EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.95K links
Download Telegram
လွတ်ငြိမ်းနဲ့လွတ်လာတဲ့ လူပုဂ္ဂိုလ် ၅၀,၀၀၀၀န်းကျင်ရဲ့ကိုယ်ရေးအချက်အလက်တွေကို နည်းပညာအသုံးပြုပြီး အကြမ်းဖက်စစ်အုပ်စုစောင့်ကြည့်နေ

မေ ၂၀၊၂၀၂၆

အကြမ်းဖက်စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာသူတွေနဲ့ မိသားစုဝင်၊ မိတ်ဆွေတွေအပါအဝင် လူပုဂ္ဂိုလ် (၅၀,၀၀၀) ၀န်းကျင်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို နည်းပညာအသုံးပြုပြီး စဉ်ဆက်မပြတ် စောင့်ကြည့်နေတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လူပုဂ္ဂိုလ်တွေကို စိစစ်ကြပ်မတ်တာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးစနစ် (Person Scrutinization and Monitoring System)ကို အသုံးပြုပြီး အနီးကပ် နောက်ယောင်ခံစောင့်ကြည့်တာတွေ ပြုလုပ်နေတာပါ။

ဒါ့အပြင် Spring Revolution Database (SRD) ရဲ့ ထုတ်ပြန်ချက်တွေအရ လက်ရှိအကြမ်းဖက်စစ်တပ်က PSMS Application Version 1.2 ကို စတင်အသုံးပြုနေပြီး သူတို့ အလိုရှိနေတဲ့ လူပုဂ္ဂိုလ် (၅၀,၀၀၀) ၀န်းကျင်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထည့်သွင်းထားတယ်လို့လည်း အသံအဖွဲ့က ထုတ်ပြန်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ကြပေမယ့် ခေတ်မီနည်းပညာတွေနဲ့ ဆက်လက်စောင့်ကြည့်ခံနေရတာကြောင့် လွတ်မြောက်လာသူတွေအတွက် လူမှုအသိုင်းအဝိုင်းအတွင်း လွတ်လပ်စွာ ပြန်လည်ဝင်ဆံ့နိုင်ဖို့ ခက်ခဲစေသလို နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုတွေနဲ့ ထုတ်ဖော်ပြောဆိုမှုတွေကို ဆက်လက်ကန့်သတ်ထားနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ဦးဆောင်တဲ့ အတုအယောင်အစိုးရ ဖွဲ့စည်းပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် (၂) ကြိမ်ပေးခဲ့ပြီး အကျဉ်းသား (၄,၃၃၅) ဦး လွတ်ခဲ့ကြောင်း စစ်တပ်ပိုင် မီဒီယာတွေက ထုတ်ပြန်ထားသော်လည်း မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်တွေကနေ အကျဉ်းသား စုစုပေါင်း (၃၁၉၄) ဦးခန့်သာ လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်က ထုတ်ပြန်ထားပါတယ်။

အဲဒီလို နိုင်ငံတကာဟန်ပြလွတ်ငြိမ်းထဲမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစပြီး အမှုပေါင်း (၈)မှုနဲ့ ထောင်ဒဏ် (၁၂)နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် မှတ်တမ်းရုပ်ရှင် ဖန်တီးသူ မရှင်ဒေဝီနဲ့ ဗကသကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းတို့လည်း ပါဝင်ခဲ့ပါတယ်။

#SpringRevolution
#PVTV
#PVTVMyanmar
#PVTVNews
🥰2
🚨 မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီ အသုံးပြုနေသော Kamikaze Drone (သို့မဟုတ်) Suicide Drone များသည် အဓိကအားဖြင့် အီရန် (Iran) နှင့် ရုရှား (Russia) တို့၏ နည်းပညာဒီဇိုင်းများကို အတုယူ/အခြေခံထားခြင်း ဖြစ်ပါသည်။ ⚠️

⚜️ ၁။ အဓိက နည်းပညာအရင်းအမြစ်။

🔷အီရန် (Iran)

လက်ရှိ ကမ္ဘာ့စစ်မြေပြင်များ (ဥပမာ- ယူကရိန်း) တွင် နာမည်ကြီးနေသော အီရန်လုပ် Shahed-136 ဒရုန်းများ၏ ဒီဇိုင်းကို အဓိက အတုယူထားခြင်းဖြစ်သည်။ ပုံပါ ဒရုန်းများ၏ တြိဂံပုံစံ (Delta-wing) နှင့် နောက်မြီးပိုင်းတွင် ပန်ကာပါရှိသည့် ပုံစံသည် Shahed ဒရုန်းများ၏ ထူးခြားချက်ဖြစ်သည်။

🔷ရုရှား (Russia)

ရုရှားသည် အီရန်နည်းပညာကို အခြေခံ၍ Geran-2 အမည်ဖြင့် ကိုယ်တိုင်ထုတ်လုပ်နေပြီး မြန်မာစစ်ကောင်စီကိုလည်း နည်းပညာပိုင်းနှင့် စက်ပစ္စည်းပိုင်းဆိုင်ရာများ ကူညီပံ့ပိုးပေးနေကြောင်း နိုင်ငံတကာ စစ်ဘက်ဆိုင်ရာလေ့လာသူများက ထောက်ပြထားကြသည်။

⚜️ ၂။ ဒီဇိုင်းနှင့် တည်ဆောက်ပုံ အတုယူထားမှု။

♦️Delta Wing ဒီဇိုင်း

တြိဂံပုံစံ အတောင်ပံသည် လေခုခံမှုကို လျှော့ချပေးပြီး အဝေးကွာဆုံးအထိ ပျံသန်းနိုင်ရန် ကူညီပေးသည်။

♦️အရပ်ဘက်သုံး ပစ္စည်းများ (Commercial Parts)

အဆိုပါဒရုန်းများကို တန်ဖိုးကြီး လေယာဉ်အစိတ်အပိုင်းများဖြင့် မဟုတ်ဘဲ အရပ်ဘက်သုံး အဝေးထိန်း လေယာဉ်အစိတ်အပိုင်းများ၊ GPS စနစ်များနှင့် Foam board (သို့မဟုတ်) ပေါ့ပါးသော ကာဗွန်ဖိုင်ဘာများဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် "Low-cost, High-impact" (ကုန်ကျစရိတ်နည်းပြီး ထိရောက်မှုများသော) စစ်ပွဲဗျူဟာကို အတုယူထားခြင်း ဖြစ်သည်။

🔷တရုတ်နည်းပညာ (China)

ဒရုန်းတွင် ပါဝင်သော မော်တာများ၊ ဘက်ထရီများနှင့် အီလက်ထရွန်နစ် ပတ်လမ်း (Circuit boards) အများစုသည် တရုတ်နိုင်ငံထုတ် အရပ်ဘက်သုံး ပစ္စည်းများကို အသုံးပြုထားခြင်းဖြစ်သည်။

⚜️ ၃။ ဘာကြောင့် ယခုပုံစံကို အသုံးပြုသလဲ

♦️ရေဒီယိုလှိုင်းဖြတ်တောက်မှု ခံနိုင်ရည်။

ရိုးရှင်းသော စနစ်များကို သုံးထားသဖြင့် အီလက်ထရွန်နစ် တိုက်ခိုက်မှု (Jamming) များကို တစ်ခါတစ်ရံ ကျော်ဖြတ်နိုင်သည်။

♦️အုပ်စုလိုက် တိုက်ခိုက်ခြင်း။ (Swarm Attack)

နည်းပညာအရင်းအမြစ် တူညီသောကြောင့် ဒရုန်းအမြောက်အမြားကို တစ်ပြိုင်နက်တည်း လွှတ်တင်၍ ပစ်မှတ်ကို အလွှမ်းမိုး တိုက်ခိုက်နိုင်ရန် ရည်ရွယ်သည်။

အဆိုပါဒရုန်းများသည် အီရန်၏ Shahed နည်းပညာကို အခြေခံပြီး ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ရရှိသော အစိတ်အပိုင်းများကို အသုံးပြု၍ အကြမ်းဖက်စစ်ကောင်စီမှ ပြည်တွင်း၌ ပြန်လည်မွမ်းမံ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။

fixed-wing (အတောင်ပံပါ) Kamikaze (သို့မဟုတ်) Suicide Drone အမျိုးအစားများဖြစ်ပြီး ပစ်မှတ်ကို တိုက်ရိုက်ဝင်တိုက်ကာ ပေါက်ကွဲစေရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ ယင်းတို့သည် ပေါ့ပါးသော ပစ္စည်းများ (Foam board "သို့မဟုတ်" ပလတ်စတစ်) ဖြင့် ပြုလုပ်ထားသော်လည်း အဝေးထိန်းစနစ် (သို့မဟုတ်) GPS သုံး၍ တိုက်ခိုက်နိုင်သဖြင့် အန္တရာယ်ကြီးမားသည်။

⚜️ ၄။ တပ်ဆင်အသုံးပြုသော ခဲယမ်းအမျိုးအစား။

⚠️ (60mm / 81mm Mortar Shell)

မော်တာကျည်များကို အမြီးပိုင်းအတောင်ပံများ ဖြုတ်ကာ ဒရုန်းတွင် ထည့်သွင်းတပ်ဆင်ပြီး ထိတွေ့ပေါက်ကွဲ (Impact Fuze) စနစ်ဖြင့် အသုံးပြုသည်။

⚠️ RPG ထိပ်ဖူးများ။

သံချပ်ကာကားများ သို့မဟုတ် ခိုင်ခံ့သော အဆောက်အအုံများကို တိုက်ခိုက်ရန်အတွက် RPG-7 ထိပ်ဖူးများကို ဒရုန်းတွင် ချိတ်ဆက်၍ အသုံးပြုတတ်ကြသည်။

⚠️ လက်လုပ်ဗုံး (IED)

ပလတ်စတစ်ပိုက် သို့မဟုတ် သံပိုက်အတွင်း ယမ်းနှင့် သံစများထည့်ကာ ပြုလုပ်ထားသော လက်လုပ်ဗုံးများကိုလည်း အသုံးပြုသည်။

⚠️ ပေါက်ကွဲစေသည့် ယန္တရား (Firing Mechanism)

အဆိုပါဒရုန်းများတွင် ခဲယမ်းကို ပေါက်ကွဲစေရန် နည်းလမ်းနှစ်မျိုးကို အဓိကသုံးသည်။

🚨Impact Trigger (တိုက်မိမှ ပေါက်ကွဲခြင်း)

ဒရုန်း၏ ထိပ်ပိုင်းတွင် သံချောင်း သို့မဟုတ် ခလုတ်တစ်ခု တပ်ဆင်ထားပြီး ပစ်မှတ်ကို ထိုးစိုက်တိုက်မိသည့် အရှိန်ဖြင့် ခဲယမ်းကို ပေါက်ကွဲစေသည်။

🚨Remote Trigger (အဝေးထိန်းစနစ်)

ဒရုန်းမောင်းနှင်သူက ပစ်မှတ်အပေါ် ရောက်ရှိချိန်တွင် ခလုတ်နှိပ်၍ ဖောက်ခွဲခြင်း ဖြစ်သည်။

🚨ခဲယမ်း၏ အာနိသင်နှင့် အန္တရာယ်။

⚠️ သေကျေဒဏ်ရာရမှု (Casualty Radius)

သုံးထားသော ခဲယမ်းအမျိုးအစားပေါ် မူတည်၍ ပေါက်ကွဲသည့်နေရာမှ ပေ ၃၀ မှ ၁၀၀ အတွင်းရှိ လူများကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။

⚠️ အစအနများ စင်ထွက်မှု။

ပေါက်ကွဲချိန်တွင် အတွင်း၌ ထည့်သွင်းထားသော သံဘောစေ့များ၊ သံစများနှင့် ဒရုန်း၏ အစိတ်အပိုင်းများသည် ကျည်ဆန်များကဲ့သို့ အရှိန်ပြင်းစွာ စင်ထွက်တတ်ပါသည်။

ယခုကဲ့သို့ ဒရုန်းများတွင် အသုံးပြုသည့် ခဲယမ်းများသည် မြေပြင်သို့ ပျက်ကျသော်လည်း မပေါက်ကွဲဘဲ ကျန်ရှိနေတတ်ပါသည်။ ယင်းတို့ကို တွေ့ရှိပါက အန္တရယ်ရှိသောပစ္စည်းဖြစ်သည့်အတွက် ကျွမ်းကျင်သူများ မဟုတ်ဘဲ သွားရောက်ကိုင်တွယ်ခြင်း၊ ရွှေ့ပြောင်းခြင်း လုံးဝမပြုလုပ်ကြပါရန် တိုက်တွန်းလိုပါသည်။
🚨အဆိုပါ ဒရုန်းများ၏ အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရန်၊ ရှောင်ရန်များကို သတိပြုသင့်သည်။🛡️

၁။ ဒရုန်းအန္တရာယ် သတိပြုရန် နည်းလမ်းများ။

⚠️ အသံကို နားစွင့်ပါ။

ဒရုန်းများ ချဉ်းကပ်လာပါက ဆိုင်ကယ်အင်ဂျင်သံ သို့မဟုတ် ပန်ကာလည်သည့် "ဝီ" ဟူသော အသံကို ကြားရလေ့ရှိသည်။ ပုံမှန်မဟုတ်သော လေယာဉ်သံ/ဒရုန်းသံ ကြားရပါက အကာအကွယ်ယူရန် ပြင်ဆင်ပါ။

⚠️ ပုံသဏ္ဌာန်ကို မှတ်ထားပါ။

အတောင်ပံ တြိဂံပုံစံ (Delta wing) ရှိသော ဒရုန်းများသည် မြန်နှုန်းမြင့်ပြီး ပစ်မှတ်ကို ထိုးစိုက်တိုက်ခိုက်တတ်ကြောင်း သတိပြုပါ။

၂။ ဆောင်ရန်များ (Do’s)‼️

⚠️ ခိုင်မာသော အကာအကွယ်ယူပါ။

ဒရုန်းသံကြားရလျှင် သို့မဟုတ် မြင်ရလျှင် ခိုင်ခံ့သော ကွန်ကရစ်အဆောက်အအုံ၊ ဘန်ကာ သို့မဟုတ် မြေကျင်းများထဲသို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံပါ။

⚠️ မြေပြင်တွင် ဝပ်နေပါ။

လွတ်ကင်းသော နေရာမရှိပါက မြေပြင်ပေါ်တွင် မှောက်လျက်ဝပ်နေပြီး လက်နှစ်ဖက်ဖြင့် နားကို ပိတ်ထားကာ ပါးစပ်ကို အနည်းငယ် ဟထားပါ (၎င်းသည် ပေါက်ကွဲမှုကြောင့်ဖြစ်သော လေဖိအားလှိုင်းဒဏ်မှ နားစည်နှင့် အဆုတ်ကို ကာကွယ်ပေးနိုင်သည်)။

🔊 သတင်းဖြန့်ဝေပါ။

ဒရုန်းတွေ့ရှိပါက နီးစပ်ရာ အဖွဲ့အစည်းများနှင့် ပြည်သူများကို အမြန်ဆုံး သတိပေးချက် ထုတ်ပြန်ပါ။

⚠️ အကာအကွယ် ပစ္စည်းများသုံးပါ။

အိမ်ခေါင်မိုးများပေါ်တွင် ငါးဖမ်းပိုက်များ (သို့မဟုတ်) သံဇကာများ ဖြန့်ကြက်ထားခြင်းဖြင့် ဒရုန်းများ တိုက်ရိုက်မထိဘဲ အရှိန်လျော့သွားအောင် (သို့မဟုတ်) ကြိုတင်ပေါက်ကွဲသွားအောင် ပြုလုပ်ထားနိုင်သည်။

၃။ ရှောင်ရန်များ။ (Don'ts)‼️

⚠️ အစုအဝေးလိုက် မနေပါနှင့်။

ဒရုန်းများသည် လူစုလူဝေးကို အဓိက ပစ်မှတ်ထားတတ်သဖြင့် အများအပြား စုဝေးနေခြင်းကို ရှောင်ကြဉ်ပါ။

⚠️ ထွက်မကြည့်ပါနှင့်။

ဒရုန်းသံကြားရပါက အပြင်ထွက်ကြည့်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများ လုံးဝမပြုလုပ်ပါနှင့်။ အစအနများ စင်ထွက်တတ်သဖြင့် လုံခြုံသောနေရာတွင်သာ နေပါ။

⚠️ မပေါက်ကွဲသေးသော ဒရုန်းကို မကိုင်ပါနှင့်။

ပျက်ကျနေသော ဒရုန်း သို့မဟုတ် မပေါက်ကွဲသေးသော ဒရုန်းများကို တွေ့ရှိပါက လုံးဝ (လုံးဝ) သွားရောက်ကိုင်တွယ်ခြင်း၊ ဖြုတ်ကြည့်ခြင်း မပြုလုပ်ပါနှင့်။ ၎င်းတို့တွင် အချိန်ကိုက်စနစ် သို့မဟုတ် အဝေးထိန်းစနစ်ဖြင့် ပေါက်ကွဲစေနိုင်သော ယန္တရားများ ပါရှိနေတတ်သည်။

⚠️ ဖန်ခွက်/မှန် ပြတင်းပေါက်အနီး မနေပါနှင့်။

ပေါက်ကွဲမှုဖြစ်ပါက မှန်စများကြောင့် ထိခိုက်ဒဏ်ရာရနိုင်သဖြင့် ပြတင်းပေါက်များနှင့် ဝေးရာတွင် နေပါ။

🚨အဆိုပါ ဒရုန်းများသည် မြေပြင်ပစ်မှတ်များကို အလစ်အငိုက် တိုက်ခိုက်ရန် အသုံးပြုခြင်းဖြစ်သောကြောင့် သတင်းနားစွင့်ခြင်းနှင့် ကြိုတင်တူးထားသော ဗုံးခိုကျင်းများသည် အသက်ဘေးမှ လွတ်မြောက်ရန် အထိရောက်ဆုံး နည်းလမ်းများ ဖြစ်ပါသည်။

#Scout_Drone များနှင့် ပါတ်သတ်ပြီး လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသဖြင့် မိမိတို့၏ #EIO_Facebook_Page နှင့် #EIO_Telegram ချန်နယ်ကို #Like & #Follow လုပ်ထားနိုင်ပါသည်။

🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator

#DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #Airstrike #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar #Eagle_Information_Operator #EIO
🙏3
(20,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (2:36) (2:37) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏3
(20,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Gyrocopter (1)စီးသည် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (2:47) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏3
(20,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (3:27) (3:39) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏3
(20,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Gyrocopter (1)စီးသည် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (3:39) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏3
Forwarded from MMWeather
“ကမ္ဘာလုံးဆိုင်ရာ အပူပိုင်းဒေသ အန္တရာယ်များ GTHO 27MAY-9JUN နှင့် ENSO ဖြစ်ပေါ်ပြောင်းလဲမှု ဆန်းစစ်ချက် 18MAY အစီရင်ခံစာ” ပါ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များနှင့် ရာသီဥတုတွန်းအားများကို မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားနှင့် နှိုင်းယှဉ်၍ လာမည့် မေလနှောင်းပိုင်းမှ ဇွန်လဆန်းပိုင်းအထိ ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသနှင့် ရာသီဥတုအခြေအနေများကို အောက်ပါအတိုင်း ကြိုတင်ခန့်မှန်းဆန်းစစ် တင်ပြလိုက်ပါသည် -

၁။ မုတ်သုံဦးကာလ မိုးရွာသွန်းမှု အခြေအနေ (Precipitation Outlook)
အစီရင်ခံစာအရ မေလနှောင်းပိုင်းတွင် မိုးတိမ်ထုကြီး (MJO Phase အရှိန်) သည် အရှေ့တောင်အာရှကျွန်းစုများ (Maritime Continent) ဆီသို့ ရွေ့လျားသွားမည်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနှင့် အနီးတစ်ဝိုက်တွင် မိုးတိမ်ဖြစ်ထွန်းမှု နည်းပါးသွားမည် (Suppressed Convection) ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံအောက်ပိုင်း (တနင်္သာရီ၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ) - မေလ ၁၆ ရက်ကတည်းက မုတ်သုံလေ စတင်ဝင်ရောက်ထားသဖြင့် ကနဦးတွင် မိုးရွာသွန်းမှု ရှိနေဦးမည်ဖြစ်သော်လည်း၊ မေလနှောင်းပိုင်း (ဒုတိယပတ်) သို့ ရောက်ရှိလာပါက မုတ်သုံလေအရှိန် အနည်းငယ် ပြန်လည်အားပျော့သွားနိုင်ပြီး မိုးခဏပြတ်ခြင်း သို့မဟုတ် မိုးရွာသွန်းမှု လျော့နည်းသွားခြင်းမျိုး ကြုံတွေ့ရနိုင်ပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း - မုတ်သုံလေ ကုန်းတွင်းပိုင်းသို့ ဆက်လက်တက်လှမ်းရန် ရုန်းကန်ရနိုင်ပြီး၊ ပုံမှန်ထက် မိုးနောက်ကျခြင်း သို့မဟုတ် မိုးရွာသွန်းမှု ပျမ်းမျှအောက် နည်းပါးခြင်းမျိုး ဖြစ်ပေါ်နိုင်ပါသည်။

၂။ အပူပိုင်းမုန်တိုင်းအန္တရာယ် (Tropical Cyclone Risks)
ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက် စိတ်အေးရမည့်အခြေအနေ ရှိလာပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ - အစီရင်ခံစာ၏ ဒုတိယပတ်နှင့် တတိယပတ် (မေ ၂၇ မှ ဇွန် ၉ ရက်အထိ) ခန့်မှန်းချက်များတွင် ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ (Cyclogenesis) ကို ဖော်ပြထားခြင်း မရှိပါ။ အဓိက မုန်တိုင်းဖြစ်နိုင်ခြေဇုန်များသည် ပစိဖိတ်အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သို့ ရွေ့လျားသွားပြီ ဖြစ်သည်။

သုံးသပ်ချက် - လာမည့် မေလကုန်နှင့် ဇွန်လဆန်းပိုင်းအတွင်း မြန်မာနိုင်ငံသို့ မုန်တိုင်းကြီးများ ဝင်ရောက်တိုက်ခတ်နိုင်မည့် အန္တရာယ်မှာ အလွန်နည်းပါးသွားပြီဖြစ်ကြောင်း သုံးသပ်ရပါသည်။

၃။ ရေရှည်ရာသီဥတုသက်ရောက်မှု (El Niño ကူးပြောင်းခြင်းနှင့် စိုက်ပျိုးရေး)
မြန်မာနိုင်ငံအတွက် အဓိက အရေးအကြီးဆုံးနှင့် ရေရှည်သတိထားရမည့်အချက်မှာ အယ်လ်နီညို (El Niño) ဘက်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနေသည့် ဖြစ်စဉ် ဖြစ်သည်။
အယ်လ်နီညိုအရှိန် မြင့်တက်လာခြင်း - အီကွေတာပစိဖိတ်အလယ်ပိုင်း (Niño 3.4 ဒေသ) တွင် အပူချိန်သည် အယ်လ်နီညိုအဆင့် (+0.5ºC) သို့ ရောက်ရှိနေပြီဖြစ်ပြီး လာမည့် ဆောင်းရာသီတွင် ဖြစ်နိုင်ခြေ ၉၆% အထိ အလွန်အားကောင်းလာရန် ရှိနေသည်။

စိုက်ပျိုးရေးမိုးလေဝသ (Agromet) သတိပေးချက် - အယ်လ်နီညို ဖြစ်စဉ်သည် မြန်မာ့မုတ်သုံရာသီကို အားပျော့စေလေ့ရှိသည်။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် -
မိုးရွာသွန်းမှု ပျမ်းမျှထက် လျော့နည်းခြင်း၊
မိုးရွာရက် အဆက်ပြတ်ခြင်း (Monsoon Break) ကြာရှည်ခြင်း၊
မိုးခေါင်ရေရှားခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သဖြင့် မိုးစပါးနှင့် မိုးသီးနှံစိုက်ပျိုးမည့် လယ်သမားကြီးများအနေဖြင့် ရေရရှိမှုအခြေအနေကို သေချာစွာ တွက်ချက်ပြင်ဆင်ထားရန် လိုအပ်ပါသည်။

📌 အကျဉ်းချုပ် ကောက်ချက် - မြန်မာနိုင်ငံအနေဖြင့် လာမည့်ရက်ပိုင်းအတွင်း မုန်တိုင်းအန္တရာယ်မှ ကင်းဝေးနိုင်သော်လည်း၊ မုတ်သုံဦးကာလ မိုးရွာသွန်းမှုမှာ ပုံမှန်ထက် အားနည်းနိုင်ပြီး အယ်လ်နီညိုအရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် အပူရှိန်ဆက်လက်မြင့်မားနေနိုင်ပါသည်။ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုကဏ္ဍများတွင် ယခုကတည်းက အယ်လ်နီညို ဘေးအန္တရာယ် တုံ့ပြန်ရေး အစီအမံများကို စတင်ပြင်ဆင်ထားသင့်ပါကြောင်း ဆန်းစစ်တင်ပြအပ်ပါသည်။
🥰1
[ လမ်းပိုင်းဆိုင်ရာ အထူးသတိပြုရန် နှိုးဆော်ချက် ]

🚨 လုံခြုံရေးအတွက် သတိမပြတ်ပါစေနှင့် ⚠️

(မုံရွာ - ချောင်းဦး - မြင်းမူ - စစ်ကိုင်း - မန်းလေး ) လမ်းပိုင်းတစ်လျှောက် အကြမ်းဖက် စစ်ကောင်စီ၏ လမ်းပိုင်းကင်းများသည် ၎င်းတို့၏ သက်ဆိုင်ရာ စခပခ အထိုင်စခန်း/ဝပ်ကျင်းများရှိရာသို့ အသီးသီးပြန်လည်၍ အယောင်ပြ ဝင်ရောက်ပြီး စခကင်းပုန်းများသည် တစ်ခါတစ်ရံ ကျန်ရှိ‌နေတတ်သည့် အတွက်ကြောင့် သက်ဆိုင်ရာ နယ်မြေခံတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ ရဲဘော်များအနေဖြင့် လမ်းကြောင်းတစ်ခုခုကို အသုံးမပြုမီ —

🔍 မြေပြင်အခြေအနေကို အထူးဂရုပြု စုံစမ်းမေးမြန်းပါ။

⚠️ သတင်းအချက်အလက် တိကျသေချာမှသာ ခရီးဆက်ပါ။

မိမိတို့ #EIO_Admin_Team အနေဖြင့် တော်လှန်ရေး ရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းကင်းနှင့် လိုရာခရီးသို့ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် အစဉ်အမြဲ ဆုတောင်းလျက် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)
📲 ဆက်သွယ်ရန်
@EIO2021_bot | @EagleInformationOperator_bot
http://t.me/eagleinformationoperator?direct
👍1🙏1
⚜️ #EIO_Update_News

မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက်တွင် ပေါ်တာဆွဲ စခအိမ်စီးကားများဖြင့် ကင်းပတ်၍ ပြည်သူအသွားအလာ လူငယ်များကို ဖမ်းဆီးတင်ဆောင်နေကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

May 20, 5:20PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
(20,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Paramoter စက်တပ်လေထီး (1)စီးသည် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တစ်နေရာ၌ ယနေ့ ညနေပိုင်း (4:44) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏2
(20,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တစ်နေရာ၌ ယနေ့ ညနေပိုင်း (4:10) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏2
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️

📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။

📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။


🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း

📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။

သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။


📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု

📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း

📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။

💻 Digital Security

📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။

🛡️ ဘေးကင်းရေး လမ်းညွှန်မှု

📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။

⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်

📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📱 Two-Step Verification

⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။

🗑️ Chat Cleanup

⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။

👁️ Environmental Awareness

⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။

🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။”

ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻

#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News ဘုတလင်မြို့တွင်းမှ ထွက်လာသော စခအအများသည် ဘုတလင်နယ်၊ ပဲပြစ်တော အရှေ့ရွာနှင့် အနောက်ရွာသို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။ May 20, 7:25AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

ဘုတလင်မြို့တွင်းမှ ယနေ့ည ထပ်မံ၍ ထွက်လာသော စခအအများသည် ဘုတလင်နယ်၊ ပဲပြစ်တော အရှေ့ရွာတွင် ရှိသော စခအအများနှင့်အတူပေါင်း၍ ခေတ္တယာယီ ဝပ်ကျင်းချနေကြောင်းသိရပြီး တက်လှိုင်းရွာတွင်လည်း စခများ ကျန်ရှိနေဆဲဖြစ်ကြောင်း သတင်းရရှိထားပါသည်။

May 20, 7:05PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
(20,5,2026)၊ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ်မှ တက်လာသော #Yak-130 Jet Fighter (2)စီးသည် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တစ်နေရာ၌ ယနေ့ ညပိုင်း (7:47) (7:50)/(7:55) (7:57) (8:01) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
🙏21
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည် 🌹
1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)