EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.51K photos
184 videos
24 files
5.87K links
Download Telegram
" ပြညသူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား "

ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡

​"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻

ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊
အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻


#EIO_Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
👍2🥰2🙏1
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
🙏3👍2
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️

📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"

အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့်
#Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။

📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။

👂 အသံကို နားစွင့်ပါ။

ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။

🚫 ရှောင်ပါ။

လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။

🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။

လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။

📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။

ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။

🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။

မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။

"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"

"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻

#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
👍2🙏21🥰1
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️

တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။

လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆောင်ရန်အချက်များ (Dos)

📢 သတင်းနားစွင့်ပါ။

မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။

🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။

ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။

📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။

ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။

🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။

ရှောင်ရန်အချက်များ (Don'ts)

🚫 သတင်းမပေါ့ဆပါနှင့်။

"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။

🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။

အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။

🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။

အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။

🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။

တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။

🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️

မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။

"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻

#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
🙏3👍2🥰1
⚜️ #EIO_Update_News

မြင်းမူနယ်၊ ဘိုးမင်းကြီးကင်းရွာသို့ ရောက်ရှိနေသော စခများသည် ပြည်သူဓားစာခံများအားဖမ်းဆီး၍ ဂွေးပင်တောအထိုင်ဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။

Jun 20, 7:37AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏3👍1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောရကျောင်းအရှေ့ဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Jun 20, 9:06AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍4
⚜️ #EIO_Update_News

မုံရွာမြို့၊ စက်မှုဇုန်၊မြို့ပတ်လမ်းတွင် စခအိမ်စီးကား(၄)စီးသည် ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

Jun 20, 9:33AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောရကျောင်းအရှေ့ဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Jun 20, 9:06AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောရကျောင်းအရှေ့ဘက်မှ တောပုပျူရွာသို့ ပြန်လည်ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။

Jun 20, 9:35AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍3
"ပေးမယ့်သူမရှိတဲ့ တာဝန်ကို အသိစိတ်နဲ့ယူပြီး အဆုံးထိ လျှောက်မယ့်လမ်း"

ကျွန်တော်တို့တွေဟာ ဘယ်သူကမှ အတင်းအကျပ် ပေးအပ်ထားခြင်းမရှိတဲ့ နွေဦးတော်လှန်ရေး တာဝန်တွေကို ကိုယ်တိုင် ဆန္ဒအလျောက် ယူထားကြတာ ဖြစ်ပါတယ်။
ဒီတာဝန်တွေကို လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကျွန်တော်တို့ကို လာရောက် အပြစ်ဆိုမယ့်သူ၊ လာရောက် အရေးယူမယ့်သူလည်း မရှိပါဘူး။

ဒါပေမဲ့...ကျွန်တော်တို့က "ဒါဟာ ငါတို့နဲ့ဆိုင်တယ်၊ ငါတို့ တာဝန်ယူကို ယူရမယ်" ဆိုတဲ့ ပင်ကိုယ်အသိစိတ်တစ်ခုတည်းနဲ့ပဲ ဒီတာဝန်တွေကို ထမ်းရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို မိမိအသိစိတ်နဲ့ မိမိ တာဝန်ယူလိုက်ပြီဆိုတာနဲ့ လမ်းခုလတ်မှာ အားပျက်စိတ်ဓာတ်ကျတာမျိုး မဖြစ်ဘဲ အဆုံးထိ ပြီးမြောက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ 'တာဝန်သိစိတ်' ကို အစဉ်အမြဲ ပြန်လည်တည်ဆောက်နေရမှာပါ။

လမ်းခုလတ်မှာ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်တော့ဘဲ လှည့်ထွက်သွားခဲ့တဲ့ ရဲဘော်တွေကို လေးစားသလို...

🌹 ကျဆုံးသွားခဲ့လို့ ဆက်မလုပ်နိုင်တော့တဲ့ သူရဲကောင်း အာဇာနည် ရဲဘော်အားလုံးကိုလည်း တန်ဖိုးထား လေးစားမိပါတယ်။

ကျွန်တော်တို့နဲ့အတူ ရှိနေပေးခဲ့ကြလို့ ကျေးဇူးတင်သလို၊ ဆက်ပြီး မရှိနိုင်တော့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

"ကျန်ရစ်သူ ကျွန်တော်တို့ကတော့... အဆုံးထိ ဆက်သွားမှာပဲ ဖြစ်ပါတယ်။"

#Eagle_Information_Operator #EIO #NoNeedDictator #SpringMyanmarRevolution #RevolutionHonorable #နွေဦးတော်လှန်ရေး #အသိစိတ်ဖြင့်တာဝန်ယူခြင်း #အဆုံးထိလျှောက်မယ့်လမ်း
3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned « "ပေးမယ့်သူမရှိတဲ့ တာဝန်ကို အသိစိတ်နဲ့ယူပြီး အဆုံးထိ လျှောက်မယ့်လမ်း" ကျွန်တော်တို့တွေဟာ ဘယ်သူကမှ အတင်းအကျပ် ပေးအပ်ထားခြင်းမရှိတဲ့ နွေဦးတော်လှန်ရေး တာဝန်တွေကို ကိုယ်တိုင် ဆန္ဒအလျောက် ယူထားကြတာ ဖြစ်ပါတယ်။ ဒီတာဝန်တွေကို လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကျွန်တော်တို့ကို…»
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်စစ်‌ဆေးရေးဂိတ်များနှင့် အိမ်စီးကားများကို အသုံးပြု၍လည်း အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
🙏3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်စစ်‌ဆေးရေးဂိတ်များနှင့် အိမ်စီးကားများကို အသုံးပြု၍လည်း အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ…»
⚜️ #EIO_Update_News

ချောင်းဦးနယ်၊ ခင်မွန်ရွာ၏ အနောက်ဘက် ညောင်ပင်ကြီးနားသို့ရောက်ရှိနေသော ခြေလျင် စခ ခမအအ(၂၀)ခန့်သည် မုံရွာနယ်၊တောင်ခြမ်း၊ တောပုပျူရွာဘက်သို့ ဦးတည်နေပြီး ခင်မွန်ရွာ၏ အနောက်ဘက် တံတားနား၌လည် စခကင်းပုန်းများရှိနေကြောင်းသတင်းရရှိထားပါသည်။

Jun 20, 12:00PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍3
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ မိုးညင်း)လမ်းဆုံနှင့် (မြေနဲ အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Jun 20, 12:03PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍3
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Jun 20, 12:14PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍3
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️

Eagle Information Operator (#EIO)
Date - Jun 20, 1:07PM

📌 မြင်းမူနယ်၊ တောချောင်းဦးရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bothttp://t.me/eagleinformationoperator?direct
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myinmu #WhatsHappeningInMyanmar #SecurityUpdate
🙏1
(20,6,2026)၊ စစ်ကိုင်းတိုင်း၊ မြင်းမူနယ်၊ တော‌ချောင်းဦးရွာမှ အကြမ်းဖက် စစ်ကောင်စီ၏ #Attack Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (1:36)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #Attack_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
1🙏1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန
ထုတ်ပြန်ချက် (၅/၂၀၂၆)
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

စစ်အုပ်စုနှင့် ဆက်ဆံဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုအသစ်များနှင့် စီးပွားရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက်များနှင့် စပ်လျဉ်းသည့် သဘောထားထုတ်ပြန်ချက်

၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ဆက်စပ် ၍ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာမိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် မိတ်ဖက်သဘောဆောင်သည့် ဆက်သွယ်ကူးလူးဆက်ဆံဆောင်ရွက် မှုများ လုပ်ဆောင်ခြင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆောင်ရွက်ခြင်း၊ စီးပွားရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုခြင်းတို့နှင့် ပတ်သက်၍ အောက်ပါအတိုင်း သဘောထားထုတ်ပြန်အပ်ပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဒေသတွင်း တည်ငြိမ် ရေးနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် အပြန်အလှန် လေးစားမှုအပေါ် အခြေခံသော ဆက်ဆံရေးကို အလေးထားပါသည်။
၃။ မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် လုံခြုံစိတ်ချရမှုရှိစေရေးတို့သည် ပြည်သူလူထု၏ ဆန္ဒနှင့် ကိုက်ညီသော၊ တာဝန်ယူမှုနှင့် တရားဝင်မှု ရှိသော အုပ်ချုပ်ရေးစနစ်တစ်ရပ် ပေါ်ပေါက်လာခြင်းအပေါ် မူတည်လျက်ရှိပါသည်။ အတုအယောင် ရွေးကောက်ပွဲကိုအခြေခံပြီး တရားဝင်မှု ရရှိရန်ကြိုးစားနေသည့် စစ်အုပ်စုကို အလေးပေးဆက်ဆံခြင်း သည် တိုင်းပြည်၏ လက်ရှိပြဿနာများ ပြေလည်စေရေးကို ဦးတည်ခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်ရက်စက်မှုများကို ပိုမိုဆိုးရွားစေရန် အားပေးသကဲ့သို့ ဖြစ်စေပါသည်။
၄။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြည်သူများ၏ ကိုယ်ပိုင်အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင် ခွင့်၊ အချုပ်အခြာအာဏာ တန်းတူညီမျှမှုနှင့် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မပြုရေး အခြေခံမူ များကို လေးစားလိုက်နာရန် အရေးကြီးကြောင်းကိုလည်း အလေးအနက်ထား ထောက်ပြလိုပါသည်။
၅။ ထို့အပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ လူ့အခွင့်အရေးကို လေးစားမှုနှင့် သက်ဆိုင်ရာ ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားမှုတို့အပေါ် အခြေခံ ဆောင်ရွက်သင့်ပါသည်။
၆။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအတွင်း စစ်အုပ်စုနှင့် ချုပ်ဆိုသည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ သဘောတူညီချက်များသည် ပြည်သူလူထု၏ကိုယ်စားပြုမှု၊ လုံလောက်သော အများပြည်သူ ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုနှင့် လွတ်လပ်သော အဖွဲ့အစည်းများ၏ ကြီးကြပ်စောင့်ကြည့်မှုတို့ ကင်းမဲ့ လျက်ရှိရာ ဥပဒေရေးရာ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သတိပြုစေလိုပါသည်။
၇။ အမျိုးသားညီညွတ်ရေးအစိုးရသည် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမိတ်ဖက် အားလုံး နှင့်အတူ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးတို့ အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုလျက်ရှိပြီး မြန်မာ ပြည်သူလူထု၏ ဆန္ဒ၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ရေရှည်တည်ငြိမ်ရေးတို့ကို အထောက်အကူပြုမည့် ဆက်ဆံရေးများ တည်ဆောက်မြှင့်တင်သွားရန် အသင့်ရှိကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
2