⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော မိုးကာအုပ် (၆)ဘီးကား (၆)စီးသည် ရေဦးဆန်ဆိုင်ဂိတ်တွင်ရပ်ထားပြီး တောင်ဘက်သို့ ကားခေါင်းများသည် လှည့်ထားကြောင်း သတင်းရရှိထားပါသည်။
May 17, 6:22AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation

Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
✊ အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။
ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။
🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။
#EIO တွင် ပါဝင်နေသော #Admin များသည် #Facebook Page နှင့် #Telegram မှ ဝင်ငွေရှာနေသူများ မဟုတ်သလို၊ ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။
🚫မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ။
တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။
✨ပြန်လည်မျှဝေခြင်းသာရှိသည်။
အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းခြင်းသာရှိပါသည်။
📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။
မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။
"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻
#EIO_Admin_Team #Eagle_Information_Operator #Stand_With_Truth #Technological_Revolution #No_Donation_Accepted #RevolutionaryEthics #HonorableRevolution

"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"
မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။
"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻
#EIO_Admin_Team #Eagle_Information_Operator #Stand_With_Truth #Technological_Revolution #No_Donation_Accepted #RevolutionaryEthics #HonorableRevolution
🙏1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🛰️ Starlink အင်တာနက်နှင့် လေကြောင်းတိုက်ခိုက်မှု သက်ဆိုင်မှု ရှိပါသလား ⁉️
🚨 နည်းပညာအချက်အလက်။
Starlink သည် Satellite မှတစ်ဆင့် Signal ဖမ်းယူခြင်းဖြစ်ပြီး ရေဒီယိုလှိုင်းထုတ်လွှင့်မှု (#Signal Emission) အလွန်နည်းပါးပါသည်။
သို့သော် #Starlink သည် သတင်းအချက်အလက် မြန်မြန်ဆန်ဆန်ရရှိရန် အထောက်အကူပြုသော်လည်း၊ ၎င်းမှ ထွက်ပေါ်သော လှိုင်းအချက်ပြမှု (Signal) ကြောင့် အသုံးပြုသူ၏ တည်နေရာကို ရန်သူက သိရှိသွားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာနိုင်သည့် အန္တရာယ် (Electronic Signature Risk) မှာမူ နည်းပညာအရ ရှိနေဆဲ ဖြစ်ပါသည်။
⚠️ စစ်ကောင်စီ၏ နည်းလမ်း။
စစ်ကောင်စီသည် ဗုံးကျဲရာတွင် #Starlink Signal ကို လိုက်လံဖမ်းယူခြင်းထက် မြေပြင်သူလျှို (ဒလန်)၊ #ဖုန်းလိုင်းထောက်လှမ်းမှု နှင့် ကင်းထောက်ဒရုန်း (#Reconnaissance Drone) များမှရရှိသော #Visual_Data (ရုပ်မြင်သတင်း) ကိုသာ အဓိကအားကိုးနေခြင်းဖြစ်ပါသည်။
⚠️ သတိပြုရန်။
#Starlink_Dish (စလောင်း) ကို အမိုးပေါ်တွင် အကာအကွယ်မရှိ တပ်ဆင်ထားပါက ကင်းထောက်ဒရုန်းများမှတစ်ဆင့် မြင်တွေ့နိုင်ပြီး ပစ်မှတ်ဖြစ်သွားနိုင်ပါသည်။
🛡️ နည်းပညာမြင့်စစ်ရေးနှင့် ခေတ်သစ်ဗျူဟာ။
ယခုအခါ အကြမ်းဖက် စစ်ကောင်စီသည် မြေပြင်သတင်းအချက်အလက် (#Human Intelligence) မရရှိလျှင်ပင် နည်းပညာကို အလွဲသုံးစားလုပ်၍ တိုက်ခိုက်မှုများ ပြုလုပ်လာပါသည်။
🚨 Thermal Imaging & Night Vision။
ညဘက်တွင် မီးရောင်မရှိသော်လည်း လူခန္ဓာကိုယ်မှ ထွက်သော အပူလှိုင်းကိုကြည့်၍ ပစ်မှတ်ရှာနိုင်ပါသည်။
🚨 Electronic Warfare (EW)။
ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ခြင်းနှင့် ထောက်လှမ်းခြင်းများ ပြုလုပ်လာသည်။
🚨 Surveillance Drones(UAV Scout Drone)။
လူမပါဘဲ မြေပြင်လှုပ်ရှားမှုများကို ၂၄ နာရီ စောင့်ကြည့်နေနိုင်သော နည်းပညာကို သုံးစွဲနေသည်။
⚠️ ပြည်သူများအတွက် ဆောင်ရန်/ရှောင်ရန်များ။
✅ ဆောင်ရန် (Do)
⚠️ Camouflage (ဖျောက်ဖျက်ခြင်း)။
Starlink စလောင်းနှင့် အင်တာနက် စက်ပစ္စည်းများကို အပေါ်စီးမှကြည့်လျှင် မမြင်နိုင်သော အရောင် (သို့မဟုတ်) ပိုက်ကွန်များဖြင့် အုပ်ထားပါ။
⚠️ Digital Security။
အင်တာနက်အသုံးပြုရာတွင် #VPN အမြဲခံသုံးပါ။ လုံခြုံသော #Messaging Apps (ဥပမာ - Signal) ကိုသာ သုံးပါ။
⚠️ Precise Timing။
မြေပြင်မှ လေကြောင်းသတိပေးချက်များနှင့် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း - Telegram Channel များကို အမြဲစောင့်ကြည့်ပါ။
❌ ရှောင်ရန် (Don’t)
🚫 Location Sharing။
ဆိုရှယ်မီဒီယာပေါ်တွင် မိမိတို့ရှိရာနေရာကို #Check-in ပေးခြင်း၊ ဓာတ်ပုံများတင်ခြင်းများ (လုံးဝ-လုံးဝ) မပြုလုပ်ပါနှင့်။
🚫 Signal Crowding။
စက်ပစ္စည်းအများအပြားကို တစ်နေရာတည်းတွင် စုပြုံ၍ #Signal အပြင်းအထန် ထုတ်လွှင့်ခြင်းကို ရှောင်ကြဉ်ပါ။
🚫 Light Leakage။
ညဘက်တွင် ကောင်းကင်မှ မြင်နိုင်သော မီးရောင်အလင်းများ အပြင်သို့ မထွက်ပါစေနှင့်။
💡"နည်းပညာသည် ကျွန်ုပ်တို့၏ လက်နက်ဖြစ်သလို၊ သတိမမူပါက ရန်သူ့အတွက် လမ်းပြဖြစ်သွားနိုင်ပါသည်။ စစ်ကောင်စီသည် မြေပြင်သတင်းထက် နည်းပညာမြင့် ကိရိယာများကို အသုံးချလာနေပြီဖြစ်၍ မိဘပြည်သူများ၊ တော်လှန်ရေးရဲဘော်များ အနေဖြင့် #Digital Security နှင့် #Physical Camouflage ကို အထူးဂရုပြုကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။"
မိတ်ဆွေတို့အနေဖြင့် ဝေဖန်အကြံပြုချက်များအား မိမိတို့ #EIO_Admin_Team ထံသို့ ယုံကြည်စိတ်ချစွာဖြင့် ပေးပို့နိုင်ပါသည်။
#EIO #Eagle_Information_Operator #Civilian_Intelligence #SecurityAwareness #DigitalSecurity #Revolution_News #Ethics #AviationSafety #DroneSafetyTips #StaySafe #WhatsHappeningInMyanmar

📢 သတိပေးနှိုးဆော်ချက်⚠️
တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ သတင်းလုံခြုံမှု (#Information_Security) နှင့် စစ်ဆင်ရေးလုံခြုံမှု (#OPSEC) တို့တွင် သတိပေါ့လျော့မှုများ ရှိလာနေသည်ကို နေ့စဉ် စိတ်မကောင်းဖွယ် တွေ့မြင်နေရပါသည်။
မိမိတို့ သတင်းလက်ဦးမှုရယူရန်နှင့် နာမည်ကြီးရန်အတွက်သာ ရှေ့တန်းတင်ပြီး စစ်ဆင်ရေးရည်မှန်းချက် မပြီးမြောက်သေးမီ သတင်းဌာနများသို့ အသိပေးခြင်း၊ မိမိတို့၏ ကိုယ်ပိုင် #Social Media ပေါ်တွင် ဓာတ်ပုံနှင့် #Video များ တင်ခြင်းတို့သည် အကြမ်းဖက်စစ်ကောင်စီအတွက် လေကြောင်းပစ်မှတ်နှင့် လက်နက်ကြီးပစ်မှတ်များကို မြေပုံညွှန်းပေးနေသကဲ့သို့ ဖြစ်နေပါသည်။
လူမှုကွန်ယက်အသုံးပြုရာတွင် မိမိတို့၏ ဂုဏ်သိက္ခာထက် ရဲဘော်များနှင့် ပြည်သူတို့၏ အသက်လုံခြုံရေးကို အလေးထားကြရန် #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🚫 ရှောင်ရန် (Don'ts)
❌ အချိန်နှင့်တပြေးညီ (Real-time) တင်ခြင်း။
စစ်ဆင်ရေး လှုပ်ရှားမှုများကို ဖြစ်ပွားနေဆဲအချိန်တွင် ရှေ့တန်းတွင် မပါဝင်သူများ အနေဖြင့် လုံးဝ (လုံးဝ) #Post မတင်ပါနှင့်။သတင်းဖြန့်ဝေခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါနှင့်။
❌ တည်နေရာ အမှတ်အသားများ။
ဓာတ်ပုံများတွင် နောက်ခံတောင်တန်း၊ ထူးခြားသော အဆောက်အအုံနှင့် လမ်းဆုံလမ်းခွများ မပါဝင်ပါစေနှင့်။ (#Metadata ပါသော မူရင်းပုံများကို တိုက်ရိုက်မတင်ပါနှင့်)။
❌ အင်အားနှင့် လက်နက်ထုတ်ဖော်ပြသခြင်း။
မိမိတို့ဘက်မှ အင်အား မည်မျှရှိသည်၊ မည်သည့်လက်နက် အမျိုးအစားများ အသုံးပြုနေသည်ကို ထုတ်ဖော်မပြပါနှင့်။
❌ အောင်ပွဲခံစောခြင်း။
ရည်မှန်းချက် မပြီးမြောက်မီ "သိမ်းနိုင်ပြီ" ဟု ကြေညာခြင်းသည် ရန်သူ၏ တန်ပြန်တိုက်ခိုက်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။
✅ ဆောင်ရန် (Dos)
✅ အချိန်ဆိုင်းပြီးမှ တင်ပါ။
စစ်ဆင်ရေးပြီးဆုံး၍ ရဲဘော်များ ဘေးကင်းရာသို့ ရွှေ့ပြောင်းပြီးနောက် (အနည်းဆုံး ၂၄ နာရီ/ ၄၈ နာရီ) ကြာမှသာ သတင်းထုတ်ပြန်ပါ။
✅ မျက်နှာနှင့် အမှတ်အသားများကို ဖျောက်ပါ။
ဓာတ်ပုံတင်လျှင် ရဲဘော်များ၏ မျက်နှာ၊ တက်တူးနှင့် ယူနီဖောင်းပေါ်မှ တံဆိပ်များကို #Blur လုပ်ပါ။
✅ #Chain of Command ကို လေးစားပါ။
အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ၏ ခွင့်ပြုချက်ရမှသာ သတင်းပေးပို့/တင်ပြပါ။
✅ Digital Security သတိပြုပါ။
ဖုန်းထဲရှိ ဓာတ်ပုံများမှ #GPS_Location များကို ပိတ်ထားပါ။
"မလိုအပ်ဘဲ မပြောပါနှင့်၊ မဆိုင်လျှင် မတင်ပါနှင့်၊ အောင်ပွဲရမှ ဂုဏ်ယူပါ"
မိမိ၏ လက်ချောင်းလေးတစ်ခုကြောင့် မြေပြင်က ရဲဘော်များ အသက်မဆုံးပါစေနှင့်။ သတိရှိရှိဖြင့် တော်လှန်ကြပါစို့။ ✊
#EIO #InformationSecurity #OPSEC #Digital_Security #RevolutionSafety #WhatsHappeningInMyanmar

🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ နမခမှ ထွက်လာသော စခသံပြားကာကား(၈)စီး၊ရခအိမ်စီးကား(၂)စီး၊(၆)ဘီးကား(၁)စီး၊ စခကားယာဉ်တန်းသည် မုံရွာနယ်၊ မြောက်ခြမ်း ဖန်ခါးကျင်းရွာထိပ်မှ မြောက်ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။ Update - ဘုတလင်နယ်၊ ဇီးတောရွာသို့ ရောက်ရှိ၍…
⚜️ #EIO_Update_News
ဘုတလင်နယ်၊ ဇီးတောရွာသို့ ရောက်ရှိ၍ ညအိပ်ဝပ်ကျင်းချခဲ့သော စခများနှင့်ယာဉ်တန်းသည် မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 17, 8:15AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
ဘုတလင်နယ်၊ ဇီးတောရွာသို့ ရောက်ရှိ၍ ညအိပ်ဝပ်ကျင်းချခဲ့သော စခများနှင့်ယာဉ်တန်းသည် မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 17, 8:15AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
👍2🙏1
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
May 17, 11:05AM

👍1
(17,5,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak-130 Jet Fighter (2)စီး ဖြင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (1:15,1:17) နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (1:50,1:53) ဝန်းကျင် အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
📡 မိဘပြည်သူများသို့ အသိပေးနှိုးဆော်ချက်
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Chin_State #AirStrike #MilitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmyar

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်အတွင်း မုံရွာ-ချောင်းမ-ယာကြီး-ကလေးဝလမ်းနှင့် ချင်းတွင်းမြစ်ကြောင်း ခရီးသွားလာခွင့်ကို ယနေ့(မေလ-၁၇ရက်)မှစ၍ ယာယီပိတ်သိမ်းလိုက်ကြောင်း မြို့နယ်အရေးပေါ် အုပ်ချုပ်ရေး(ဗဟို)အဖွဲ့၊ကနီမြို့နယ်က သတင်းထုတ်ပြန်သည်။
လုံခြုံရေးအခြေအနေအရ ယင်းလမ်းများပေါ် ခရီးသွားလာမှုကို ပိတ်ပင်ခြင်းဖြစ်ပြီး ခွင့်ပြုချက် မထုတ်ပြန်မချင်း ယခုအမိန့်သည် အတည်ဖြစ်ကာ ခွင့်ပြုချက်မဲ့ ခရီးသွားလာပြီး ပြဿနာ ဖြစ် ပေါ်လာပါက တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းလည်း သတင်းနှင့်ပြန်ကြားရေး ကနီမြို့ နယ် ဖေ့စ်ဘွတ်ခ်၌ ထုတ်ပြန်ထားသည်။
“ဧပြီလကုန်ပိုင်းကတည်းက အင်အား၁၀၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်။ရွာစဉ်လှည့်တယ်။ မီးရှို့တယ်။တွေ့တဲ့ ပြည်သူတွေကို ဖမ်းတယ်၊သတ်တယ်။အလုပ်ပျက်အကိုင်ပျက် ဒေသခံတွေ သောင်းနဲ့ချီ စစ်ရှောင်နေရတယ်။ဒီအချိန်မှာ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အတိုင်း အလေးအနက် လိုက်နာဖို့ လိုတယ်။ကနီနဲ့ ဆက်သွယ်ဖို့ ခက်လို့ ဒီနေ့ နောက်ဆုံးအခြေအနေကို မသိရဘူး”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ကနီမြို့နယ်အတွင်း စစ်တပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးနေပြီး ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အ အုံ စသည့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ လေကြောင်း တိုက်ခိုက်မှုများရှိနေခြင်း ကြောင့် အများပြည်သူများအနေဖြင့် လုံခြုံရေးအသိနှင့် ခရီးသွားလာကြရန် အထူးလိုအပ်ကြောင်း လည်း ထုတ်ပြန်ထားသည်။
ဒေသခံ ပြည်သူတို့၏ လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ သ တင်းလုံခြုံမှုရှိစေရန် NUG ရုံးလုပ်ငန်းသုံး စတားလင့်အင်တာနက်စက်များနှင့် မဟာမိတ်တပ်ဖွဲ့များ ၏ အင်တာနက်စက်များမှအပ ကျန်စတားလင့်အင်တာနက်စက်များအားလုံးကို မေလ၈ရက်မှစ၍ ယာယီပိတ်သိမ်းရန် မြို့နယ်အရေးပေါ် အုပ်ချုပ်ရေး(ဗဟို)အဖွဲ့၊ကနီမြို့နယ်က ထုတ်ပြန်ထားသည်။
စာတည်း-ML
#MPA

“တော်လှန်ရေးနှင့် အရိုသေခံယဉ်ကျေးမှုစိတ်ကင်ဆာ"
🔹အရာရှိဟောင်းတစ်ဦး
ပြည်တွင်းတွင် လှုပ်ရှားသွားလာရင်း တော်လှန်ရေးတပ်ဖွဲ့ငယ်တစ်ခု၏ ခေါင်းဆောင်တစ်ဦးနှင့် ထမင်းလက်ဆုံ စားဖြစ်ခဲ့သည်။ ထိုထမင်းဝိုင်းလေးသည် ပုံမှန်အားဖြင့် နွေးထွေးရင်းနှီးဖွယ် ဖြစ်သင့်သော်လည်း ကျွန်တော့်အတွက်တော့ အာဏာရှင်စနစ်၏ အငွေ့အသက်တချို့ကို ခံစားလိုက်ရသည့်နှယ် စိတ်မသက်မသာ ဖြစ်မိခဲ့သည်။
ဘာကြောင့်ပါလဲ။
တချိန်က ကျွန်တော်သည် အရာရှိဘဝဖြင့် ဆယ်စုနှစ်တစ်ခုစာ ဖြတ်သန်းခဲ့ဖူးသလို၊ ပြင်ပပုဂ္ဂလိက စီးပွားရေးလောကတွင်လည်း ထို့ထက်မနိမ့်သော ရာထူးနေရာများဖြင့် နေထိုင်ခဲ့ဖူးသည်။ ထို့ကြောင့် တပည့်တပန်း မရေမတွက်နိုင်အောင် ရှိခဲ့ဖူးပြီး သူတို့၏ အလေးပေးအရိုအသေပြုမှုများကိုလည်း အစဉ်အဆက် ခံယူခဲ့ရဖူးသည်။
အကျိုးဆက်အနေဖြင့် မိမိ၏ ရာထူးအရှိန်အဝါကို မသိသူတချို့က မိမိအား သူလိုငါလိုပင် သာမန် ဆက်ဆံကြသည့်အခါတွင် အစော်ကားခံရသလို ခံစားလာရတော့သည်။
ဤသည်မှာ လူမှုအသိုက်အဝန်းအတွင်း အသံတိတ် စွဲကပ်ပျံ့နှံ့တတ်သည့် “အရိုသေခံယဉ်ကျေးမှု” ဟူသော စိတ်ကင်ဆာရောဂါဆိုး၏ ထင်ရှားသော လက္ခဏာတစ်ခုပင် ဖြစ်သည်။
လူမှုဝန်းကျင်တွင်
"ငါ ဘာကောင်လဲ မင်းသိလား"
ဟူသော ဌာနအသီးသီးမှ အရာထမ်းအချို့၏ မောက်မာသော စကားလုံးများ နောက်ကွယ်တွင် နှစ်ရှည်လများ မှီဝဲခဲ့ဖူးသော အရိုသေခံရမှုတွေ မလွဲဧကန်ရှိ၏။
ယနေ့ မြန်မာပြည်တွင် ရာထူးအာဏာရှိသူ အများစုသည် ထိုရောဂါဆိုးကို အနည်းနှင့်အများ စွဲကပ်နေကြသည်ဟု ဆိုနိုင်သည်။
မိမိယာဉ်တန်း ဖြတ်သန်းမည်ဆိုပြီး အရပ်သားကားများအားလုံး ရပ်ခိုင်းထားသည့် ပုဂ္ဂိုလ်များမှအစ သေနတ်ကိုင်ထားသော ဝါးတားဂိတ်စောင့်ရဲဘော်အဆုံး လူအများ၏ ဂါရဝပြုမှုကို အလွန်အမင်း လိုချင်နေကြသည်။
အရိုသေခံရလေ ပိုပြီး အရိုသေခံချင်လေဖြစ်သော ထိုစိတ်ရောဂါသည် ကင်ဆာကဲ့သို့ပင် တဖြည်းဖြည်း ပွားများအမြစ်တွယ်လာကာ လူ့ကိုယ်ကျင့်တရားနှင့် လူမှုဆက်ဆံရေးစံနှုန်းများကို တိုက်စားဝါးမျိုသွားတတ်သည်။
စစ်အာဏာရှင်တို့၏ အပြုအမူများတွင် ထိုလက္ခဏာကို အထင်အရှား တွေ့နိုင်သည်။
စစ်အာဏာရှင် သန်းရွှေသည် ၎င်း၏ ဧည့်ခန်းတွင် ၎င်းနှင့် ဇနီးဖြစ်သူထိုင်ရန် ခုံနှစ်လုံးသာ ထားရှိပြီး လာသမျှဧည့်သည်များကို ကြမ်းပြင်တွင် ထိုင်ခိုင်းခဲ့ကြောင်း လူသိများသည်။
မင်းအောင်လှိုင်သည် လွှတ်တော်အတွင်း ၎င်း စကားပြောချိန်တွင် (၎င်းကိုယ်တိုင် နေရာပေးခန့်အပ်ထားသော) လွှတ်တော်နာယကကို နာယကခုံမှ အောက်သို့ ဆင်းထိုင်ခိုင်းခဲ့သည်။
အောင်လင်းဒွေးသည် တပ်ရင်းမှူးဘဝက သူ့ကားလာသည်ကို လမ်းဘေးချ ရပ်မပေးသော အရပ်သားဆိုင်ကယ်ကို ကားဖြင့်ပွတ်ဆွဲပြီး ဆိုင်ကယ်မှောက်သွားစဉ် ကားပေါ်မှဆင်း၍ ထိုအရပ်သားကို ဒေါသတကြီး ထိုးကြိတ်ကန်ကျောက်ခဲ့ဖူးသည်။
ထိုကဲ့သို့ တသီးပုဂ္ဂလဆိုင်ရာ လူမှုစံနှုန်းများမှအစ နိုင်ငံတော်အဆင့် လုပ်ထုံးလုပ်နည်းအစဉ်အလာများအထိပင် ကျင့်ဝတ်ချိုးဖောက်နေခဲ့ကြခြင်းသည် 'အာဏာ'ထက် 'အရိုသေခံလိုစိတ်'က ပိုကြီးထွားနေတတ်သည့် စိတ်ကင်ဆာရောဂါဆိုးကြီး စွဲကပ်နေခြင်းကြောင့်ပင် ဖြစ်သည်။
နိဒါန်းပါအကြောင်းအရာကို ပြန်ဆက်ရလျှင် ထိုနေ့ ထမင်းဝိုင်း၌ ရဲဘော်လေးများက တရိုတသေ ထမင်းပြင်ပေးခဲ့ကြပြီး ခေါင်းဆောင်၏ နောက်တွင် လက်ကလေးနောက်ပစ်ကာ waiter ကလေးများသဖွယ် မတ်တပ်ရပ် စောင့်နေကြပုံမှာ မင်းအောင်လှိုင်စစ်တပ်မှ အရာရှိများ၏ အရိုသေခံယဉ်ကျေးမှုကို ပုံတူကူးထားသကဲ့သို့ပင် မြင်မိတော့သည်။
ထိုနေ့က ကျွန်တော့်ပန်းကန်ကို ယူဆေးရန်ပြင်နေသည့် ရဲဘော်လေးကို
"ငါတို့က မတရားမှုတွေကို အတူတော်လှန်နေကြတာ။ အခွင့်ထူးခံ အကျင့်တွေကိုလည်း တော်လှန်ဖို့လိုတယ်"
ဟု ဆိုရင်း ကိုယ့်ပန်းကန်ကိုယ် ယူဆေးခဲ့လိုက်သည်။
တော်လှန်ရေးသည် အာဏာရှင်စနစ်ကို ဖြိုချရန်ဖြစ်ပြီး အာဏာရှင်စိတ်ဓာတ်ကို ပုံစံပြောင်း၍ ဆက်လက်မွေးမြူရန် မဟုတ်ပါ။
ရာထူးနေရာဆိုသည်မှာလည်း ပုဂ္ဂလိကအာဏာ တည်ဆောက်ရန် ပေးထားသည့် အခွင့်အရေးတစ်ခု မဟုတ်ပေ။
ရာထူးသည် တာဝန်တစ်ရပ်သာ ဖြစ်သင့်ပြီး လေးစားမှုဟူသည်လည်း မိမိ၏ ကိုယ်ကျင့်တရား၊ အနစ်နာခံမှုနှင့် စံနမူနာပြခေါင်းဆောင်မှုအပေါ်တွင်သာ အခြေခံသင့်သည်။
ယနေ့ လူမှုကွန်ယက်များပေါ်တွင် တော်လှန်ရေးဘက်မှ ခေါင်းဆောင်ပိုင်းအချို့၏ ဦးဆောင်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်သံများ မကြာခဏ ကြားလာရသည်။
ဤသည်မှာ လက်နက်ကိုင်အာဏာ၏ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတစ်ရပ်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တိုင်း သတိကြီးကြီးထားကာ ပြုပြင်ကျင့်ကြံရမည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်သည်။
လက်နက်ကိုင်ရာထူးအာဏာသည် အရိုသေခံယဉ်ကျေးမှုကို အလွယ်တကူ မွေးဖွားပေးတတ်သည်။ ကိုယ်တိုင်က သတိမထားမိခင်မှာပင် အရိုသေခံအာဏာ၏ အရသာကို စွဲလမ်းယစ်မူးလာပြီး တော်လှန်ရေးသမားဘဝမှ အာဏာရှင်စိတ်ဓာတ်ဆီသို့ တဖြည်းဖြည်း လျှောဆင်းသွားတတ်သည်။
ထို့ကြောင့် ရာထူးအာဏာဖြင့် အရိုအသေခံယူခြင်း အလေ့အထကို ရှောင်ကြဉ်ကာ မိမိ၏ ခေါင်းဆောင်မှု၊ အနစ်နာခံမှုနှင့် အရည်အချင်းတို့ဖြင့်သာ လေးစားမှုကို ရယူသင့်ကြပေသည်။
တပ်ဖွဲ့၏ စည်းလုံးမှုသည် ကြောက်ရွံ့မှုနှင့် ဂါရဝပြုမှုအတုများ အပေါ်တွင် မတည်ဆောက်သင့်ဘဲ ယုံကြည်မှုနှင့် တန်းတူဆက်ဆံမှု အပေါ်တွင်သာ တည်ဆောက်သင့်သည်။

လေးစားမှုကို ရယူရာတွင်လည်း လိုအပ်သည်ထက်ပိုသော ဂါရဝပြုမှုမျိုးကို ကန့်သတ်တားမြစ်နိုင်မှသာ “အရိုသေခံယဉ်ကျေးမှု” ဟူသော အာဏာရှင်စနစ်၏ ရေသောက်မြစ်ကို အမှန်တကယ် ဖြတ်တောက်နိုင်မည် ဖြစ်ပေသည်။
မတရားမှုကို တော်လှန်ကြသူတိုင်း စစ်မှန်သော လေးစားယုံကြည်မှုကို ထိုက်ထိုက်တန်တန် ရယူနိုင်ကြပါစေ။
[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
မတရားမှုကို တော်လှန်ကြသူတိုင်း စစ်မှန်သော လေးစားယုံကြည်မှုကို ထိုက်ထိုက်တန်တန် ရယူနိုင်ကြပါစေ။
[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း
📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨
🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု
📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။
👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း
📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။
💻 Digital Security
📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။
🛡️ ဘေးကင်းရေး လမ်းညွှန်မှု
📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။
⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်
📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
📱 Two-Step Verification
⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။
🗑️ Chat Cleanup
⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။
👁️ Environmental Awareness
⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။
🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။”
ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻
#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း
📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨
🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု
📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။
👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း
📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။
💻 Digital Security
📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။
🛡️ ဘေးကင်းရေး လမ်းညွှန်မှု
📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။
⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်
📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
📱 Two-Step Verification
⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။
🗑️ Chat Cleanup
⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။
👁️ Environmental Awareness
⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။
🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။”
ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻
#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
⚜️ #EIO_Update_News
မုံရွာမြို့၊ အိုးရှင်းဇက်ဆိပ်မှ စခသံပြားကာကားများသည် ဆားလင်းကြီးနယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်ဘက်သို့ ကူးနေကြောင်းသတင်းရရှိထားပါသည်။
May 17, 6:10PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
မုံရွာမြို့၊ အိုးရှင်းဇက်ဆိပ်မှ စခသံပြားကာကားများသည် ဆားလင်းကြီးနယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်ဘက်သို့ ကူးနေကြောင်းသတင်းရရှိထားပါသည်။
May 17, 6:10PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
🙏1
(17,5,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak-130 Jet Fighter (1)စီး ဖြင့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် တစ်နေရာ၌ ယနေ့ ညနေပိုင်း (5:40) ဝန်းကျင် အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
📡 မိဘပြည်သူများသို့ အသိပေးနှိုးဆော်ချက်
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmyar

⚜️ #EIO_Update_News မုံရွာမြို့၊ အိုးရှင်းဇက်ဆိပ်မှ စခသံပြားကာကားများသည် ဆားလင်းကြီးနယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်ဘက်သို့ ကူးနေကြောင်းသတင်းရရှိထားပါသည်။ May 17, 6:10PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News
မုံရွာမြို့၊ အိုးရှင်းဇက်ဆိပ်မှ စခသံပြားကာကားများသည် ဆားလင်းကြီးနယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်ဘက်မှတစ်ဆင့် ဝမ်ပေါင်ကုမ္မဏီသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိထားပါသည်။
May 17, 6:17PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
မုံရွာမြို့၊ အိုးရှင်းဇက်ဆိပ်မှ စခသံပြားကာကားများသည် ဆားလင်းကြီးနယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်ဘက်မှတစ်ဆင့် ဝမ်ပေါင်ကုမ္မဏီသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိထားပါသည်။
May 17, 6:17PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
⚜️ #EIO_Update_News
ဆားလင်းကြီးနယ်၊ ဝမ်ပေါင်ကုမ္မဏီ မှ ပြန်၍ ထွက်လာသော စခအအပါ သံပြားကာကား(၆)စီး၊တွဲကား(၂)စီးသည် မုံရွာမြို့၊ အိုးရှင်းဇက်ဆိပ်မှ တဆင့် မုံရွာ၊နမခသို့ ဝင်ရောက်ထားကြောင်းသတင်းရရှိထားပါသည်။
May 17, 9:09PM

⚜️ #EIO_Update_News ဘုတလင်နယ်၊ ဇီးတောရွာသို့ ရောက်ရှိ၍ ညအိပ်ဝပ်ကျင်းချခဲ့သော စခများနှင့်ယာဉ်တန်းသည် မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 17, 8:15AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleI…
⚜️ #EIO_Update_News
ဘုတလင်နယ်၊ ဇီးတောရွာမှ ထွက်လာသော စခအအများနှင့် ပွိုင့်ကား(၂)စီးသည် ကံသစ်ရွာတွင် ညအိပ်ဝပ်ကျင်းချနေပြီး ကံသစ်ရွာထိပ် ပေလမ်းတစ်လျောက် လမ်းဘေးဝဲယာတွင် ကင်းပုန်းများချထားကြောင်း သတင်းရရှိထားပါသည်။
May 17, 9:15PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
ဘုတလင်နယ်၊ ဇီးတောရွာမှ ထွက်လာသော စခအအများနှင့် ပွိုင့်ကား(၂)စီးသည် ကံသစ်ရွာတွင် ညအိပ်ဝပ်ကျင်းချနေပြီး ကံသစ်ရွာထိပ် ပေလမ်းတစ်လျောက် လမ်းဘေးဝဲယာတွင် ကင်းပုန်းများချထားကြောင်း သတင်းရရှိထားပါသည်။
May 17, 9:15PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
👍1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။
ဒေါ်အောင်ဆန်းစုကြည် 🌹
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။
ဒေါ်အောင်ဆန်းစုကြည် 🌹
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#Admin_Team

" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား "
✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊
အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻
#EIO_Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation