EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - May 19, 6:33AM

📌 ချောင်းဦးနယ်၊ နတ်ရေကန်ရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate
🙏2
🚨 အရေးကြီးသတိပေးချက် - သင့်ရဲ့ Post ဟာ ရန်သူ့အတွက် အခွင့်အရေး မဖြစ်ပါစေနဲ့ 🚫

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ဟာ ပြည်သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း (သို့မဟုတ်) ဖြစ်ပွားပြီးပြီးချင်း အသေးစိတ်ကို လူမှုကွန်ရက်ပေါ် တင်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုး ကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

🚫 ဘာကြောင့် (ချက်ချင်း) မတင်သင့်သလဲ⁉️ ⚠️

♦️၁။ ရန်သူကို ကူညီရာရောက်ခြင်း (Real-time Feedback) 🎯

⚠️ ပစ်မှတ်ညှိခြင်း။

"ဘယ်နေရာကို ကျသွားပြီ" လို့ တင်လိုက်တာဟာ ၎င်းတို့အတွက် #Live Feedback ပေးလိုက်တာနဲ့ တူပါတယ်။ ပစ်မှတ်လွဲသွားရင် နောက်တစ်ကြိမ်မှာ တည့်အောင် ပြန်ညှိဖို့ အချက်အလက်ပေးသလို ဖြစ်စေပါတယ်။

⚠️ ထိရောက်မှုစစ်ဆေးခြင်း။

သေဆုံး/ဒဏ်ရာရ စာရင်းတွေဟာ ၎င်းတို့ရဲ့ စစ်ဆင်ရေး အောင်မြင်မှု ရှိ/မရှိကို အခမဲ့ သတင်းပေးလိုက်တာ ဖြစ်ပါတယ်။

♦️၂။ ကယ်ဆယ်ရေးအဖွဲ့များကို အန္တရာယ်ဖြစ်စေခြင်း။ (#Double Tap Attack) 🚑

ပထမအကြိမ် ဗုံးကြဲပြီးနောက် လူစုဝေးလာချိန် (သို့မဟုတ်) ကယ်ဆယ်ရေးလုပ်နေချိန်မှာ အကြမ်းဖက် စစ်ကောင်စီသည် #UAV Scout Drone များပျံဝဲကင်း‌ထောက်ပြီး ဒုတိယအကြိမ် ထပ်မံဗုံးကြဲတဲ့ "Double Tap" နည်းဗျူဟာကို အများဆုံး သုံးလေ့ရှိပါတယ်။ သတင်းချက်ချင်းတင်ခြင်းက လူစုလူဝေးကို ဖြစ်စေပြီး အသေအပျောက် ပိုများစေနိုင်ပါတယ်။

♦️၃။ နောက်ဆက်တွဲ ပစ်မှတ်များကို လမ်းညွှန်ပေးခြင်း။ 📍

ဓာတ်ပုံ/ဗီဒီယိုတွေမှာပါတဲ့ ဘုရား၊ ကျောင်း၊ ဆေးရုံ စတဲ့ အထင်ကရနေရာတွေဟာ အကြမ်းဖက် စစ်ကောင်စီအတွက် နောက်ထပ်ပစ်မှတ်ထားရမယ့် Coordinates (တည်နေရာပြအမှတ်အသား) တွေကို အလကားပေးလိုက်သလို ဖြစ်စေပါတယ်။

♦️၄။ မြေပြင်သတင်းပေး (ဒလန်) များအတွက် အချက်အလက်ဖြစ်ခြင်း။ 🕵️‍♂️

အွန်လိုင်းပေါ်က အချက်အလက်တွေကို စုစည်းပြီး ပိုမိုတိကျတဲ့ သတင်းအချက်အလက်တွေ ရရှိသွားစေပါတယ်။

♦️၅။ မိသားစုဝင်များ၏ လုံခြုံရေးနှင့် စိတ်ဒဏ်ရာ 💔

ရုပ်အလောင်း ဒါမှမဟုတ် ဒဏ်ရာရပုံတွေကို မိသားစုဝင်တွေ အင်တာနက်မှာ အရင်မြင်တွေ့ရခြင်းက ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ဖြစ်စေပါတယ်။

ဒဏ်ရာရသူတွေရှိတဲ့ နေရာကို သတင်းပေါက်ကြားခြင်းက အဆိုပါနေရာ (ဥပမာ-ဆေးရုံဆေးခန်း) ကို ထပ်မံတိုက်ခိုက်ဖို့ လမ်းပြသလို ဖြစ်နိုင်ပါတယ်။

💡 ပြည်သူသို့ အကြံပြုချက် - ဘယ်လိုလုပ်ဆောင်ကြမလဲ? ⁉️

၁။ အချိန်ဆိုင်းပါ။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အနည်းဆုံး (၃) နာရီမှ (၆) နာရီ ခန့် ကြာမှသာ သတင်းကို ထုတ်ပြန်ပါ။ မလောပါနဲ့-မြေပြင်သတင်းကို မြေပြင်က ပြည်သူများသာ သိဖို့ အဓိကဖြစ်ပါတယ်။

၂။ တည်နေရာ အတိအကျကို ရှောင်ပါ။

"ဘယ်ရွာ၊ ဘယ်လမ်း" စတဲ့ အသေးစိတ်တွေအစား "ဘယ်မြို့နယ်အတွင်း" စသဖြင့် ယေဘုယျသာ ရေးသားပါ။

၃။ ဓာတ်ပုံနှင့် ဗီဒီယို။

ပတ်ဝန်းကျင် အမှတ်အသားတွေ မပါအောင် သတိထားပါ။ သွေးပျက်ဖွယ် ပုံရိပ်တွေကို လုံးဝမတင်ပါနဲ့။

၄။ တရားဝင် သတင်းဌာနများကိုသာ ပို့ပါ။

မိမိ Account မှာ တင်မယ့်အစား #Media_Ethics ရှိတဲ့ သတင်းဌာနတွေ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေဆီကိုသာ လုံခြုံတဲ့ Channel (ဥပမာ - Signal) ကနေ ပေးပို့ပါ။

📢 သတိပြုရန်။ ⚠️

သင်တင်လိုက်တဲ့ #Post တစ်ခုဟာ ရန်သူ့အတွက် နောက်တစ်ဖန် အခွင့်အရေး ဖြစ်သွားနိုင်သလို၊ သင့်ရဲ့ ဆင်ခြင်တုံတရားက ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။🙏🏻

#Eagle_Information_Operator #EIO #Air_Raid_Safety #StopKillingCivilians #StopBombingCivilians #MilitaryTerrorists #MiliitaryAtrocities #WarCrimes #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar
🙏1
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️

တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။

လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆောင်ရန်အချက်များ (Dos)

📢 သတင်းနားစွင့်ပါ။

မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။

🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။

ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။

📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။

ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။

🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။

ရှောင်ရန်အချက်များ (Don'ts)

🚫 သတင်းမပေါ့ဆပါနှင့်။

"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။

🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။

အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။

🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။

အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။

🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။

တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။

🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️

မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။

"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻

#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
🙏2
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

May 19, 6:39AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍2
📢 သတိပေးနှိုးဆော်ချက်⚠️

တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ သတင်းလုံခြုံမှု (#Information_Security) နှင့် စစ်ဆင်ရေးလုံခြုံမှု (#OPSEC) တို့တွင် သတိပေါ့လျော့မှုများ ရှိလာနေသည်ကို နေ့စဉ် စိတ်မကောင်းဖွယ် တွေ့မြင်နေရပါသည်။

မိမိတို့ သတင်းလက်ဦးမှုရယူရန်နှင့် နာမည်ကြီးရန်အတွက်သာ ရှေ့တန်းတင်ပြီး စစ်ဆင်ရေးရည်မှန်းချက် မပြီးမြောက်သေးမီ သတင်းဌာနများသို့ အသိပေးခြင်း၊ မိမိတို့၏ ကိုယ်ပိုင် #Social Media ပေါ်တွင် ဓာတ်ပုံနှင့် #Video များ တင်ခြင်းတို့သည် အကြမ်းဖက်စစ်ကောင်စီအတွက် လေကြောင်းပစ်မှတ်နှင့် လက်နက်ကြီးပစ်မှတ်များကို မြေပုံညွှန်းပေးနေသကဲ့သို့ ဖြစ်နေပါသည်။

လူမှုကွန်ယက်အသုံးပြုရာတွင် မိမိတို့၏ ဂုဏ်သိက္ခာထက် ရဲဘော်များနှင့် ပြည်သူတို့၏ အသက်လုံခြုံရေးကို အလေးထားကြရန် #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🚫 ရှောင်ရန် (Don'ts)

အချိန်နှင့်တပြေးညီ (Real-time) တင်ခြင်း။

စစ်ဆင်ရေး လှုပ်ရှားမှုများကို ဖြစ်ပွားနေဆဲအချိန်တွင် ရှေ့တန်းတွင် မပါဝင်သူများ အနေဖြင့် လုံးဝ (လုံးဝ) #Post မတင်ပါနှင့်။သတင်းဖြန့်ဝေခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါနှင့်။

တည်နေရာ အမှတ်အသားများ။

ဓာတ်ပုံများတွင် နောက်ခံတောင်တန်း၊ ထူးခြားသော အဆောက်အအုံနှင့် လမ်းဆုံလမ်းခွများ မပါဝင်ပါစေနှင့်။ (#Metadata ပါသော မူရင်းပုံများကို တိုက်ရိုက်မတင်ပါနှင့်)။

အင်အားနှင့် လက်နက်ထုတ်ဖော်ပြသခြင်း။

မိမိတို့ဘက်မှ အင်အား မည်မျှရှိသည်၊ မည်သည့်လက်နက် အမျိုးအစားများ အသုံးပြုနေသည်ကို ထုတ်ဖော်မပြပါနှင့်။

အောင်ပွဲခံစောခြင်း။

ရည်မှန်းချက် မပြီးမြောက်မီ "သိမ်းနိုင်ပြီ" ဟု ကြေညာခြင်းသည် ရန်သူ၏ တန်ပြန်တိုက်ခိုက်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။

ဆောင်ရန် (Dos)

အချိန်ဆိုင်းပြီးမှ တင်ပါ။

စစ်ဆင်ရေးပြီးဆုံး၍ ရဲဘော်များ ဘေးကင်းရာသို့ ရွှေ့ပြောင်းပြီးနောက် (အနည်းဆုံး ၂၄ နာရီ/ ၄၈ နာရီ) ကြာမှသာ သတင်းထုတ်ပြန်ပါ။

မျက်နှာနှင့် အမှတ်အသားများကို ဖျောက်ပါ။

ဓာတ်ပုံတင်လျှင် ရဲဘော်များ၏ မျက်နှာ၊ တက်တူးနှင့် ယူနီဖောင်းပေါ်မှ တံဆိပ်များကို #Blur လုပ်ပါ။

#Chain of Command ကို လေးစားပါ။

အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ၏ ခွင့်ပြုချက်ရမှသာ သတင်းပေးပို့/တင်ပြပါ။

Digital Security သတိပြုပါ။

ဖုန်းထဲရှိ ဓာတ်ပုံများမှ #GPS_Location များကို ပိတ်ထားပါ။

"မလိုအပ်ဘဲ မပြောပါနှင့်၊ မဆိုင်လျှင် မတင်ပါနှင့်၊ အောင်ပွဲရမှ ဂုဏ်ယူပါ"

မိမိ၏ လက်ချောင်းလေးတစ်ခုကြောင့် မြေပြင်က ရဲဘော်များ အသက်မဆုံးပါစေနှင့်။ သတိရှိရှိဖြင့် တော်လှန်ကြပါစို့။

#EIO #InformationSecurity #OPSEC #Digital_Security #RevolutionSafety #WhatsHappeningInMyanmar
👍1🙏1
🔊 ​လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် အောက်ပါဘေးကင်းလုံခြုံရေး အစီအမံများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


🛡️ အကာအကွယ်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း။

⚠️ ​ဗုံးခိုကျင်း ပြင်ဆင်ပါ။

လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းသည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။

⚠️ ဝပ်နေပါ

ပစ်ခတ်သံများ ကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဗိုက်မှောက်လျက် ဝပ်နေပါ။

🙆🏻ခိုင်မာသော အကာအကွယ်ယူပါ။

.5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။

⚠️ ပေါ့ပေါ့တန်တန် မနေပါနှင့်။

.5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက မိမိတို့နှင့် မနီးသေးဟု တွေးကာ ပေါ့ပေါ့တန်တန် မနေသင့်ပါ။

🎒 အရေးပေါ် အခြေအနေအတွက် ဆောင်ရန်/ရှောင်ရန်

🚨Emergency Kit ပြင်ထားပါ

အရေးပေါ် တိမ်းရှောင်ရပါက ချက်ချင်းယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများ ကို အထုပ်အပိုး အသင့်ပြင်ထားပါ။

🚫စုဝေးခြင်း ရှောင်ပါ

အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် လေကြောင်းနှင့် မြေပြင်ပစ်မှတ် ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။

⚠️မီးအမှောင်ချပါ

ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီးနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။

🚫 စူးစမ်းခြင်း မပြုပါနှင့်

ပစ်ခတ်သံကြားရသည့် အရပ်သို့ အပြင်ထွက်ကြည့်ခြင်း၊ စူးစမ်းခြင်း မပြုဘဲ ကျည်လွတ်ရာ၌သာ ငြိမ်သက်စွာ နေပါ။

⚠️ နေရပ်ပြန်ရာတွင် သတိပြုရန် (မြေမြှုပ်မိုင်း အန္တရာယ်)

🚫အလျင်စလို မပြန်ပါနှင့်။

စစ်ကြောင်းများ ဖြတ်သန်းသွားလာထားသည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသများရှိ မိမိတို့အိမ်အတွင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်း နှင့် အခြား မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ ကျန်ရှိနေနိုင်ပါသည်။

🗣️ ​စုံစမ်းမေးမြန်းပါ။

သက်ဆိုင်ရာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းများထံမှ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းပါ။

⚠️ခွင့်ပြုချက်ရမှသာပြန်ကြပါ။

သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဟု အတည်ပြုချက်ရမှသာ မိမိနေရပ်သို့ ပြန်ကြပါရန် အထူးသတိပေးလိုပါသည်။

📢 သတင်းနားစွင့်ပါ။

ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။ အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် သတိပြုပါ။

⚜️ မြေပြင်နှင့် လေကြောင်း အခြေအနေများအတွက် အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။


"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

#EIO_Update_News #SafetyFirst #EmergencySafety #LandmineAwareness #StaySafe #RejectMilitaryCoup #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar
🙏1
📌 ပညာတတ်ရုံတင်မကဘဲ ဆင်ခြင်တုံတရားရှိဖို့ ဘာကြောင့် လိုအပ်သလဲ⁉️

ကျွန်တော်တို့ ရှင်သန်နေထိုင်တဲ့ လူမှုပတ်ဝန်းကျင်မှာ "ပညာ" ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ ပညာရှိတိုင်းလည်း ဆင်ခြင်တုံတရား ရှိကြတာ မဟုတ်ပါဘူး။ ဗုဒ္ဓအဘိဓမ္မာအရဖြစ်စေ၊ လောကီပညာအရဖြစ်စေ ပညာကို အကြမ်းဖျင်း (၃) မျိုး ခွဲခြားနိုင်ပါတယ်။

📖 ၁။ သုတမယပညာ (#Learning)

သူတစ်ပါးထံမှ နာယူခြင်း၊ စာအုပ်စာပေ ဖတ်ရှုခြင်းနှင့် သင်ယူလေ့လာခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဒါဟာ ပညာရှာခြင်းရဲ့ ပထမဆုံး အခြေခံအဆင့် ဖြစ်ပါတယ်။

🤔 ၂။ စိန္တာမယပညာ (#Thinking)

ရရှိလာတဲ့ အချက်အလက်တွေကို မိမိဘာသာ ပြန်လည် ကြံစည်တွေးတောခြင်း၊ ဟုတ်မဟုတ် ဆင်ခြင်သုံးသပ်ခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာတဲ့ အဆင့်ဖြစ်ပါတယ်။

🙏 ၃။ ဘာဝနာမယပညာ (#Practice/#Meditation)

သင်ယူထားတာတွေ၊ တွေးတောထားတာတွေကို လက်တွေ့ကျင့်ကြံ အားထုတ်မှုကြောင့် ရရှိလာတဲ့ ကိုယ်ပိုင် အသိဉာဏ်ဖြစ်ပါတယ်။ ဒါဟာ အမြင့်ဆုံးနဲ့ အစစ်မှန်ဆုံး ပညာရပ်ဖြစ်ပါတယ်။

⚠️ "သင်လို့မရတဲ့ လူစားမျိုး"

လောကမှာ ဘယ်အလုပ်မျိုးမဆို လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သေးသည်ဖြစ်စေ သင်ယူလိုစိတ် ရှိရင် သင်ပေးလို့ရပါတယ်။ နည်းပညာတွေ၊ အတတ်ပညာတွေကို လက်ဆင့်ကမ်းလို့ ရပါတယ်။

ဒါပေမဲ့...
ကိုယ်ကျင့်တရား ညံ့ဖျင်းသူ
ပျင်းရိငြီးငွေ့လွန်းသူ (ငပျင်းများ)
ဒီလိုလူစားမျိုးတွေကိုတော့ ဘယ်လိုမှ လက်ဆွဲခေါ်လို့ မရနိုင်ပါဘူး။


ဘယ်လောက်ပဲ တော်နေပါစေ ကိုယ်ကျင့်တရား မရှိရင် အဲဒီပညာဟာ ဘေးဥပါဒ် ဖြစ်စေနိုင်သလို၊ ပျင်းရိသူအတွက်လည်း ပညာဆိုတာ အပိုပစ္စည်းသာ ဖြစ်နေပါလိမ့်မယ်။

ပညာသင်ရင် "အဓိက" အချက်က ဘာလဲ⁉️

ပညာသင်ကြားရာမှာ အဓိကအချက်က "နှလုံးသားနှင့် စာရိတ္တ" ပါပဲ။ အတတ်ပညာတစ်ခုကို မသင်ယူခင် လူပီသဖို့နဲ့ စည်းကမ်းရှိဖို့က အခြေခံအကျဆုံး "အဓိက" အချက် ဖြစ်ပါတယ်။

"ပညာ မတတ်လေ... ဆင်ခြင်တုံတရား နည်းလေပဲ..."

တကယ်တော့ ပညာဆိုတာ စာတတ်ရုံသက်သက် မဟုတ်ပါဘူး။ ဘယ်အရာက အမှား၊ ဘယ်အရာက အမှန်၊ ဘယ်ဟာက အကျိုးရှိပြီး ဘယ်ဟာက အကျိုးမဲ့လဲဆိုတာကို ခွဲခြားနိုင်တဲ့ "ဆင်ခြင်တုံတရား" ရှိမှသာ ပညာတတ်လို့ ခေါ်ဆိုထိုက်တာပါ။ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ပညာဟာ အလင်းမပါတဲ့ မီးအိမ်နဲ့ တူပါတယ်။

မိမိကိုယ်တိုင်ရော မိမိတို့ရဲ့ ဝန်းကျင်ကိုပါ အကျိုးပြုနိုင်တဲ့ ဆင်ခြင်တုံတရားရှိသောသူများ ဖြစ်ကြပါစေ။🙏🏻

#EIO #EagleInformationOperator #PublicEducation #Learning #Wisdom #Ethics #Myanmar
⚜️ #EIO_Update_News

ယင်းမာပင်နယ်၊ ဘန့်ဘွေးပျူရွာမှ ထွက်လာသော စခပခများသည် တရော်ကျင်းရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

May 19, 9:46AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 11:36AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 19, 11:36AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 11:39AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 19, 11:39AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 h…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 11:43AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် မုံရွာမြို့၊ သာစည်မီးပွိုင့်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 11:46AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် မုံရွာမြို့၊ ကားလေးကွင်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 11:50AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် မုံရွာမြို့၊ နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 11:52AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် မုံရွာမြို့၊ ကားကြီးကွင်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 11:53AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 11:54AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မြေနဲရွာ ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 11:59AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် မုံရွာနယ်၊ တောင်ခြမ်း ကူတောရွာ ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 12:01PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မုံရွေးတိုးဂိတ် ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 12:03PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(8)စီးသည် ချောင်းဦးနယ်၊ ခင်မွန်ရွာ ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

May 19, 12:05PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator