EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.51K photos
184 videos
24 files
5.87K links
Download Telegram
⚠️ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုသည်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခြင်း မဟုတ်ပါ" ⚠️

🗣️📢 ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို တည်ဆောက်တဲ့နေရာမှာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" (Freedom of Expression) ဟာ အခြေခံအကျဆုံး မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။

📌မိမိရဲ့ ယုံကြည်ချက်၊ အမြင်နဲ့ ခံစားချက်တွေကို ကြောက်ရွံ့မှုမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။

⚠️ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့်အချက်က "လွတ်လပ်ခွင့်" ဆိုတာ "ဗရမ်းဗတာ လုပ်ခွင့်" ကို ဆိုလိုတာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တာဝန်ယူမှုရှိသော လွတ်လပ်ခွင့်

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှာ -

🕊️ လွတ်လပ်ခွင့် (Freedom) နဲ့
⚖️ တာဝန်ယူမှု (Responsibility / Accountability) ဟာ အမြဲတမ်း တွဲလျက်ရှိပါတယ်။

📌မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ ရေးလိုက်တဲ့ စာတစ်ကြောင်းသည်

သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ၊
အမုန်းတရား ပွားများစေတာ (Hate Speech)
ပြည်သူလူထုကို အန္တရာယ်ဖြစ်စေမယ့် သတင်းအမှား (Misinformation) တွေ မဖြစ်ဖို့ အရေးကြီးပါတယ်။

ကျင့်ဝတ်နှင့် စည်းကမ်း (Ethics vs Chaos)

စည်းကမ်းမရှိတဲ့ ထုတ်ဖော်မှုတွေဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုထက် ပဋိပက္ခကိုပဲ ဦးတည်စေပါတယ်။

📌 ဥပမာအားဖြင့် -

🕊️ ဒီမိုကရေစီနည်းကျ ထုတ်ဖော်မှု။

အချက်အလက် ခိုင်ခိုင်လုံလုံဖြင့် ဝေဖန်ထောက်ပြခြင်း။

အပြုသဘော အကြံပြုခြင်း။

အတွေးအမြင်များ ဆွေးနွေးဖလှယ်ခြင်း။


ဗရမ်းဗတာ ထုတ်ဖော်မှု။

🚫 ဆဲဆိုခြင်း။ 🤬

🚫 ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း။ 🗡️

🚫 အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်း 📛 တို့ဖြစ်ပါတယ်။


🕊️ ဖက်ဒရယ်စနစ်နှင့် အပြန်အလှန် လေးစားမှု

ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရက "မတူကွဲပြားမှုတွေကို စုစည်းခြင်း" ဖြစ်ပါတယ်။

👂🏻 မတူညီတဲ့ အယူအဆတွေကို လက်ခံနားထောင်ပေးခြင်း၊
🤝 တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်း
🧩 မတူကွဲပြားမှုများကို လက်ခံခြင်း မှသာ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။

နိဂုံးချုပ်အနေဖြင့် မိမိတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို၊ ထိုပြောဆိုချက်တွေဟာလည်း ကျင့်ဝတ်နဲ့ တာဝန်ယူမှုအပေါ်မှာ အခြေခံရပါမယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး စည်းမဲ့ကမ်းမဲ့ ပြုမူခြင်းဟာ ဒီမိုကရေစီလမ်းကြောင်းကို နှောင့်နှေးစေရုံသာမကဘဲ လူ့အဖွဲ့အစည်းကိုလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေနိုင်ပါတယ်။

"စည်းကမ်းရှိသော လွတ်လပ်ခွင့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ လှမ်းချီကြပါစို့" လို့ တိုက်တွန်းရင်း။✊🏻

#FreedomOfExpression #FederalDemocracy #FreedomOfSpeech #EthicsAndResponsibility #InformationIntegrity #Eagle_Information_Operator #EIO
🙏1💯1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲ သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Jun 30, 6:09AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://t.me/eagleinformationoperator?direct
👉🏻  http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1👍1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Jun 30, 6:40AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://t.me/eagleinformationoperator?direct
👉🏻  http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1👍1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Jun 30, 7:15AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://t.me/eagleinformationoperator?direct
👉🏻  http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1👍1
🚨 မုံရွာ - ချောင်းဦး လမ်းပိုင်း ⚠️

(မုံရွာတောင် - ချောင်းဦး) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာဝပ်ကျင်းများမှ ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေကြောင်း သတင်းရရှိထားပါသည်။

ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)
📲 သတင်းပေးပို့ရန်
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 Facebook – https://www.facebook.com/eagleinformation
🌐 Telegram – t.me/eagleinformationoperator

#EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe
👍1🙏1
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၄)စီးသည် တောင်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Jun 30, 8:12AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1👍1
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါ ဒိုင်နာကား(၂)စီး၊ အိမ်စီးကား(၁)စီးသည် မုံရွာမြို့ နတ်လူထိပ်ပန် ဖြတ်၍ တောင်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Jun 30, 8:37AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါ ဒိုင်နာကား(၂)စီး၊ အိမ်စီးကား(၁)စီးသည် မုံရွာမြို့ နတ်လူထိပ်ပန် ဖြတ်၍ တောင်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 30, 8:37AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot…
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါ ဒိုင်နာကား(၂)စီး၊ အိမ်စီးကား(၁)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်သို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။

Jun 30, 8:48AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၄)စီးသည် တောင်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 30, 8:12AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://t.me/e…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၄)စီးသည် မုံရွာနယ်၊ တောင်ခြမ်း ကူတောရွာ ဖြတ်၍ တောင်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Jun 30, 9:36AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၄)စီးသည် မုံရွာနယ်၊ တောင်ခြမ်း ကူတောရွာ ဖြတ်၍ တောင်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 30, 9:36AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInf…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၄)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မုံရွေးရွာ ဖြတ်၍ တောင်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Jun 30, 9:39AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၄)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မုံရွေးရွာ ဖြတ်၍ တောင်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 30, 9:39AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleI…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၄)စီးသည် ချောင်းဦးမြို့သို့ စတင်ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။

Jun 30, 9:46AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍21
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၄)စီးသည် ချောင်းဦးမြို့သို့ စတင်ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။ Jun 30, 9:46AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 h…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၄)စီးသည် ချောင်းဦးမြို့မှ အရှေ့အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Jun 30, 9:56AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၄)စီးသည် ချောင်းဦးမြို့မှ အရှေ့အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 30, 9:56AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၄)စီးသည် ချောင်းဦးမြို့မှ နတ်‌ရေကန်ဖြတ်၍ အရှေ့အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Jun 30, 10:01AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍1
"လောင်းကစားနှင့် စိတ်ကျန်းမာရေး (Gambling disorder)"

အခုလို မတည်ငြိမ်တဲ့ကာလမှာ အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် လောင်းကစားနဲ့ ပတ်သက်တဲ့ ဂိမ်းအမျိုးစားပေါင်းများစွာဟာ လူတွေရဲ့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိလာတာနဲ့အမျှ လောင်းကစားကြောင့် လူမှုရေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးမြင့်လာပါတယ်။

“လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုတဲ့စကားကို လက်ကိုင်ရင်း နောက်ဆုံးမှာ မိသားစုလိုက် ဘဝပျက်တာတွေနဲ့ အဆုံးစီရင်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်တွေလည်း ခပ်စိပ်စိပ် ကြားမိကြမှာပါ။
..
..

❗️Gambling disorder ဆိုတာ လောင်းကစားစွဲလမ်းတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။

💸 လောင်းကစားစွဲလမ်းတယ်ဆိုတာ…

⦿ လောင်းကစားဆော့တာကို အချိန်အတော်ကြာ စွဲလမ်းလာပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်ဖို့ ခက်ခဲလာမယ်။

⦿ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဂရုမစိုက်ဘဲ လောင်းကစားပဲ လုပ်ချင်နေတယ်။

⦿ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက လောင်းကစားလုပ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့လက္ခဏာတွေ ပြလာမယ်။

⦿ ကိုယ်တိုင်က နေ့စဉ်လုပ်ငန်းဆောင်တာတွေထက် လောင်းကစားကပဲ အရေးကြီးဆုံးလို့ ခံစားနေရတာမျိုးကို ဆိုလိုပါတယ်။
..
..

🎰 လောင်းကစားအမျိုးမျိုး…

လောင်းကစားလို့ဆိုရင် ဘောလုံးပွဲလောင်းတာ၊ ဖဲရိုက်တာ၊ ၂ လုံး/၃ လုံး ထီထိုးတာတင်မက အခုဆိုရင် ဖုန်းနဲ့ အလွယ်တကူဆော့လို့ရပြီး ပရိုဂရမ်ဆွဲထားတဲ့ အွန်လိုင်းဂိမ်း၊ စလော့ (slot) ဂိမ်းတွေကြောင့် ဘဝပျက်နေသူတွေ ပိုများလာပါတယ်။
..
..

💸 လောင်းကစားစွဲလမ်းစေနိုင်တဲ့ အကြောင်းအရင်းတွေက...

🂱 ‘အတုမြင် အတတ်သင်’ သဘောနဲ့ လောင်းကစားလုပ်တတ်တဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေရှိတာ

🂱 ငွေကြေးအခက်အခဲရှိသူ၊ လုပ်ငန်းခွင် ဖိအားများနေသူ၊ လောင်းကစားလုပ်ရလွယ်တဲ့ အနေအထားရှိသူ

🂱 အခြားစွဲလမ်းမှု ရောဂါတစ်ခုခုရှိနေသူ (ဆေးစွဲတာ၊ အရက်စွဲတာ)

🂱 တစ်ကြိမ်တစ်ခါ အနိုင်ရခြင်းက စိတ်လှုပ်ရှားစေပြီး ဆုလာဘ်တစ်ခုရသလို ခံစားရစေတဲ့ dopamine ဟော်မုန်းရဲ့ ဦးနှောက်ကို လှုံ့ဆော်တာ

🂱 စိတ်ထိခိုက်စရာရှိသူ၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ နေမကောင်းသူတွေမှာ စွဲလမ်းနိုင်ခြေများပါတယ်။
..
..

‼️ လောင်းကစားကြောင့် စီးပွားရေးသာမက အိမ်ထောင်ရေး၊ လူမှုရေး၊ ကိုယ်/စိတ်ကျန်းမာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရရှိနိုင်ပါတယ်။

- မိသားစုဝင်တွေအပေါ် လိမ်ညာခြင်း၊ ဒေါသအလျောက် စိတ်လိုက်မာန်ပါလုပ်ခြင်း

- ငွေရေးကြေးရေး၊ အကြွေးတွေနဲ့ ပတ်သက်ပြီး ပြဿနာတက်ခြင်း

- ခိုးယူခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း

- အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ကွာရှင်းပြတ်စဲမှုတွေ စတဲ့ အိမ်ထောင်ရေးပြဿနာတွေသာမက…

- စိတ်ဖိစီးမှုများတာ၊ စိတ်အတက်အကျမြန်တာ

- ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတာ

- အအိပ်ပျက်၊ အစားအသောက်ပျက်တာ

- မူးယစ်ဆေးနဲ့ အရက်စွဲလာတာ

- မိမိကိုယ်မိမိ သေကြောင်းကြံစည်ဖို့ ကြိုးစားတာအထိ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်မှာလည်း အာရုံထွေပြားကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာမျိုးဖြစ်ပြီး ပစ္စည်းဥစ္စာဆုံးရှုံးမှုသာမက လူမှုရေးရာဂုဏ်သိက္ခာတွေပါ ထိခိုက်နစ်နာနိုင်ပါတယ်။
..
..

အထက်ပါ လက္ခဏာတွေ ခံစားရပြီး မိမိကိုယ်ကိုယ် လောင်းကစားစွဲလမ်းမှု ပြဿနာရှိနေတယ်လို့ သံသယရှိရင် တတ်ကျွမ်းနားလည်သူတွေထံမှ အကူအညီရယူဖို့ ကြိုးစားပါ။

🌱 အရေးအကြီးဆုံးအနေနဲ့ Self-help "မိမိသာလျှင် အဓိက ကုစားနိုင်သူ” ဖြစ်တာမို့ မိမိစွဲလမ်းမှုကို ဦးစွာပထမ နားလည်လက်ခံပြီး စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူသင့်ပါတယ်။

🌱 Cognitive Behavioural Therapy (CBT) အတွေးနဲ့အပြုအမူကို ပြန်လည်ထိန်းညှိပေးတဲ့ ကုထုံးခံယူခြင်းဖြင့် လောင်းကစားနဲ့ပက်သက်တဲ့ နိုင်လိုစိတ်နဲ့ အတွေးအမြင်တွေ ပြောင်းလဲလာပြီး လောင်းကစားကို ရပ်တန့်ဖို့ ကြိုးစားလာပါမယ်။

🌱 မိသားစု၊ အိမ်ထောင်ရေးပြဿနာများ နှစ်သိမ့်ဆွေးနွေးခြင်း (family and couples therapy) နဲ့ ငွေရေးကြေးရေး ပြန်လည်ဆန်းစစ်ညှိနှိုင်းခြင်း (Family budgeting) နည်းလမ်းတွေနဲ့လည်း ဆွေးနွေးနှစ်သိမ့်မှု ခံယူသင့်ပါတယ်။

🌱 UK လိုမျိုး နိုင်ငံတွေမှာတော့ “လောင်းကစားသူများ အမည်ဝှက်အဖွဲ့” (Gamblers Anonymous) ဆိုပြီး အဖွဲ့တွေရှိပါတယ်။ သူတို့က ဆွေးနွေးပွဲတွေ ပုံမှန်ကျင်းပလေ့ရှိပြီး လောင်းကစားစွဲလမ်းမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံဖလှယ်ကာ ရပ်တန့်ဖို့ ကြိုးစားပုံနည်းလမ်းတွေ အချင်းချင်းမျှဝေကြပါတယ်။ ဒီနည်းလမ်းက လူနာတွေအတွက် ထိရောက်မှုရှိတာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။

မိမိပတ်ဝန်းကျင်မှာ လောင်းကစားစွဲလမ်းမှုပြဿနာရှိသူတစ်ဦး ရှိနေရင် ပစ်ပယ်မထားဘဲ ရောဂါရှိသူတစ်ဦးအနေနဲ့ နားလည်ပေးပြီး လိုအပ်တဲ့ကုထုံးတွေ ရယူနိုင်ဖို့ ကူညီပေးသင့်ပါတယ်။

အခုလိုကာလမှာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့အတွေးနဲ့ အွန်လိုင်းဂိမ်းပေါင်းစုံကို ကြော်ငြာခ၊ ကော်မရှင်ခယူပြီး ကစားဖို့ မြှူဆွယ်သူတွေကိုလည်း ရှုတ်ချမိပါတယ်။

🌱 စွဲလမ်းမှုပြဿနာတိုင်းမှ ရုန်းထွက်နိုင်ကြပါစေ....။
3
⚜️ #EIO_Update_News

စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မြင်းမူနယ် ၊ ဂွေးပင်တောဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။

Jun 29, 1:32PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
ကျွန်တော်တို့ ရှာဖွေနေတဲ့ အမှန်တရားဟာ ဘယ်လိုအမှန်တရားမျိုးလဲ⁉️

ကျွန်တော်တို့အားလုံးဟာ တော်လှန်ရေးအင်အားစုတွေ၊ တော်လှန်ရေးဘက်တော်သားတွေဖြစ်ကြပြီး မတရားမှုကို တွန်းလှန်ဖို့၊ "ဒီမိုကရေစီ" ရရှိဖို့ဆိုတဲ့ ပန်းတိုင်တစ်ခုတည်းကိုပဲ ဦးတည်ပြီး လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့... တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို လက်ကိုင်ဆွဲပြီး လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စည်းမျဉ်းစည်းကမ်းတွေ၊ ကျင့်ဝတ်တွေနဲ့ ဥပဒေတွေကိုပါ ကျော်လွန်မိသွားတတ်ကြပါတယ်။

အထူးသဖြင့် Online အင်တာနက်ပေါ်မှာ မတိကျ၊ မခိုင်မာ၊ မသေချာသေးတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး၊မိမိတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်ကိုသာ "တစ်ခုတည်းသောအမှန်တရား" လို့ စွဲကိုင်ပြီး၊အချင်းချင်း အပြင်းအထန် ငြင်းခုံရင်းနဲ့ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားနေမိကြပါတယ်။

"ငါထင်တာ အမှန်" ဆိုတဲ့ စိတ်က စစ်မှန်တဲ့ အမှန်တရားကို ကွယ်ပျောက်စေတတ်ပါတယ်။

ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာ အယူအဆကွဲပြားမှုကို လက်ခံရုံတင်မကဘဲ စနစ်တကျရှိမှု၊ စည်းကမ်းရှိမှုနဲ့ အချက်အလက်ခိုင်မာမှုကိုပါ လေးစားတန်ဖိုးထားရတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

ကောလာဟလတွေ၊ မသေချာတဲ့ သတင်းတွေနဲ့ အချင်းချင်း တိုက်ခိုက်ငြင်းခုံနေခြင်းဟာ ငါတို့ရဲ့ အားအင်တွေကိုပဲ ယုတ်လျော့စေပြီး ဘုံရန်သူကို တိုက်ထုတ်မယ့် ခရီးကို နှောင့်နှေးစေနိုင်ပါတယ်။

တော်လှန်ရေးရဲ့ ခွန်အားဟာ စည်းလုံးခြင်းနဲ့ အမှန်တရားအပေါ် အခြေခံပါတယ်။ ဒါကြောင့် အမှန်တရားကို ရှာဖွေတဲ့နေရာမှာ—

၁။ သတင်းအချက်အလက်တွေရဲ့ ခိုင်မာမှုကို အရင်ဆန်းစစ်ကြရအောင်။

၂။ တစ်ဦးနဲ့တစ်ဦး ကျင့်ဝတ်၊ စည်းကမ်းတွေကို လေးစားရင်း အပြုသဘောဆောင် ဆွေးနွေးကြရအောင်။

၃။ ကိုယ့်ထင်မြင်ချက်ထက် ဘုံအကျိုးစီးပွားကို ရှေ့တန်းတင်ကြရအောင်။

မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းဖြင့် ပိုမိုခိုင်မာတောင့်တင်းတဲ့ တော်လှန်ရေးအင်အားစုကြီးအဖြစ် အတူတူ ရှေ့ဆက်ကြပါစို့။

#EIO #Revolution #Unity #SelfReflection #Democracy #Ethics
💯1