EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
🔊 ​လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် အောက်ပါဘေးကင်းလုံခြုံရေး အစီအမံများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🛡️ အကာအကွယ်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း။

⚠️ ​ဗုံးခိုကျင်း ပြင်ဆင်ပါ။

လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းသည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။

⚠️ ဝပ်နေပါ

ပစ်ခတ်သံများ ကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဗိုက်မှောက်လျက် ဝပ်နေပါ။

🙆🏻ခိုင်မာသော အကာအကွယ်ယူပါ။

.5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။

⚠️ ပေါ့ပေါ့တန်တန် မနေပါနှင့်။

.5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက မိမိတို့နှင့် မနီးသေးဟု တွေးကာ ပေါ့ပေါ့တန်တန် မနေသင့်ပါ။

🎒 အရေးပေါ် အခြေအနေအတွက် ဆောင်ရန်/ရှောင်ရန်

🚨Emergency Kit ပြင်ထားပါ

အရေးပေါ် တိမ်းရှောင်ရပါက ချက်ချင်းယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများ ကို အထုပ်အပိုး အသင့်ပြင်ထားပါ။

🚫စုဝေးခြင်း ရှောင်ပါ

အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် လေကြောင်းနှင့် မြေပြင်ပစ်မှတ် ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။

⚠️မီးအမှောင်ချပါ

ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီးနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။

🚫 စူးစမ်းခြင်း မပြုပါနှင့်

ပစ်ခတ်သံကြားရသည့် အရပ်သို့ အပြင်ထွက်ကြည့်ခြင်း၊ စူးစမ်းခြင်း မပြုဘဲ ကျည်လွတ်ရာ၌သာ ငြိမ်သက်စွာ နေပါ။

⚠️ နေရပ်ပြန်ရာတွင် သတိပြုရန် (မြေမြှုပ်မိုင်း အန္တရာယ်)

🚫အလျင်စလို မပြန်ပါနှင့်။

စစ်ကြောင်းများ ဖြတ်သန်းသွားလာထားသည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသများရှိ မိမိတို့အိမ်အတွင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်း နှင့် အခြား မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ ကျန်ရှိနေနိုင်ပါသည်။

🗣️ ​စုံစမ်းမေးမြန်းပါ။

သက်ဆိုင်ရာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းများထံမှ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းပါ။

⚠️ခွင့်ပြုချက်ရမှသာပြန်ကြပါ။

သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဟု အတည်ပြုချက်ရမှသာ မိမိနေရပ်သို့ ပြန်ကြပါရန် အထူးသတိပေးလိုပါသည်။

📢 သတင်းနားစွင့်ပါ။

ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။ အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် သတိပြုပါ။

⚜️ မြေပြင်နှင့် လေကြောင်း အခြေအနေများအတွက် အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

#EIO_Update_News #SafetyFirst #EmergencySafety #LandmineAwareness #StaySafe #RejectMilitaryCoup #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar
⚠️ လုံခြုံရေး အထူးသတိပြုရန် (#DigitalSecurity)

လက်ရှိတွင် စစ်ကောင်စီဘက်မှ အကောင့်တုများ (#Spies/#Informants) အသုံးပြု၍ တယ်လီဂရမ် Group များ၊ သတင်းချန်နယ်များ၊တော်လှန်ရေး #Facebook_Page မန့်များ၊ မိတ်ဆွေတို့၏ #Facebook_account ရှိ ပို့စ်များ၏ မန့်များအတွင်း ရုပ်ဖျက်ဝင်ရောက်ကာ သတင်းနှိုက်ခြင်းနှင့် ထောက်လှမ်းခြင်းများကို ပြုလုပ်နေကြပါသည်။

"မိမိနှင့်တကွ မြေပြင်ရှိ ရဲဘော်များ၊ ပြည်သူများ ဘေးကင်းစေရန် အထူးဂရုပြုလိုက်နာကြပါ"🙏🏻

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 သတင်းပေးပို့ရန်-

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#Revolution_News #DigitalSecurity #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏1
(22,5,2026)၊ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ်မှ တက်လာသော #Yak-130 Jet Fighter (1)စီးသည် မကွေးတိုင်း၊ မြိုင်မြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (11:14) (11:16) (11:18) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Magway_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏1
(22,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Gyrocopter (2)စီးသည် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (11:41) (11:42) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏2
(22,5,2026)၊ မကွေးတိုင်း၊ ကလခ အကြမ်းဖက် လေတပ်ဌာနချုပ်မှ တက်လာသော #MiG-29 Jet Fighter (1)စီးသည် မကွေးတိုင်း၊ မြိုင်မြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (11:58, 12:01, 12:03) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Magway_Region #AirStrike #MilitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
🙏1
(22,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Kamikaze Suicide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (12:23) (2:09) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏1
(22,5,2026)၊ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ်မှ တက်လာသော #Yak-130 Jet Fighter (2)စီးသည် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (12:22)(12:25)/(12:30)(12:34) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏1
(22,5,2026)၊ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ်မှ တက်လာသော #Y-12 Military Transport Aircraft (1)စီးသည် မကွေးတိုင်း၊ မြိုင်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (12:35) မှ (1:45) အချိန်ဝန်းကျင်ခန့်ထိ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Magway_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏1
(22,5,2026)၊ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ်မှ တက်လာသော #Yak-130 Jet Fighter (2)စီးသည် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (3:29) (3:32)/(3:41) (3:43) (3:45) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏1
(22,5,2026)၊ မန္တလေးတိုင်း၊ မိထ္တီလာ ရှမ်းတဲ အကြမ်းဖက် လေတပ်ဌာနချုပ်မှ တက်လာသော #JF-17 Thunder Jet Fighter (1)စီးသည် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (3:57) (3:59) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည် 🌹
🥰3
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏1
" ပြညသူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား "

ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡

​"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻

ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊
အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻

#EIO_Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation