EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
မည်သို့ဆိုစေ ဤနေရာတွင် တော်လှန်ရေးတွင် ပါဝင်ပြီးနေသူများအနေဖြင့် စောင့်ထိန်းရမည့် အရေးကြီးကျင့်ဝတ်ရှိသည်။ ယင်းက အတင်းအဓမ္မ ဖိအားပေးပါဝင်စေခြင်း၊ ကြောက်အောင် ခြောက်ပြီး ပါဝင်စေခြင်း၊ လိမ်လည်ကာ ပါဝင်စေခြင်းများ မပြုဖို့လိုသည်။ ယင်းက ပြည်သူကို ကာကွယ်မည်ဆိုသည့် တော်လှန်ရေး၏ အခြေခံကို နိမ့်ကျစေပါသည်။ ရေတိုတွင် ပူးပေါင်း ဆောင်ရွက်နိုင်သော်လည်း ရေရှည်တွင် ယုံကြည်မှုနှင့်ခံနိုင်ရည်က စကားပြောလာပါမည်။ ကြံ့ကြံ့ခံနိုင်သော တော်လှန်ရေးမှာ ကာယကံရှင်၏ စိတ်ဆန္ဒနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး အခြားသူ၏အမိန့်နှင့် တည်ဆောက်ထားခြင်း မဟုတ်။

︎ နိဂုံး

အနှစ်ချုပ်ပါတော့မည်။ တော်လှန်ရေးသည် ရှေ့ဆက်နေဆဲ။ နေရာအနှံ့တိုက်ပွဲများ ဖြစ်နေဆဲ။ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်ဆဲ။ တော်လှန်ရေး ရဲဘော်များသည် နေ့စဉ်ထိခိုက်ဒဏ်ရာရနေဆဲ။ သမိုင်းသည် လူထုက ခံစားရသည်ဆိုသောကြောင့် မပြောင်းလဲ။ လုံလောက်သည့် လူအရေအတွက်က ကိုယ်တိုင်ပါဝင်လုပ်ဆောင်မှ ပြောင်းလဲပါမည်။ ထိုအတွက် ပြည်သူများအနေဖြင့် မိမိမည်သည့်နေရာတွင် ရပ်နေသည်၊ မိမိ ဘာလုပ်နေသည်ကိုသိဖို့ လိုအပ်၏။ မိမိသည် စိတ်ထဲမှ ထောက်ခံနေသည်လား။ မိမိတတ်နိုင်သည့်နည်းနှင့် လက်တွေ့ချိတ်ဆက် ကူညီပံ့ပိုးနေသည်လား။ တော်လှန်ရေးသည် စိတ်ဆန္ဒသက်သက်နှင့်မအောင်။ အချိန်တခုကြာ အပတ်တကုတ် ကြိုးပမ်းလုပ်ဆောင်ရသည့် ကိစ္စဖြစ်သည်။ တယောက်ချင်းစီက စောင့်ကြည့်သူ၊ မျှဝေခံစားပေးသူအဖြစ်မှ ကျော်လွန်ကာ မည်မျှသေးငယ်သည်ဖြစ်စေ ထည့်ဝင်လုပ်ဆောင်ဖို့ လိုအပ်ပြီး၊ ယခုအချိန်သည် ပြည်သူများက တော်လှန်ရေးကို စိတ်နောက်လူပါ၊ စုစုစည်းစည်း၊ တစိုက်မတ်မတ်ကူဖို့ လိုနေသည့်အချိန် ဖြစ်ကြောင်း ပြောချင်ပါသည်။

By မောင်မူ။ 29 April 2026

︎ ဆောင်းပါး။ (CDM စိတ်အထူးကုဆရာဝန် ရေးသည်)
သင် သိပါသလား ...

"အရက်သောက်သုံးခြင်းနှင့် ရာသီဥတု ပူပြင်းခြင်း" ကို ပေါင်းစပ်လိုက်ပါက "ရေဓာတ်ခန်းခြောက်ခြင်းနှင့် အပူဒဏ်သင့်၍ အရေးပေါ် အပူလျှပ်ခြင်း (Heat stroke)" ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေသည်။

အရက်သောက်သုံးခြင်းသည် အပူဒဏ်ကြောင့် နာမကျန်းဖြစ်နိုင်ခြေကို သိသာစွာ ပိုမိုမြင့်မားစေသည်။

ပူပြင်းသော နေ့ရက်များတွင် ချွေးထွက်ခြင်းမှတစ်ဆင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။ အပူချိန် မြင့်မားနေချိန်တွင် ထပ်ဆောင်း၍ အရက်သောက်လိုက်ခြင်းက သင့်ခန္ဓာကိုယ်တွင်းအပူချိန်ကို သင့်ခန္ဓာကိုယ်က ထိရောက်စွာ ထိန်းညှိပေးနိုင်တော့မည် မဟုတ်ပေ။

အပူဒဏ်ကြောင့် ဖြစ်ပွားသော နာမကျန်းမှုများသည် အဆင့် (၃) ဆင့်ဖြင့် ဖြစ်ပွားသည်။

🔥 အပူဒဏ်ကြောင့် ကြွက်တက်ခြင်း (Heat cramps)
🔥 အပူဒဏ်ကြောင့် အားအင်ကုန်ခန်းခြင်း (Heat exhaustion)
🔥 အပူဒဏ်သင့်၍ အရေးပေါ် အပူလျှပ်ခြင်း (Heat stroke)

📍 အပူချိန် မြင့်တက်နေချိန်တွင် အရက်ကို အလွန်အကျွံ မသောက်ပါနှင့်။

ပူပြင်းသော ကာလတွင် အရက်ကို လုံးဝရှောင်ကြဉ်ပါ သို့မဟုတ် လျှော့သောက်ပါ။ ရေများများ သောက်ပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference: U.S. Naval Research Laboratory - NRL

#nugmoh #alcohol #heat #heatillness #dehydration #အရက
👍3
⚜️စစ်မှန်သော အောင်နိုင်သူ⚜️

အဓမ္မ က လက်ရုံးရည် သုံးပြီး
အုတ်တံတိုင်းတွေ မြင့်အောင် ခတ်ထားပါစေ...
ဓမ္မ ကတော့ နှလုံးရည် သုံးပြီး
လူတွေရဲ့ ရင်ဘတ်ထဲမှာ အမြစ်တွယ်တတ်တယ်။

ဟိန်းဟောက်သံတွေနဲ့ မတရားမှု က
ခဏတာ ကြောက်လန့်အောင် ခြောက်နိုင်ပေမဲ့
ငြိမ်သက်ခြင်းနဲ့ တရားမျှတမှု က
ထာဝရ တည်တံ့တဲ့ အင်အားကို ပေးစွမ်းတယ်။

လက်နက်နဲ့ နိုင်တာဟာ... ခေတ္တ
လက်ခံမှုနဲ့ နိုင်တာဟာ... ထာဝရ။
သံကွင်းစပ်တွေ ဘယ်လောက် ခိုင်မြဲပါစေ
အမှန်တရားရဲ့ လွှစာရှေ့မှာတော့
တဖြည်းဖြည်းနဲ့ ကြေမွသွားရမှာပဲ။

မတရားမှုကို တရားနဲ့ နှိမ်နင်းဖို့
နှလုံးသားမှာ သစ္စာ ကို လက်နက်လုပ်
အမှောင်ထုကို အလင်းနဲ့ ဖြိုခွဲဖို့
လက်ထိပ်မှာ ပညာ ကို ဆီမီးထွန်း။

အမှန်တရားဟာ နေမင်းကြီးလိုပဲ
တိမ်တိုက်တွေ ခဏဖုံးလို့ ညှိုးငယ်ရပေမဲ့
အချိန်တန်ရင်တော့...
ကမ္ဘာမြေကို အလင်းပြန်ပေးဖို့ အောင်ပွဲခံလာလိမ့်မယ်။

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏1
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော ရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏1
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
🙏1
⚠️ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုသည်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခြင်း မဟုတ်ပါ" ⚠️

🗣️📢 ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို တည်ဆောက်တဲ့နေရာမှာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" (Freedom of Expression) ဟာ အခြေခံအကျဆုံး မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။

📌မိမိရဲ့ ယုံကြည်ချက်၊ အမြင်နဲ့ ခံစားချက်တွေကို ကြောက်ရွံ့မှုမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။

⚠️ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့်အချက်က "လွတ်လပ်ခွင့်" ဆိုတာ "ဗရမ်းဗတာ လုပ်ခွင့်" ကို ဆိုလိုတာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တာဝန်ယူမှုရှိသော လွတ်လပ်ခွင့်

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှာ -

🕊️ လွတ်လပ်ခွင့် (Freedom) နဲ့
⚖️ တာဝန်ယူမှု (Responsibility / Accountability) ဟာ အမြဲတမ်း တွဲလျက်ရှိပါတယ်။

📌မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ ရေးလိုက်တဲ့ စာတစ်ကြောင်းသည်

သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ၊
အမုန်းတရား ပွားများစေတာ (Hate Speech)
ပြည်သူလူထုကို အန္တရာယ်ဖြစ်စေမယ့် သတင်းအမှား (Misinformation) တွေ မဖြစ်ဖို့ အရေးကြီးပါတယ်။

ကျင့်ဝတ်နှင့် စည်းကမ်း (Ethics vs Chaos)

စည်းကမ်းမရှိတဲ့ ထုတ်ဖော်မှုတွေဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုထက် ပဋိပက္ခကိုပဲ ဦးတည်စေပါတယ်။

📌 ဥပမာအားဖြင့် -

🕊️ ဒီမိုကရေစီနည်းကျ ထုတ်ဖော်မှု။

အချက်အလက် ခိုင်ခိုင်လုံလုံဖြင့် ဝေဖန်ထောက်ပြခြင်း။

အပြုသဘော အကြံပြုခြင်း။

အတွေးအမြင်များ ဆွေးနွေးဖလှယ်ခြင်း။


ဗရမ်းဗတာ ထုတ်ဖော်မှု။

🚫 ဆဲဆိုခြင်း။ 🤬

🚫 ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း။ 🗡️

🚫 အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်း 📛 တို့ဖြစ်ပါတယ်။


🕊️ ဖက်ဒရယ်စနစ်နှင့် အပြန်အလှန် လေးစားမှု

ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရက "မတူကွဲပြားမှုတွေကို စုစည်းခြင်း" ဖြစ်ပါတယ်။

👂🏻 မတူညီတဲ့ အယူအဆတွေကို လက်ခံနားထောင်ပေးခြင်း၊
🤝 တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်း
🧩 မတူကွဲပြားမှုများကို လက်ခံခြင်း မှသာ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။

နိဂုံးချုပ်အနေဖြင့် မိမိတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို၊ ထိုပြောဆိုချက်တွေဟာလည်း ကျင့်ဝတ်နဲ့ တာဝန်ယူမှုအပေါ်မှာ အခြေခံရပါမယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး စည်းမဲ့ကမ်းမဲ့ ပြုမူခြင်းဟာ ဒီမိုကရေစီလမ်းကြောင်းကို နှောင့်နှေးစေရုံသာမကဘဲ လူ့အဖွဲ့အစည်းကိုလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေနိုင်ပါတယ်။

"စည်းကမ်းရှိသော လွတ်လပ်ခွင့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ လှမ်းချီကြပါစို့" လို့ တိုက်တွန်းရင်း။✊🏻

#FreedomOfExpression #FederalDemocracy #FreedomOfSpeech #EthicsAndResponsibility #InformationIntegrity #Eagle_Information_Operator #EIO
💯1
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️

📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"

အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့်
#Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။

📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။

👂 အသံကို နားစွင့်ပါ။

ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။

🚫 ရှောင်ပါ။

လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။

🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။

လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။

📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။

ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။

🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။

မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။

"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"

"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻

#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1🙏1
(5,5,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak-130 Jet Fighter (1)စီး ဖြင့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (7:29,31,35) ဝန်းကျင် အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Chin_State #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
🙏3
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

May 5, 10:19AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍1
🚨မုံရွာ-ချောင်းဦး🚨

(မုံရွာတောင် -‌ ချောင်းဦး) လမ်းမကြီးတလျှောက်တွင် စခများသည် လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူထားပြီး ခြေရှုပ်နေကြောင်း သတင်းရရှိထားပါသည်။

ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် ဘေးကင်းလုံခြုံရေးကို ဦးစားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
📲 သတင်းပေးပို့ရန် -
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Monywa #SecurityTips #StaySafe
👍1🙏1
အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။

​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။

​ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။

🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။

#EIO တွင် ပါဝင်နေသော #Admin များသည် #Facebook Page နှင့် #Telegram မှ ဝင်ငွေရှာနေသူများ မဟုတ်သလို၊ ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

🚫မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ

တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။

ပြန်လည်မျှဝေခြင်းသာရှိသည်

အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းခြင်းသာရှိပါသည်။

📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။

"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"


မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။

​"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻

#EIO_Admin_Team #Eagle_Information_Operator #Stand_With_Truth #Technological_Revolution #No_Donation_Accepted #RevolutionaryEthics #HonorableRevolution
👍2💯1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned « အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။ ​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း…»
“စစ်သတင်းပေးကင်းမဲ့ဇုံ”

သျှင်ဦးတည်

“စစ်ကောင်စီက ကျွန်တော်တို့ရွာတွေကို မီးလိုက်ရှို့နေတာတွေက အဲဒါ ဘာစစ်နည်းဗျူဟာလဲ ဆရာ”

🔹ကူညီပါရစေ

ဦးရွှေအောင် ရွာကနေ မြို့ကိုတက်ပြီး ဆေးခန်းပြရမယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက် ရွာတွေမှာ လူငယ်တွေ လက်နက်ကိုင်တော်လှန်နေကြပြီ။ မြို့အဝင်အထွက်မှာ စစ်တပ်ရဲ့ဂိတ်တွေရှိပြီး အစစ်အဆေးကြမ်းတယ်လို့ ကြားထားတော့ ဦးရွှေအောင်တစ်ယောက် မြို့ထဲဝင်ရမှာကို လန့်နေမိတယ်။ မသွားလို့လည်း မဖြစ်ချေတော့ သွားရတယ်။

မြို့အဝင်တပ်ဂိတ်ကိုရောက်တော့ သူ့ရဲ့အရှေ့မှာ ဆိုင်ကယ်နှစ်စီး ရောက်နှင့်ပြီး အစစ်ဆေးခံနေတယ်။ စစ်သားဆိုတာတွေကို အရင်ကလည်း မြင်ဖူးပေမယ့် အခုလောက်တော့ ဂရုတစိုက် မကြည့်မိဖူးပါဘူး။ သေချာကြည့်လိုက်တော့လည်း သူလိုကိုယ်လို လူတွေပါပဲလား။

ဦးအောင်ရွှေအလှည့်မှာ သူ့ကို ဂိတ်တဲထဲက စာရင်းမှတ်နေတဲ့ ရဲဘော်လေးက မမေးဘဲ သူ့ဘေးမှာ ထိုင်နေတဲ့ ‌ဗိုလ်ကြီးက မေး‌တယ်။ ယဉ်ယဉ်ကျေးကျေး ခပ်ပြုံးပြုံးပါပဲ။ “နာမည်ဘယ်လိုခေါ်လဲဗျ..”
“ဘယ်ရွာကလဲ..”
“ရွာမှာကော အဆင်ပြေကြလား..”
ဒီစစ်သားတွေကို မမြင်ခင်မှာ ဘီလူးသဘက်တွေအလား ကြောက်ခဲ့ရတဲ့သူက ဒီလိုကောင်းကောင်းမွန်တွေ ဆက်ဆံနေတော့ခါ တင်းထားသမျှ အကုန်အရည်ပျော်ကျသွားတယ်။ တဒင်္ဂအတွင်း နိုင်ငံရေးပဲ ပြန်ကောင်းသွားပြီး အစစအရာရာ အားလုံးအဆင်ပြေသွားသလိုလိုလည်း ဦးရွှေအောင် ခံစားလိုက်ရတယ်။ ရွာထဲက လက်လုပ်သေနတ်တွေနဲ့ လူငယ်တွေထက် စစ်ဝတ်စုံအပြည့်နဲ့ မောင်းပြန်သေနတ်တွေနဲ့ ဒီစစ်သားတွေကို ပိုပြီးအထင်ကြီးလာရာကနေ အားကိုးချင်စိတ်တွေလည်း ဖြစ်မိပါတယ်။

ရယ်ရယ်မောမောနဲ့ သူ့ကို ရုပ်ရှင်မင်းသား နေအောင်နဲ့ တူတယ်လို့တောင် စနောက်လာတဲ့စစ်ဗိုလ်ကို ရင်းနှီးချစ်ခင်စိတ်တွေ ဖြစ်လာပြီး ဦးရွှေအောင် ပတ်ဝန်းကျင်ကို တချက်ဝေ့ကြည့်လိုက်တယ်။ ပြီးတော့ သူလမ်းမှာ မြင်လာခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နေရာကို ဗိုလ်ကြီးကို ပြောပြလိုက်ပါတယ်။

ဒါပေမယ့် ဦးရွှေအောင် မသိလိုက်တာကတော့ စစ်တပ်က အဲဒီဒေသကာကွယ်ရေး ဂိတ် အဲဒီနားရှိတယ်ဆိုတာ သိထားပြီးသား ဆိုတာရယ်ပါ။

ဒီဥပမာကို ကြည့်ပါ။ ဒလန်ဆိုတာ ခံယူချက် ပြင်းထန်လို့၊ ခြိမ်းခြောက်ခံရလို့၊ မက်လုံးပေးဆွဲဆောင်လို့ ဆိုတာတွေအပြင် တစ်ဖက်စစ်တပ်ရဲ့ စည်းရုံးရေးအားကြောင့်လည်း ရည်ရွယ်ချက်မရှိဘဲ သတင်းပေးဖြစ်သွားတဲ့ ပြည်သူတွေ ရှိတယ်ဆိုတာကို ပြောပြချင်တာဖြစ်ပါတယ်။

ပြည်သူလူထုဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို (အသေချာဆုံးက‌တော့) ကြောက်ကြပါတယ်။ ကြောက်တာအပြင်ပြောရရင် ‘အားကိုး’ချင်ကြပါတယ်။ နောက် ပြီးရင် ‘ကူညီ’ချင်ကြပါတယ်။

ရွာတွေကို စစ်တပ်ဘက်က စစ်ကြောင်းထိုးလာရင် တော်လှန်ရေးတပ်တွေက ရှိတဲ့ အင်အား၊ နည်းပညာတွေနဲ့ စစ်ကြောင်းဝင်မလာနိုင်အောင် တားဆီးကာကွယ်ကြတယ်။ ရွာသူရွာသားတွေကတော့ စစ်ကြောင်း ရောက်လာ၏မရောက်လာ၏ အိုးအိမ်စွန့်ပြီး ပြေးကြပါပြီ။ သို့ပေမယ့် ရပ်ရွာကို ကာကွယ်ပေးမယ့် ရဲဘော်တွေကိုတော့ အပြည့်အဝ ထောက်ပံ့ကူညီကြပါတယ်။ စစ်ကြောင်းက သူတို့ဦးတည်တဲ့ ရည်မှန်းချက် မဟုတ်လို့ပဲဖြစ်ဖြစ် ရွာထဲ ဝင်မလာရင်ကိုပဲ သူတို့မှာ ရဲဘော်တွေကို အားကိုးတကြီးနဲ့ ကျေးဇူးတင်ကြပါတယ်။

တကယ်လို့ စစ်ကြောင်းက ရွာထဲ ဝင်လာရင်ကော အခြေအနေက နှစ်မျိုး ရှိပါတယ်။ စစ်ကြောင်းက ရွာသားတွေမရှိတဲ့ရွာကို စိတ်ကြိုက်မွှေနှောက်ဖျက်ဆီးမယ်၊ ဒါမှမဟုတ် တစ်ဦးစနှစ်ဦးစ ကျန်တဲ့ရွာသားတွေကို ကောင်းကောင်းဆက်ဆံပြီး စည်းရုံးရေးလုပ်သွားမယ်။ စစ်တပ်အနေနဲ့ နှစ်မျိုးစလုံး ပြုလုပ်နိုင်ပေမယ့် သတင်းတွေမှာကတော့ ဖျက်ဆီးတဲ့သတင်းတွေပဲ မီဒီယာတွေမှာ တွေ့ရများပါတယ်။ တော်လှန်ရေးဘက်ကို ပိုပြီး အထိနာစေတာက ဒုတိယအချက် ‌ဖြစ်ပေမယ့် စစ်တပ်ဘက်ကလည်း သိပ်တော့ အသုံးချတတ်ပုံ မရှိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ရွာထဲကို စစ်ကြောင်းဝင်လာနိုင်ပြီ ဆိုကတည်းက ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ်ကို ရွာသားတွေရဲ့ အားကိုးလိုစိတ်က လျော့ကျသွားပါပြီ။ နောက်ဆက်တွဲ ဖြစ်တဲ့ အကူအညီပေးလိုစိတ်လည်း ပေါ်မလာနိုင်တော့ပါဘူး။

🔹စစ်ရေးသတိမှာ ပြည်သူကို ရန်သူလိုသဘောထား

အဲဒီလိုအခြေအနေမျိုး ပြည်သူရဲ့ အားကိုးမှုမရတဲ့ အနေအထားမှာ ရန်သူ့စစ်သတင်းရရှိမှုနဲ့ မိမိစစ်သတင်းလုံခြုံရေးဟာ အတော်ကို အားနည်းသွားနိုင်ပါတယ်။ စစ်သတင်းအပေါ် အခြေခံပြီး စီမံဆောင်ရွက်ရတဲ့ စစ်ဆင်ရေးတွေဟာလည်း မအောင်မြင်နိုင်ခြေ များသွားပါပြီ။

စစ်မတိုက်ဘဲ လက်နက်ကိုင်ထားရုံကိုင်ထားတဲ့ အမည်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက်ကတော့ ပြဿနာမရှိပေဘူးပေါ့။ ဒါပေမယ့် ဒီလို မည်ကာမတ္တလက်နက်ကိုင်အဖွဲ့တွေဟာ စစ်သတင်းလုံခြုံရေးကို အလေးမထားတော့ဘူးလား ဆိုရင်လည်း မဟုတ်ပြန်ပါဘူး။

ဒီလိုအဖွဲ့တွေဟာ စစ်ကိုသာ မတိုက်ပေမယ့် သတင်းပေါက်ကြားမှုရှိရင် အင်မတန်မှ စိတ်တိုတတ်ကြပါတယ်။ ရန်သူကိုသာ မတိုက်နိုင်ပေမယ့် သူတို့နိုင်ရာ ဒလန်ရှင်းလင်းရေးကိုတော့ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ပြကြလေ့ ရှိပါတယ်။ လက်နက်ကျတော့ကိုင်ထားပြီး စစ်ရေးစစ်ရာနဲ့တူအောင် လုပ်စရာဆိုလို့ ဒီကိစ္စပဲ ရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုတပ်ဖွဲ့တွေဟာ နိုင်ငံအနှံ့မှာ(အထူးသဖြင့်အညာဒေသတွေမှာ) ရှိပါတယ်။ ကြာလာတော့ ပြည်သူကို ရန်သူလို သဘောထားတဲ့ စစ်အစိုးရကို တော်လှန်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကပါ
ပြည်သူကို ရန်သူလို ဆက်ဆံလာကြပြီလား လို့တောင် မေးရမလို ဖြစ်လာပါတယ်။

အမှန်တကယ်တော့ ပြည်သူဆိုတာ အရပ်သားသတင်းပေး(ဒလန်) ဘယ်ချိန်မှာမဆို ဖြစ်သွားနိုင်ပါတယ်။ မဖြစ်အောင် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့က အာဏာနဲ့ ထိန်းချုပ်လို့မရသလို ထိန်းချုပ်ဖို့လည်း မသင့်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ဘက်က တတ်နိုင်သမျှ စည်းရုံးဆောင်ရွက်မှုပြုရင်း တဖက်မှာလည်း ပြည်သူကို ရန်သူ့ဘက်သားဖြစ်လာနိုင်ခြေအတွင်း ထည့်သွင်းသတ်မှတ်ထားပြီး အရေးကြီးစစ်သတင်းတွေကို မဆိာင်သူတွေဆီ မရောက်‌အောင် လျို့ဝှက်ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး နဂိုကတည်းက စည်းခြားပြီး မဆက်ဆံထားရင်သာ နောက်ပိုင်းမှာ ပြည်သူနဲ့ မိမိတို့တပ်ဖွဲ့တွေဟာ တကယ့်ရန်သူတွေ ဖြစ်သွားပါလိမ့်မယ်။

🔹တောခိုပါ

ကိုယ်က ထိန်းချုပ်လို့မရ၊ ထိန်းချုပ်ခွင့်လည်း မရှိတဲ့ ပြည်သူလူထုနဲ့ မိမိတို့ လက်နက်ကိုင်တပ်ဖွဲ့ကို ရောနှောမနေဘဲ သပ်သပ်စီ နေလိုက်တာက အရှင်းဆုံးဖြစ်ပါတယ်။ ကမ္ဘာ့ဘယ်ဒေသမှာ မဆို လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နေရာတွေဟာ သီးခြားကန့်သတ်ပြီး ရှိနေတာ သတိပြုနိုင်ပါတယ်။ မြန်မာ့သမိုင်းမှာလည်း အဖွဲ့အစည်းအသီးသီးက အစိုးရကို ပုန်ကန်ပြီဆို အရင်ဆုံး ‘တောခို’ ကြတာ တွေ့နိုင်ပါတယ်။ ပြည်သူလူထုနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ရောနှောနေလို့ မရတာကို နားလည်ကြလို့ ဖြစ်ပါတယ်။

ဗီယက်နမ်လိုစစ်ပွဲမှာမျိုး ပြည်သူလူထုကြားထဲ ကိုယ်ယောင်ဖျောက်နေပြီးတော့ ရန်သူကို တိုက်ခိုက်တဲ့ ပြောက်ကျားတပ်တွေ ကမ္ဘာအနှံ့မှာ ရှိခဲ့ဖူးတာ မှန်ပါတယ်။ ဒါပေမယ့် ရန်သူချင်းက မတူပါဘူး။ သူတို့ရဲ့ရန်သူက နိုင်ငံတကာစစ်ဉပဒေတွေကို လိုက်နာနေရတဲ့ အမေရိကန်လိုနိုင်ငံဆိုရင် သိပ်ကိစ္စမရှိပါ။ မြန်မာစစ်အစိုးရလိုမျိုး ဥပဒေမဲ့ ထင်တိုင်းကြဲတတ်တဲ့ ရန်သူကိုတော့ ဒီလိုနည်းစနစ်မျိုး နည်းနည်းလေးမှ သွားသုံးလို့ မသင့်ပါဘူး။ နောက်ပြီး မြန်မာအစိုးရဟာ ဒီဥပဒေတွေကို လိုက်နာပါ့မယ်ဆိုပြီး လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေထဲမှာလည်း မပါပါဘူး။ ဒါ့ကြောင့်လည်း သူကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူရခက်နေတာ သတိပြုမိကြနိုင်ပါတယ်။

ဘယ်လိုပဲ ဆိုဆို ပြည်သူကိုမငဲ့ကွက်တတ်တဲ့ ရန်သူကို ပြည်သူလူထု ကြားထဲကနေ တိုက်ခိုက်မယ်ဆိုရင် ဒါဟာ ‘ပြောက်ကျားစစ်‌’မဟာဗျူဟာကြီး ဖြစ်မနေဘဲ အရပ်သားပြည်သူကို ‘လူသားဒိုင်းကာ’ လုပ်သလိုပဲ ဖြစ်နေမှာပါ။ ဒါ့ကြောင့် မြန်မာပြည်ရဲ့ လက်ရှိအနေအထားနဲ့ တော်လှန်ရေးလုပ်မယ်ဆိုရင် မဖြစ်မနေ တောခိုကြဖို့ လိုပါတယ်။

🔹အမိန့်အရေးကြီးပုံ

လက်နက်ကိုင်တော်လှန်ရေးအစမှာ လူငယ်ရဲဘော်တွေဆီက ကြားနေကျစကားက ‘အာဏာရှင်မကြိုက်လို့ တော်လှန်နေတာ၊ ငါ့ကို အာဏာလာမပြနဲ့’ လို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးငါးနှစ်တာလောက် ကြာလာတဲ့ အခုချိန်အထိကိုပဲ ဒီလိုတွေးတဲ့ ရဲဘော်တွေ ရှိနေဦးမယ်လို့ ယူဆရပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ ဆိုတာ အမိန့်နဲ့ အလုပ်လုပ်ရပါတယ်။ တနည်းအားဖြင့် အာဏာစက်စနစ်နဲ့ပဲ လည်ပတ်ရပါတယ်။

“အာဏာရှင်ကို မကြိုက်လို့ တော်လှန်နေတာ၊ အာဏာလာမပြနဲ့”
ဆိုရင်ဖြင့်
“လက်နက်ကိုင်တဲ့ စစ်တပ်ကို မကြိုက်လို့တော်လှန်တာ ဘာလို့ လက်နက်ကိုင်နေမှာလဲ”လို့ ပြန်မေးရမှာပါ။

စစ်တပ်တစ်တပ်ရဲ့ ဖွဲ့စည်းပုံကို အရှင်းဆုံးပြောရရင်… လူဆယ်ယောက် ရှိတယ် ဆိုပါစို့။ ၉ယောက်ကို အမိန့်ပေးဖို့ ခေါင်းဆောင်ရှိတယ်။ အဲဒီကိုးယောက်ကို ၃ယောက်သုံးဖွဲ့ ပြန်ဖွဲ့ပြီး တဖွဲ့စီမှာ အမိန့်ပေးသူ ထပ်ရှိမယ်။ အဲဒီသုံးယောက်တစ်ဖွဲ့မှာပဲ ဒုတိယခေါင်းဆောင် အရံရှိပါသေးတယ်။ ဆိုတော့ ဘယ်အခြေအနေမှာ မဆို ဘယ်သူက ဘယ်သူ့ကို အမိန့်ပေးရမယ် ဆိုတာ ခေါင်းရှုပ်စရာ မလိုတော့ပါဘူး။ ဆယ်ယောက်ထဲကနေ နှစ်ယောက်တည်း ကျန်ခဲ့ရင်တောင် “မင်းအမိန့်ပေး၊ ငါအမိန့်ပေး”နဲ့ လုနေစရာ မလို‌တော့ပါဘူး။ တကယ်လို့ တစ်ယောက်တည်းဆိုရင်တောင် စစ်ရေးပြ လှုပ်ရှားမှုမှာ မိမိကိုယ်ကိုမိမိ ပြန်ပြီးအမိန့်ပေး အမှတ်စဉ်ရေပြီးတော့ လုပ်ဆောင်ရပါတယ်။ အဲဒီလိုပဲ တပ်ဆိုတာ အမိန့်နဲ့ တည်ဆောက်ထားပါ။

အချိန်မရွေး သတင်းပေး(ဒလန်) ဖြစ်သွားနိုင်တဲ့ ပြည်သူတွေနဲ့ ဝေးရာမှာ တပ်ကို တသီးတခြား တည်ဆောက်ထားတယ် ဆိုရင်လည်းပဲ ခုလိုမျိုး အမိန့်စီးဆင်းမှု မခိုင်မာသေးရင် စစ်သတင်းဆိုတာ အတွင်းကနေ ပေါက်ကြားနိုင်ပါသေးတယ်။ တပ်ကိုတပ်နဲ့တူအောင် ဖွဲ့စည်းထားမှပဲ သတင်းရဲ့ အရေးကြီးမှု အဆင့်အတန်းအရ အမိန့်ပေးအဖွဲ့ပဲ သိအောင် ထိန်းသိမ်းမလား၊ အောက်ခြေအဆင့်ထိ ချပြမလား၊ ထိပ်သီးခေါင်းဆောင်တွေပဲ သိရမယ့် ထိပ်တန်းလျှို့ဝှက်သတင်းလား စသည်ဖြင့် ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့မှပဲ စစ်သတင်းလုံခြုံမှုကို စတင်ပြီး ဆောင်ရွက်လို့ ရမှာပါ။

မဟုတ်ရင်တော့ အရပ်သားလက်နက်ကိုင်တွေ စုစည်းနေတဲ့ အဖွဲ့သာဖြစ်နေပြီး အချင်းချင်းမသင်္ကာ ဖြစ်နေကြတာနဲ့ပဲ ခေတ်သစ်ဟင်္သာကိုးသောင်းဇာတ်က အပိုင်းလိုက် ထွက်နေဦးမှာပါ။

🔹ဆက်သွယ်ရေးနဲ့ ထောက်လှမ်းရေး
ဆက်သွယ်ရေးနဲ့ ထောက်လှမ်းရေးဆိုတာ စစ်သတင်းသက်သက်အတွက်လို့ ထင်ကြပါလိမ့်မယ်။ တကယ်က ဒီနှစ်ခုဟာ ‘အမိန့်’အတွက် အဓိကလိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။ တပ်မှူးဟာ တပ်ကို ဘယ်နေရာတွေအထိပဲ ဖြန့်ခွဲထားထား ဆက်သွယ်ရေးစနစ်အသုံးပြုပြီး သူ့ရဲ့အမိန့်ကို မပြတ်စီးဆင်းစေရပါတယ်။ ထောက်လှမ်းရေးဆိုတာ စစ်ရေးနဲ့ တပ်ပြင်သတင်းအပြင် မိမိတပ်တွင်းသတင်းကိုပါ အစဉ်မပြတ်ထောက်လှမ်း/တင်ပြရတာဖြစ်ပြီး အမိန့်ပေးသူအနေနဲ့ ကိုယ့်တပ်အခြေအနေအမှန်ကို မသိဘဲ အမိန့်ပေးလို့ မသင့်ပါဘူး။

ဒီလို ဆက်သွယ်ရေးနဲ့ထောက်လှမ်းရေး ပေးပို့ချက်တွေ၊ အမိန့်နဲ့ ညွှန်ကြားချက်တွေ စုစည်းမှတ်တမ်းပြုစုရာကနေ 'ရုံး' ဆိုတာ ဖြစ်လာပြီး အဲဒီအခါကျမှ ‘တပ်’ဆိုတာလည်း စတင် အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။ ခိုင်မာတဲ့ ရုံးလည်ပတ်မှုစနစ် တည်ဆောက်ပြီးရင်တော့ ‘စစ်သတင်းလုံခြုံရေး’ဟာ ကျွဲကူးရေပါ ဖြစ်သွားပါလိမ့်မယ်။

ဆက်သွယ်ရေးဆိုလို့ အဆင့်မြင့် စက်ကိရိယာတွေ မလိုအပ်ပါဘူး။ ပုံမှန်ဆက်သွယ်ရေးစနစ် ရှိဖို့နဲ့ အခါအားလျော်စွာ ပြောင်းလဲသတ်မှတ်တဲ့ စကားဝှက်၊ အတိုဝှက်စနစ် ရှိဖို့ပဲ အဓိကလိုအပ်ပါတယ်။

တော်လှန်ရေးအစပိုင်းမှာ ဆက်သွယ်ရေးရဲ့ အရေးကြီးပုံကို သိနားလည်သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်ရေး စနစ်တကျလုပ်ဖို့ အကြံပြု တွန်းအားပေးခဲ့ကြပါလိမ့်မယ်။ ဒါပေမယ့် အမိန့်ပေးမယ့်သူ ရေရေရာရာမရှိရင်တော့ တပ်ဆင်ထားတဲ့ ဆက်သွယ်ရေးစက်တွေ ဖုန်တက်သွားတာနဲ့သာ ကြုံရမှာပါ။

သတင်းရဲ့သွေးကြောက ‘ဆက်သွယ်ရေး’ ဆိုရင် ဆက်သွယ်ရေးရဲ့အသက်က ‘အမိန့်’ဖြစ်ပါတယ်။

🔹ကြာရှည်မလုပ်သင့်တဲ့ ပြောက်ကျားစစ်ဆင်ရေး

အညာဒေသတစ်ခုက ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ တော်လှန်ရေးရဲဘော်တွေဟာ စစ်သင်တန်း‌တွေ အများကြီး တက်ခဲ့ကြပြီးပေမယ့် သူတို့ကိုယ်သူတို့နဲ့ တပ်ဖွဲ့အတွက် သိပ်ပြီး ထူးခြားတိုးတက်မှုမရှိဘူးလို့ ယူဆကြတယ်။ ဒါ့ကြောင့် စစ်သင်တန်းတစ်ခု သေချာကောင်းကောင်းပေးနိုင်မယ့် သင်တန်းဆရာတစ်ယောက်ကို ခေါ်ကြပြီး အထူးမွမ်းမံသင်တန်း လုပ်ကြပါတယ်။ အဲဒီသင်တန်းမှာ သင်တန်းသားတစ်ယောက်က သင်တန်းဆရာကို ခုလို ထူးထူးခြားခြား မေးခဲ့ဖူးပါတယ်။

“ဆရာ..စစ်တပ်က ရွာတွေ တရွာဝင် တရွာထွက်နဲ့ အိမ်တွေ မီးလိုက်ရှို့နေတာ၊ အဲဒါ ဘာဗျူဟာလဲဗျ..” တဲ့။
သင်တန်းဆရာ ပြုံးမိသွားတယ်။ အမေးရှိတော့ အဖြေရှိရတာပေါ့လေ။

“အဲဒီဗျူဟာမှာ နာမည်ရှိတယ်ကွဲ့။ မထင်ကြနဲ့။
‘ပြောက်ကျားစစ်နည်းဗျူဟာ’ ဆိုတာကို မိမိအင်အားနည်းနည်းနဲ့ အကျိုးအမြတ်များများရအောင် တိုက်တဲ့ ခြုံခိုတိုက်တာမျိုး၊ လက်ရွေးစင်ကွန်မန်ဒို စစ်ဆင်ရေးမျိုးလို့ပဲ ထင်နေကြပါတယ်။ တကယ်က ပြည်သူဘဝကနေ လက်နက်ကောက်ကိုင်လိုက်ရင် စစ်သည်ဖြစ်သွားတဲ့ ပြောက်ကျားစစ်သည်တွေရဲ့ စစ်ဆင်ရေးမို့လို ပြောက်ကျားစစ်နည်းဗျူဟာလို့ ခေါ်တာပါ။ အခု မင်းတို့ တော်လှန်ရေးတပ်ဖွဲ့တွေ သုံးနေတဲ့ဗျူဟာပေါ့။ အဲဒါကို သမားရိုးကျတပ်ဖြစ်တဲ့ မြန်မာစစ်တပ်အနေနဲ့ လုပ်လို့မရဘူးပေါ့။

ဒီစစ်နည်းဗျူဟာကို ကာလကြာရှည် လုပ်လို့မရဘူး။ ပြောက်ကျားတပ်ဟာ သမားရိုးကျတပ်ကို တဖြည်းဖြည်း အသွင်ပြောင်းရပါတယ်။ အခု မင်းတို့ ဒီလိုသင်တန်းတွေတက်နေတာကလည်း သမားရိုးကျတပ်အသွင်ပြောင်းဖို့ပဲ ဆိုတာ နားလည်ကြပါ။ အချိန်မီ အသွင်မပြောင်းရင် တဖက်ရန်သူဟာ ပြည်သူလူထုကိုပါ မိမိတို့နဲ့အတူတူ ချေမှုန်းလာနိုင်တယ်။ အဲဒါကို ‘တန်ပြန်ပြောက်ကျား စစ်နည်းဗျူဟာ' လို့ ခေါ်ပါတယ်။

စကစဘက်ကလုပ်နေတဲ့ ရွာတွေဖျက်ဆီးတာတွေ၊ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ဆိုတာ “ကြွက်မနိုင်ကျီမီးရှို့”ဆိုတဲ့ အတော်ယုတ်မာပြီး လူမဆန်တဲ့လုပ်ရပ်ဆိုပေမယ့် ပြောရရင် အဲဒါဟာ (စစ်ဥပဒေနဲ့ငြိစွန်းနေတဲ့) စစ်နည်းဗျူဟာတစ်ခုပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ပြည်သူလူထုကို မထိခိုက်စေချင်ရင် မင်းတို့ဟာ သမားရိုးကျတပ်အသွင်ကို ကူးပြောင်းပြီး ပြည်သူနဲ့ သပ်သပ်စီ နေရမယ်။”

သင်တန်းသားတွေ ငိုင်ကျပြီး ငြိမ်သွားကြပါတယ်။

ဒီလို ပြောက်ကျားစစ်နဲ့ သမာရိုးကျစစ်ကို ခွဲခြားသိသွားကြပြီးတဲ့နောက်မှာ အဲဒီဒေသကာကွယ်ရေးတပ်ဖွဲ့က စနစ်တကျ ပြုပြင်ပြောင်းလဲသွားကြသလား သေချာမသိရပေမယ့် သေချာတာတစ်ခုကတော့ အဲဒီဒေသအတွင်း “ဒလန်ရှင်းတယ်” ဆိုတဲ့ ကိစ္စကတော့ လုံးဝ မကြားရတော့တာတော့ အမှန်ပါ။

သာမာန်အရပ်သားသတင်းပေးကြောင့် မပျက်စီးမထိခိုက်နိုင်တဲ့ စစ်ရေးတွေ စီမံဖော်ဆောင်နိုင်ကြပါစေ။ စစ်ပုံကျတဲ့ တပ်ဖွဲ့တွေ တည်ဆောက်နိုင်ကြပါစေ။

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
💯1