင် အခက်အခဲဖြစ်စေပါတယ်။
သူတို့လေးတွေရဲ့ စိတ်ဖိစီးမှုတွေက စကားပြောဖို့ကိုတောင် မေ့သွားတဲ့အထိ ဖြစ်စေနိုင်သလို
ဘယ်အချိန်မှာ ဘာဖြစ်လာမလဲဆိုတာ မသိတော့တဲ့အတွက် လုံခြုံမှုမရှိဘူးဆိုတဲ့ ခံစားချက်က စကားပြောဖို့ကိုတောင် မဝံ့ရဲတာမျိုး ဖြစ်နိုင်ပါတယ်။

ဘယ်လိုကူညီကြမလဲ?

✔️အတင်းမနှစ်သိမ့်ပါနဲ့
   - "ပြောစမ်းပါဦး"၊ "ဘာဖြစ်လို့လဲ" "တစ်ခုခုတော့ပြောလ" ဆိုပြီး ဖိအားမပေးပါနဲ့။ 
သူတို့ စိတ်က‌လေးပြန်လည်သက်သာဖို့ အားယူဖို့ အချိန်ပေးပါ။  

✔️အနီးကပ်ထားပါ
   - ချီပွေ့ထားတာ၊ လက်ကိုင်ထားတာ၊ သူကြိုက်တဲ့အရုပ်နဲ့ အတူဆော့ပေးတာမျိုး လုပ်ပါ။ 
သူ့စိတ်ထဲမှာ လုံခြုံမှုရှိလာပြီလို့ သူခံစားရမှသာ ရင်ထဲကစကားတွေကို ထုတ်ပြောလာမှာ ဖြစ်ပါတယ်။

✔️စကားပြန်ပြောဖို့ပဲ အမြဲဖိအားမပေးပါနဲ့
   - သူ့ဘာသာသူ ပြန်စပြောတဲ့အထိ စောင့်ပေးပါ
တချို့ကလေးတွေ ရက်သတ္တပတ်အနည်းငယ်ကြာတတ်ပါတယ်။  
ကိုယ်ကတော့ တသမတ်တည်းဖြစ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ပေးနေပါ ။

✔️ဖော်ပြခွင့်ပေးပါ
သူတို့ရဲ့ ခံစားချက်တွေကို စကားနဲ့ ပြောပြဖို့ အခက်အခဲရှိနေတာဖြစ်လို့ ပုံဆွဲတာ၊ ကစားတာ စတဲ့ တခြားနည်းလမ်းတွေနဲ့ ဖော်ပြခွင့်ပေးပါ။

✔️အုပ်စုလိုက် ကူညီဖေးမခြင်း
ကလေးအချင်းချင်း စကားပြောလို့ရအောင် အုပ်စုလိုက် ကစားခြင်း၊ စကားပြောခြင်း စသည့် အစီအစဉ်များ လုပ်ပေးပါ။ ဒါမှသာ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး စိတ်ခံစားချက်တွေကို မျှဝေချင်စိတ်ပေါ်လာမှာပဲ ဖြစ်ပါတယ် ။

နောက်ဆုံးအချက်ကတော့ အမြဲပြောနေကျအတိုင်း 
✔️ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီကို ယူပါ၊ ဆွေးနွေးတိုင်ပင်ပါ။ ဒါဟာလည်း အရေးကြီးပါတယ် ။

မိဘအုပ်ထိန်းသူ/ စောင့်ရှောက့်သူတွေကို အဓိကပြောချင်တာက အရမ်းကြီး စိတ်မပူဖို့၊ စိုးရိမ်မလွန်ဖို့ပါ ။
ကလေး‌ငယ်လေးတွေဟာ ဖန်ထည်လေးတွေကို နုနယ်ပြီး ထိလွယ်ရှလွယ်ပေမယ့် ပြန်လည်သန်မာနိုင်စွမ်းလည်း ရှိကြပါတယ် ။

ကလေးငယ်တွေကို နားလည်ပေးမယ်၊ စိတ်ရှည်ရှည်ထားပြီး အားပေးမယ်ဆိုရင်... သူတို့လေးတွေ စကားပြန်ပြောလာဖို့ အချိန်ယူရနိုင်ပေမယ့် မှန်ကန်တဲ့ အကူအညီတွေနဲ့ ဂရုစိုက်မှုတွေပေးမယ်ဆိုရင်... ပြန်ကောင်းမွန်သက်သာလာမှာပဲဖြစ်ပါတယ်။

"သားသားရေ/ မီးလေးရေ ... မေမေ/ဖေဖေက ဒီမှာပဲရှိ‌နေမယ်နော်။ သားလေး/မီးမီးလေး စကားပြန်ပြောတဲ့နေ့ကို စောင့်နေမယ်..." 
ဆိုတဲ့ ရိုးရိုးရှင်းရှင်း ချစ်ခြင်းမေတ္တာကိုပဲ သားသားမီးမီးတို့ ခံစားမိပါစေရှင် 

ဒေါက်တာမီ

#2025MyanmarEarthquake
#MyanmarEarthquake
#RebuildMyanmar
#NUGEarthquakeassist
#NUGMyanmar
Forwarded from PSLF/TNLA News
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ တစ်ဖက်သတ်အပစ်ရပ်ပြီးသော်လည်း စစ်ကောင်စီတပ်မှ နောင်ချိုတွင် ထိုးစစ်ဆင်မှုများ ပြုလုပ်လာသောကြောင့် တိုက်ပွဲဖြစ်ပွား

တအာင်းပြည်၊ ဧပြီလ ၄ရက်
တအာင်းပြည်သတင်း

ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူထု၏ အခက်အခဲများကို စာနာထောက်ထားသောအားဖြင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဧပြီလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

အပစ်ရပ်ကြေညာခဲ့ပြီးသော်လည်း စစ်ကောင်စီတပ်မှ ဧပြီလ (၃)ရက် နေ့လယ် (၁၂း၀၀) နာရီ၀န်းကျင်တွင် စစ်ကောင်စီတပ်မှ စစ်ယာဉ်တန်း (၇)စီးနှင့် လူအင်အားဖြည့်တင်းပြီး အင်တောမှ ကျောက်ဂူ၊ တောင်ချေ၊ အမတ (၉၀၂) သို့ စစ်ကူအင်အားဖြည့်တင်းနေခဲ့သည်။ ထိုကြောင့် ယနေ့ နံနက် (၉း၅၅)နာရီအချိန်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ အမတ(၉၀၂) အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ပြင် သပိတ်ကျင်းမြို့နယ် (၇)မိုင်တွင်လည်း လေကြောင်း ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက်ကျဲချ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ဘက်တွင်လည်း ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ အပစ်ရပ်သည်ဟု ကြေညာခဲ့သည်။ ထို့ပြင် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ဟု ထုတ်ပြန်ကြေညာသော်လည်း ထိုးစစ်ဆင်ခြင်းနှင့် လေကြောင်းဖြင့် နေ့စဉ် အသုံးပြုတိုက်ခိုက်နေပါသည်။

ပြီးခဲ့သည့် မတ်လ (၂၈)ရက်တွင် ဖျက်အားပြင်းလှုပ်ခတ်သွားခဲ့သောငလျင်ဒဏ်ကြောင့် ယမန်နေ့ ဧပြီလ (၃)ရက်အထိ မြန်မာနိုင်ငံတဝန်းတွင် သေဆုံးသူ (၃၀၈၅)ဦး၊ ဒဏ်ရာရသူ (၄၇၁၅)ဦးနှင့် ပျောက်ဆုံးနေသူ (၃၄၁)ဦးအထိ ရှိခဲ့ပြီးဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
1
မုံရွာ နမခ(Delay)

နမခသို့ ယင်းမာပင်မြို့နယ်အရှေ့မြောက်ခြမ်းတွင်  (7:13PM&7:14PM) အချိန်တို့က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော Paramotor အင်ဂျင်တပ်လေထီး (1)စီး အနောက်အရပ်မှ ဆင်းသက်။ 

#NAS
Apri 4, 7:34PM
📡သတင်းပို့ရန် @infonas
👍1
မုံရွာ နမခ⚠️

နမခမှ Paramotor အင်ဂျင်တပ်လေထီး (1)စီး တောင်အရပ်သို့ပျံတက်။

#NAS
Apr 4, 8:55PM
📡သတင်းပို့ရန် @infonas
မုံရွာ နမခ⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး တဆ ၄/၃၀၀ ဖြတ်၍ မြောက်အရပ်သို့ပျံသန်း။

#NAS
Apr 4, 9:03PM
📡သတင်းပို့ရန် @infonas
မုံရွာ ⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး မုံရွာလေဆိပ်ဖြတ်၍ အနောက်မြောက်အရပ်သို့ပျံသန်း။

#NAS
Apr 4, 9:05PM
📡သတင်းပို့ရန် @infonas
ဘုတလင် ⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး ဘုတလင်နယ်အနောက်တောင်ခြမ်းဖြတ်၍ အနောက်မြောက်အရပ်သို့ပျံသန်း။

#NAS
Apr 4, 9:15PM
📡သတင်းပို့ရန် @infonas
ဘုတလင် ⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး ဘုတလင်နယ်အနောက်တောင်ခြမ်းဖြတ်၍ အနောက်တောင်အရပ်သို့ပျံသန်း။

#NAS
Apr 4, 9:23PM
📡သတင်းပို့ရန် @infonas
မုံရွာ နမခ

နမခသို့ ဘုတလင်မြို့နယ်အနောက်တောင်ခြမ်းတွင်  (9:18PM&9:19PM&9:20PM) အချိန်တို့က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော Paramotor အင်ဂျင်တပ်လေထီး (1)စီး အနောက်အရပ်မှ ဆင်းသက်။ 

#NAS
Apri 4, 9:44PM
📡သတင်းပို့ရန် @infonas
👍1
🚨မုံရွာ🚨

စွမ်းရည်ထက်ဂိတ်နှင့် မအူဂိတ်မှစခများသည် လက်နက်ငယ်များပစ်ဖောက်နေကြောင်း သတင်းရရှိ။

#EIO
Apr 4, 10:06PM
📬သတင်းပေးပို့ရန်
@EagleInformationOperator
👍1
🚨ဆားလင်းကြီး🚨

ဝမ်ပေါင် ဆည်တည်းရွာဟောင်းအနီးတွင် လက်ပံပင်ကင်းမျှော်စင်မှ ခွေးများသည် လက်နက်ငယ်များ ပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Apr 4, 10:23PM
📬သတင်းပေးပို့ရန်
@EagleInformationOperator
👍2
🚨မြင်းမူ🚨

မြင်းမူမြို့နယ်၊ပျော့ရွာမှ စကစများသည် ရေပေးဝေရေး ဆိုဒ် (၂) ခမ နေရာတွင်ရောက်ရှိ‌နေကြောင်းသတင်းရရှိ။

#EIO
Apr 5, 6:06Am
📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မအူဂိတ်မှစခများသည် မအူဆီတန်းနှင့်တံတားဖြူသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Apr 5, 6:33Am
📬သတင်းပို့ရန် @EagleInformationOperator
🚨စစ်ကိုင်း🚨

စစ်ကိုင်း တပ်မ (၃၃) မှ ထွက်လာသော သံပြားကာကား (၅) စီးသည် အုန်းတောဖြတ်၍အနောက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Apr 5, 6:46Am
📬သတင်းပို့ရန် @EagleInformationOperator
🚨ဆားလင်းကြီး🚨

ဝမ်ပေါင်မှထွက်လာသော ‌စစ်ခွေးအင်အား(၆၀)ခန့်သည်ဝမ်ပေါင် ပလောင်လမ်းခွဲ ဂိတ်မှ ထွက်၍ ဇာတ်ဆိပ်ဘက်ဦးတည်နေကြောင်း သတင်းရရှိ။

#EIO
Apr 5, 6:55Am
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨 မုံရွာ 🚨

စွမ်းရည်ထက်ဂိတ်မှ စခများသည်
ကူတောရွာ ရတနာမှန်ကျောင်းထိပ်တွင်ရောက်ရှိနေကြာင်း သတင်းရရှိ။

#EIO
Apr 5, 7:00Am
📬သတင်းပို့ရန် @EagleInformationOperator
👍1