EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၄)စီးသည် မုံရွာဇလုပ်အဝိုင်းပတ်မှ တဆင့် ကိုင်းတောလမ်းခွဲသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

May 11, 9:58AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
MPANews
သုံးရက်အတွင်း မုံရွာမြို့ခံ ၂၀၀ကျော်ကို စစ်ကောင်စီတပ် ပေါ်တာဆွဲထားဟုဆို 31 Jan 2025 By Ra Wai / MPA သုံးရက်အတွင်း မုံရွာမြို့ခံ ၂၀၀ကျော်ကို စစ်တပ်က ပေါ်တာဆွဲထားကြောင်းသိရသည်။ ဇန်နဝါရီ ၂၅ရက်မှ ၂၇ရက်အထိ စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်ရှိ မြို့ခံ ၂၀၀ကျော်ကို…
🚨 မုံရွာမြို့တွင်း သွားလာနေသူများ အထူးသတိပြုရန် ⚠️

မုံရွာမြို့၏ လုံခြုံရေးအခြေအနေမှာ ယခင်နှစ်ကာလများထက် ယခုရက်ပိုင်းအတွင်း အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။

အကြမ်းဖက်စစ်ကောင်စီ၏‌ ကျေးကျွန်များဖြစ်သော စခ၊ရခများ၊ယာဉ်ထိန်းရဲများသည် မြို့အဝင်အထွက်နှင့် လမ်းဆုံလမ်းခွများ၊မီးပွိုင့်များတွင် အိမ်စီးကားများအသုံးပြု၍ လှည့်ပတ်ပြီး အတင်းအဓမ္မ ဖမ်းဆီးစစ်ဆေးမှုများအပြင် စစ်မှုထမ်းရန် "လူသစ်စုဆောင်းခြင်း (ပေါ်တာဆွဲခြင်း)" များ ခပ်စိပ်စိပ် ပြုလုပ်နေပါသည်။

🗣️ မိဘပြည်သူများနှင့် လူငယ်လူရွယ်များအကြား ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် အသိပေးချက်၊သတိပေးချက်များကို မိမိတို့ #EIO_Admin_Team မှ ယမန်နှစ်များကအတိုင်း နေ့စဉ်ပုံမှန် ထုတ်ပြန်ပေးနေ‌သော်ငြားလည်း သတိပြုလိုက်နာရမှာ မိမိတို့တာဝန်သာဖြစ်ပါသည်။

⚠️ အောက်ပါအချက်များကို "မဖြစ်မနေ" လိုက်နာပေးကြပါရန် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🛡️ သင်နှင့် သင့်မိသားစု လုံခြုံစေဖို့...

⚠️ ၁။ လမ်းကြောင်းကို ကြိုတင်စစ်ဆေးပါ 🛰️

မိမိသွားမည့်လမ်းတွင် အစစ်အဆေးရှိမရှိကို မြေပြင်သတင်းရင်းမြစ်များ (သို့မဟုတ်) နီးစပ်ရာမိတ်ဆွေများထံ အမြဲမေးမြန်းပါ။ အထိုင်ဂိတ်များရှိသော လမ်းမကြီးများကို တတ်နိုင်သမျှ ရှောင်ကွင်းပါ။

📱 ၂။ #Digital_Security လုံခြုံရေးကို ဂရုစိုက်ပါ 🔒

စစ်ဆေးရေးဂိတ်များတွင် ဖုန်းများကို အသေးစိတ်စစ်ဆေးတတ်သဖြင့် -

#Social_Media အကောင့်များ (Messenger/Viber/Telegram) ကို သတိထားပါ။

နိုငံရေးနှင့် သက်ဆိုင်သော ဓာတ်ပုံ၊ ဖိုင်နှင့် သတင်းများကို ဖုန်းထဲတွင် မထားပါနှင့်။

ဖုန်းအတွင်းရှိ သံသယဖြစ်ဖွယ်ရာ အချက်အလက်များကို ကြိုတင်ရှင်းလင်းထားပါ။

🏃 ၃။ လူငယ်များ အုပ်စုလိုက် သွားလာခြင်းကို ဆင်ခြင်ပါ 👥

လူငယ်/လူရွယ်များကို ပစ်မှတ်ထားဖမ်းဆီးနေခြင်းကြောင့် အုပ်စုလိုက်သွားလာခြင်း (သို့မဟုတ်) လူစည်ကားရာနေရာများတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။

🏠 ၄။ နေအိမ်၌သာ နေထိုင်ပါ 🚪

အရေးကြီးကိစ္စ (ကျန်းမာရေး၊ စားဝတ်နေရေး) မှလွဲ၍ မလိုအပ်ဘဲ အပြင်မထွက်ကြပါရန်နှင့် ညနေ ၆ နာရီနောက်ပိုင်း သွားလာခြင်းကို လုံးဝရှောင်ကြဉ်ကြပါရန်။

📢 မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်။

မိမိတို့ ပတ်ဝန်းကျင်တွင် စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ တွေ့ရှိပါက နီးစပ်ရာလူထုထံသို့ လျင်မြန်စွာ သတင်းပေးပို့ပြီး အချင်းချင်း ကာကွယ်စောင့်ရှောက်ပေးကြပါ။

"သတိတစ်ချက် လွတ်ရုံဖြင့် ဘဝတစ်ခု ဆုံးရှုံးနိုင်သည်ကို သတိပြုပါ။" 🙏

#EIO_Update_News #Monywa #SafetyFirst #PublicAlert #StaySafeMonywa #ProtectOurYouth #WhatsHappeningInMyanmar
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
(၁၁.၅.၂၀၂၆ မှ (၁၇.၅.၂၀၂၆ အထိ)

အလေးပေးတင်ပြချက်များ
.................................

🌀 ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် မေလ(၁၁)ရက်နေ့၌ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

⛈️ မိုးအခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရောဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပါသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ရောဝတီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

🚨 မိုးလေဝသ ဖြစ်စဉ်များအနေဖြင့် လေဖိအားနည်းရပ်ဝန်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသည်။ မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။ လေဖိအားနည်းရပ်ဝန်း၏ ဖြစ်ပေါ် ပြောင်းလဲမှုများကို အချိန်နှင့်တပြေးညီ အသိပေးထုတ်ပြန်သွားမည်ဖြစ်ပါသည်။

💡အကြံပြုချက်များမှာ လေဖိအားနည်းရပ်ဝန်းအချိန်ကြောင့် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် သည့်အတွက် နေအိမ်များ၊ စစ်ရှောင်စခန်းများ၊ တပ်ရင်းတပ်ဖွဲ့များ၏ နေထိုင်ရာအဆောက်အအုံများကို ခိုင်ခံ့ မှုရှိစေရန် ပြုပြင်ခြင်း၊ စိုက်ပျိုးသီးနှံများနှင့် ပျိုးပင်များ ရေကြီးနစ်မြုပ်မှုမရှိ‌ေစရန် ကြိုတင်စီမံခြင်း၊ ရေကြီး ရေလျှံမှုလျော့ချနိုင်‌ရေးအတွက် ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ တောင်ကျချောင်းများရေလျှံနိုင်သည့် အန္တရာယ်ကို သတိပြုသွားလာခြင်းများ ပြုလုပ်ကြပါရန် အကြံပြုအပ်ပါသည်။

📅နေ့အလိုက်တစ်ပတ်စာ မိုးလေဝသအခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။

🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️

#မိုးလေဝသသတင်း
#WeatherForecast
#MOHADM
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော ပေါ်တာဆွဲ စခအိမ်စီးကား(၄)စီးသည် မုံရွာနယ်၊ ကိုင်းတောလမ်းခွဲမှ အနောက်ဘက် မုံရွာမြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

May 11, 10:20AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
⚜️ #EIO_Update_News

မုံရွာမြို့၊ သာစည်လမ်းမကြီး ကန်သာဘုန်းကြီးကျောင်းသို့ရောက်ရှိနေသော စခသံပြားကာကား(၂)စီးသည် ကျောက်စစ်ပုံ အမတ(၅၀၈)သို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

Update - ကျောက်စစ်ပုံ အမတ(၅၀၈)သို့ ဝင်ရောက်သော စခသံပြားကာကား(၄)စီးသည် မုံရွာမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်းသတင်းရရှိထားပါသည်။(1:45PM)

May 11, 11:18AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
လေပြင်းနှင့် မိုးသည်းထန်ချိန်တွင် သတိပြုရန် ⛈️

မိုးရာသီအတွင်း မိုးသက်လေပြင်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန်။

🚨 ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များ။

🌳 သစ်ပင်ပြိုလဲခြင်း။

အမြစ်မခိုင်သောသစ်ပင်များနှင့် ဆွေးမြည့်နေသော သစ်ကိုင်းများ ကျိုးကျနိုင်ပါသည်။

လျှပ်စစ်အန္တရာယ်။

ဓာတ်တိုင်လဲခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်နိုင်ပါသည်။

🏠 အဆောက်အအုံပျက်စီးခြင်း။

အမိုးသွပ်လန်ခြင်းနှင့် ကြော်ငြာဆိုင်းဘုတ်ကြီးများ ပြုတ်ကျနိုင်ပါသည်။

🌊 ရေကြီးရေလျှံခြင်း။

ရေနုတ်မြောင်းပိတ်ဆို့ပြီး လမ်းမများပေါ်တွင် ရေလျှံတတ်ပါသည်။

ဆောင်ရန်အချက်များ။ (Dos)

🏠 Stay Indoors။

လေပြင်းတိုက်ခတ်နေစဉ် အိမ်တွင်း၌သာ လုံခြုံစွာနေထိုင်ပါ။

🔌 Unplug Electronics။

မိုးကြိုးအန္တရာယ်ကင်းစေရန် အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများကို ပလပ်ဖြုတ်ထားပါ။

📻 Stay Updated။

မိုးလေဝသခန့်မှန်းချက်များကို အမြဲမပြတ် နားစွင့်ပါ။

🔦 Emergency Lights။

ဓာတ်မီးနှင့် အရေးပေါ်မီးများကို လက်လှမ်းမီရာတွင် အဆင်သင့်ထားပါ။

ရှောင်ရန်အချက်များ။ (Don'ts)

🚫 🌳 သစ်ပင်အောက် ခိုလှုံခြင်း။

မိုးကြိုးပစ်ခြင်းနှင့် သစ်ကိုင်းပိခြင်းများ ဖြစ်နိုင်သဖြင့် လုံးဝမပြုလုပ်ပါနှင့်။

🚫 ဓာတ်ကြိုး/ဓာတ်တိုင်များ။

ပြတ်ကျနေသော ဓာတ်ကြိုးများကို တွေ့ပါက (လုံးဝ) မထိတွေ့ပါနှင့်။

🚫 📱 ဖုန်းအသုံးပြုခြင်း။

မိုးသက်လေပြင်းကျနေစဉ် ဖုန်းအသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

🚫 🌊 ကမ်းပါး/မြစ်အနီး။

ရေစီးသန်ခြင်းနှင့် မြေပြိုခြင်းအန္တရာယ် ရှိနိုင်ပါသည်။

💡 အကြံပြုချက်။

အပြင်သွားနေစဉ် လေပြင်းတိုက်ပါက ခိုင်ခံ့သော အဆောက်အအုံအတွင်း၌သာ ခိုလှုံပါ။

မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘေးကင်းသော မိုးရာသီကို ဖြတ်သန်းကြပါစို့။

#WeatherAlert #SafetyTips #MyanmarRainySeason #SafetyFirst #Eagle_Information_Operator #EIO_Update_News
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️

ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။

🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။

၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️

လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။

၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨

ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။

⚠️ အထူးသတိပြုရန်။

ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar
⚜️"လေကြောင်းသတင်းဆိုင်ရာ တယ်လီဂရမ်ချန်နယ်များ စုစည်းမှု"⚜️

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် ကြိုတင်သတိပြုနိုင်စေရန် မိဘပြည်သူများနှင့် တလရရဲဘော်များအတွက် အသုံးဝင်ပြီး ယုံကြည်စိတ်ချရသော ပြည်သူ့အကျိုးပြု လေကြောင်းသတင်း တယ်လီဂရမ်ချန်နယ်ကြီးများကို #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ စုစည်းတင်ပြလိုက်ပါသည်။

🌐 ယုံကြည်စိတ်ချရသော လေကြောင်းသတင်း #TelegramChannelsLinks များ -

🔹 https://t.me/WaiHin
🔹 https://t.me/earorg
🔹 https://t.me/nasairscoutteam
🔹 https://t.me/witnessenemyairscout

(မှတ်ချက်။။     ။။ မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)သည် လေကြောင်းသတင်းနှင့်သက်ဆိုင်သော အထက်ပါချန်နယ်များအား ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။)

တလရရဲဘော်များနှင့် မိဘပြည်သူများအားလုံး ကျန်းမာပြီး ဘေးကင်းကြပါစေ🙏🏻

📲 သတင်းပေးပို့ရန် -
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate #AirScout #AviationNews
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️

📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။

📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။

🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။

📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။

သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။

📌 မိတ်‌ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။


🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။

📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။

👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။

📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။

💻 Digital Security။

📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။

🛡️ ဘေးကင်းရေး လမ်းညွှန်မှု။

📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။

⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။

📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ

📱 Two-Step Verification။

⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။

🗑️ Chat Cleanup။

⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။

👁️ Environmental Awareness။

⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"


ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻

#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
This media is not supported in your browser
VIEW IN TELEGRAM
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။

ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။

စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ

၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။

၂။ တရေးတမောအိပ်စက်အနားယူပါ။

၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။

၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။

၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။

၆။ ရေများများသောက်ပေးပါ။

၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။


"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️

⚠️ https://t.me/eagleinformationoperator/23180

⚠️ https://t.me/eagleinformationoperator/23181

#Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar