EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.55K photos
184 videos
25 files
5.94K links
Download Telegram
🚨ဆားလင်းကြီးမြို့နယ်🚨

ဆားလင်းကြီးမြို့နယ်၊မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ်၊၁၆ကုတင် (သားဖွားဆေးရုံ) အနီးတွင် ကင်းပုန်းများယူထားနေကြောင်း သိရပါသည်။

#EIO
Mar 17, 8:55AM
📬သတင်းပို့ရန် @EagleInformationOperator
🚨မြင်းမူ🚨

အလ္လကပ္ပရွာထိပ်ရှိစာသင်ကျောင်းပေါက်မှနေ၍ စခ များမှ ပြည်သူပိုင်ဆိုင်ကယ်များကိုအစစ်ဆေးပြုလုပ်ပီး ကားများကို ပိုက်ဆံတောင်းနေကြောင်းသတင်းရရှိ

#EIO
Mar.17,9:15am
📬သတင်းပို့ရန် @EagleInformationOperator
မုံရွာ/နမခ⚠️

နမခမှ Paramotor အင်ဂျင်တပ်လေထီး (1)စီး အနောက်တောင်အရပ်သို့ ပျံတက်။

#NAS
Mar 17, 9:35AM
📡သတင်းပို့ရန် @infonas
🚨မြင်းမူ🚨

ဒို့မြန်မာကျော်ဆီဆိုင်မှစခများသည်အလ္လကပ္ပရွာအရှေ့ပွိုင့်ရောက်ရှိနေပြီးလက်နက်ငယ်များပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Mar 17, 9:27Am
📬သတင်းပို့ရန် @EagleInformationOperator
#EIO တယ်လီဂရမ်ချန်နယ်နှင့် Fb page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများဘေးကင်းစေဖို့အတွက် အချိန်နဲ့တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန် နယ်ပေါင်းစုံ၊ဒေသပေါင်းစုံမှ အိုင်အိုများ၊ပြန်ကြားရေးများ၊သတင်းတာဝန်ခံများ အားလုံးစုဖွဲ့ပြီးသတင်းပို့၊သတင်းယူ၊ဖြန့်ဝေခြင်းများ လုပ်ကိုင်နေကြခြင်းဖြစ်ပါသည်။ #EIO မှတင်ထားသော သတင်းအချက်အလက်၊အချိန်များကို ကူးယူသည့်အခါတွင် ပြင်ဆင်ဖြည့်စွက်ခြင်းမပြုဘဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပေးပါ။မိဘပြည်သူများနှင့်ရဲ‌ဘော်များအနေဖြင့်လည်း #EIO အားယုံကြည်စိတ်ချစွာသတင်းများပေးပို့နိုင်ပါသည်။

#Admin Team
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်
@EagleInformationOperator
မုံရွာ နမခ⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး ထပရ ၉၂၉ ဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Mar 17, 9:57AM
📡သတင်းပို့ရန် @infonas
ဘုတလင်⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး ဘုတလင်နယ်အနောက်တောင်ခြမ်းဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Mar 17, 10:01AM
📡သတင်းပို့ရန် @infonas
👍1
ကနီ⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး ကနီနယ်အရှေ့တောင်ခြမ်းဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Mar 17, 10:18AM
📡သတင်းပို့ရန် @infonas
ကနီ⚠️

နမခတက် Paramotor အင်ဂျင်တပ်လေထီး (1)စီး ကနီနယ်တောင်ခြမ်းဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#NAS
Mar 17, 10:20AM
📡သတင်းပို့ရန် @infonas
မုံရွာ နမခ

နမခသို့ Paramotor အင်ဂျင်တပ်လေထီး (1)စီး မြောက်အရပ်မှ ဆင်းသက်။

#NAS
Mar 17, 10:52AM
📡သတင်းပို့ရန် @infonas
🚨မြင်းမူ🚨

အရှေမှလာသောအိမ်စီးကား၁စီးနဲ့ စခများသည်အလ္လကပ္ပရွာရှိ ရွှေအိမ်စံခေါင်းရင်းကနေ မြောက်သို့သွားနေကြောင်းသတင်းရရှိ

#EIO
Mar.17,11:04am
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨ကန့်ဘလူ🚨

ကန့်ဘလူမြို့နယ် ယမနေအထိုင်မှထွက်‌လာသော စကစ+ပျု အင်အား (၃၀)ခန့်သည်ဇာဒီခွေးခြံသို့ရောက်ရှိပြီးဇာဒီခွေးခြံမှတဆင့် ဇီးကုန်းသကြားစက်ခွေးခြံထဲသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိ

#EIO
Mar.17,10:40am
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

နမခမှထွက်လာသော စခ အင်အား(၄၀)ခန့်သည်ကြီးဗဒုံကျေးရွာသို့ရောက်ရှိနေပြီးပြည်သူဖုန်းတလုံးသိမ်းသွားကြောင်းသတင်းရရှိ

#EIO
Mar.17,11:12am
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မြင်းမူ🚨

ဒို့မြန်မာကျော်ဆီဆိုင်မှထွက်လာသောစခများသည်အလ္လကပ္ပရွာမြောက်ပိုင်းရှိပြည်သူအိမ်ကိုမွှေနေကြောင်းသတင်းရရှိ

#EIO
Mar.17,11:13am
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မြင်းမူ🚨

ဒို့မြန်မာကျော်ဆီဆိုင်မှထွက်လာသောစခများသည်အလ္လကပ္ပရွာမြောက်ပိုင်းရှိပြည်သူအိမ်များကိုမွှေနှောက်ပြီးပြည်သူများကိုဖမ်းဆီးသွားကြောင်းသတင်းရရှိ

#EIO
Mar.17,11:50am
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

နမခ ခွေးခြံ မှထွက်လာသောစခ(၃၀)ခန့်သည်ဦးသာဘုံကိုင်းရွာ၏တောင်ဘက်အုတ်စက်ကွင်းသို့ရောက်ရှိနေကြောင်းသတင်းရရှိ

#EIO
Mar.17,11:54 am
📬သတင်းပို့ရန် @EagleInformationOperator
👍1
📣📣 အပူချိန် အလွန်အမင်း မြင့်တက်ခြင်းနှင့် စပ်လျဉ်းသည့် သတိပေးချက်

☀️ ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ပြင်းထန်သည့် အပူလှိုင်းဖြတ်ခြင်း အပါအဝင် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုဖြစ်စဉ်များသည် ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပွားလျက်ရှိပါသည်။ ၂၁ ရာစု အစောပိုင်းကတည်းကပင် ကမ္ဘာကြီးသည် ၁ ဒီဂရီ ဆဲလ်စီယပ်ခန့် ပိုမိုပူနွေးလာကြောင်း သုတေသန လေ့လာမှုများအရ တွေ့ရှိရပါသည်။

☀️ ယင်းကဲ့သို့ အပူချိန် အလွန်အမင်း မြင့်တက်မှုများကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ အပူချိန် အလွန်အမင်း မြင့်တက်ခြင်းကြောင့် အရေပြားနေလောင်ခြင်း၊ ချွေးအလွန်အကျွံ ထွက်ခြင်း၊ ကြွက်တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အပူလွန်၍ သတိလစ်ခြင်းတို့အပြင် ပိုမိုပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။

☀️ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မြို့အများစုသည် ကမ္ဘာ့အပူဆုံးမြို့များ စာရင်းတွင် ပါဝင်လျက်ရှိပြီး အပူလွန်ကဲခြင်းကြောင့် အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်များမှာ မြို့ကြီးအများစုတွင် ဖြစ်ပွားလျက်ရှိသည်။

🚨 အပူချိန်နှင့် စိုထိုင်းဆကို တိုင်းတာသည့် အညွှန်းကိန်းများအရ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီယပ်နှင့် အထက်သို့ရောက်ရှိနေပါက အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည့်အတွက် အောက်ပါတို့ကို သတိပြု နေထိုင်သင့်ပါသည်။

👉 နေ့လည်ခင်း အချိန်တွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားပါ။ အထူးသဖြင့် အပူချိန် အပြင်းထန်ဆုံးဖြစ်သည့် နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအတွင်း နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့မှုမရှိအောင် နေထိုင်ရမည်။

👉 လေဝင်လေထွက်ကောင်းပြီး အရိပ်ရသည့် နေရာများတွင် နေထိုင်ပါ။

👉 ခန္ဓာကိုယ်၌ ရေဓာတ် အလုံအလောက် ရရှိစေရန်အတွက် ရေကို တတ်နိုင်သမျှ များများသောက်သုံးရမည်။ ရေဆာသည်အထိ မစောင့်ဘဲ ရေကို မကြာခဏ သောက်သုံးသင့်ပါသည်။

👉 မဖြစ်မနေ အပြင်သို့ ထွက်ရမည်ဆိုပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ နေရောင်ကာကွယ်သည့် လိမ်းဆေးရည်များ လိမ်းပြီးမှ အပြင်သို့ထွက်ပါ။

👉 ပြင်းထန်သည့် အားကစားလှုပ်ရှားမှုများနှင့် အရက်သေစာ သောက်စားမှုများကို ရှောင်ကြဥ်ပါ။

👉 ပွပွချောင်ချောင် အရောင်ဖျော့သည့် အဝတ်အစားများကို ဝတ်ဆင်ပါ။

👉 ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါသည်များသည် အပူကြောင့်ဖြစ်ပေါ်သည့် ကျန်းမာရေး အန္တရာယ်များကို ပိုမိုခံစားရနိုင်သည့်အတွက် အထူးဂရုစိုက် စောင့်ရှောက်သင့်ပါသည်။

👉 အပူချိန် ပြင်းထန်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများ တွေ့ရှိပါက ရှေးဦးသူနာပြုစုခြင်းကို အလျင်အမြန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပိုမိုဆိုးဝါးသည့် အခြေအနေတွင် ပြုစုကုသမှုကို အမြန်ဆုံးခံယူပါ။

👉 လေအေးပေးစက် တပ်ဆင်ထားသည့် အခန်းအတွင်း၊ ယာဉ်များအတွင်းမှ အပူချိန်ပြင်းထန်သည့် ပြင်ပသို့ ချက်ချင်းထွက်ခြင်း၊ ပြင်ပမှ လေအေးပေးစက် တပ်ဆင်ထားသည့် အခန်းအတွင်း၊ ယာဉ်များအတွင်း ချက်ချင်းဝင်ခြင်းများကို သတိထားရှောင်ရှားပါ။

👉 အပူချိန် မြင့်တက်နေချိန်အတွင် ယာဉ်ကားများထဲတွင် ကလေးငယ်များနှင့် အိမ်မွေးတိရစ္ဆာန်များကို ကျန်ရစ်ခြင်းမရှိအောင် သတိပြုပါ။

#4C_TruthNews
တံတားဦး

တံတားဦးလေတပ်သို့ နောင်ချိုမြို့နယ်တွင် (11:15AM & 11:20AM) အချိန်တို့က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော Fighter Jet (1)စီး အရှေ့မြောက်အရပ်မှ ဆင်းသက်။ 

#NAS
Mar 17, 12:10PM
📡သတင်းပို့ရန် @infonas
👍1
ရှမ်းတဲ

ရှမ်းတဲလေတပ်သို့ ကနီမြို့နယ်အနောက်မြောက်ခြမ်းတွင် (11:45AM) အချိန်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော MIG-29 Fighter Jet (1)စီး အနောက်မြောက်အရပ်မှ ဆင်းသက်။ 

#NAS
Mar 17, 12:23PM
📡သတင်းပို့ရန် @infonas
👍1