🩶 လက်ခုပ်သံတွေ၊ ချီးကျူးသံတွေ၊ လူအများရဲ့ ချစ်ခင်မှုတွေကို မက်မောတောင့်တရင် ကဲ့ရဲ့သံ၊ ဆဲဆိုသံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခံနိုင်ရည် မရှိတော့ဘူး။ ပိုပြီး ပြိုလဲရတယ်။
ဒီတော့ အကောင်းတွေနဲ့ ကြုံလည်း လောကဓံလို့ မှတ်။ အဆိုးတွေနဲ့ ကြုံလည်း လောကဓံလို့ မှတ်။ သစ်ပင်မှာ လာနားကြတဲ့ ငှက်ကလေးတွေလို ဝင်လာလိုက်၊ ထွက်သွားလိုက် လုပ်နေကြမှာ။ သူတို့နဲ့ လိုက်ပြီး ကိုယ်ဆိုတဲ့ သစ်ပင်ကြီးက ယိမ်းထိုးမနေဖို့ လိုတယ်။
🩶 “လောကဓံ” ဆိုတာ လောကဓမ္မ ဆိုတဲ့ စကားလုံးကနေ လာတာမို့ လူတိုင်းကြုံကြရတဲ့ သဘာဝတရားတွေပါပဲ။ အနည်းနဲ့အများပဲ ကွာကြလိမ့်မယ်။ ရှောင်လွှဲလို့ မရတာဖြစ်လို့ ကိုယ် ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကိုသာ ရွေးချယ်နိုင်ကြမှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၄.၅.၂၀၂၅

❤2
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
(၄.၅.၂၀၂၆ မှ (၁၀.၅.၂၀၂၆ အထိ)
အလေးပေးတင်ပြချက်များ
••••••••••••••••••••••••
☁️ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။
⛈️မိုးအခြေအနေမှာ အရှေ့ဘက်နှင့် အနောက်ဘက်မှ လာသော လေပွေလှိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္လာရီတိုင်း ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပါသည်။
⚡မိုးလေဝသဖြစ်စဉ်များအနေဖြင့် ဒေသအလိုက် နေ့အပူချိန်များတိုးလာသောကြောင့် မွန်းလွဲ နင့် ညနေပိုင်း အချိန်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့် ဘေးအန္တရယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ပိုမိုဂရုပြုကြရန် လိုအပ်ပါသည်။
🌡️နေ့အပူချိန်များမှာ မြန်မာနိုင်ငံတဝှမ်းလုံးတွင် နေ့အပူချိန်များမှာ ပုံမှန်အပူချိန်ခန့်သာရှိနိုင်ပါသည်။
🗓️ နေ့အလိုက်တပတ်စာ မိုးလေဝသ အခြေအနေ များကို ဆက်လက်တင်ပြသွားပါမည်။
🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️
#မိုးလေဝသသတင်း
#WeatherForecast
#MOHADM

🥰2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် (၄.၅.၂၀၂၆ မှ (၁၀.၅.၂၀၂၆ အထိ) အလေးပေးတင်ပြချက်များ •••••••••••••••••••••••• ☁️ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ ⛈️မိုးအခြေအနေမှာ…»
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
လေပြင်းနှင့် မိုးသည်းထန်ချိန်တွင် သတိပြုရန် ⛈️
မိုးရာသီအတွင်း မိုးသက်လေပြင်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန်။✨
🚨 ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များ။
🌳 သစ်ပင်ပြိုလဲခြင်း။
အမြစ်မခိုင်သောသစ်ပင်များနှင့် ဆွေးမြည့်နေသော သစ်ကိုင်းများ ကျိုးကျနိုင်ပါသည်။
⚡ လျှပ်စစ်အန္တရာယ်။
ဓာတ်တိုင်လဲခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်နိုင်ပါသည်။
🏠 အဆောက်အအုံပျက်စီးခြင်း။
အမိုးသွပ်လန်ခြင်းနှင့် ကြော်ငြာဆိုင်းဘုတ်ကြီးများ ပြုတ်ကျနိုင်ပါသည်။
🌊 ရေကြီးရေလျှံခြင်း။
ရေနုတ်မြောင်းပိတ်ဆို့ပြီး လမ်းမများပေါ်တွင် ရေလျှံတတ်ပါသည်။
✅ ဆောင်ရန်အချက်များ။ (Dos)
🏠 Stay Indoors။
လေပြင်းတိုက်ခတ်နေစဉ် အိမ်တွင်း၌သာ လုံခြုံစွာနေထိုင်ပါ။
🔌 Unplug Electronics။
မိုးကြိုးအန္တရာယ်ကင်းစေရန် အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများကို ပလပ်ဖြုတ်ထားပါ။
📻 Stay Updated။
မိုးလေဝသခန့်မှန်းချက်များကို အမြဲမပြတ် နားစွင့်ပါ။
🔦 Emergency Lights။
ဓာတ်မီးနှင့် အရေးပေါ်မီးများကို လက်လှမ်းမီရာတွင် အဆင်သင့်ထားပါ။
❌ ရှောင်ရန်အချက်များ။ (Don'ts)
🚫 🌳 သစ်ပင်အောက် ခိုလှုံခြင်း။
မိုးကြိုးပစ်ခြင်းနှင့် သစ်ကိုင်းပိခြင်းများ ဖြစ်နိုင်သဖြင့် လုံးဝမပြုလုပ်ပါနှင့်။
🚫 ⚡ ဓာတ်ကြိုး/ဓာတ်တိုင်များ။
ပြတ်ကျနေသော ဓာတ်ကြိုးများကို တွေ့ပါက (လုံးဝ) မထိတွေ့ပါနှင့်။
🚫 📱 ဖုန်းအသုံးပြုခြင်း။
မိုးသက်လေပြင်းကျနေစဉ် ဖုန်းအသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
🚫 🌊 ကမ်းပါး/မြစ်အနီး။
ရေစီးသန်ခြင်းနှင့် မြေပြိုခြင်းအန္တရာယ် ရှိနိုင်ပါသည်။
💡 အကြံပြုချက်။
အပြင်သွားနေစဉ် လေပြင်းတိုက်ပါက ခိုင်ခံ့သော အဆောက်အအုံအတွင်း၌သာ ခိုလှုံပါ။
✨ မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘေးကင်းသော မိုးရာသီကို ဖြတ်သန်းကြပါစို့။ ✨
#WeatherAlert #SafetyTips #MyanmarRainySeason #SafetyFirst #Eagle_Information_Operator #EIO_Update_News

🙏2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️
ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။
🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။
၁။ Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️
လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။
၂။ Aerodynamic Noise (လေထုတိုးဝှေ့သံ) 💨
ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။
⚠️ အထူးသတိပြုရန်။
ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar

Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation

EU ရဲ့ စီးပွားရေးပိတ်ဆို့မှုဆိုတာ ဘာလဲ
စစ်အုပ်စုရဲ့ ငွေကြေးအိတ်ထဲကို ပိုက်ဆံမရောက်အောင် ပိတ်လိုက်တဲ့ ကိစ္စမျိုးပါ။ နိုင်ငံတကာ ဘဏ်တွေမှာ ရှိတဲ့ သူတို့ပိုင်ပစ္စည်းတွေ၊ ငွေစာရင်းတွေကို အသုံးမပြုနိုင်အောင် ရပ်တန့်လိုက်တာဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးအရ အဆက်အသွယ်လုပ်ဖို့ကိုလည်း ဥပဒေနဲ့ တားမြစ်ထားတာမျိုးပါ။
အရပ်သား အစိုးရ ဟန်ဆောင်ပြီး သမ္မတ အမည် အတင်းအဓမ္မ ခံယူထားတဲ့ မင်းအောင်လှိုင်ကို အသိအမှတ်မပြုကြောင်း ဖော်ပြခြင်ူလည်းဖြစ်ပါတယ်။
ဥရောပ သမဂ္ဂ (EU) က မြန်မာစစ်အုပ်စုကို စီးပွါးရေး အရင်းအမြစ်၊ လက်နက်နှင့် စစ်ရေးဆက်စပ်ပစ္စည်းတွေ၊ ဘဏ္ဍာရေး၊ ရန်ပုံငွေ၊ ဆက်သွယ်ရေး နည်းပညာ၊ နဲ့ တရားဝင်အသိအမှတ်ပြုရာ ရောက်စေမည့် လုပ်ငန်းဆိုင်ရာ အားလုံး စည်းမျဉ်းဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၂၇ မေလထိ (တနှစ်) တိုးချဲ့လိုက်ပါတယ်။
စစ်အာဏာရှင်စနစ် လည်ပတ်ဖို့ မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ငွေကြေးလမ်းကြောင်းတွေ ဖြတ်တောက်ကန့်သတ်ဖို့နဲ့ ၎င်းတို့ရဲ့ စစ်ရေးစွမ်းရည်ကို လျော့ပါးစေဖို့ ရည်ရွယ် တားဆီးပိတ်ပင်ထားတာ ဖြစ်ပါတယ်။
EU စည်းမျဉ်းပိတ်ဆို့ထားတဲ့ စာရင်းထဲမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း Myanma Oil and Gas Enterprise (MOGE)၊ လက်နက်နှင့် စစ်ရေးအသုံးအဆောင်ပစ္စည်းများ ရရှိမှုကို ထိန်းချုပ်သည့် လက်နက်ရောင်းဝယ်မှု ပိတ်ပင်ခြင်း (Arms Embargo) အပါအဝင် လူပုဂ္ဂိုလ် ၁၀၅ ယောက်နဲ့ စစ်အုပ်စု နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီ အဖွဲ့အစည်း ၂၂ခု ပါဝင်ပါတယ်။
ပိတ်ဆို့စာရင်းထဲမှာပါတဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ငွေကြေး၊ ဘဏ်အကောင့်၊ ရှယ်ယာပိုင်ဆိုင်မှုတွေကို (Asset Freeze) အသုံးပြုလို့မရတော့အောင် ချက်ချင်း ထိန်းချုပ်ပိတ်ပင်တာဖြစ်ပါတယ်။
***(မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် EU က ပိတ်ဆို့စာရင်းတွင် တရားဝင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။)
EU အတွင်းရှိ လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည်လည်း ပိတ်ပင်ခံထားရတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီတွေနဲ့ ငွေကြေး သို့မဟုတ် စီးပွါးရေးအရင်းအမြစ်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပံ့ပိုးပေးခြင်းကိုလည်း လုံးဝ ခွင့်မပြုပါဘူး။
ပိတ်ဆို့မှုတွေက စစ်အုပ်စုရဲ့ ငွေဝင်လမ်းကြောင်းကို ချက်ချင်းကြီး ပိတ်သွားအောင် မလုပ်နိုင်ပေမဲ့ သူတို့ ငွေရှာ၊ ငွေလွှဲ၊ ငွေသုံးစွဲပြီး စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ်တိုင်းမှာ အခက်အခဲတွေကို ပိုများလာစေပါတယ်။ နိုင်ငံတကာ အနေနဲ့ မြန်မာစစ်အုပ်စုနဲ့ လက်တွဲအလုပ်လုပ်ရတာဟာ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေက်ု ချိုးဖောက်ပြီး လုပ်ကိုင်ရတာဖြစ်တဲ့အတွက် ပုံမှန်ထက် ကုန်ကျစရိတ်များပြီး လုပ်ကိုင်ရမှုများ ပိုမိုခက်ခဲလာစေပါတယ်။
တဖက်မှာလည်း ရရှား၊ ဘလာရုစ်နဲ့ တရုတ်နိုင်ငံတွေကလည်း ရာဇဝတ်ဂိုဏ်း မြန်မာ စစ်အုပ်စုက်ု စစ်ရေး၊ နိုင်ငံရေး အရ ထောက်ပံ့နေမှုတွေက ဆက်ရှိနေဆဲပါ။
#SanctionMOGE
#whatshappeninginmyamar
#BloodMoneyCampaignMM

👍2❤1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။
📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။✨
✅ သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨
🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။
📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။
👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။
📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။
💻 Digital Security။
📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။
🛡️ ဘေးကင်းရေး လမ်းညွှန်မှု။
📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။
⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။
📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ။
📱 Two-Step Verification။
⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။
🗑️ Chat Cleanup။
⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။
👁️ Environmental Awareness။
⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။
ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻
#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"
ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻
#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
👍1🙏1💯1
Tanintharyi Coalition Resource Watch မှ ထုတ်ပြန်ထားသည့် ‘ကမ်းလွန်သဘာဝဓာတ်ငွေ့ ဝင်ငွေများမှတဆင့် စစ်အစိုးရ၏ ဝင်ငွေလမ်းကြောင်းကိုဖြတ်တောက်ရန်အတွက် အရေးပေါ်အရေးယူဆောင်ရွက်ချက်များ လိုအပ်ခြင်း’ အစီရင်ခံစာတွင်
တနင်္သာရီတိုင်း ကမ်းလွန် သဘာဝဓာတ်ငွေ့ကဏ္ဍ တွင် ဖြစ်နေသော ပိုက်လိုင်းတလျှောက် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပဋိပက္ခများအပေါ် မည်သို့ ငွေကြေးထောက်ပံ့နေမှုများ၊ တနင်္သာရီတိုင်း ရှိရပ်ရွာများကို ထိခိုက်စေမှုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှတဆင့် ဆက်လက်ပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်နေသော ငွေကြေးနှင့် စစ်အသုံးစရိတ်၊ နိုင်ငံတကာ ကုမ္ပဏီများ၏ လုပ်ကွက်အသစ်များ စာချုပ်ချုပ်ဆိုမှုများနှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ထိုင်း အစိုးရ၊ ထိုင်းကုမ္ပဏီများနှင့် ထိုင်းဗဟိုဘဏ် တို့အနေဖြင့် အရေးပေါ် အရေးယူဆောင်ရွက်ချက်များပြုလုပ်ရန် လိုအပ်နေကြောင်း တင်ပြထားသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် သမိုင်းတစ်လျှောက် အာဏာကို ဗဟိုပြုထားသော စနစ်၊ ပွင့်လင်းမြင်သာမှုနည်းပါးခြင်းနှင့် သဘာဝသယံဇာတများကို အာဏာအင်အားနှင့် ချိတ်ဆက်အသုံးပြုခြင်းတို့အပေါ် အခြေခံတည်ဆောက်လာခဲ့သည်။
မြန်မာ့သမိုင်းတလျှောက် ၁၉၉၀ ပြည့်နှစ်များမှစ၍ ပင်လယ်ပြင်သဘာဝဓာတ်ငွေ့သည် အရေးကြီးဆုံး နိုင်ငံခြားဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်လာပြီး၊ နိုင်ငံဝင်ငွေများကို အဓိကအားဖြင့် မြန်မာစစ်အုပ်စုမှ မိုးကျရွှေကိုယ် ဗိုလ်ချုပ်များက Myanma Oil and Gas Enterprise (MOGE) မြန်မာရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းကို ပွင့်လင်းမြင်သာမှုမရှိစွာဖြင့် စီမံခန့်ခွဲခဲ့သည်။
အစီရင်ခံစာအရ၊ အဆိုပါစနစ်သည် အရပ်သားအုပ်ချုပ်ရေးကာလများအတွင်းတွင်ပါ အပြည့်အဝ ပြုပြင်ပြောင်းလဲခြင်း မရှိခဲ့သဖြင့် ပြည်သူ့အစိုးရကြီးကြပ်မှုမရှိဘဲ အာဏာရှိသူအနည်းစုမှ ထိန်းချုပ်နိုင်သည့် စနစ်အဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းမှု နောက်ပိုင်းတွင် ပွင့်လင်းမြင်သာမှု လုံးဝမရှိစွာဖြင့် ဓာတ်ငွေ့ဝင်ငွေများကို စစ်အုပ်စုက တိုက်ရိုက်အသုံးချနိုင်သည့် အခြေအနေ ဖြစ်ပေါ်လာခဲ့သည်။ ကမ်းလွန်ပင်လယ်ပြင်ဓာတ်ငွေ့စီမံကိန်းများသည် နိုင်ငံ၏ နိုင်ငံခြားဝင်ငွေအတွက် အရေးပါသည့်အရာသာမက စစ်အုပ်စု၏ အာဏာတည်တံ့နိုင်မှုကို ငွေကြေးအရ ထောက်ပံ့ပေးသော အခြေခံမူ ဒေါက်တိုင်တခု ဖြစ်သည်။
နိုင်ငံရေးမတည်ငြိမ်မှုများနှင့် အပြည်ပြည်ဆိုင်ရာဖိအားများရှိနေသော်လည်း စီမံကိန်းများသည် ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး ဓာတ်ငွေ့တင်ပို့မှုများသည် အဓိကအားဖြင့် ထိုင်းနိုင်ငံ (Thailand) သို့ ဆက်လက်စီးဆင်းနေသည်။ အစီရင်ခံစာက ယင်းအခြေအနေကို အခြေခံတည်ဆောက်မှု၊ စာချုပ်စနစ်များနှင့် နယ်စပ်အခြေပြု စွမ်းအင်လိုအပ်ချက်များကြောင့် ရပ်တန့်ရန်ခက်ခဲသော စနစ်တစ်ခုအဖြစ် ဖော်ပြထားသည်။
လက်ရှိလည်ပတ်နေသည့် စီမံကိန်းများအနက် ရဲတံခွန်စီမံကိန်းသည် ထုတ်လုပ်မှု လျော့နည်းလာနေသော်လည်း မဟာဗျူဟာအရ အရေးပါနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ထုတ်လုပ်မှုနည်းလာသော်လည်း ဝင်ငွေစနစ်တစ်ခုလုံးကို ဆက်လက်ထောက်ပံ့နေခြင်းက ယင်းစီမံကိန်းများ၏ အရေးပါမှုကို ပြသနေသည်။ နိုင်ငံတကာမှ ထွက်ခွာမှုများသည် အမှန်တကယ် ရင်းမြစ်စီးဆင်းမှုကို မရပ်တန့်နိုင်သေးကြောင်း ပြသနေသည်။
ဇောတိကစီမံကိန်းသည် ထိုင်းသို့ ဓာတ်ငွေ့တင်ပို့နေသည့် အတည်ငြိမ်ဆုံး စီမံကိန်းတစ်ခုအဖြစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရေရှည်စာချုပ်များနှင့် စွမ်းအင်လိုအပ်ချက်များကြောင့် ဝယ်ယူသည့်နိုင်ငံများအနေဖြင့် လွယ်ကူစွာ ရပ်တန့်နိုင်ခြင်းမရှိကြောင်းကိုလည်း ထောက်ပြထားသည်။ ထို့ကြောင့် ဇောတိက မှရရှိသော ဝင်ငွေများသည် MOGE မှတဆင့် ဆက်လက်စီးဆင်းနေပြီး နိုင်ငံရေးအခြေအနေများထက် ဒေသတွင်း စွမ်းအင်လိုအပ်ချက်များက ပိုမိုအရေးပါလာသည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။
ရတနာစီမံကိန်းသည် ပိုမိုရှုပ်ထွေးသော ကိစ္စတစ်ခုဖြစ်သည်။ TotalEnergies နှင့် Chevron တို့က ထွက်ခွာသွားသော်လည်း လုပ်ငန်းလည်ပတ်မှုများ မရပ်တန့်ခဲ့ပါ။ လုပ်ငန်းလည်ပတ်သူပြောင်းသွားပြီး စီမံခန့်ခွဲမှုကို ဆက်လက်ယူဆောင်သွားခြင်းကြောင့် ထုတ်လုပ်မှုနှင့် ဝင်ငွေစီးဆင်းမှုများ ဆက်လက်တည်ရှိနေခဲ့သည်။ ယင်းအခြေအနေသည် ကုမ္ပဏီထွက်ခွါမှုတခုတည်းက စနစ်တစ်ခုလုံးကို မပြောင်းလဲနိုင်ကြောင်းကို ပြသနေသည်ဟု အစီရင်ခံစာက ဆိုထားသည်။
နောက်ဆုံးအနေဖြင့် မင်းရဲသူစီမံကိန်း ကဲ့သို့ စီမံကိန်းအသစ်များအကြောင်း ဖော်ပြထားပြီး စွမ်းအင်ကဏ္ဍသည် ရပ်တန့်နေခြင်းမဟုတ်ဘဲ တိုးချဲ့နေဆဲဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ စီမံကိန်းအသစ်များတည်ဆောက်နေခြင်းသည် ရေရှည်တွင် လည်ပတ်မှုဆက်လက်ရှိမည်ဟု မျှော်လင့်ထားခြင်းကို ပြသနေသည်။
အဆိုပါ စွမ်းအင်စီမံကိန်းများနှင့် ဆက်စပ်၍ မြေယာသိမ်းဆည်းခြင်း၊ အတင်းအကျပ်ရွှေ့ပြောင်းခိုင်းခြင်း၊ စစ်တပ်၏ လုံခြုံရေးအမည်ဖြင့် ဒေသခံများအပေါ် ဖိနှိပ်မှုများနှင့် စောင့်ကြည့်ထိန်းချုပ်မှုများ ဖြစ်ပေါ်နေကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ ထို့အပြင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်ဝန်းကျင်ပျက်စီးမှုများလည်း ဆက်လက်ဖြစ်ပေါ်နေပြီး

စွမ်းအင်ဝင်ငွေများသည် ယင်းပြဿနာများကို တိုက်ရိုက်မဟုတ်သော်လည်း ပိုမိုဆိုးရွာအောင် ဖြစ်စေနေသည်။
ထို့ကြောင့် MOGE နှင့် ဓာတ်ငွေ့ပေးချေမှုများအပေါ် တိုက်ရိုက်ထိရောက်သော အပြည်ပြည်ဆိုင်ရာ အရေးယူမှုများမရှိပါက စွမ်းအင်ကဏ္ဍသည် စစ်အုပ်စုအတွက် အဓိကငွေကြေးအခြေခံအဖြစ် (နိုင်ငံခြားဝင်ငွေ) ဆက်လက်တည်ရှိနေမည်ဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ဆက်လက်ဖြစ်ပွားနေမည်ဟု အစီရင်ခံစာက ထောက်ပြနေသည်။
အစီရင်ခံစာအပြည့်အစုံကို ကောမန့်မှတဆင့် ဖတ်ရှုနိုင်ပါသည်။
#SanctionAviationFuel #CutTheRoute #WhatsHappeningInMyanmar

⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်မှ (မြေနဲ အောင်သာ) လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
May 4, 10:17AM

👍1🙏1