“ကိုယ့်ကိုယ်ကိုယ် မညာဖို့”
🔳 မဇ္ဈိမ ပဋိပဒါ ဆိုတဲ့ အလယ်အလတ်လမ်းစဉ်ဟာ သိပ်အရေးကြီးတယ်။ ဘာလာလာ ကြားချဖို့တော့ မဟုတ်ဘူး။ အစွန်းရောက်မသွားအောင် အမြဲထိန်းညှိနေဖို့ ဖြစ်ပါတယ်။
တွေ့ရတတ်တဲ့ ဥပမာတချို့ကို ပြောပြမယ်။
📌 ၁။ အချိန်ရှိတုန်း ပျော်ပျော်နေလိုက်
ခုလိုနေ့မြင်ညပျောက် ဘဝကြီးမှာ ဘာကိုမှ ချုပ်တည်းမနေနဲ့ပေါ့။ မှန်သင့်သလောက်တော့ မှန်ပါတယ်။
အဲဒီလိုဆိုတိုင်း ကိုယ့်ပျော်ရွှင်မှုကိုပဲ ရှေ့တန်းတင်ရမယ်လို့တော့ မဟုတ်ဘူး။ ကိုယ်ချင်းစာတရားနဲ့ ထိန်းကွပ်ရမယ်။ အသက်ရှင်တုန်း၊ အလုပ်တွေ လုပ်နိုင်တုန်း၊ စီးပွားရှာနိုင်တုန်း၊ နာမည်ကြီးနေတုန်း အများအတွက် ဘာတွေလုပ်ပေးသွားမလဲ ဆိုတာကိုလည်း စဉ်းစားရမယ်။
📌 ၂။ ကိုယ်လုပ်နိုင်တာပဲ လုပ်
ကိုယ်မတတ်နိုင်တာတွေ များလာတဲ့အခါ စိတ်က ထိခိုက်လာတယ်။ အဲဒီအခါ Focus on the things you can control လို့ ပြောကြတယ်။ ကိုယ်တတ်နိုင်တာတွေ၊ ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာတွေကို အာရုံစိုက်ဖို့ပေါ့။
ဒီနေရာမှာလည်း ကိုယ့်ကိုယ်ကိုယ် မညာဖို့၊ မညှာဖို့ လိုပြန်တယ်။ တစ်ရာဖိုးလောက် တတ်နိုင်ပါလျက်နဲ့ တစ်ကျပ်ဖိုးလောက် လုပ်ပြီး ငါတတ်နိုင်တာ ဒါအကုန်ပဲလို့ ဖြည့်တွေးနေဖို့ မသင့်ဘူး။
ဘာမှ မလုပ်တာထက်စာရင်တော့ ဘုရားမှာ ယတြာချေပေးတာ၊ ဆုတောင်းပေးတာ၊ ပရိတ်ရွတ်ပေးတာတွေ လုပ်တာ ပိုကောင်းတယ်တဲ့။ လက်ခံတယ်။ အဲဒါ တကယ်ကို ဘာမှမတတ်နိုင်တဲ့ အဖိုးအဖွားတွေ လုပ်ဖို့ ထားလိုက်။ သန်တုန်း၊ မြန်တုန်း၊ လုပ်နိုင်ကိုင်နိုင်တုန်း လူတွေက လက်တွေ့ကျတဲ့ အကူအညီတွေ ပေးကြရလိမ့်မယ်။
တိုင်းပြည်က ဘယ်လိုဖြစ်နေပြီ ဘာညာ ထိုင်ညည်းညူနေရုံနဲ့ တိုးတက်သွားတဲ့တိုင်းပြည် တစ်ခုလောက်ရှိရင် ပြကြည့်။
ဒါကြောင့် နိုင်ရာဝန် ဆိုတာမှာ အပေါ့ဆုံးဝန် ရွေးထမ်းဖို့ မဟုတ်ဘဲ တိုးတိုးပြီး ထမ်းသွားဖို့ အရေးကြီးပါတယ်။
📌 ၃။ အပြစ်ရှိသလို ဖြစ်တဲ့ခံစားချက်
မနေ့က ဆောင်းပါးမှာလည်း ထပ်ရေးထားသေးတယ်။ လူပီသချင်ရင် အပြစ်ရှိသလို ခံစားချက်က ဖြစ်ကိုဖြစ်ရမယ်။ နောင်တ ဆိုတာ ရဖူးရမယ်။ သာမန်လူတွေနဲ့ Psychopath တွေကို ခြားနားပေးတဲ့ အချက်တစ်ချက်က အမှားလုပ်ပြီးရင်၊ ကိုယ့်ကြောင့် တစ်ယောက်ယောက် ထိခိုက်နစ်နာသွားခဲ့ရင် နောင်တရမရ၊ အပြစ်ရှိသလို ခံစားရမရ ဆိုတဲ့အချက်ပဲ။
သို့သော် လွန်သွားရင်တော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ ဆင်ခြင်ဖို့လိုတယ်။ လိုအပ်ရင် ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုမယ်။
📌 ၄။ အလုပ်ဖိလုပ်ပြီး ထွက်ပေါက်ပေးတာ
ဝမ်းနည်းစရာ တစ်ခုခုနဲ့ ကြုံတဲ့အခါ၊ ငါ ဘာမှမလုပ်ပေးနိုင်ပါလား ဆိုပြီး အားမရတဲ့စိတ်တွေ ဖြစ်နေကြတဲ့အခါ ထွက်ပေါက်ပေးတဲ့အနေနဲ့ အလုပ်တွေ ဖိလုပ်တယ်။ အာရုံလွှဲတဲ့သဘောလည်း ပါသလို၊ ကိုယ့်ကိုယ်ကိုယ် အသုံးကျအောင် နေတဲ့သဘောလည်း ပါတယ်။ ဒါမှလည်း စိတ်ကလေး နည်းနည်းအဆင်ပြေလာတာပေါ့။ ဒီ ၄ နှစ်ကျော်လုံး ကျွန်တော့်စိတ်ကို ထွက်ပေါက်ပေးခဲ့တဲ့နည်းလို့လည်း ပြောလို့ရတယ်။
တစ်ဖက်မှာလည်း ဘာမှမဖြစ်သလို ကိုယ့်ခံစားချက်တွေကို အတင်းပိတ်လှောင်ထားတာမျိုးတော့ မဖြစ်စေချင်ဘူး။ အသိအမှတ်ပြုရမယ်။ ရင်ဖွင့်သင့် ရင်ဖွင့်ရမယ်။ တစ်ခါတလေ ငိုချင်ငိုလိုက်။ ပေါက်ကွဲချင် ကွဲလိုက်။ ဒါမှ အဆင်ပြေလိမ့်မယ်။
📌 ၅။ အတင်းသန်မာပြနေတာ
အကြောင်းရင်းမျိုးစုံ ဖြစ်နိုင်တယ်။ ရန်သူတွေ ဝမ်းသာမှာစိုးလို့၊ ချစ်သူတွေ စိတ်ဆင်းရဲမှာစိုးလို့၊ ကိုယ့်ကို ကြည့်ပြီး အားယူနေရသူတွေ စိတ်ဓါတ်ကျမှာစိုးလို့၊ သူတစ်ပါးကို အပူတွေ မပေးချင်လို့ စသဖြင့်ပေါ့။
ကျွန်တော်ကိုယ်တိုင်လည်း ဒါကို သတိထားရတယ်။ ငါ့စာတွေကြောင့် လူတွေ စိတ်ခွန်အားရနေတာ၊ ငါက အရင်ပြိုလဲနေလို့ မဖြစ်ဘူး ဆိုပြီး အမြဲတွေးမိတယ်။ ဒါက တစ်ဖက်မှာ ခွန်အား။ တစ်ဖက်မှာလည်း အတင်းသန်မာပြနေရသလို ဖြစ်လာလို့။
နားသင့် နားတာ၊ ကိုယ်အဆင်မပြေရင် မပြေကြောင်း ပြောတာတွေက အမြဲသန်မာပြနေတာထက်စာရင် ပိုကောင်းပါတယ်။ Resilience ဆိုတဲ့ ကြံ့ခိုင်မှုကို အဓိပ္ပါယ်ဖွင့်တဲ့အခါ “Being able to bend, not break” လို့ ပြောကြတယ်။ ကွေးညွှတ်သွားမယ်၊ ဒါပေမဲ့ မကျိုးဘူး။
ဆိုလိုတာက စိတ်ပင်ပန်းစရာတွေနဲ့ ကြုံလည်း ဘာမှမဖြစ်ဘူး မဟုတ်ဘူး။ ဖြစ်တယ်။ ကွေးသွားမယ်။ ယိုင်သွားမယ်။ ဒါပေမဲ့ အပြီးအပိုင် ကျိုးကျမသွားဘူး။ ပြန်တည့်မတ်တယ်။ ပြန်ရှေ့ဆက်တယ်။ ဘယ်သူ့ကြောင့်၊ ဘာအကြောင်းကြောင့်နဲ့မှ ကိုယ်လုပ်မယ့်အလုပ်ကို မရပ်ပစ်လိုက်ဘူး။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲမပစ်လိုက်ဘူး။ ဒါကို Resilience မြင့်တယ်လို့ ခေါ်ကြတာပါ။
🔳 လိမ်တယ်၊ ညာတယ် ဆိုတာ မကောင်းပါဘူး။ သို့သော် သူတစ်ပါးကို ညာတာကမှ ကိုယ်က အမှန်သိနေသေးတဲ့အတွက် တချိန် ဝန်ခံကောင်း ဝန်ခံလိမ့်မယ်။ ဘေးလူတစ်ယောက်ယောက်က ဝင်ပြောလိုက်လို့ ပေါ်ကုန်တာလည်း ရှိမယ်။
ကိုယ့်ကိုယ်ကိုယ် ညာတာက ပိုသိမ်မွေ့ပါတယ်။ အခုရေးခဲ့တဲ့ ဥပမာတွေမှာဆို ဟိုဘက်နဲ့ဒီဘက်က ကြားမှာ လိုင်းပါးပါးကလေးပဲ ရှိတာပါ။ အမြဲထိန်းညှိနေရမယ် ဆိုတာ အဲဒါပြောတာ။
အစွန်းနည်းနည်းရောက်နေပြီ ထင်တာနဲ့ ပြန်ပြန်တည့်၊ တစ်ဖက်ဖက်ကို ချော်ထွက်နေပြီ သတိထားမိတာနဲ့ အလယ်ကို ပြန်ဆွဲခေါ်၊ ဒီလိုနဲ့ပဲ နေ့စဉ်ဘဝကို ရှင်သန်ကြရမှာ ဖြစ်ပါတယ်။

🔳 ခြုံပြောရရင်တော့ အတ္တလည်း မကြီးနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းပစ်မထားနဲ့ပေါ့။ ဒါပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၃.၄.၂၀၂၅
ဒေါက်တာ ဖြိုးသီဟ
၃.၄.၂၀၂၅
Forwarded from သတင်းမှန် ဖိုးစီ
❗မင်းမှာ သစ္စာ လူမှာ ကတိ❗
စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ရှုံးတပ်က ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်အခတ် ရပ်စဲထားမယ်လို့ ထုတ်ပြန် ပြောဆိုခဲ့ပေမယ့် ဧပြီလ ၃ ရက်နေ့ ဒီကနေ့ ညပိုင်းမှာတော့ စစ်ရှုံးကောင်စီရဲ့ မုံရွာမြို့ အခြေစိုက် နမခမှ တက်လာတဲ့ အင်ဂျင်တပ်လေထီး (Paramotor) နဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာတွေကို ည ၉ နာရီ ၃၁ မိနစ်၊ ၃၅ မိနစ်နဲ့ ၃၆ မိနစ် အချိန်တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရတယ်။
ဒါ့အပြင် ဧပြီလ ၃ ရက်နေ့ ဒီကနေ့ ည ၈ နာရီမှ ည ၁၀ နာရီအထိ မုံရွာမြို့ အခြေစိုက် နမခ တပ်နယ်မှ နမခရဲ့ မြောက်ဘက်နဲ့ အနောက်မြောက်ဘက်ရှိ ကျေးရွာတွေကို ၁၂၀ မမ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေကြောင်း၊
အဆိုပါ တိုက်ခိုက်မှုတွေကို ကစထ (၁) မှူးရဲ့ ညွှန်ကြားချက်အရ မုံရွာ၊ အလုံမြို့သားဖြစ်သူ ချီးပုံးထမ်း နမခ တိုင်းမှူး ဝက်ဘီလူး မျိုးမင်းထွေးရဲ့ အမိန့်နဲ့ တိုက်ရိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နမခ ဖရဲသီးထံမှ သိရှိရပါတယ်။
#4C_TruthNews

👍2💯2
🔴 ငလျင်သတိပေးချက်! 🔴
ပြင်းအား : 3.4
တည်နေရာ : Kaw Bat Chan, တောင်ငူ ဒေသ, ပဲခူး တိုင်း, မြန်မာနိုင်ငံ
ကိုဩဒိနိတ် : 19.0600, 96.5130
အနက် : 10.0 ကီလိုမီတာ
ငလျင်လှုပ်ချိန် : 2025-04-04 00:47:33 (ရန်ကုန်အချိန်)
သတိပေးချိန် : 2025-04-04 00:56:52 (ရန်ကုန်အချိန်)
Google Maps : https://www.google.com/maps?q=19.06,96.513
နောက်ထပ်အချက်အလက်များ: https://earthquake.tmd.go.th/inside-info.html?earthquake=13397

19°03'36.0"N 96°30'46.8"E
Find local businesses, view maps and get driving directions in Google Maps.
🚨မုံရွာ🚨
မအူဂိတ် နှင့် လမ်းမကြီးတလျှောက်တွင် စစ်ခွေးများနှင့် ဟောင်သောခွေးများရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အသွားအလာအထူးဂရုစိုက်ကြပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။
#EIO
Apr 4, 5:50Am
📬သတင်းပို့ရန် @EagleInformationOperator

👍2🙏1
🚨မြင်းမူ🚨
မြင်းမူမြို့နယ်၊ပျော့ရွာမှ အနောက်ဘက်သို့ ခြေလျင် ထွက်လာသော စကစ ခမ အအ (၂၀)ခန့် သည် သနပ်ခါးခြံ နားတွင် ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Apr 4, 6:00Am

🚨စစ်ကိုင်း🚨
ညောင်ပင်ဝန်းခွေးခြံမှထွက်လာသောစခများသည် ညောင်ပင်ဝန်းရွာထိပ်ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Apr 4, 6:15Am

EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မြင်းမူ🚨 မြင်းမူမြို့နယ်၊ပျော့ရွာမှ အနောက်ဘက်သို့ ခြေလျင် ထွက်လာသော စကစ ခမ အအ (၂၀)ခန့် သည် သနပ်ခါးခြံ နားတွင် ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Apr 4, 6:00Am 📬သတင်းပို့ရန် @EagleInformationOperator
🚨မြင်းမူ🚨
မြင်းမူမြို့နယ်၊ပျော့ရွာမှ အနောက်ဘက်သို့ ခြေလျင် ထွက်လာသော စကစ ခမ အအ (၂၀)ခန့် သည်ရွာထောင်ဇရပ်နားတွင် ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Apr 4, 6:10Am
📬သတင်းပို့ရန် @EagleInformationOperator
မြင်းမူမြို့နယ်၊ပျော့ရွာမှ အနောက်ဘက်သို့ ခြေလျင် ထွက်လာသော စကစ ခမ အအ (၂၀)ခန့် သည်ရွာထောင်ဇရပ်နားတွင် ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Apr 4, 6:10Am
📬သတင်းပို့ရန် @EagleInformationOperator
🚨မြင်းမူ🚨
(၀၆:၀၅)အချိန်တွင်ပျော့ရွာမှကင်နာကားဖြင့်အနောက်ထွက်သောစခများသည်ပျော့ရွာနှင့်ထီးဆောင်းကြားရှိဉီးကျော်ဘကုန်းနားတွင်ရောကိရှိနေကြောင်းသတင်းရရှိ။
(၀၆:၁၀)အချိန်တွင်ပျော့ရွာပေါက်မှစခများသည်ပြည်သူအသွားအလာများကိုအစစ်ဆေးပြုလုပ်နေကြောင်းသတင်းရရှိ။
#EIO
Apr 4, 6:20Am

မြင်းမူနယ်၊ဝမ်းပြည့်ရွာ အောင်မဂ်လာအနီးတွင်စခများသည်ကင်းပုန်းဝပ်နေကြောင်းသတင်းရရှိ။
#EIO
Apr 4, 6:50Am

EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨မုံရွာ🚨 မအူဂိတ် နှင့် လမ်းမကြီးတလျှောက်တွင် စစ်ခွေးများနှင့် ဟောင်သောခွေးများရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အသွားအလာအထူးဂရုစိုက်ကြပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ #EIO Apr 4, 5:50Am 📬သတင်းပို့ရန် @EagleInformationOperator»
Forwarded from NAS-နပ်စ် လေကြောင်းရန်
🚨ချောင်းဦး🚨
ခင်မွန် ဘက်စုံခြံမှ စစ်ခွေးများသည် ရာပြည့်ဦးကွမ်းယာဆိုင် အနီး နှင့် ခင်မွန်ဆိုင်းဘုတ်အနီးတွင် နှစ်ဖွဲ့ခွဲထားကြောင်းသတင်းရရှိ။
#EIO
Apr 4, 7:12Am
📬သတင်းပို့ရန် @EagleInformationOperator
ခင်မွန် ဘက်စုံခြံမှ စစ်ခွေးများသည် ရာပြည့်ဦးကွမ်းယာဆိုင် အနီး နှင့် ခင်မွန်ဆိုင်းဘုတ်အနီးတွင် နှစ်ဖွဲ့ခွဲထားကြောင်းသတင်းရရှိ။
#EIO
Apr 4, 7:12Am
📬သတင်းပို့ရန် @EagleInformationOperator
🚨အသိပေးနှိုးဆော်ချက်🚨
(မုံရွာ-မန်းလေး)လမ်းမကြီးတလျှောက်တွင် စခများသည် ခြေရှုပ်နေခြင်း၊လမ်းပိုင်း-ကင်းများ လုံခြုံရေး နေရာယူထားကြောင်း သတင်းရရှိထားပါသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြပါရန် #Eagle Information Operator အဖွဲ့သားများမှအနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။
#EIO
#Admin Team
📬သတင်းပို့ရန် @EagleInformationOperator
(မုံရွာ-မန်းလေး)လမ်းမကြီးတလျှောက်တွင် စခများသည် ခြေရှုပ်နေခြင်း၊လမ်းပိုင်း-ကင်းများ လုံခြုံရေး နေရာယူထားကြောင်း သတင်းရရှိထားပါသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြပါရန် #Eagle Information Operator အဖွဲ့သားများမှအနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။
#EIO
#Admin Team
📬သတင်းပို့ရန် @EagleInformationOperator
Forwarded from NAS-နပ်စ် လေကြောင်းရန်
🚨မုံရွာ🚨
မုံရွာ၊နမခမှ Acid tank truckerယာဥ်တန်းနှင့်စခသံပြားကားများသည် တောင်အရပ်သို့စတင်ထွက်ခွာလာကြောင်း သတင်းရရှိ။
#EIO
Apr 4, 7:30Am
📬သတင်းပို့ရန် @EagleInformationOperator
မုံရွာ၊နမခမှ Acid tank truckerယာဥ်တန်းနှင့်စခသံပြားကားများသည် တောင်အရပ်သို့စတင်ထွက်ခွာလာကြောင်း သတင်းရရှိ။
#EIO
Apr 4, 7:30Am
📬သတင်းပို့ရန် @EagleInformationOperator
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ Acid tank truckerယာဥ်တန်းနှင့်စခသံပြားကားများသည် တောင်အရပ်သို့စတင်ထွက်ခွာလာကြောင်း သတင်းရရှိ။ #EIO Apr 4, 7:30Am 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨
မုံရွာ၊နမခမှ Acid tank truckerယာဥ်တန်းနှင့်စခသံပြားကားများသည်ဘုရားနီလမ်းကျော်၍ တောင်အရပ်သို့ထွက်ခွာလာကြောင်း သတင်းရရှိ။
#EIO
Apr 4, 7:45Am
📬သတင်းပို့ရန် @EagleInformationOperator
မုံရွာ၊နမခမှ Acid tank truckerယာဥ်တန်းနှင့်စခသံပြားကားများသည်ဘုရားနီလမ်းကျော်၍ တောင်အရပ်သို့ထွက်ခွာလာကြောင်း သတင်းရရှိ။
#EIO
Apr 4, 7:45Am
📬သတင်းပို့ရန် @EagleInformationOperator
‼️အထူးမေတ္တာရပ်ခံချက်‼️
စခယာဉ်တန်းများဖြတ်သန်းချိိန်တွင် စခယာဉ်တန်းများအနီး နေထိုင်ခြင်း၊ အတူလိုက်ပါ မောင်းနှင်ခြင်း (လုံးဝလုံးဝ) မပြုလုပ်ကြပါရန်နှင့် စခဂိတ်များ အနီးတွင် ကြာမြင့်စွာ နေထိုင်ပြောဆိုခြင်းများမပြုလုပ်ကြပါရန်၊မိဘပြည်သူများနှင့်ခရီးသွားပုဂ္ဂိုလ်များ၊တော်လှန်ရေးရဲဘော်များအနေဖြင့် မလွှဲမရှောင်သာဖြတ်သန်းသွားလာရမည်ဆိုပါကလည်း မြေပြင်သတင်းများချန်နယ်များ၊သက်ဆိုင်ရာဒေသခံတော်လှန်ရေးအဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး အသိပေးချက်၊သတိပေးချက် သတင်းများကို ပြည်သူအချင်းချင်း ရိုင်းပင်းကူညီ၍ မိမိရရှိသောသတင်းများအားပြန်လည်၍ အသိပေးဝေမျှခြင်းများပြုလုပ်ကြပါရန် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။
#Admin Team
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)