EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.55K photos
184 videos
25 files
5.94K links
Download Telegram
🚨မြင်းမူ🚨

အလ္လကပ္ပရွာထိပ်ရှိစာသင်ကျောင်းပေါက်မှနေ၍ စခ များမှ ပြည်သူပိုင်ဆိုင်ကယ်များကိုအစစ်ဆေးပြုလုပ်ပီး ကားများကို ပိုက်ဆံတောင်းနေကြောင်းသတင်းရရှိ

#EIO
Mar.17,9:15am
📬သတင်းပို့ရန် @EagleInformationOperator
မုံရွာ/နမခ⚠️

နမခမှ Paramotor အင်ဂျင်တပ်လေထီး (1)စီး အနောက်တောင်အရပ်သို့ ပျံတက်။

#NAS
Mar 17, 9:35AM
📡သတင်းပို့ရန် @infonas
🚨မြင်းမူ🚨

ဒို့မြန်မာကျော်ဆီဆိုင်မှစခများသည်အလ္လကပ္ပရွာအရှေ့ပွိုင့်ရောက်ရှိနေပြီးလက်နက်ငယ်များပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Mar 17, 9:27Am
📬သတင်းပို့ရန် @EagleInformationOperator
#EIO တယ်လီဂရမ်ချန်နယ်နှင့် Fb page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများဘေးကင်းစေဖို့အတွက် အချိန်နဲ့တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန် နယ်ပေါင်းစုံ၊ဒေသပေါင်းစုံမှ အိုင်အိုများ၊ပြန်ကြားရေးများ၊သတင်းတာဝန်ခံများ အားလုံးစုဖွဲ့ပြီးသတင်းပို့၊သတင်းယူ၊ဖြန့်ဝေခြင်းများ လုပ်ကိုင်နေကြခြင်းဖြစ်ပါသည်။ #EIO မှတင်ထားသော သတင်းအချက်အလက်၊အချိန်များကို ကူးယူသည့်အခါတွင် ပြင်ဆင်ဖြည့်စွက်ခြင်းမပြုဘဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပေးပါ။မိဘပြည်သူများနှင့်ရဲ‌ဘော်များအနေဖြင့်လည်း #EIO အားယုံကြည်စိတ်ချစွာသတင်းများပေးပို့နိုင်ပါသည်။

#Admin Team
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်
@EagleInformationOperator
မုံရွာ နမခ⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး ထပရ ၉၂၉ ဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Mar 17, 9:57AM
📡သတင်းပို့ရန် @infonas
ဘုတလင်⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး ဘုတလင်နယ်အနောက်တောင်ခြမ်းဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Mar 17, 10:01AM
📡သတင်းပို့ရန် @infonas
👍1
ကနီ⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး ကနီနယ်အရှေ့တောင်ခြမ်းဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Mar 17, 10:18AM
📡သတင်းပို့ရန် @infonas
ကနီ⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး ကနီနယ်တောင်ခြမ်းဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Mar 17, 10:20AM
📡သတင်းပို့ရန် @infonas
မုံရွာ နမခ

နမခသို့ Paramotor အင်ဂျင်တပ်လေထီး (1)စီး မြောက်အရပ်မှ ဆင်းသက်။

#NAS
Mar 17, 10:52AM
📡သတင်းပို့ရန် @infonas
🚨မြင်းမူ🚨

အရှေမှလာသောအိမ်စီးကား၁စီးနဲ့ စခများသည်အလ္လကပ္ပရွာရှိ ရွှေအိမ်စံခေါင်းရင်းကနေ မြောက်သို့သွားနေကြောင်းသတင်းရရှိ

#EIO
Mar.17,11:04am
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨ကန့်ဘလူ🚨

ကန့်ဘလူမြို့နယ် ယမနေအထိုင်မှထွက်‌လာသော စကစ+ပျု အင်အား (၃၀)ခန့်သည်ဇာဒီခွေးခြံသို့ရောက်ရှိပြီးဇာဒီခွေးခြံမှတဆင့် ဇီးကုန်းသကြားစက်ခွေးခြံထဲသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိ

#EIO
Mar.17,10:40am
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

နမခမှထွက်လာသော စခ အင်အား(၄၀)ခန့်သည်ကြီးဗဒုံကျေးရွာသို့ရောက်ရှိနေပြီးပြည်သူဖုန်းတလုံးသိမ်းသွားကြောင်းသတင်းရရှိ

#EIO
Mar.17,11:12am
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မြင်းမူ🚨

ဒို့မြန်မာကျော်ဆီဆိုင်မှထွက်လာသောစခများသည်အလ္လကပ္ပရွာမြောက်ပိုင်းရှိပြည်သူအိမ်ကိုမွှေနေကြောင်းသတင်းရရှိ

#EIO
Mar.17,11:13am
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မြင်းမူ🚨

ဒို့မြန်မာကျော်ဆီဆိုင်မှထွက်လာသောစခများသည်အလ္လကပ္ပရွာမြောက်ပိုင်းရှိပြည်သူအိမ်များကိုမွှေနှောက်ပြီးပြည်သူများကိုဖမ်းဆီးသွားကြောင်းသတင်းရရှိ

#EIO
Mar.17,11:50am
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

နမခ ခွေးခြံ မှထွက်လာသောစခ(၃၀)ခန့်သည်ဦးသာဘုံကိုင်းရွာ၏တောင်ဘက်အုတ်စက်ကွင်းသို့ရောက်ရှိနေကြောင်းသတင်းရရှိ

#EIO
Mar.17,11:54 am
📬သတင်းပို့ရန် @EagleInformationOperator
👍1
📣📣 အပူချိန် အလွန်အမင်း မြင့်တက်ခြင်းနှင့် စပ်လျဉ်းသည့် သတိပေးချက်

☀️ ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ပြင်းထန်သည့် အပူလှိုင်းဖြတ်ခြင်း အပါအဝင် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုဖြစ်စဉ်များသည် ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပွားလျက်ရှိပါသည်။ ၂၁ ရာစု အစောပိုင်းကတည်းကပင် ကမ္ဘာကြီးသည် ၁ ဒီဂရီ ဆဲလ်စီယပ်ခန့် ပိုမိုပူနွေးလာကြောင်း သုတေသန လေ့လာမှုများအရ တွေ့ရှိရပါသည်။

☀️ ယင်းကဲ့သို့ အပူချိန် အလွန်အမင်း မြင့်တက်မှုများကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ အပူချိန် အလွန်အမင်း မြင့်တက်ခြင်းကြောင့် အရေပြားနေလောင်ခြင်း၊ ချွေးအလွန်အကျွံ ထွက်ခြင်း၊ ကြွက်တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အပူလွန်၍ သတိလစ်ခြင်းတို့အပြင် ပိုမိုပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။

☀️ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မြို့အများစုသည် ကမ္ဘာ့အပူဆုံးမြို့များ စာရင်းတွင် ပါဝင်လျက်ရှိပြီး အပူလွန်ကဲခြင်းကြောင့် အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်များမှာ မြို့ကြီးအများစုတွင် ဖြစ်ပွားလျက်ရှိသည်။

🚨 အပူချိန်နှင့် စိုထိုင်းဆကို တိုင်းတာသည့် အညွှန်းကိန်းများအရ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီယပ်နှင့် အထက်သို့ရောက်ရှိနေပါက အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည့်အတွက် အောက်ပါတို့ကို သတိပြု နေထိုင်သင့်ပါသည်။

👉 နေ့လည်ခင်း အချိန်တွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားပါ။ အထူးသဖြင့် အပူချိန် အပြင်းထန်ဆုံးဖြစ်သည့် နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအတွင်း နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့မှုမရှိအောင် နေထိုင်ရမည်။

👉 လေဝင်လေထွက်ကောင်းပြီး အရိပ်ရသည့် နေရာများတွင် နေထိုင်ပါ။

👉 ခန္ဓာကိုယ်၌ ရေဓာတ် အလုံအလောက် ရရှိစေရန်အတွက် ရေကို တတ်နိုင်သမျှ များများသောက်သုံးရမည်။ ရေဆာသည်အထိ မစောင့်ဘဲ ရေကို မကြာခဏ သောက်သုံးသင့်ပါသည်။

👉 မဖြစ်မနေ အပြင်သို့ ထွက်ရမည်ဆိုပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ နေရောင်ကာကွယ်သည့် လိမ်းဆေးရည်များ လိမ်းပြီးမှ အပြင်သို့ထွက်ပါ။

👉 ပြင်းထန်သည့် အားကစားလှုပ်ရှားမှုများနှင့် အရက်သေစာ သောက်စားမှုများကို ရှောင်ကြဥ်ပါ။

👉 ပွပွချောင်ချောင် အရောင်ဖျော့သည့် အဝတ်အစားများကို ဝတ်ဆင်ပါ။

👉 ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါသည်များသည် အပူကြောင့်ဖြစ်ပေါ်သည့် ကျန်းမာရေး အန္တရာယ်များကို ပိုမိုခံစားရနိုင်သည့်အတွက် အထူးဂရုစိုက် စောင့်ရှောက်သင့်ပါသည်။

👉 အပူချိန် ပြင်းထန်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများ တွေ့ရှိပါက ရှေးဦးသူနာပြုစုခြင်းကို အလျင်အမြန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပိုမိုဆိုးဝါးသည့် အခြေအနေတွင် ပြုစုကုသမှုကို အမြန်ဆုံးခံယူပါ။

👉 လေအေးပေးစက် တပ်ဆင်ထားသည့် အခန်းအတွင်း၊ ယာဉ်များအတွင်းမှ အပူချိန်ပြင်းထန်သည့် ပြင်ပသို့ ချက်ချင်းထွက်ခြင်း၊ ပြင်ပမှ လေအေးပေးစက် တပ်ဆင်ထားသည့် အခန်းအတွင်း၊ ယာဉ်များအတွင်း ချက်ချင်းဝင်ခြင်းများကို သတိထားရှောင်ရှားပါ။

👉 အပူချိန် မြင့်တက်နေချိန်အတွင် ယာဉ်ကားများထဲတွင် ကလေးငယ်များနှင့် အိမ်မွေးတိရစ္ဆာန်များကို ကျန်ရစ်ခြင်းမရှိအောင် သတိပြုပါ။

#4C_TruthNews
တံတားဦး

တံတားဦးလေတပ်သို့ နောင်ချိုမြို့နယ်တွင် (11:15AM & 11:20AM) အချိန်တို့က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော Fighter Jet (1)စီး အရှေ့မြောက်အရပ်မှ ဆင်းသက်။ 

#NAS
Mar 17, 12:10PM
📡သတင်းပို့ရန် @infonas
👍1
ရှမ်းတဲ

ရှမ်းတဲလေတပ်သို့ ကနီမြို့နယ်အနောက်မြောက်ခြမ်းတွင် (11:45AM) အချိန်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော MIG-29 Fighter Jet (1)စီး အနောက်မြောက်အရပ်မှ ဆင်းသက်။ 

#NAS
Mar 17, 12:23PM
📡သတင်းပို့ရန် @infonas
👍1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန

ထုတ်ပြန်ကြေညာချက်အမှတ် (၁ /၂၀၂၅)
၁၃၈၆ ခုနှစ်၊ တပေါင်းလဆုတ် ၄ ရက်
(၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်)

အကြမ်းဖက်စစ်အုပ်စု၏ အများပြည်သူဆိုင်ရာ နေရာများကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ အသက်ဆုံးရှုံးရမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

၁။ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ ညနေ ၅း၃၀ အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို အကြမ်းဖက်စစ်အုပ်စုမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတော် (၂) ပါး၊ အသက် (၁၈) နှစ်အောက် ကိုရင် (၅) ပါး၊ အရပ်သား ပြည်သူ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး၊ စုစုပေါင်း (၁၀) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။

၂။ ထိုတိုက်ခိုက်မှု မတိုင်ခင် (၂) ရက်အလို မတ်လ (၁၄) ရက်နေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက် စစ်အုပ်စုအနေဖြင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံ့လှကျေးရွာ၏ စျေးကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် (၄) လသား ကလေးသူငယ် တဦးအပါအဝင် ကလေးသူငယ် စုစုပေါင်း (၆) ဦးနှင့် အရပ်သားပြည်သူ (၂၁) ဦး အသက်ဆုံးရှုံးခဲ့ရသည်။

၃။ အကြမ်းဖက်စစ်အုပ်စုသည် အများပြည်သူသွားလာနေသည့် ဈေးနှင့် သာသနိက အဆောက်အဦများကိုရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှတိုက်ခိုက်သည့် ထိုလုပ်ရပ်အား အပြင်းအထန်ရှုံ့ချသည်။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အများပြည်သူဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ကို မဟာဗျူဟာ တရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေပြီး၊ ထိုသို့တိုက်ခိုက်ခြင်းကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သား ပြည်သူများ၏ အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။

၄။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ (၁၆) ရက်နေ့အထိ မှတ်တမ်းတင်ထားသော အချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူ ဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) မှု ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း (၃၇၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်။

၅။ အကြမ်းဖက်စစ်အုပ်စု၏ အများပြည်သူဆိုင်ရာ နေရာများကို တိုက်ခိုက်မှုနှင့် ကလေးသူငယ် များအပေါ် ထိခိုက်သေကြေစေမှုများသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) က တားမြစ်ထားသည့် အချက်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ် ပေးရမည့်အချက်များကို ကျူးလွန်ဖောက်ဖျက်ပြီး ကလေးငယ်များအပေါ် ကြီးမားသည့် ကျူးလွန်မှု (၆) မျိုးတွင် အပါအဝင်ဖြစ်သည့် ကလေးသူငယ်များကို ထိခိုက်သေကြေစေခြင်း၊ သတ်ဖြတ်ခြင်း ဆိုသည့်အချက်ကို ထင်ထင်ရှားရှား ကျူးလွန်ရာရောက်သည်။ ထို့အပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်ပါ ကလေးသူငယ်များ၏ အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ခွင့်နှင့် ကာကွယ်မှု ရရှိပိုင်ခွင့်များကို ချိုးဖောက်ရာရောက်သည်။

၆။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို ချိုးဖောက်ရုံတင်မက ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတကာစံချိန် စံနှုန်းများ၊ နိုင်ငံတကာစာချုပ်များကို ပြင်းထန်စွာချိုးဖောက်နေသည့် အကြမ်းဖက် စစ်အုပ်စုအား နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများနှင့် နိုင်ငံတကာ တရားစီရင်မှုယန္တရားများမှ အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြပါရန် လူ့အခွင့်အရေးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများကို ကြိုးပမ်းလုပ်ဆောင်နေသော နိုင်ငံများအား တိုက်တွန်းအပ်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Republic of the Union of Myanmar
National Unity Government
Ministry of Human Rights

Announcement no (1/2025)
(17 March 2025)
Statement on Children's Deaths Due to Junta Airstrikes on Public Spaces
1. On March 16, 2025, at 5:30 PM, the military junta conducted an aerial attack on Sein Yadana Buddhist Monastery in Nawnghkio, North Shan State. The attack resulted in the deaths of 2 monk, 5 novices under 18 years of age, 1 male civilians, and 2 female civilians, totaling 10 fatalities, with numerous others sustaining injuries.

2. Two days prior to this attack, on the evening of March 14, the junta also conducted an aerial strike on the market in Let Pan Hla Village, Sintgu Township, Mandalay Region, resulting in the deaths of 6 children, including a 4-month-old infant, and 21 other civilians.